< Yoweli 3 >
1 “Masiku amenewo ndiponso nthawi imeneyo, nditadzabwezeretsanso Yerusalemu ndi Yuda mʼchimake,
၁ထိုနေ့ ရက်ကာလ ၌ အထက်က သိမ်း သွားခြင်း ကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို ငါဆောင် ခဲ့ပြန်သောအခါ ၊
2 ndidzasonkhanitsa anthu a mitundu yonse ndipo ndidzawabweretsa ku Chigwa cha Yehosafati. Kumeneko ndidzawaweruza chifukwa cha cholowa changa, anthu anga Aisraeli, pakuti anabalalitsa anthu anga pakati pa mitundu ya anthu ndikugawa dziko langa.
၂ခပ်သိမ်း သော လူမျိုး တကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ် ချိုင့် သို့ ခေါ် ခဲ့မည်။ သူတို့သည် ငါ့ ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြား စေ သော ငါ ၏အမွေ လူ ဣသရေလ အမျိုးဘက် မှာ ငါသည် တရား စီရင်မည်။
3 Anagawana anthu anga pochita maere ndipo anyamata anawasinthanitsa ndi akazi achiwerewere; anagulitsa atsikana chifukwa cha vinyo kuti iwo amwe.
၃သူတို့သည် ငါ ၏လူ တို့အဘို့ စာရေးတံ ချ ကြပြီ။ လူ ကလေးကို ပြည်တန်ဆာ နှင့် ၎င်း ၊ မိန်းမ ကလေးကို မိမိသောက် စရာ စပျစ်ရည် နှင့် ၎င်း ဖယ်လှယ် ကြပြီ တကား။
4 “Kodi tsopano inu a ku Turo ndi Sidoni ndi madera onse a Filisitiya, muli ndi chiyani chotsutsana nane? Kodi mukundibwezera pa zinthu zimene ndakuchitirani? Ngati inu mukundibwezera, Ine ndidzabwezera zochita zanu mofulumira ndi mwachangu pa mitu yanu.
၄အိုတုရု မြို့၊ ဇိဒုန် မြို့၊ ပါလေတ္တိန ပြည်နှင့် နီးစပ်သော အရပ် ရှိသမျှ တို့၊ သင်တို့သည် ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ ကို ရန် တုံ့ပြုကြမည်လော။ ငါ့ ကို ရန် တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင် တို့ခေါင်း ပေါ် သို့ အလျင် အမြန်ငါပြန် ရောက်စေမည်။
5 Pakuti munatenga siliva ndi golide wanga ndi kupita nacho chuma changa chamtengowapatali ku nyumba zanu zopembedzera mafano.
၅သင်တို့သည် ငါ့ ရွှေ ငွေ ကို ယူ ၍ ၊ ငါ နှစ်သက် ဘွယ်သော ဥစ္စာ မြတ်တို့ကို သင် တို့ဘုံ ဗိမာန်ထဲ သို့ သွင်း သောကြောင့် ၎င်း ၊
6 Inu munagulitsa anthu a ku Yuda ndi Yerusalemu kwa Agriki, kuti apite kutali ndi malire a dziko lawo.
၆ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့ကို နေရင်း ပြည် မှ အဝေး သို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသား တို့အား ရောင်း လိုက်သောကြောင့်၎င်း ၊
7 “Taonani, Ine ndidzawachotsa kumalo kumene munawagulitsako, ndipo ndidzabwezera zimene mwachita pa mitu yanu.
၇သင်တို့ရောင်း လိုက်ရာအရပ် မှ ငါ သည် ထမြောက် ၍ ၊ သင် တို့ရန် တုံ့ပြုခြင်းကို သင် တို့ခေါင်း ပေါ် သို့ ပြန် ရောက်စေမည်။
8 Ndidzagulitsa ana anu aamuna ndi ana anu aakazi kwa anthu a ku Yuda, ndipo iwo adzawagulitsa kwa Aseba, mtundu wa anthu okhala kutali.” Yehova wayankhula.
၈သင် တို့သား သမီး များကိုလည်း ယုဒ အမျိုးသား တို့၌ ငါရောင်း ၍ ၊ သူ တို့သည် တဖန်ဝေး သော အမျိုး၊ ရှေဘ ပြည် သားတို့၌ ရောင်း လိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
9 Lengezani izi pakati pa anthu a mitundu ina: Konzekerani nkhondo! Dzutsani ankhondo amphamvu! Asilikali onse afike pafupi ndipo ayambe nkhondo.
၉ဤ အမှုကို တပါးအမျိုးသား တို့အား ကြား ပြော ကြလော့။ စစ်တိုက် ခြင်းငှာပြင်ဆင် ၍ စစ် သူရဲတို့ကို နှိုးဆော် ကြလော့။ စစ် သူရဲအပေါင်း တို့သည် ချဉ်းကပ် ၍ တက် လာကြစေ။
10 Sulani makasu anu kuti akhale malupanga ndipo zikwanje zanu zikhale mikondo. Munthu wofowoka anene kuti, “Ndine wamphamvu!”
၁၀သံထွန်သွား များကို ထား ဖြစ်စေ ခြင်းငှာ၎င်း ၊ တံစဉ် များကို လှံ ဖြစ်စေ ခြင်းငှာ၎င်း ထု လုပ်ကြလော့။ အားနည်း သောသူက၊ ငါ အား ကြီးသည်ဟု ပြောဆို စေ။
11 Bwerani msanga, inu anthu a mitundu yonse kuchokera ku mbali zonse, ndipo musonkhane kumeneko. Tumizani ankhondo anu Yehova!
