< Oweruza 3 >

1 Iyi ndi mitundu ya anthu yomwe Yehova anayisiya kuti ayese nayo Aisraeli amene sanadziwe kumenya nkhondo mu Kanaani
ခါနာန် ပြည်၌ တိုက်သော စစ်မှု ရှိသမျှ တို့ကို မ သိ သော ဣသရေလ အမျိုးသားအပေါင်း တို့ကို စုံစမ်း ခြင်းငှါ ၎င်း၊
2 (Yehova anachita izi kuti Aisraeli onse aphunzire kumenya nkhondo; makamaka amene nʼkale lonse sanadziwe kumenya nkhondo.
စစ်မှုကို မ သိ သော ဣသရေလ အမျိုးသားအစဉ်အဆက် တို့သည် စစ် အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎င်း၊ ထာဝရဘုရား ချန် ထားတော်မူသောလူမျိုး များဟူမူကား၊
3 Mitundu ya anthuyo ndi: Mafumu asanu a Afilisti, Akanaani onse, Asidoni, ndi Ahivi amene ankakhala ku mapiri a Lebanoni kuyambira ku phiri la Baala-Herimoni mpaka ku Lebo Hamati.
ဖိလိတ္တိ မင်း ငါး ပါးအစရှိသော ခါနနိ လူအမျိုးမျိုး ၊ ဇိဒုန် လူ၊ ဗာလဟေရမုန် တောင် မှ စ၍ဟာမတ် လမ်းဝတိုင်အောင် လေဗနုန် တောင် ပေါ်မှာနေ သော ဟိဝိ လူတို့သည် ကျန်ကြွင်းကြ၏။
4 Iwowa Yehova anawasiya kuti aziyesa nawo Aisraeli kuti aone ngati angamvere malamulo a Yehova, amene anapatsa makolo awo kudzera mwa Mose.
ထာဝရဘုရား သည် မောရှေ အားဖြင့် ဘိုးဘေး တို့ကို မှာ ထားတော်မူသောပညတ် များအတိုင်း ကျင့် မည် မကျင့်မည်ကို ထင်ရှား စေခြင်းငှါ ၊ ဣသရေလ အမျိုးကို စုံစမ်း ဘို့ ရာဖြစ် သတည်း။
5 Choncho Aisraeli anakhala pakati pa Akanaani, Ahiti, Aamori, Aperezi, Ahivi ndi Ayebusi.
ဣသရေလ အမျိုးသားတို့သည် ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့တွင် နေ ၍၊
6 Tsono Aisraeli aja amalola ana awo aamuna ndi aakazi kuti azikwatira ndi kukwatiwa ndi anthu amitundu ina. Kenaka anayamba kupembedza milungu yawo.
သူ တို့သမီး နှင့် စုံဘက် ခြင်းကို ပြုလျက် ၊ မိမိ တို့သမီး ကို ပေးစား လျက် ၊ သူ တို့ဘုရား များကို ဝတ်ပြု ကြ၏။
7 Aisraeli anachita zinthu zoyipira Yehova. Iwowa anayiwala Yehova Mulungu wawo ndi kumatumikira Abaala ndi Asera.
ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သဖြင့်၊ ဗာလ ဘုရားများ၊ အာရှရ ပင်များကို ဝတ်ပြု သောကြောင့်၊
8 Choncho Yehova anawapsera mtima Aisraeliwo ndipo anawagulitsa kwa Kusani-Risataimu mfumu ya ku Mesopotamiya. Choncho Aisraeli anakhala pansi pa ulamuliro wake zaka zisanu ndi zitatu.
ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက် တော်ထွက်၍ ၊ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ၌ ရောင်း တော်မူသဖြင့်၊ ဣသရေလ လူတို့သည် ရှစ် နှစ် ပတ်လုံးထိုရှင်ဘုရင် ထံ၌ ကျွန်ခံ ရကြ၏။
9 Koma pamene Aisraeliwo analirira kwa Yehova, Iye anawawutsira mpulumutsi, Otanieli mwana wamwamuna wa Kenazi, mngʼono wake wa Kalebe. Iyeyu ndiye anawapulumutsa.
