< Hagai 2 >
1 Pa tsiku la 21 la mwezi wachisanu ndi chiwiri, Yehova anayankhula kudzera mwa mneneri Hagai kuti:
၁ထာဝရဘုရားသည်ထိုနှစ်သတ္တမလနှစ် ဆယ့်တစ်ရက်နေ့၌ ပရောဖက်ဟ္ဂဲမှတစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော်က၊-
2 “Yankhula kwa Zerubabeli mwana wa Sealatieli, bwanamkubwa wa Yuda, kwa Yoswa mwana wa Yehozadaki, mkulu wa ansembe, ndi kwa anthu onse otsala. Afunse kuti,
၂ကိုယ်တော်ကဟ္ဂဲအားဤသို့ပြောကြားစေ တော်မူပါ၏။ ကိုယ်တော်က၊ သင်သည်ယုဒ ဘုရင်ခံဇေရုဗဗေလ၊ ယဇ်ပုရောဟိတ် မင်းယောဇဒတ်၏သားယောရှုနှင့်ကျန် ကြွင်းသောပြည်သူတို့အား၊-
3 ‘Kodi alipo amene watsala pakati panu amene anaona ulemerero wakale wa Nyumba iyi? Nanga tsopano ikuoneka motani kwa inu? Kodi sikuoneka ngati yopanda pake kwa inu?
၃``ယခင်အခါကဗိမာန်တော်သည်အဘယ်မျှ တင့်တယ်လှပတော်မူခဲ့ကြောင်းကို မှတ်မိသူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိပါသလော။ ယခုအခါဤဗိမာန်တော်ကိုသင်တို့အဘယ် သို့တွေ့မြင်ကြရပါသနည်း၊ ယင်းသည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်၍နေပေမည်။-''
4 Iwe Zerubabeli, limba mtima tsopano,’ akutero Yehova. ‘Limba mtima, iwe Yoswa mwana wa Yehozadaki, mkulu wa ansembe. Limbani mtima, anthu nonse a mʼdziko,’ akutero Yehova, ‘ndipo gwirani ntchito. Pakuti ine ndili nanu,’ akutero Yehova Wamphamvuzonse.
၄သို့ရာတွင် အို ပြည်သူအပေါင်းတို့၊ စိတ်အား မငယ်ကြနှင့်။ ငါသည်သင်တို့နှင့်အတူရှိ သည်ဖြစ်၍မိမိတို့လုပ်ဆောင်ရန်ရှိသည့် အမှုကိုသာသင်တို့လုပ်ဆောင်ကြလော့''ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူ၏။-
5 ‘Izi ndi zimene ndinapangana nanu pamene munkatuluka ku Igupto. Ndipo Mzimu wanga uli pakati panu. Musachite mantha.’
၅အီဂျစ်ပြည်မှသင်တို့ပြန်လာကြစဉ် အခါက ငါသည်သင်တို့နှင့်အစဉ်အတူ ရှိမည်ဟုကတိပြုခဲ့သည့်အတိုင်း ယခု တိုင်အောင်ပင်သင်တို့နှင့်ငါအတူရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။''
6 “Yehova Wamphamvuzonse akuti, ‘Pakapita nthawi pangʼono ndidzagwedezanso thambo ndi dziko lapansi, nyanja ndi mtunda.
၆အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မကြာမီပင်မိုးကောင်းကင်နှင့်မြေ ကြီးကိုလည်းကောင်း၊ ကုန်းနှင့်ပင်လယ် ကိုလည်းကောင်းတုန်လှုပ်စေ၍၊-
7 Ndidzagwedeza mitundu yonse ya anthu, ndipo chimene mitundu yonse ya anthu imachifuna chidzabwera, ndipo ndidzaza Nyumba ino ndi ulemerero,’ akutero Yehova Wamphamvuzonse.
၇လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-
8 ‘Siliva yense ndi wanga, golide yense ndi wanganso,’ akutero Yehova Wamphamvuzonse.
၈ကမ္ဘာပေါ်တွင်ရှိသမျှသောရွှေငွေတို့ကို ငါပိုင်၏ဟု အနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
9 ‘Ulemerero wa nyumba iyi udzaposa ulemerero wa nyumba yoyamba ija,’ akutero Yehova Wamphamvuzonse. ‘Ndipo pamalo pano ndidzakhazikitsapo mtendere,’ akutero Yehova Wamphamvuzonse.”
