< Yesaya 33 >
1 Tsoka kwa iwe, iwe wowonongawe, amene sunawonongedwepo! Tsoka kwa iwe, iwe mthirakuwiri, iwe amene sunanyengedwepo! Iwe ukadzaleka kuwononga, udzawonongedwa, ukadzasiya umʼthirakuwiri, adzakuwononga, ndipo ukadzaleka kuchita zachinyengo adzakunyenga.
၁သူတပါး လုယူ ခြင်းကို မ ခံဘဲလျက်၊ လုယူ တတ် သောသူ၊ သူတပါးဖျက်ဆီး ခြင်းကို မ ခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင် သည်အမင်္ဂလာ ရှိ၏။ သင် သည် မလု မယူဘဲ နေသောအခါ လုယူ ခြင်းကိုခံ ရမည်။ ဖျက်ဆီး၍ မော သောအခါ ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။
2 Inu Yehova, mutikomere mtima ife; tikulakalaka Inu. Tsiku ndi tsiku mutitchinjirize ndi mkono wanu, ndipo mutipulumutse pa nthawi ya masautso.
၂အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကို သနား တော်မူ ပါ။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို မြော်လင့် ကြပါ၏။ နံနက် တိုင်း အကျွန်ုပ်တို့၌ ခွန်အား ကိုပေး တော်မူပါ။ အမှု ရောက်သောအခါ ၊ အကျွန်ုပ် တို့ကို ကယ်တင် တော်မူ ပါ။
3 Mukatulutsa liwu lanu longa bingu mitundu ya anthu imathawa; pamene Inu mwadzambatuka mitundu ya anthu imabalalika.
၃အလုံး အရင်း၏ အသံ ကြောင့် ၊ လူစု တို့သည် ပြေး ကြ၏။ ထ တော်မူသောအခါ ၊ လူမျိုး တို့သည် အရပ်ရပ် ကွဲပြား ကြ၏။
4 Zofunkha za ku nkhondo za mitundu ina Aisraeli adzazisonkhanitsa ngati mmene limachitira dzombe. Iwo adzalumphira zofunkhazo monga mmene limachitira dzombe.
၄သူတပါးတို့သည် သင် တို့၏ ဥစ္စာ ကို ကျိုင်းကောင် သိမ်း ယူသကဲ့သို့ သိမ်း ယူကြလိမ့်မည်။ ကျိုင်းကောင် တို့သည် လူး လာပြေး သကဲ့သို့၊ သင်တို့၏ ဥစ္စာ ပေါ် မှာ လူးလာပြေးကြလိမ့်မည်။
5 Yehova wakwezeka kwambiri pakuti amakhala pamwamba pa zonse adzadzaza Ziyoni ndi chilungamo ndi chipulumutso.
၅ထာဝရဘုရား သည် ချီးမြှောက် ခြင်းရှိတော်မူ၏။ မြင့် သောအရပ်၌ နေ တော်မူ၏။ ဇိအုန် မြို့ကို တရား သဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းနှင့် ပြည့် စေ တော်မူ၏။
6 Iye adzakupatsani mtendere pa nthawi yanu, adzakupatsani chipulumutso chochuluka, nzeru zambiri ndi chidziwitso chochuluka; kuopa Yehova ngati madalitso.
၆ဉာဏ် နှင့် ပညာ သည် သင် ၏လက်ထက် ၌ တည်ကြည် ခြင်း၊ မြဲမြံ စွာ ကယ်တင် ခြင်းကို ဖြစ် စေလိမ့်မည်။ ထာဝရဘုရား ကို ကြောက်ရွံ့ခြင်းသဘော သည် လည်း သင် ၏ဘဏ္ဍာ ဖြစ် လိမ့်မည်။
7 Taonani, anthu awo amphamvu akulira mofuwula mʼmisewu; akazembe okhazikitsa mtendere akulira kwambiri.
၇သူရဲ တို့သည် ပြင် ၌ အော်ဟစ် ကြ၏။ မိဿဟာယ စကားကို ပြောသော တမန် တော်တို့သည် ပြင်း စွာငိုကြွေး ကြ၏။
8 Mʼmisewu yayikulu mulibe anthu, mʼmisewu mulibe anthu a paulendo. Mdaniyo ndi wosasunga pangano. Iye amanyoza mboni. Palibe kulemekezana.