၁၁ပတ်လည် ၌ နေသောတပါးအမျိုးသား အပေါင်း တို့၊ စုဝေး ၍ လာ ကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ် ၌ သင်တို့သူရဲ များကို ထာဝရဘုရား နှိမ့်ချ တော်မူမည် ။
12 “Mitundu ya anthu idzuke; ipite ku Chigwa cha Yehosafati, pakuti kumeneko Ine ndidzakhala ndikuweruza anthu a mitundu yonse yozungulira.
၁၂တပါးအမျိုးသား တို့သည် ထ ၍ ယောရှဖတ် ချိုင့် သို့ တက် လာကြစေ။ ပတ်လည် ၌ နေသောတပါး အမျိုးသား အပေါင်းတို့ကို စစ်ကြော စီရင်ခြင်းငှာ ထို အရပ်၌ ငါထိုင် မည်။
13 Tengani chikwakwa chodulira tirigu, pakuti mbewu zakhwima. Bwerani dzapondeni mphesa, pakuti mopsinyira mphesa mwadzaza ndipo mitsuko ikusefukira; kuyipa kwa anthuwa nʼkwakukulu kwambiri!”
၁၃ရိတ် စရာ စပါးမှည့် သောကြောင့် တံစဉ် ကို လွှတ် ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့် ၍၊ စပျစ်ရည် ကျင်းတို့သည် လျှံ သောကြောင့် လာ ကြ။ ဆင်းကြလော့ ။ အကြောင်း မူကား၊ သူ တို့ပြုသောဒုစရိုက် အပြစ် သည် ကြီး လှ၏။
14 Chigulu cha anthu, chigulu cha anthu, mʼchigwa cha chiweruzo! Pakuti tsiku la Yehova layandikira mʼchigwa cha chiweruzo.
၁၄ကွပ်မျက် ရာချိုင့် ၌ လူ များစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက် ရာချိုင့် ၌ ထာဝရဘုရား ၏ နေ့ရက် သည် ရောက်လုနီး ပြီ။
15 Dzuwa ndi mwezi zidzadetsedwa, ndipo nyenyezi sizidzawalanso.
၁၅နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။
16 Yehova adzabangula kuchokera mu Ziyoni ndipo mawu ake adzamveka ngati bingu kuchokera mu Yerusalemu; dziko lapansi ndi thambo zidzagwedezeka. Koma Yehova adzakhala pothawira pa anthu ake, linga la anthu a ku Israeli.
၁၆ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။
17 “Pamenepo inu mudzadziwa kuti Ine Yehova Mulungu wanu, ndimakhala mu Ziyoni, phiri langa lopatulika. Yerusalemu adzakhala wopatulika; alendo sadzamuthiranso nkhondo.
၁၇ငါ သည်လည်း ငါ ၏သန့်ရှင်း သော ဇိအုန် တောင် ပေါ် မှာနေ သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း သန့်ရှင်း လိမ့်မည် ။ နောက် တဖန် ထိုမြို့ ကို တပါး အမျိုးသားမ နင်း ရ။
18 “Tsiku limenelo mapiri adzachucha vinyo watsopano, ndipo zitunda zidzayenderera mkaka; mitsinje yonse ya ku Yuda idzadzaza ndi madzi. Kasupe adzatumphuka mʼnyumba ya Yehova ndipo adzathirira Chigwa cha Sitimu.
၁၈ထို ကာလ ၌ ချိုသော စပျစ်ရည် သည် တောင် တို့ မှ ယို လိမ့်မည်။ နို့ ရည်သည် ကုန်း တို့မှ ထွက် လိမ့်မည်။ ယုဒ မြစ် ရှိသမျှ တို့သည် ရေစီး ကြလိမ့်မည်။ ထာဝရဘုရား ၏ အိမ် တော်ထဲက စမ်းရေ ထွက် ၍ ရှိတ္တိမ် ချိုင့် ကို စို စေလိမ့်မည်။
19 Koma Igupto adzasanduka bwinja, Edomu adzasanduka chipululu, chifukwa cha nkhondo imene anathira anthu a ku Yuda mʼdziko limene anakhetsa magazi a anthu osalakwa.
၁၉ယုဒ ပြည် ၌ အပြစ် မရှိသောသူ တို့ကိုသတ် ၍ ယုဒ အမျိုးသား တို့ကို ညှဉ်းဆဲ သောကြောင့် ၊ အဲဂုတ္တု ပြည် သည်လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ ဧဒုံ ပြည်သည်လည်း လူဆိတ်ညံ သော တော ဖြစ် လိမ့်မည်။
20 Koma Yuda adzakhala ndi anthu mpaka muyaya ndi Yerusalemu ku mibadomibado.
၂၀ယုဒ ပြည်မူကား ၊ ထာဝရ ပြည်၊ ယေရုရှလင် မြို့မူကား ၊ ကာလ အစဉ်အဆက်တည်သော မြို့ ဖြစ်လိမ့်မည်။
21 Kukhetsa magazi kwawo kumene Ine sindinakhululuke ndidzakhululuka.”
၂၁ထို မြို့သားတို့သည် အသေ သတ်ခြင်းကို ခံရသော အပြစ်ကြောင့်၊ ငါသည် မ ပေး သေးသော ဒဏ်ကို တဖန်ပေးဦ းမည်။ ထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ ကျိန်းဝပ် တော်မူသတည်း။