< Yesaya 2 >
1 Nazi zinthu zokhudza Yuda ndi Yerusalemu, zimene Yesaya mwana wa Amozi anaziona mʼmasomphenya:
၁အောက်ပါဗျာဒိတ်တော်မှာ၊ ယုဒပြည်နှင့် ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည် ကို အာမုတ်၏သားဟေရှာယအားဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော်ဖြစ်၏။
2 Mʼmasiku otsiriza, phiri la Nyumba ya Yehova adzalikhazikitsa kukhala lalitali kuposa mapiri ena onse, lidzaonekera pamwamba pa mapiri ena onse, ndipo mayiko onse adzathamangira kumeneko.
၂ဟေရှာယက နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည် တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
3 Anthu ambiri adzabwera ndikunena kuti, “Tiyeni tikwere ku phiri la Yehova, ku nyumba ya Mulungu wa Yakobo. Iye adzatiphunzitsa njira zake, ndipo tidzayenda mʼnjira zakezo.” Malangizo adzachokera ku Ziyoni, mawu a Yehova adzachokera ku Yerusalemu.
၃သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
4 Iye adzaweruza pakati pa mayiko, ndipo adzathetsa kusamvana pakati pa anthu ambiri. Anthuwo adzasandutsa malupanga awo kukhala makasu ndiponso mikondo yawo kukhala zomwetera. Mtundu wina sudzatenganso lupanga kumenyana ndi mtundu wina, kapena kuphunziranso za nkhondo.
၄ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။ သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊ မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။ နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။
5 Inu nyumba ya Yakobo, bwerani, tiyeni tiyende mʼkuwala kwa Yehova.
၅ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။
6 Inu Yehova mwawakana anthu anu, nyumba ya Yakobo. Iwo adzaza ndi zamatsenga zochokera Kummawa; amawombeza mawula ngati Afilisti, ndipo amayanjana ndi anthu osapembedza Mulungu.
၆အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ယာကုပ်၏ သားမြေးများဖြစ်သည့်ကိုယ်တော်ရှင်၏လူမျိုး တော်အားစွန့်ပစ်တော်မူပါပြီ။ သူတို့၏ပြည် သည်လည်းအရှေ့နိုင်ငံသားများ၊ ဖိလိတ္တိ အမျိုးသားတို့၏မှော်အတတ်ကိုကျင့်သုံး သူများနှင့်ပြည့်နှက်လျက်ရှိပါ၏။ ပြည်သူ တို့သည်နိုင်ငံခြားဋ္ဌလေ့ထုံးစံများကို လိုက်လျှောက်ကြပါ၏။-
7 Dziko lawo ndi lodzaza ndi siliva ndi golide; ndipo chuma chawo ndi chosatha. Dziko lawo ndi lodzaza ndi akavalo; ndipo magaleta awo ankhondo ngosawerengeka.
၇သူတို့၏ပြည်သည်ရွှေ၊ ငွေပေါများသဖြင့် အတိုင်းမသိအောင်ချမ်းသာကြွယ်ဝပါ၏။ သူတို့၏ပြည်၌မြင်းပေါများ၍ မြင်းရထား အရေအတွက်မှာလည်းအတိုင်းမသိအောင် များပါ၏။-
8 Dziko lawo ndi lodzaza ndi mafano; iwo amapembedza ntchito ya manja awo, amagwadira zomwe anapanga ndi zala zawo.
၈သူတို့၏ပြည်သည်ရုပ်တုဆင်းတုများနှင့်ပြည့် နှက်နေလျက်လူတို့သည် မိမိတို့လက်ဖြင့်ပြု လုပ်သည့်အရာများကိုဝတ်ပြုကိုးကွယ် ကြပါ၏။
9 Tsono munthu aliyense adzachepetsedwa ndi kutsitsidwa. Inu Yehova musawakhululukire.
၉သို့ဖြစ်၍လူတိုင်းပင်လျှင် ရှုတ်ချခြင်းကိုခံရ ၍အရှက်ကွဲကြပါလိမ့်မည်။ အို ထာဝရဘုရား၊ သူတို့အားအပြစ်ဖြေလွှတ်တော်မမူပါနှင့်။
10 Lowani mʼmatanthwe, bisalani mʼmaenje, kuthawa kuopsa kwa Yehova ndi ulemerero wa ufumu wake!
၁၀ထာဝရဘုရား၏အမျက်တော်၊ ကိုယ်တော် ၏တန်ခိုးတော်နှင့်ဘုန်းအသရေတော်တို့၏ အရှိန်အဝါမှကင်းလွတ်ကြစေရန် သူတို့ သည်ကျောက်တောင်လှိုဏ်ဂူများ၌သော်လည်း ကောင်း၊ မြေတွင်းတူး၍သော်လည်းကောင်းပုန်း အောင်းနေကြလိမ့်မည်။-
11 Kudzikuza kwa anthu kudzatha, ndipo kudzitama kwa anthu kudzawonongedwa; Yehova yekha ndiye adzapatsidwe ulemu pa tsiku limenelo.