၉ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
10 Chaka chachiwiri cha Dariyo, pa tsiku la 24 la mwezi wachisanu ndi chinayi, Yehova anayankhula ndi mneneri Hagai kuti:
၁၀ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်နေ့၌အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ပရောဖက်ဟ္ဂဲထံရောက်လာတော် မူပြန်၏။ ကိုယ်တော်က``အကယ်၍လူတစ် ဦးတစ်ယောက်သည် ဘုရားသခင်အား ပူဇော်ထားသည့်အမဲသားကို မိမိ၏ ဝတ်လုံအမြိတ်ဖြင့်ထုပ်၍ယူဆောင်ခဲ့ ပြီးနောက်၊ စပျစ်ရည်၊ သံလွင်ဆီသို့မဟုတ် မည်သည့်အစားအစာမျိုးကိုမဆိုဝတ် လုံနှင့်ထိမိလျှင် ထိုအစားအစာများ သည်လည်းဆက်ကပ်ပူဇော်ရာအစား အစာများဖြစ်သွားမည်မသွားမည် ကို ပညတ်တော်အရအဆုံးအဖြတ် ပေးရန်ယဇ်ပုရောဟိတ်တို့အားမေးမြန်း လော့'' ဟုမိန့်တော်မူပါ၏။ ထိုပြဿနာကိုတင်ပြသောအခါယဇ် ပုရောဟိတ်တို့က``ထိုအစားအစာများ သည်သန့်စင်၍မသွားပါ'' ဟုဖြေကြား ကြ၏။
11 “Yehova Wamphamvuzonse akuti, ‘Funsa ansembe za zimene lamulo likunena:
၁၁
12 Ngati munthu wakulunga nyama yopatulika mu mkanjo wake, ndipo mkanjowo nʼkukhudza buledi kapena msuzi, kapena vinyo, mafuta kapena chakudya cha mtundu wina uliwonse, kodi zimenezo zimasanduka zopatulika?’” Ansembe anayankha kuti, “Ayi.”
၁၂
13 Pamenepo Hagai anati, “Ngati munthu amene anayipitsidwa pokhudza mtembo akhudza chimodzi cha zinthu zimenezi, kodi chinthucho chimayipitsidwa?” Ansembe anayankha kuti, “Inde, chimayipitsidwa.”
၁၃ထိုအခါဟ္ဂဲကလူတစ်ဦးတစ်ယောက် သည် လူသေကောင်နှင့်ထိမိသဖြင့်ညစ်ညမ်း ၍သွားသည်ဆိုငြားအံ့။ ထို့နောက်အကယ် ၍သူသည်အထက်ဖော်ပြပါအစားအစာ များကိုထိမိခဲ့သော် ထိုအရာတို့သည် လည်းညစ်ညမ်း၍သွားပါမည်လောဟု မေးလျှင်၊ ယဇ်ပုရောဟိတ်တို့က``ထိုအရာတို့သည် ညစ်ညမ်း၍သွားပါမည်'' ဟုဆိုကြ၏။
14 Pamenepo Hagai anati, “‘Ndi mmene zilili ndi anthu awa ndi dziko ili pamaso panga,’ akutero Yehova. ‘Chilichonse amachita ndiponso chilichonse chimene amapereka nʼchodetsedwa.
၁၄ထိုအခါဟ္ဂဲကထိုနည်းတူစွာဤတိုင်း ပြည်သားများတို့နှင့် သူတို့လုပ်ဆောင် သမျှသောအမှုအရာတို့သည်ညစ်ညမ်း သဖြင့် ယဇ်ပလ္လင်ပေါ်တွင်သူတို့တင်လှူသည့် ပူဇော်သကာမှန်သမျှသည်လည်း ညစ်ညမ်း ကြောင်းထာဝရဘုရားမိန့်တော်မူပါ ၏'' ဟုဆိုလေသည်။
15 “‘Tsopano muganizire zimenezi kuyambira lero mpaka mʼtsogolo. Ganizirani momwe zinthu zinalili asanayambe kumanga nyumba ya Yehova.