နောက်တဖန်ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင် သောသခင် ၊ ကာလက် ညီ ၊ ကေနတ် ၏သား ဩသံယေလ ကို သူ တို့အဘို့ ပေါ်ထွန်း စေတော်မူ၏။
10 Mzimu wa Yehova unatsika pa iye, choncho anasanduka mtsogoleri wa Israeli. Iye anapita kukamenya nkhondo, ndipo Yehova anapereka Kusani-Risataimu mfumu ya Aaramu mʼmanja mwake. Choncho anayigonjetsa.
၁၀ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် သို့ သက်ရောက် သဖြင့်၊ သူသည်ဣသရေလ အမျိုးကို အုပ်စိုး ၍ စစ်ချီ လေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ကို သူ့ လက် ၌ ထာဝရဘုရား အပ် တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင် ကို အောင် လေ၏။
11 Ndipo mʼdzikomo munakhala mtendere zaka makumi anayi. Kenaka Otanieli mwana wa Kenazi anamwalira.
၁၁အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း ပြီးမှ ၊ ကေနတ် ၏သား ဩသံယေလ သည် သေ လေ၏။
12 Aisraeli anachitanso zinthu zoyipira Yehova. Tsono Yehova anapatsa mphamvu Egiloni, mfumu ya Mowabu kuti alimbane ndi Aisraeli aja popeza anachita zinthu zoyipira Yehova.
၁၂တဖန် ဣသရေလ အမျိုးသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ မောဘ ရှင်ဘုရင် ဧဂလုန် ကို ဣသရေလ အမျိုးတစ်ဘက်၌ ခွန်အား နှင့် ပြည့်စုံစေတော်မူ၏။
13 Egiloniyo anamemeza Aamori ndi Aamaleki kupita kukamenyana ndi Israeli, ndipo analanda Yeriko, mzinda wa migwalangwa.
၁၃ထိုမင်းသည် အမ္မုန် အမျိုးသား၊ အာမလက် အမျိုးသားတို့ကို စုဝေး စေလျက် ချီ သွား၍၊ ဣသရေလ လူတို့ကို လုပ်ကြံ ပြီးမှ ၊ စွန်ပလွံ မြို့ကို သိမ်းယူ သဖြင့်၊
14 Aisraeli anatumikira ngati akapolo Egiloni mfumu ya Mowabu kwa zaka 18.
၁၄ဣသရေလ အမျိုးသားတို့သည် တဆယ် ရှစ် နှစ် ပတ်လုံးမောဘ ရှင်ဘုရင် ဧဂလုန် မင်းထံ၌ ကျွန်ခံ ရကြ၏။
15 Aisraeli analiranso kwa Yehova, ndipo Iye anawawutsira mpulumutsi, Ehudi. Iyeyu anali mwana wa Gera, munthu wamanzere, wa fuko la Benjamini. Aisraeli ankatumiza msonkho kwa Egiloni, mfumu ya Mowabu, kudzera kwa Ehudi.
၁၅နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကယ်တင် သော သခင် ၊ လက်ျာ လက် ကို မသုံးတတ်သော ဗင်္ယာမိန် အမျိုး၊ ဂေရ သား ဧဟုဒ ကို ပေါ်ထွန်း စေတော်မူ၏။ သူ့ လက် တွင် ဣသရေလ လူတို့သည် လက်ဆောင် ကို မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့ပေး လိုက်ကြ၏။
16 Ndipo Ehudi anapanga lupanga lakuthwa kuwiri lotalika masentimita makumi asanu, ndipo anamangirira lupangalo pa ntchafu yake ya kumanja mʼkati mwa zovala zake.
