< Oweruza 4 >

1 Ehudi atamwalira, Aisraeli anachitanso zinthu zoyipira Yehova.
ဧဟုဒ သေ သောနောက်၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ တဖန် ဒုစရိုက် ကို ပြု သောကြောင့်၊
2 Choncho Yehova anawapereka mʼmanja mwa Yabini, mfumu ya ku Kanaani, imene inkalamulira ku Hazori. Mkulu wa ankhondo ake anali Sisera, amene ankakhala ku Haroseti-Hagoyimu.
ထာဝရဘုရား သည် ဟာဇော် မြို့၌ မင်းပြု သောခါနာန် ရှင်ဘုရင် ရာဘိန် ၌ ရောင်း တော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက် မြို့၌ နေ သောသိသရ တည်း။
3 Aisraeli analira kwa Yehova kuti awathandize, chifukwa Sisera anali ndi magaleta achitsulo 900 ndipo anazunza Aisraeli mwankhanza kwa zaka makumi awiri.
ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။
4 Debora, mneneri wamkazi, mkazi wake wa Rapidoti ndiye ankatsogolera Israeli nthawi imeneyo.
ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။
5 Iye ankakhala pansi pa mtengo wa mgwalangwa wa Debora, pakati pa Rama ndi Beteli mʼdziko la ku mapiri la Efereimu, ndipo Aisraeli ankapita kwa iye kuti akaweruze milandu yawo.
သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ၊ ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ၍ ၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။
6 Debora uja anatuma munthu kuti akayitane Baraki mwana wa Abinoamu wa ku Kedesi mʼdziko la Nafutali ndipo anati kwa iye, “Yehova Mulungu wa Israeli akukulamula iwe kuti, ‘Pita kasonkhanitse anthu ku phiri la Tabori. Ubwere nawo anthu 10,000 a fuko la Nafutali ndi a fuko la Zebuloni.
တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိ ခရိုင်ကေဒေရှ မြို့မှာ နေသောအဘိနောင် ၏သား ဗာရက် ကို ခေါ် ပြီးလျှင် ၊ သင်သည် နဿလိ အမျိုး၊ ဇာဗုလုန် အမျိုးထဲက လူ တသောင်း ကို သွေးဆောင်၍ တာဗော် တောင် သို့ သွား လော့။
7 Ine ndidzakokera Sisera mkulu wa ankhondo a Yabini pamodzi ndi magaleta ake ndi asilikali ake kwa inu ku mtsinje wa Kisoni ndipo ndidzamupereka mʼmanja mwanu.’”
ငါသည်လည်း ယာဘိန် မင်း၏ ဗိုလ်ချုပ် သိသရ နှင့် ရထား ဗိုလ်ပါ များကို သင် ရှိ ရာ ကိရှုန် မြစ် သို့ သွေးဆောင် ၍ သင့် လက် ၌ အပ် မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်ဟု ဆင့်ဆို လေ၏။
8 Baraki anamuyankha kuti, “Mukapita nane limodzi ine ndipita. Koma ngati sitipitira limodzi, inenso sindipita.”
ဗာရက် ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် နှင့်အတူ ကြွ လျှင် အကျွန်ုပ်သွား ပါမည်။ ကြွ တော်မ မူလျှင် မူကား မ သွား ပါဟု လျှောက် သော်၊
9 Debora anati, “Chabwino, ine ndipita nawe limodzi. Koma mudziwe kuti inu simudzalandirapo ulemu pa zimene mwachitazi popeza Yehova wapereka Sisera mʼmanja mwa munthu wamkazi.” Choncho Debora ananyamuka kupita ku Kedesi pamodzi ndi Baraki.
ဒေဗောရ က၊ ငါသည် သင် နှင့်အတူ အမှန် သွား မည်။ သို့သော်လည်း သင် သွား ရာလမ်း ၌ ဂုဏ် အသရေကို မ ရ ရာ။ ထာဝရဘုရား သည် သိသရ ကို မိန်းမ ၌ ရောင်း တော်မူမည်ဟု ဆို ပြီးမှ ထ ၍ ဗာရက် နှင့်အတူ ကေဒေရှ မြို့သို့ သွား လေ၏။
10 Baraki anayitana mafuko a Zebuloni ndi Nafutali kuti abwere ku Kedesi. Anthu 10,000 anamutsatira, ndipo Debora anapita naye pamodzi.
