< Yobu 33 >

1 “Koma tsopano, inu abambo Yobu chonde mverani mawu anga; mutcherere khutu zonse zimene ndinene.
သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။
2 Tsopano ndiyamba kuyankhula; mawu anga ali pa msonga ya lilime langa.
ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊
3 Mawu anga akuchokera mu mtima wolungama; pakamwa panga pakuyankhula zoonadi zimene ndikuzidziwa.
ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။
4 Mzimu wa Mulungu wandiwumba, mpweya wa Wamphamvuzonse umandipatsa moyo.
ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။
5 Mundiyankhe ngati mungathe; konzekani tsopano kuti munditsutse.
သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။
6 Ine ndili monga inu pamaso pa Mulungu; nanenso ndinachokera ku dothi.
ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။
7 Musachite mantha ndipo musandiope ayi, Ine sindikupanikizani kwambiri ayi.
သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
8 “Koma inu mwayankhula ine ndikumva, ndamva mawu anuwo onena kuti,
အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊
9 ‘Ndine wolungama mtima ndi wopanda tchimo; ndine woyera mtima ndipo ndilibe cholakwa.
ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
10 Komatu Mulungu wapeza zifukwa zoti anditsutsire nazo; Iye akundiyesa ngati mdani wake.
၁၀ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
11 Iyeyo wamanga mapazi anga mʼzigologolo, akulonda mayendedwe anga onse.’
၁၁ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။
12 “Koma ine ndi kuti kwa inu, inuyo simukukhoza pa zimenezi, pakuti Mulungu ndi wamkulu kupambana munthu.
၁၂ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသောစကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။
13 Chifukwa chiyani mukudandaula kwa Iye kuti sayankha mawu ena aliwonse a munthu?
၁၃ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
14 Pajatu Mulungu amayankhula mwa njira zosiyanasiyana, ngakhale munthu sazindikira zimenezi.
၁၄ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။
15 Mʼmaloto, mʼmasomphenya usiku, pamene anthu ali mʼtulo tofa nato pamene akungosinza chabe pa bedi,
၁၅လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊
16 amawanongʼoneza mʼmakutu ndi kuwaopseza ndi machenjezo ake,
၁၆ဘုရားသခင်သည် လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။
17 kumuchotsa munthu ku zoyipa, ndi kuthetseratu kunyada kwake,
၁၇ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း ပြုတော်မူ၏။
18 kumulanditsa munthu ku manda, kuti moyo wake usawonongeke ndi lupanga.
၁၈သူ၏အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
19 “Mwina Mulungu amalanga munthu ndi matenda ndi ululu ali pa bedi pake, nthawiyo thupi lake lonse limangophwanya,
၁၉လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
20 kuti asakhalenso ndi chilakolako cha chakudya, ndipo amanyansidwa ndi chakudya chabwino chomwe.
၂၀မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။
21 Thupi lake limawonda ndipo mafupa ake, omwe anali obisika, tsopano amaonekera poyera.
၂၁အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
22 Munthuyo amayandikira ku manda, moyo wake umayandikira kwa amene amabweretsa imfa.
၂၂အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
23 “Koma patakhala mngelo ngati mthandizi, mmodzi mwa ambirimbiri oterewa, adzafotokoza zimene zili zoyenera,
၂၃သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင်၊
24 kudzamukomera mtima ndi kunena kuti, ‘Mupulumutseni kuti asapite ku manda; ine ndapeza cholowa mʼmalo mwa moyo wake,’
၂၄ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
25 pamenepo thupi lake lidzasanduka lasee ngati la mwana; ndipo adzabwezeretsedwanso kukhala ngati mʼmasiku a unyamata wake.
၂၅ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်။
26 Akapemphera kwa Mulungu, iyeyo adzalandiridwa. Mulungu adzamulandira mwa chimwemwe ndipo adzamubwezeretsa pamalo ake oyamba.
၂၆ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။
27 Ndipo adzabwera kwa anzake ndi kunena kuti, ‘Ndinachimwa ndipo sindinachite zolungama, koma sindinalangidwe koyenerana ndi kuchimwa kwanga.
၂၇သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
28 Iye anapulumutsa moyo wanga kuti usapite ku manda, ndipo ndidzakhala ndi moyo ndi kuonanso kuwala kwa dzuwa.’
၂၈သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။
29 “Mulungu amachita zonsezi kwa munthu kawirikawiri,
၂၉ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
30 kupulumutsa moyo wa munthuyo ku manda, kuti athe kuonanso kuwala kwa moyo.
၃၀သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
31 “Abambo Yobu, tcherani khutu ndipo mundimvere; khalani chete kuti ndiyankhule.
၃၁အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။
32 Ngati muli nʼchoti munene, ndiyankheni; yankhulani, pakuti ine ndikufuna mupezeke wolungama.
၃၂သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။
33 Koma ngati sichoncho, mundimvere; khalani chete ndipo ine ndidzakuphunzitsani nzeru.”
၃၃ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။

< Yobu 33 >