၁၆ဧဟုဒ သည် အလျား တတောင် ရှိသောသန်လျက် ကို လုပ် ၍ လက်ျာ ပေါင် အဝတ် တွင်း ၌ စည်း ထားပြီးလျှင်၊
17 Iye anakapereka msonkho kwa Egiloni, mfumu ya Mowabu, amene anali munthu wonenepa kwambiri.
၁၇မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့လက်ဆောင် ကို ဆောင် ခဲ့လေ၏။ ဧဂလုန် သည် အလွန် ဝ သောသူ ဖြစ်၏။
18 Ehudi atapereka msonkhowo, anawuza anthu amene ananyamula msonkhowo kuti azipita.
၁၈ဧဟုဒသည် လက်ဆောင် ကို ဆက် ပြီး လျှင် ၊ လက်ဆောင် ကို ထမ်း သောသူ တို့ကို လွှတ် လိုက်၍၊
19 Iye mwini anabwerera pamalo a miyala yozokotedwa ku Giligala ndipo anati, “Zikomo mfumu, ine ndili ndi mawu achinsinsi kuti ndikuwuzeni.” Mfumuyo inawuza onse amene amayitumikira kuti akhale chete, ndipo kenaka anawatulutsa.
၁၉ဂိလဂါလ မြို့နား ၌ရှိသောကျောက်တိုင် တို့မှ ကိုယ်တိုင်ပြန် လာ၍၊ ဘုရား ကျွန်တော် သည် တိတ်ဆိတ် စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆို လျှင် ၊ ရှင်ဘုရင် က၊ တိတ်ဆိတ် စွာနေကြဟု အမိန့် တော်ရှိသည်အတိုင်း ၊ အထံ တော်၌ ခစား သော သူအပေါင်း တို့သည် ထွက် ကြ၏။
20 Kenaka Ehudi anayandikira pafupi ndi mfumuyo, ndipo iyo inakhala yokha mʼchipinda chapamwamba, mozizira bwino. Tsono Ehudi anati, “Ndili ndi mawu ochokera kwa Mulungu woti ndikuwuzeni.” Mfumuyo itadzuka pa mpando wake waufumu,
၂၀ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တ ယောက်တည်း နေတတ်သော နွေ နန်းဆောင် ၌ ထိုင် နေစဉ် ၊ ဧဟုဒ သည် ချဉ်းကပ် ၍ ကိုယ်တော် နှင့်ဆိုင် သော ဘုရား သခင်၏ အမိန့် တော်ပါပါ၏ဟု လျှောက် သော်၊ ရှင်ဘုရင်သည် ထ လေ၏။
21 Ehudi ndi dzanja lake lamanzere, anasolola lupanga pa ntchafu yake ya kumanja ndi kubaya nalo mfumuyo pa mimba.
၂၁ဧဟုဒ သည် လက်ဝဲ လက် ကို ဆန့် လျက် သန်လျက် ကို လက်ျာ ပေါင် မှ ထုတ် ၍ ရှင်ဘုရင် ၏ ဝမ်း ကို ထိုး သဖြင့်၊
22 Lupanga linalowa mʼmimba pamodzi ndi chogwirira chake. Mafuta anaphimba lupangalo popeza silinatulutsidwe mʼmimbamo. Ndiponso matumbo anatuluka.
၂၂လက်ကိုင် အရိုးနှင့်တကွ သန်လျက် မြုပ် ဝင်၍ ၊ ဝမ်း ထဲက မ နှုတ် နိုင်အောင် ဆီဥ သည် သန်လျက် ကို လွှမ်း လျက်၊ ချေးနု လည်း ထွက် လျက်ရှိလေ၏။
23 Kenaka Ehudi anatuluka panja pa khonde, atatseka ndi kukhoma zitseko za chipinda chapamwambacho.
၂၃ထိုအခါ ဧဟုဒ သည် အခန်း ပြင်သို့ ထွက် ပြီးလျှင် နန်းတော် တံခါး တို့ကို ပိတ် ၍ သော့ခတ် လေ၏။
24 Ehudi atachoka, atumiki a mfumu aja anabwera, ndipo ataona kuti zitseko za chipinda chapamwamba zinali zokhoma anaganiza kuti mwina mfumu ikudzithandiza mʼkatimo.
၂၄ထွက် သွားသောနောက်၊ ကျွန် တော်မျိုးအချို့တို့သည် လာ ၍ နန်းတော် တံခါး ၌ သော့ခတ် လျက် ရှိသည်ကို မြင် လျှင် ၊ စင်စစ် နွေ နန်းဆောင် ၌ စက်တော်ခေါ် သည်ဟုဆို လျက်၊
25 Iwo anadikira nthawi yayitali koma popanda chochitika. Koma ataona kuti mfumuyo sikutsekulabe zitseko za chipindacho, iwo anatenga makiyi ndi kutsekula zitsekozo, ndipo anangoona mbuye wawo atagwera pansi, ali wakufa.