၁၀ဗာရက် သည် နဿလိ အမျိုးသား၊ ဇာဗုလုန် အမျိုးသားတို့ကို ကေဒေရှ မြို့သို့ ခေါ် ၍ ၊ လိုက် သောသူ တသောင်း နှင့်တကွ ဒေဗောရ ပါလျက် တက် လေ၏။
11 Nthawi imeneyo nʼkuti Mkeni wina dzina lake Heberi atalekana ndi Akeni anzake, zidzukulu za Hobabu, mlamu wa Mose, nakamanga tenti yake pafupi ndi mtengo wa thundu ku Zananimu pafupi ndi Kedesi.
၁၁မောရှေ ၏ယောက္ခမ ဟောဗတ် ၏သား မြေးအဝင်၊ ကေနိ အမျိုးသားဟေဗာ သည်၊ ကေနိ လူတို့နှင့် ခွာ ၍ ကေဒေရှ မြို့အနား ၊ ဇာနိမ် သပိတ်ပင် ခြေရင်း၌ တဲ ကို ဆောက် လျက် နေနှင့်သတည်း။
12 Pamene Sisera anamva kuti Baraki mwana wa Abinoamu wapita ku phiri la Tabori,
၁၂အဘိနောင် ၏သား ဗာရက် သည် တာဗော် တောင် ပေါ်သို့ တက် ကြောင်း ကို သိသရ အား ကြားပြော လျှင်၊
13 anasonkhanitsa magaleta ake achitsulo 900 ndi anthu onse amene anali naye ndipo anachoka ku Haroseti-Hagoyimu kupita ku mtsinje wa Kisoni.
၁၃သိသရ သည် မိမိ ရထား ရှိသမျှ တည်းဟူသောသံ ရထား ကိုး ရာ နှင့် ဂေါအိမ်ပြည်ဟာရောရှက် မြို့မှ စ၍ကိရှုန် မြစ် တိုင်အောင် မိမိ လူ အပေါင်း တို့ကို စုဝေး စေ၏။
14 Debora anawuza Baraki kuti, “Dzukani! Paja ndi lero limene Yehova wapereka Sisera mʼmanja mwako. Kodi Yehova sanakhale akukutsogolerani?” Choncho Baraki anatsika phiri la Tabori, anthu 10,000 akumutsata.
၁၄ဒေဗောရ ကလည်း ၊ ထ လော့။ ယနေ့ ကား ထာဝရဘုရား သည် သိသရ ကို သင့် လက် ၌ အပ် တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ တော်မူပြီ မဟုတ် လောဟု ဆို လေသော်၊ ဗာရက် သည် လူ တသောင်း နှင့်တကွ တာဗော် တောင် ပေါ်က ဆင်း လေ၏။
15 Yehova anasokoneza Sisera ndi magaleta ake pamodzi ndi ankhondo ake onse. Baraki ndi anthu ake anawapirikitsa ndipo Sisera anatsika pa galeta yake nayamba kuthawa pansi.
၁၅ထာဝရဘုရား သည် သိသရ မှစ၍သူ၏ရထား များနှင့် ဗိုလ်ပါ စစ်သည်များအပေါင်း တို့ကို ဗာရက် ရှေ့ မှာ ထား ဖြင့် ရှုံး စေတော်မူသောကြောင့်၊ သိသရ သည် မိမိရထား မှ ဆင်း ၍ ခြေ ဖြင့် ပြေး လေ၏။
16 Baraki analondola magaletawo pamodzi ndi ankhondo onse mpaka ku Haroseti-Hagoyimu, ndipo ankhondo onse a Sisera anaphedwa ndi lupanga. Palibe munthu ndi mmodzi yemwe anatsala.
၁၆ဗာရက် သည် ရထား များ၊ ဗိုလ်ပါ စစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက် မြို့တိုင်အောင် လိုက် ၍ ၊ သိသရ စစ်သူရဲ အပေါင်း တို့သည် တယောက် မျှ မ ကျန် ကြွင်း ထား နှင့် သေကြကုန်၏။
17 Komabe Sisera anathawa pansi mpaka anakafika ku tenti ya Yaeli mkazi wa Heberi Mkeni uja, chifukwa panali mtendere pakati pa Yabini mfumu ya Hazori ndi banja la Heberi, Mkeni uja.