၁၁လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
12 Yehova Wamphamvuzonse wakonzeratu tsiku limene adzatsitse onse onyada ndi odzitama, ndipo adzagonjetsa onse amphamvu,
၁၂ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
13 tsiku la mikungudza yonse ya ku Lebanoni, yayitali ndi yoonekera patali, ndiponso la mitengo yonse ya thundu ya ku Basani,
၁၃ကိုယ်တော်သည်လေဗနုန်တောင်မှအာရစ်ပင် မြင့်တို့နှင့် ဗာရှန်တောမှဝက်သစ်ချပင်များ ကိုချိုးချတော်မူလိမ့်မည်။-
14 tsiku la mapiri onse ataliatali ndiponso la zitunda zonse zazitali,
၁၄တောင်ကြီးတောင်ငယ်တို့ကိုဖြိုချတော်မူ၍၊-
15 tsiku la nsanja zonse zazitali ndiponso malinga onse olimba,
၁၅မြင့်မားသောမျှော်စင်မှန်သမျှနှင့် မြို့ရိုး မှန်သမျှကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။-
16 tsiku la sitima zapamadzi zonse za ku Tarisisi ndiponso la mabwato onse okongola.
၁၆ကိုယ်တော်သည်အကြီးဆုံးအလှဆုံးသော သင်္ဘောများကိုပင် နစ်မြုပ်စေတော်မူလိမ့်မည်။-
17 Kudzikuza kwa munthu kudzatha ndipo kudzitama kwa anthu kudzawonongedwa, Yehova yekha ndiye adzapatsidwe ulemu tsiku limenelo,
၁၇လူတို့၏မာန်စွယ်သည်ကျိုး၍မောက်မာထောင် လွှားမှုများသည်ပျက်သုဉ်းရလိမ့်မည်။ ထို ကာလကျရောက်သောအခါထာဝရဘုရား တစ်ပါးတည်းသာလျှင် ချီးမြှောက်ခြင်းကို ခံတော်မူရလိမ့်မည်။-
18 ndipo mafano onse adzatheratu.
၁၈ရုပ်တုဆင်းတုတို့သည်လုံးဝကွယ်ပျောက်၍ သွားလိမ့်မည်။
19 Anthu adzathawira mʼmapanga a matanthwe ndi mʼmaenje a nthaka, kuthawa mkwiyo wa Yehova, ndiponso ulemerero wa ufumu wake, pamene Iye adzuka kugwedeza dziko lapansi.
၁၉ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
20 Tsiku limenelo anthu adzatayira mfuko ndi mileme mafano awo asiliva ndi mafano awo agolide, amene anawapanga kuti aziwapembedza.
၂၀ထိုနေ့ရက်ကာလရောက်သောအခါလူတို့သည် မိမိတို့သွန်းလုပ်ထားသည့်ရွှေ၊ ငွေရုပ်တုများ ကိုပွေးကောင်နှင့်လင်းနို့တို့၏အကြားတွင် စွန့်ပစ်၍ထားကြလိမ့်မည်။-
21 Adzathawira mʼmapanga a matanthwe ndiponso mʼmingʼalu ya nthaka kuthawa mkwiyo wa Yehova ndiponso ulemerero wa ufumu wake, pamene Iye adzuka kugwedeza dziko lapansi.
၂၁ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ လူတို့ သည်ကိုယ်တော်၏အမျက်တော်၊ တန်ခိုးတော် နှင့်ဘုန်းအသရေတော်၏အရှိန်အဝါမှ ကင်းဝေးကြစေရန် မြေတွင်းများနှင့်ကျောက် တောင်လှိုဏ်ဂူများတွင်ပုန်းအောင်းနေကြ လိမ့်မည်။
22 Lekani kudalira munthu, amene moyo wake sukhalira kutha. Iye angathandize bwanji wina aliyense?
၂၂သေမျိုးဖြစ်သောသူတို့အား ယုံကြည်ကိုး စားမှုမပြုကြနှင့်။ သူတို့သည်အဘယ် မျှတန်ဖိုးရှိပါသနည်း။