၈လမ်း မတို့သည် ဆိတ်ညံ ကြ၏။ လမ်း ခရီး၌ သွား လာသောသူမရှိ။ ထိုမင်းသည် သစ္စာ ပျက် လေပြီ။ မြို့ များကိုလည်း ပယ် လေပြီ။ အဘယ်သူ၏ မျက်နှာကို မ မှတ် တတ်။
9 Dziko likulira ndipo likunka likutha. Nkhalango ya Lebanoni ikuchita manyazi, yafota. Chigwa cha chonde cha Saroni chasanduka chachidalala. Masamba a mitengo ya ku Basani ndi Karimeli akuyoyoka.
၉ပြည် တော်သည် ငြိုငြင် ၍ အားလျော့ ၏။ လေဗနုန် တောသည် ရှက် ကြောက်၍ နွမ်းရိ ၏။ ရှာရုန် အရပ် သည် တော ကဲ့သို့ ဖြစ် ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏။
10 Yehova akunena kuti, “Tsopano ndidzadzambatuka ndipo ndidzaonetsa mphamvu zanga, ndipo ndidzakwezedwa.
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု ငါထ မည်။ ယခု ချီးမြှောက် ခြင်းသို့ ရောက်မည်။ ကိုယ်ကို ကိုယ်ချီးမြှောက် မည်။
11 Zolingalira zanu nʼzachabechabe ngati udzu wamanyowa. Mpweya wamoto udzakupserezani.
၁၁သင်တို့သည်ဖွဲ ကို ကိုယ်ဝန် ဆောင်၍၊ အမှိုက် ကို ဘွားမြင် ရလိမ့်မည်။ သင် တို့ စိတ် သဘောသည် မီး ဖြစ်၍၊ သင် တို့ကို ဖျက်ဆီး လိမ့်မည်။
12 Anthu a mitundu ina adzatenthedwa ngati miyala ya njereza; ndi ngati minga yodulidwa.”
၁၂လူ များတို့သည် ထုံး ကျောက်ကို ဖုတ် သကဲ့သို့၎င်း၊ ဆူး ပင်များကို ခုတ် ၍ မီး ရှို့ သကဲ့သို့၎င်း ဖြစ် ကြလိမ့်မည်။
13 Inu amene muli kutali, imvani zimene ndachita; inu amene muli pafupi, dziwani mphamvu zanga
၁၃ဝေး သောသူတို့၊ ငါပြု သော အမှုကို မှတ် ကြလော့။ နီး သောသူတို့၊ ငါ့ တန်ခိုး ကို ဝန်ခံ ကြလော့။
14 Mu mzinda wa Ziyoni anthu ochimwa agwidwa ndi mantha; anthu osapembedza Mulungu akunjenjemera: Iwo akunena kuti, “Ndani wa ife angathe kukhala mʼmoto wonyeketsa? Ndani wa ife angathe kukhala moto wosatha?”
၁၄အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။
15 Angathe kuti ndi amene amachita zolungama ndi kuyankhula zoona, amene amakana phindu lolipeza monyenga ndipo salola manja ake kulandira ziphuphu, amene amatseka makutu ake kuti angamve mawu opangana kupha anzawo ndipo amatsinzina kuti angaone zoyipa.
၁၅တရား သဖြင့်ကျင့် ၍ ဖြောင့်မတ် စွာ ပြော ထ သော၊ ညှဉ်းဆဲ ခြင်းအားဖြင့်ရသောငွေ ကို ရွံ၍၊ တံစိုး ကိုလည်း ငြင်းပယ် ထသော၊ လူအသက်သတ် ခြင်းအမှုကို နား မ ခံ၊ အဓမ္မ အမှုများကို မ ကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေ လိမ့်မည်။
16 Munthu wotere ndiye adzakhale pa nsanja, kothawira kwake kudzakhala mʼmalinga a mʼmapiri. Azidzalandira chakudya chake ndipo madzi sadzamusowa.