၁၇သိသရ သည် ကေနိ အမျိုးသားဟေဗာ ၏ မယား ယေလ ၏တဲ သို့ ခြေ ဖြင့် ပြေး ၏။ ထိုကာလ၌ ဟာဇော် ရှင်ဘုရင် ယာဘိန် သည် ဟေဗာ အမျိုးသား ချင်း ကေနိ လူတို့နှင့် မိဿဟာယ ဖွဲ့လျက် ရှိသတည်း။
18 Yaeli anatuluka kukachingamira Sisera ndipo anati, “Bwerani mbuye wanga, lowani momwemo musaope.” Choncho analowa mʼtenti muja, ndipo anamufunditsa chofunda.
၁၈ယေလ သည် သိသရ ကို ခရီးဦးကြိုပြု ခြင်းငှါ ထွက် ၍ ၊ သခင် ဝင် ပါ၊ ကျွန်မ ဆီ သို့ ဝင် ပါ။ စိုးရိမ် တော် မ မူပါနှင့်ဟု ခေါ် သည်အတိုင်း ၊ သူသည် ယေလနေရာတဲ ထဲ သို့ ဝင် ၍ ယေလသည် သူ့ ကို စောင် နှင့် ခြုံ လေ၏။
19 Anati, “Ndili ndi ludzu, chonde patseniko madzi pangʼono akumwa, ndili ndi ludzu.” Mkaziyo anatsekula thumba la chikopa mmene munali mkaka, namupatsa kuti amwe, ndipo anamufunditsanso.
၁၉သူကလည်း ၊ ငါရေငတ် သည်၊ ရေ အနည်းငယ် ကိုပေး ပါဟု တောင်း လျှင် ၊ မိန်းမသည် နွားနို့ ဘူး ကို ဖွင့် ၍ သောက် စေပြီးမှ တဖန် ခြုံ လေ၏။
20 Kenaka anawuza mkaziyo kuti, “Muyime pa khomo la tentili, ndipo munthu wina akabwera kudzakufunsani kuti, ‘Kodi kwafika munthu wina kuno?’ Inu muyankha kuti, ‘Ayi.’”
၂၀သူကလည်း ၊ တဲ တံခါးဝ ၌ နေ ပါ။ လူ တစုံတယောက်က ယောက်ျားရှိ သလောဟု လာ ၍ မေး လျှင် မ ရှိကြောင်းကို ပြော လော့ဟု မှာ ထားလေ၏။
21 Koma Yaeli mkazi wa Heberi, anatenga chikhomo cha tenti ndi hamara ndi kupita mwakachetechete kwa Sisera uja. Tsono Sisera ali mtulo chifukwa chotopa, mkazi uja anamukhomera chikhomo chija mʼmutu mwake. Chinatulukira kwinaku mpaka kulowa mʼnthaka, ndipo anafa pomwepo.
၂၁ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား ၍ တံသင် ကို မြေ ၌ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။
22 Baraki atafika akulondola Sisera, Yaeli anatuluka kukamuchingamira namuwuza kuti, “Lowani mudzaone munthu amene mukumufunafuna.” Tsono atalowa anangoona Sisera ali thapsa pansi wakufa ndi chikhomo chili mʼmutu mwake.
၂၂ဗာရက် သည် သိသရ ကို လိုက် ရှာသောအခါ ၊ ယေလ ထွက် ၍ ကျွန်မဆီသို့ ဝင် ပါ။ ရှာ သောသူကို ပြ ပါမည်ဟု ကြိုဆို လျှင်၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရ သေ လျက်၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင် လေ၏။
23 “Choncho pa tsiku limenelo Mulungu anagonjetsa Yabini mfumu ya Akanaani, pamaso pa Aisraeli.
၂၃ထို နေ့ ၌ ထာဝရဘုရား သည် ခါနာန် ရှင်ဘုရင် ယာဘိန် ကို၊ ဣသရေလ အမျိုးသားတို့ရှေ့ မှာ နှိမ့်ချ တော်မူသဖြင့်၊
24 Ndipo Aisraeli anapanikizabe Yabini, mfumu ya Akanaani, mpaka kumuwonongeratu.
၂၄သူတို့သည် ထိုရှင်ဘုရင် ကို မဖျက်ဆီး မှီတိုင်အောင် အစဉ်အောင်လျက် နေကြ၏။

< Oweruza 4 >