၁၅ထာဝရဘုရားကသင်တို့သည်မိမိတို့ ကြုံတွေ့ရသည့်အဖြစ်အပျက်ကိုမသိ မမြင်ကြပါသလော။ ဗိမာန်တော်ကိုပြန် လည်မတည်မဆောက်မီအခါက၊-
16 Pamene munthu ankayembekezera miyeso ya tirigu makumi awiri ankangopeza khumi yokha. Munthu akapita kuti akatunge miyeso makumi asanu ya vinyo mu mtsuko, ankangopeza miyeso makumi awiri yokha.
၁၆သင်တို့သည်ဂျုံစပါးတင်းနှစ်ဆယ်ရှိမည် ဟုခန့်မှန်းရသည့်စပါးပုံသို့သွားရောက် သောအခါ ဆယ်တင်းသာတွေ့ရကြသည် မဟုတ်ပါလော၊ စပျစ်ရည်အချိန်ငါးဆယ် ရရှိလိမ့်မည်ဟုဆိုကာ၊ စပျစ်ရည်စည် ကြီးသို့သွားသောအခါအချိန်နှစ်ဆယ် သာတွေ့ရှိရသည်မဟုတ်ပါလော။-
17 Ndinawononga ntchito yonse ya manja anu ndi chinsikwi, chiwawu ndi matalala, komabe inu simunatembenukire kwa Ine,’ akutero Yehova
၁၇ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။-
18 ‘Kuyambira lero tsiku la 24 la mwezi wachisanu ndi chinayi mpaka mʼtsogolo, chonde ganizirani bwino tsiku limene munayika maziko a nyumba ya Yehova. Ganizirani bwino.
၁၈ယနေ့သည်ဗိမာန်တော်အုတ်မြစ်ချမှုပြီး ဆုံးသည့်နေ့၊ နဝမလ၊ နှစ်ဆယ့်လေးရက် နေ့ဖြစ်၏။ ထိုနေ့မှစ၍ရှေ့တွင်မည်သို့ဖြစ် လာလိမ့်မည်ကိုသင်တို့ရှုမှတ်ကြလော့။ သေချာရှုမှတ်လော့။-
19 Kodi mʼnkhokwe mwatsala mbewu? Mpaka lero, mpesa ndi mtengo wa mkuyu, makangadza ndi mtengo wa olivi sizinabereke zipatso. “‘Kuyambira lero mpaka mʼtsogolo ndidzakudalitsani.’”
၁၉သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
20 Yehova anayankhula ndi Hagai kachiwiri, pa tsiku la 24 la mwezi kuti:
၂၀ထိုလနှစ်ဆယ့်လေးရက်နေ့၌ပင်လျှင် ဒုတိယအကြိမ်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ဟ္ဂဲအား၊-
21 “Uza Zerubabeli, bwanamkubwa wa Yuda, kuti ndidzagwedeza thambo ndi dziko lapansi.
၂၁ယုဒဘုရင်ခံဇေရုဗဗေလအတွက် ကိုယ် တော်က``ငါသည်မိုးကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုတုန်လှုပ်စေ၍၊-
22 Ndidzagwetsa mipando yaufumu ndi kuwononga mphamvu za maufumu achilendo. Ndidzagubuduza magaleta ndi okwerapo ake; akavalo ndi okwerapo ake adzagwa, aliyense adzaphedwa ndi lupanga la mʼbale wake.
၂၂တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။-
23 “‘Tsiku limenelo,’ akutero Yehova Wamphamvuzonse, ‘ndidzakutenga, iwe mtumiki wanga Zerubabeli mwana wa Sealatieli,’ akutero Yehova, ‘ndipo ndidzakusandutsa kukhala mphete yanga yolamulira, pakuti ndasankha iwe,’ akutero Yehova Wamphamvuzonse.”
၂၃ငါ၏ကျွန်ရင်းဇေရုဗဗေလ၊ ထိုနေ့၌ ငါသည်သင့်ကိုခေါ်ယူကာငါ့ကိုယ်စား အုပ်ချုပ်စေမည်။ သင်ကားငါရွေးချယ်ထား သောသူပေတည်း'' ဟုမိန့်တော်မူပါ၏။ ဤ ကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။ ပရောဖက်ဟ္ဂဲစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။