၂၅ရှက်ကြောက် သည်တိုင်အောင် ငံ့ နေပြီးမှ ၊ သူတို့အရှင် သည် တံခါး ကို မ ဖွင့် သောကြောင့် ၊ သူတို့သည် သော့ ကိုယူ ၍ ဖွင့် ကြည့် သောအခါ ၊ မြေ ပေါ် မှာ လဲ ၍ သေ လျက်ရှိသောမိမိ တို့အရှင် ကို တွေ့မြင်ကြ၏။
26 Ehudi anathawa pamene iwo ankadikira. Iye anadzera ku malo a miyala yozokotedwa kuja ndi kuthawa kupita ku Seiri.
၂၆ထိုသို့ သူ တို့သည် ငံ့ နေကြစဉ် တွင်၊ ဧဟုဒ သည် ဘေးလွတ် သဖြင့်၊ ကျောက်တိုင် တို့ကို လွန် ၍ စိရပ် ရွာသို့ ရောက် ပြီးမှ၊
27 Atafika kumeneko, anayimba lipenga ku dziko la ku mapiri la Efereimu. Iye akutsogolera, Aisraeli onse anatsika naye pamodzi kuchoka ku mapiriko.
၂၇ဧဖရိမ် တောင် ပေါ်မှာ တံပိုး ကို မှုတ် ၍ ၊ ဣသရေလ အမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင် ပေါ်က ဆင်း ကြ၏။
28 Iye anawawuza kuti, “Nditsatireni, chifukwa Yehova wapereka Amowabu, adani anu mʼmanja mwanu.” Choncho anthuwo anamutsatira, nalanda madooko a Yorodani opita ku Mowabu. Iwo sanalole kuti wina aliyense awoloke.
၂၈သူကလည်း ငါ့ နောက် သို့ လိုက် ကြလော့။ ထာဝရဘုရား သည် သင် တို့၏ရန်သူ မောဘ လူတို့ကို သင် တို့လက် ၌ အပ် တော်မူမည်ဟု ဆို သည်အတိုင်း ၊ သူ့ နောက် မှာ ဆင်း ၍ ယော်ဒန် မြစ်ကူး ရာ မောဘ ပြည်သို့ သွားရာလမ်းကို ဆီးတား သဖြင့်၊ လူ တစုံတယောက်ကိုမျှ မ ကူး စေ ရ။
29 Nthawi imeneyo anapha Amowabu pafupifupi 10,000. Ophedwawo anali anthu amphamvu komanso odziwa kumenya nkhondo, ndipo panalibe ndi mmodzi yemwe anathawa.
၂၉ထိုအခါ ခွန်အား ကြီးသော မောဘ စစ်သူရဲတယောက်မျှ မ လွတ် ဘဲ၊ လူ တသောင်း ကိုသတ် ၍၊
30 Tsiku limenelo Amowabu anakhala pansi pa ulamuliro wa Israeli, ndipo dzikolo linakhala pa mtendere kwa zaka 80.
၃၀မောဘ အမျိုးသည် ဣသရေလ အမျိုးလက် ၌ ရှုံး သဖြင့်၊ အနှစ် ရှစ်ဆယ် တိုင်တိုင်တပြည် လုံး ငြိမ်း လေ၏။
31 Ehudi atamwalira, panabwera Samugara mwana wa Anati. Iye anapha Afilisti 600 ndi ndodo yomenyera ngʼombe. Nayenso anapulumutsa Israeli.
၃၁ဧဟုဒ နောက် မှာ အာနတ် သား ရှံဂါ ပေါ်ထွန်း ၍ ၊ တုတ်ချွန်နှင့် ဖိလိတ္တိ လူခြောက်ရာ တို့ကိုသတ် သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို ကယ်လွှတ် လေ၏။

< Oweruza 3 >