< Habakuku 3 >
1 Pemphero la mneneri Habakuku potsata mayimbidwe a Sigionoti.
၁ပရောဖက် ဟဗက္ကုတ်၏ပဌနာစကားတည်းဟူ သော ရှိဂျောနုတ်သီချင်း၊
2 Inu Yehova, ndamva za kutchuka kwanu; Inu Yehova, ntchito zanu zandiopsa. Muzichitenso masiku athu ano, masiku athu ano zidziwike; mu ukali wanu mukumbukire kuchita chifundo.
၂အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။
3 Mulungu anabwera kuchokera ku Temani, Woyerayo kuchokera ku Phiri la Parani. (Sela) Ulemerero wake unaphimba mlengalenga ndipo dziko lapansi linadzaza ndi matamando ake.
၃ဘုရားသခင်သည် တေမန်မြို့မှ၎င်း၊ သန့်ရှင်း သော ဘုရားသည် ပါရန်တောင်မှ၎င်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေ ကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက် ရှိ၏။
4 Kuwala kwa ulemerero wake kunali ngati kutuluka kwa dzuwa; kunyezimira kunkatuluka mʼdzanja lake, mʼmene anabisamo mphamvu zake.
၄အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ၏။
5 Patsogolo pake pankagwa mliri; nthenda yoopsa inkagwa kumbuyo kwake.
၅ရှေ့တော်၌ ကာလနာဘေးသည် သွား၍၊ ပူ လောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။
6 Iye anayimirira ndi kugwedeza dziko lapansi; anayangʼana ndipo mitundu ya anthu inanjenjemera. Mapiri okhazikika anagumuka ndipo zitunda zakalekale zinatitimira. Njira zake ndi zachikhalire.
၆ရပ်၍ မြေကြီးကို တိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည် သော တောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို ကြွတော်မူ၏။
7 Ndinaona matenti a ku Kusani ali pa mavuto, mokhala a ku Midiyani muli ululu waukulu.
၇ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန် ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။
8 Inu Yehova, kodi munakwiyira mitsinje? Kodi munakalipira timitsinje? Kodi munapsera mtima nyanja pamene munakwera pa akavalo anu ndiponso magaleta anu achipulumutso?
၈အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ် ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။
9 Munasolola uta wanu mʼchimake, munayitanitsa mivi yambiri. (Sela) Munagawa dziko lapansi ndi mitsinje;
၉ကိုယ်တော်သည် အမျိုးအနွယ်တော်တို့၌ ထား တော်မူသော သစ္စာဂတိရှိသည်အတိုင်း၊ လေးလက်နက် တော်ကို ထုတ်ပြတော်မူ၏။ မြေကြီး၌ မြစ်တို့ကို ပေါက်စေ တော်မူ၏။
10 mapiri anakuonani ndipo anagwedezeka. Madzi amphamvu anasefukira; nyanja yozama inakokoma ndipo mafunde ake anakwera kwambiri.
၁၀တောင်တို့သည် ကိုယ်တော်ကို မြင်၍ တုန်လှုပ် ကြပါ၏။ လျှံသော ရေသည် လွှမ်းမိုးပါ၏။ ပင်လယ်သည် အော်ဟစ်၍ လက်ကို ချီပါ၏။
11 Dzuwa ndi mwezi zinayima chilili mlengalenga, pa kungʼanima kwa mivi yanu yowulukayo, pa kunyezimira kwa mkondo wanu.
၁၁နေနှင့်လသည် မိမိတို့နေရာ၌ရပ်၍ နေပါ၏။ သူတို့ အလင်း၌ မြှားတော်တို့သည် သွား၍၊ သူတို့ရောင် ခြည်၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။
12 Munayendayenda mʼdziko lapansi muli ndi ukali, ndipo munapondereza mitundu ya anthu muli ndi mkwiyo.
၁၂အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ၏။
13 Munapita kukalanditsa anthu anu, kukapulumutsa wodzozedwa wanu. Munakantha mtsogoleri wa dziko la anthu oyipa, munawononga anthu ake onse. (Sela)
၁၃ကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်း၊ ကိုယ် တော်ပေးတော်မူ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မလူ၏အိမ်၌ ဦးခေါင်းကို နှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ၏။
14 Ndi mkondo wake womwe munalasa mtsogoleri wake pamene ankhondo ake anabwera mwamphamvu kudzatibalalitsa, ankasangalala ngati kuti akudzawononga osauka amene akubisala.
၁၄ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ၏။
15 Munapondaponda pa nyanja ndi akavalo anu, kuvundula madzi amphamvu.
၁၅ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေ ဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော် မူ၏။
16 Ndinamva ndipo mtima wanga unagunda kwambiri, milomo yanga inanjenjemera pakumva phokosolo; mafupa anga anaguluka, ndipo mawondo anga anawombana. Komabe ndikuyembekezera mofatsa, tsiku la masautso limene lidzafike pa mtundu wa anthu umene ukutithira nkhondo.
၁၆ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက် သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည်။
17 Ngakhale mtengo wa mkuyu usachite maluwa, ndipo mipesa ikhale yopanda mphesa. Ngakhale mitengo ya olivi isabereke zipatso, ndipo mʼminda musatuluke kanthu. Ngakhale nkhosa ndi ngʼombe zithe mʼkhola,
၁၇သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
18 komabe ine ndidzakondwera mwa Yehova, ndidzasangalala mwa Mulungu Mpulumutsi wanga.
၁၈သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက် ၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
19 Ambuye Yehova ndiye mphamvu yanga; amalimbitsa miyendo yanga ngati ya mbawala yayikazi, amandithandiza kukafika pamwamba pa phiri. Kwa mtsogoleri wa mayimbidwe. Pa zoyimbira za nsambo.
၁၉အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ် တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍၊ ငါ၏မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်။