၁၆ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
17 Nthawi imeneyo maso a ana adzaona mfumu ya maonekedwe wokongola ndi kuona dziko lotambasukira kutali.
၁၇သင်သည် ရှင် ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ် မျက်စိ နှင့် မြင် ရ၍၊ ဝေး လှသောပြည် ကိုလည်း ကြည့် မြင်ရလိမ့်မည်။
18 Mu mtima mwanu muzidzalingalira zoopsa zinachitika kale zija: “Ali kuti mkulu wa Asilikali uja? Ali kuti wokhometsa misonkho uja? Ali kuti mkulu woyangʼanira nsanja?”
၁၈သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။
19 Simudzawaonanso anthu odzikuza aja, anthu aja achiyankhulo chosadziwika, chachilendo ndi chosamveka.
၁၉ကြမ်းတမ်း သောလူမျိုး ၊ နား မ ဝင်နိုင်အောင် နက်နဲ သောစကား ၊ နားမလည်နိုင်အောင် ခက်ခဲ သောစကား ကို ပြောသော လူမျိုး ကို သင်သည်မ တွေ့ မမြင်ရ။
20 Taonani Ziyoni, mzinda wa zikondwerero zachipembedzo chathu; maso anu adzaona Yerusalemu, mzinda wamtendere, tenti imene sidzachotsedwa, zikhomo zake sizidzazulidwa, kapena zingwe zake kuduka.
၂၀ငါ တို့ပွဲခံ ရာမြို့ ၊ ဇိအုန် မြို့ကို ကြည့်ရှု လော့။ တိုင် တခုမျှမ ရွှေ့ ၊ ကြိုး တခုမျှ မ ပြတ် ၊ အလျှင်း မ ပျက် ရသောတဲ တည်းဟူသော၊ ငြိမ်ဝပ် သောနေရာ ယေရုရှလင် မြို့ကို ကိုယ် မျက်စိ နှင့် မြင် ရလိမ့်မည်။
21 Kumeneko Yehova adzaonetsa ulemerero wake ndipo mzindawo udzakhala kasupe wa mitsinje yayikulu. Ngalawa za zopalasa sizidzapitamo, sitima zapamadzi zikuluzikulu sizidzayendamo.
၂၁ထို မြို့တွင် ဘုန်းကြီး သော ထာဝရဘုရား သည် ငါ တို့၌ ကျယ် သောမြစ် များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ် ၌ တက် သောရဲ လှေ ၊ အားကြီး သော သင်္ဘော တစင်းမျှ မ ရှောက် မသွားရ။
22 Pakuti Yehova ndi woweruza wathu, Yehova ndiye wotilamulira, Yehova ndiye mfumu yathu; ndipo ndiye amene adzatipulumutse.
၂၂အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ တို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ပညတ် တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ရှင် ဘုရင်ဖြစ်၍၊ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။
23 Zingwe za sitima zapamadzi za adani athu zamasuka, sizikutha kulimbitsa mlongoti wake, matanga ake sakutheka kutambasuka. Ngakhale tidzagawana zofunkha zochuluka kwambiri ndipo ngakhale olumala adzatenga zofunkhazo.
၂၃သင် ၏ သင်္ဘောရွက်ကြိုး များ ပြုတ် လျက်ရှိ၏။ ရွက်တိုင် ကို ခိုင်ခံ့ စွာမ ချည် ၊ ရွက် ကိုလည်း မ ဖြန့် နိုင်။ သို့ ဖြစ်၍၊ များစွာ သောဥစ္စာ ကို လုယူ ဝေငှ ရ၏။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာ ကို လုယူ ရ၏။
24 Palibe ndi mmodzi yemwe wokhala mʼZiyoni adzanene kuti, “Ndikudwala” ndipo anthu onse okhala mʼmenemo machimo awo adzakhululukidwa.
၂၄မြို့သားကလည်း၊ ငါနာ သည်ဟုမ ဆို ရ။ ထိုမြို့ ၌ နေ သောသူ တို့သည် အပြစ် ပြေရှင်း ခြင်းသို့ ရောက်ရကြ လိမ့်မည်။