< Genesis 49 >

1 Pambuyo pake Yakobo anayitanitsa ana ake aamuna nati: Sonkhanani pamodzi kuti ndikuwuzeni zimene zidzakuchitikireni mʼmasiku a mʼtsogolo.
ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။
2 “Bwerani ndipo imvani mawu anga, inu ana a Yakobo; mverani abambo anu Israeli.
ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
3 “Rubeni, ndiwe woyamba kubadwa; mphamvu yanga ndiponso chizindikiro choyamba cha mphamvu zanga, wopambana pa ulemerero ndi mphamvu.
အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အား အစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။
4 Wokokoma ngati madzi a chigumula, koma sudzakhalanso wopambana, iwe unagona pa bedi la abambo ako, ndithu unayipitsa bedi la mdzakazi wake.
သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိပ်ရာကို တက်၍ ညစ်ညူး စေ၏။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား။
5 “Simeoni ndi Levi ndi pachibale pawo, anachitira nkhanza anthu amene anachita nawo pangano.
ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
6 Iwe moyo wanga, usakhale nawo pa misonkhano yawo ya mseri, kapena kugwirizana nawo mʼmabwalo awo, pakuti anapha anthu mu mkwiyo wawo ndipo anapundula ngʼombe zamphongo monga kunawakomera.
ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။
7 Matemberero awagwere chifukwa cha mkwiyo wawo woopsa chonchi ndi ukali wawo wankhanza choterewu! Ine ndidzawabalalitsa mʼdziko la Yakobo ndi kuwamwaza iwo mʼdziko la Israeli.
သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည်။
8 “Yuda, ndiwe amene abale ako adzatamanda; dzanja lako lidzagwira pa khosi pa adani ako; abale ako adzakugwadira iwe.
အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
9 Yuda ali ngati mwana wa mkango; umabwerera ku malo ako ndi zofunkha, mwana wanga. Monga mkango, amadziwongola ndi kugona pansi, ndipo ngati mkango waukazi, ndani angalimbe mtima kumudzutsa?
ယုဒသည် ခြင်္သေ့ပျို ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ် ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။
10 Ndodo yaufumu sidzachoka mwa Yuda, udzawupanirira ulamuliro motero kuti palibe amene adzawuchotse, mpaka mwini wake weniweni atabwera ndipo mitundu yonse ya anthu idzamumvera.
၁၀ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
11 Ndiye amene amamangirira bulu wake wamkazi kumtengo wa mpesa, ndi mwana wa bulu ku nthambi ya mpesa wabwino. Ndi iye amene amachapa zovala zake mu vinyo; ndi mkanjo wake mu vinyo wofiira ngati magazi.
၁၁မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
12 Maso ake adzakhala akuda chifukwa cha vinyo, mano ake woyera chifukwa cha mkaka.
၁၂သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
13 “Zebuloni adzakhala mʼmphepete mwa nyanja; adzakhala pa dooko la sitima zapamadzi; malire ake adzafika ku Sidoni.
၁၃ဇာဗုလန်သည် ကမ်းနားမှာ နေ၍၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14 “Isakara ali ngati bulu wamphamvu wogona pansi pakati pa makola.
၁၄ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
15 Ataona ubwino wake wa pamalo pake popumira ndi kukongola kwa dziko lake, iye anaweramutsa msana kuti anyamule katundu wake ndipo anasanduka wogwira ntchito ya ukapolo.
၁၅ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကို မြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍၊ အခွန်ပေးသော ကျွန်ဖြစ်လေ၏။
16 “Dani adzaweruza mwachilungamo anthu ake monga limodzi mwa mafuko a anthu a mu Israeli.
၁၆ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။
17 Dani adzakhala ngati njoka ya mʼmphepete mwa msewu, songo yokhala mʼnjira imene imaluma chidendene cha kavalo kuti wokwerapoyo agwe chagada.
၁၇ဒန်သည် လမ်း၌နေသော မြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ၍၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။
18 “Ndikuyembekeza chipulumutso chanu Yehova.
၁၈အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
19 “Gadi adzachitidwa chiwembu ndi gulu la amaliwongo, koma iye adzawathamangitsa.
၁၉ဂဒ်မူကား၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
20 “Dziko la Aseri lidzabereka chakudya chokoma, ndipo iye adzapereka chakudya kwa mafumu.
၂၀အာရှာ၌ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ၍၊ မင်း၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည်။
21 “Nafutali ali ngati mbawala yayikazi yokhala ndi ana okongola kwambiri.
၂၁နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
22 “Yosefe ali ngati mtengo wobereka zipatso, mtengo wobereka zipatso pafupi ndi kasupe, nthambi zake zimayanga pa chipupa cha mwala.
၂၂ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။
23 Alenje a uta anamuchita chiwembu mwankhanza; anamuthamangitsa ndi mauta awo.
၂၃လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
24 Koma uta wake sunagwedezeke, ndi manja ake amphamvu aja analimbika, chifukwa cha mphamvu za Mulungu Wamphamvu wa Yakobo, chifukwa ali Mʼbusa ndi Thanthwe la Israeli.
၂၄သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊
25 Chifukwa cha Mulungu wa makolo ako amene amakuthandiza; chifukwa cha Mulungu Wamphamvu, amene amakudalitsa ndi mvula yochokera kumwamba, ndi madzi otumphuka pansi pa nthaka, ndipo amakudalitsa pokupatsa ana ambiri ndi ngʼombe zambiri.
၂၅သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။
26 Madalitso a kholo lako ndi amphamvu kuposa madalitso a mapiri akale oposa zabwino za ku zitunda zamgonagona. Zonse izi zikhale pamutu pa Yosefe, pa mphumi pa wopatulika uja amene anapatulidwa pakati pa abale ake.
၂၆သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
27 “Benjamini ali ngati mʼmbulu wolusa; umene mmawa umapha ndi kudya zofunkha, ndipo madzulo umagawa zofunkhazo,”
၂၇ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။
28 Onse awa ndi mafuko khumi ndi awiri a Israeli, ndipo zimenezi ndi zomwe abambo awo ananena pamene anawadalitsa, kuwapatsa aliyense madalitso ake womuyenera iye.
၂၈ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသော စကားပေတည်း။
29 Kenaka Yakobo analamula ana ake nati: “Ine ndatsala pangʼono kufa. Tsono mukandiyike pamodzi ndi makolo anga mʼphanga la mʼmunda wa Efroni Mhiti.
၂၉တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရှန်၏လယ်ပြင်တွင်ရှိသော မြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ။
30 Ili ndi phanga la mʼmunda wa Makipela, pafupi ndi Mamre mʼdziko la Kanaani. Abrahamu anagula phangalo pamodzi ndi munda womwe kwa Efroni Mhiti kuti pakhale manda.
၃၀ခါနာန်ပြည် မံရေမြို့ရှေ့မှာ၊ မပ္ပေလ လယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
31 Kumeneko kunayikidwa Abrahamu ndi mkazi wake Sara, Isake ndi mkazi wake Rebeka ndipo ndinayikakonso Leya.
၃၁ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။
32 Munda ndi manda amene ali mʼmenemo zinagulidwa kwa Ahiti.”
၃၂ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
33 Yakobo atamaliza kupereka malangizo kwa ana ake, anabwezera miyendo yake pa bedi, namwalira ndipo anakakhala ndi anthu a mtundu wake.
၃၃ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။

< Genesis 49 >