< Genesis 46 >

1 Israeli anasonkhanitsa zonse anali nazo napita ku Beeriseba kukapereka nsembe kwa Mulungu wa abambo ake Isake.
ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိ အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။
2 Ndipo Mulungu anayankhula ndi Israeli mʼmasomphenya usiku nati, “Yakobo! Yakobo!” Iye anayankha, “Ee, Ambuye.”
ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။
3 Mulungu anati, “Ine ndine Mulungu. Mulungu wa abambo ako. Usachite mantha kupita ku Igupto, pakuti ndidzachulukitsa zidzukulu zako kumeneko moti zidzakhala mtundu waukulu.
ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင် ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။
4 Ine ndidzapita ku Igupto pamodzi ndi iwe ndipo mosakayika konse zidzukulu zako ndidzazibweretsa konkuno. Yosefe adzakhalapo pa nthawi yako yomwalira.”
အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
5 Yakobo anachoka ku Beeriseba, ndipo ana ake anakweza abambo awo, ana awo, pamodzi ndi akazi awo pa ngolo zimene Farao anatumiza kuti adzakwerepo.
တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
6 Iwo anatenganso ziweto zawo ndi katundu wawo amene anali naye ku Kanaani, ndipo Yakobo pamodzi ndi ana ndi zidzukulu zake anapita ku Igupto.
ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
7 Ndiye kuti popita ku Igupto Yakobo anatenga ana aamuna, zidzukulu zazimuna, ana aakazi ndi zidzukulu zazikazi.
ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။
8 Nawa ana a Israeli (ndiye kuti Yakobo ndi ana ake) amene anapita ku Igupto: Rubeni mwana woyamba wa Yakobo.
အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
9 Ana aamuna a Rubeni ndi awa: Hanoki, Palu, Hezironi ndi Karimi.
ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
10 Ana aamuna a Simeoni ndi awa: Yemueli, Yamini, Ohadi, Yakini, Zohari ndi Shaulo amene mayi wake anali wa ku Kanaani.
၁၀ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။
11 Ana aamuna a Levi ndi awa: Geresoni, Kohati ndi Merari.
၁၁လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
12 Ana aamuna a Yuda ndi awa: Eri, Onani, Sela, Perezi ndi Zera. Koma Eri ndi Onani anamwalira mʼdziko la Kanaani. Ana a Perezi anali Hezironi ndi Hamuli.
၁၂ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
13 Ana aamuna a Isakara ndi awa: Tola, Puwa, Yobi ndi Simironi.
၁၃ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
14 Ana aamuna a Zebuloni ndi awa: Seredi, Eloni ndi Yahaleeli.
၁၄ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
15 Amenewa ndi ana aamuna a Leya amene anamubalira Yakobo ku Padanaramu. Panali mwana wamkazi dzina lake Dina. Ana onse analipo 33.
၁၅ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
16 Ana aamuna a Gadi ndi awa: Zifioni, Hagi, Suni, Eziboni, Eri, Arodi ndi Areli.
၁၆ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇေုန်၊ ဧရီ၊ အရောဒိ၊ အရေလိ။
17 Ana aamuna a Aseri ndi awa: Imuna, Isiva, Isivi, Beriya ndi Sera mlongo wawo. Ana aamuna a Beriya ndi awa: Heberi ndi Malikieli.
၁၇အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
18 Amenewa ndi zidzukulu za Yakobo mwa Zilipa amene Labani anapereka kwa mwana wake, Leya. Onse pamodzi analipo 16.
၁၈ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။
19 Ana aamuna a Rakele mkazi wa Yakobo anali: Yosefe ndi Benjamini.
၁၉ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
20 Ku Igupto, Asenati mwana wa Potifara wansembe wa Oni, anamuberekera Yosefe ana awa: Manase ndi Efereimu.
၂၀အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။
21 Ana aamuna a Benjamini ndi awa: Bela, Bekeri, Asibeli, Gera, Naamani, Ehi, Rosi, Mupimu, Hupimu ndi Aridi.
၂၁ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
22 Amenewa ndi zidzukulu za Yakobo mwa mkazi wake Rakele. Onse analipo khumi ndi anayi.
၂၂ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
23 Mwana wa mwamuna wa Dani anali: Husimu.
၂၃ဒန်သား။ ဟုရှိမ်။-
24 Ana aamuna a Nafutali ndi awa: Yahazeeli, Guni, Yezeri ndi Silemu.
၂၄နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
25 Amenewa ndi zidzukulu za Yakobo mwa Biliha amene Labani anapereka kwa mwana wake Rakele. Onse pamodzi analipo asanu ndi awiri.
၂၅ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
26 Onse amene anapita ndi Yakobo (iwo amene anali akeake, osawerengera akazi a ana ake), analipo 66.
၂၆ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
27 Pophatikiza ana awiri a Yosefe obadwira ku Igupto, anthu a pa banja la Yakobo amene anapita ku Igupto, onse pamodzi analipo 70.
၂၇အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
28 Tsopano Yakobo anatumiza Yuda kwa Yosefe kukamupempha kuti akakumane naye ku Goseni. Iwo atafika ku chigawo cha Goseni,
၂၈ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
29 Yosefe anakonza galeta nakwerapo ndi kupita ku Goseni kukakumana ndi abambo ake, Israeli. Yosefe atangofika pamaso pa abambo ake, anawakumbatira nalira kwa nthawi yayitali.
၂၉ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။
30 Israeli anati kwa Yosefe, “Tsopano ndikhoza kumwalira poti ndaona nkhope yako kuti ukanali ndi moyo.”
၃၀ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။
31 Ndipo Yosefe anati kwa abale ake pamodzi ndi a pa banja la abambo ake, “Ndipita kwa Farao ndipo ndikamuwuza kuti, ‘Abale anga pamodzi ndi onse a mʼnyumba ya abambo anga amene amakhala mