< Yobu 12 >

1 Pamenepo Yobu anayankha kuti,
ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 “Ndithudi inuyo ndinu anthu ndipo nzeru zanu zidzafera nanu pamodzi!
သင် တို့သာလျှင် လူ ဖြစ်၍ ၊ သင် တို့နှင့်အတူ ဉာဏ် ပညာသေ လိမ့်မည်ဟု ယုံမှား စရာမရှိရ။
3 Koma inenso ndili nazo nzeru ngati inu; ineyo sindine munthu wamba kwa inu. Ndani amene sadziwa zonse zimene mwanenazi?
သို့သော်လည်း ငါ သည် သင် တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။ ဤ ကဲ့သို့ သော အရာများကို အဘယ် သူသည် နားမလည်ဘဲနေသနည်း။
4 “Ndasanduka chinthu choseketsa kwa abwenzi anga, ngakhale ndinkapemphera kwa Mulungu ndipo Iye ankandiyankha. Ine ndasanduka chinthu chongoseketsa, ngakhale ndili wolungama ndi wosalakwa!
ငါသည် ဘုရား သခင်၏ကျေးဇူးတော်ကိုခံရအံ့သောငှါဆုတောင်း ပဌနာပြု စဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ် ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ် မရှိ ဖြောင့်မတ် သောသူသည် ပြက်ယယ် ပြုခြင်းကိုခံရပါသည် တကား။
5 Anthu amene ali pabwino amanyoza anzawo amene ali pa tsoka. Tsokalo limagwa pa amene wayamba kale kugwa.
ချော်လဲ လုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ကောင်းစားသောသူသည် မှတ် တတ်၏။
6 Nyumba za anthu achifwamba zimakhala pa mtendere, ndipo anthu amene amaputa Mulungu amakhala pabwino, amene amanyamula milungu yawo mʼmanja.
ထားပြ လုပ်သောသူတို့၏နေရာ သည် ကောင်းစား တတ်၏။ ဘုရား သခင်၏ အာဏာ တော်ကိုဆန်သောသူတို့ သည် လုံခြုံ စွာနေ၍ ၊ ဘုရား သခင်ပေး တော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
7 “Koma funsa nyama zakuthengo ndipo zidzakuphunzitsa, kapena mbalame zamumlengalenga ndipo zidzakuwuza;
သားမျိုး နှင့် မိုဃ်းကောင်းကင်ငှက် တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြော သွန်သင် ကြလိမ့်မည်။
8 kapena uyankhule ndi dziko lapansi ndipo lidzakuphunzitsa, kapena ulole nsomba zamʼnyanja kuti zikufotokozere.
မြေကြီး နှင့် ပင်လယ် ငါး တို့ကို မေးမြန်း လော့။ သူတို့သည် ပြသ ၍ ဥပဒေသ ပေးကြလိမ့်မည်။
9 Kodi mwa zonsezi ndi chiti chimene sichidziwa kuti lachita zimenezi ndi dzanja la Yehova?
ဤ အမှုတို့ကို ထာဝရဘုရား စီရင် တော်မူကြောင်း ကို၊ ထိုတိရစ္ဆာန်တကောင် မျှ မ သိ ဘဲနေသလော။
10 Mʼmanja mwake ndi mʼmene muli moyo wa cholengedwa chilichonse, ndiponso moyo wa anthu a mitundu yonse.
၁၀အသက် ရှင်သောသတ္တဝါအပေါင်း တို့၏ ဇိဝ အသက်နှင့် လူ သတ္တဝါခပ်သိမ်း တို့၏ ထွက်သက် ဝင်သက်သည် ဘုရား သခင့်လက် တော်၌ ရှိ၏။
11 Kodi khutu sindiye limene limamva mawu monga mmene lilime limalawira chakudya?
၁၁ခံတွင်း သည်အစာ ကိုမြည်းစမ်း သကဲ့သို့ ၊ နား သည် စကား ကို စုံစမ်း သည် မ ဟုတ်လော။
12 Kodi nzeru sipezeka pakati pa anthu okalamba? Kodi moyo wautali sumabweretsa nzeru zomvetsa zinthu?
၁၂အသက် အရွယ်ကြီးသောသူတို့ သည် ဉာဏ် ပညာနှင့်ပြည့်စုံကြ၏။
13 “Kwa Mulungu ndiye kuli nzeru ndi mphamvu; uphungu ndi kumvetsa zinthu ndi zake.
၁၃ဘုရား သခင်မူကား၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့်ပြည့်စုံတော်မူ၏။ ပညာ သတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
14 Chimene Iye wapasula palibe angachimangenso. Akatsekera munthu mʼndende palibe angamutulutse.
၁၄ဖြိုဖျက် တော်မူလျှင် အဘယ်သူမျှတည်ဆောက် ရသောအခွင့်မ ရှိ။ လူ ကို ချုပ်ထား တော်မူလျှင် အဘယ်သူမျှလွှတ် ရသောအခွင့်မ ရှိ။
15 Iyeyo akamanga mvula dziko limawuma; akamasula mvulayo, madzi amasefukira pa dziko.
၁၅ရေ များကို ဆီးတား ပိတ်ပင်တော်မူလျှင် ခန်းခြောက် ရ၏။ တဖန် လွှတ် တော်မူ၍ မြေကြီး ကို လွှမ်းမိုး ကြ၏။
16 Kwa Iye kuli mphamvu ndi kupambana; munthu wopusitsidwa ndiponso wopusitsa onse ali mu ulamuliro wake.
၁၆တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။
17 Iye amalanda aphungu nzeru zawo ndipo amapusitsa oweruza.
၁၇တိုင်ပင် မှူးမတ်တို့ကို ဘမ်းဆီးသိမ်း သွားတော်မူ၏။ တရား သူကြီးတို့ကို ရူးသွပ် စေတော်မူ၏။
18 Iye amachotsa zingwe zimene mafumu anawamanga nazo ndipo amawamanga lamba mʼchiwuno mwawo.
၁၈ရှင်ဘုရင် တို့ကို အရာမှချ၍ ခါးကြိုး နှင့် ချည် တော်မူ၏။
19 Iye amasocheretsa ansembe atawalanda nzeru zawo ndipo amagonjetsa anthu amphamvu amene ndi okhazikika.
၁၉ယဇ် ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်း သွား၍၊ သူရဲ တို့ကိုလည်း ရှုံး စေတော်မူ၏။
20 Iye amakhalitsa chete aphungu odalirika ndipo amalanda chidziwitso cha anthu akuluakulu.
၂၀နှုတ်သတ္တိရှိသောသူတို့ ကို စကား အ စေ၍၊ အသက် ကြီးသောသူတို့ မှပညာ ကို နှုတ် တော်မူ၏။
21 Iye amanyoza anthu otchuka ndipo anthu anyonga amawatha mphamvu.
၂၁မင်းသား တို့ကို အရှက် ခွဲ၍၊ အားကြီး သောသူတို့ ကို ရှုတ်ချ တော်မူ၏။
22 Iye amatulutsira poyera zinthu zozama za mu mdima ndipo mdima wandiweyaniwo amawusandutsa kuwala.
၂၂မှောင်မိုက် ထဲ ၌နက်နဲ သောအရာတို့ကို ထင်ရှား စေ၍၊ သေခြင်း အရိပ်ကိုအလင်း ထဲ သို့ ထုတ် ဘော်တော်မူ ၏။
23 Iye amakuza mitundu ya anthu ndipo amayiwononganso; amachulukitsa mitundu ya anthu ndipo amayimwazanso.
၂၃တိုင်း နိုင်ငံတို့ကို ချီးမြှောက် ၍ တဖန် ဖျက်ဆီး တော်မူ၏။ တိုင်း နိုင်ငံတို့ကို ကျယ် စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း ပြု တော်မူ၏။
24 Iye amalanda nzeru za atsogoleri a dziko lapansi; amawayendetsa mʼthengo mopanda njira.
၂၄မြေ သား တို့တွင် အကြီး လုပ်သောသူတို့မှ ဉာဏ် ကိုနှုတ် ၍၊ လမ်း မ ရှိသော တော ၌ လှည့်လည် စေတော်မူ ၏။
25 Iwo amafufuzafufuza njira mu mdima wopanda chowunikira; Iye amawayendetsa dzandidzandi ngati oledzera.
၂၅သူတို့သည်အလင်း မ ရှိ။ မှောင်မိုက် ၌ စမ်းသပ် လျက်သွားရကြ၏။ ယစ်မူး သောသူကဲ့သို့ တိမ်းယိမ်း လျက် သွားစေတော်မူ၏။

< Yobu 12 >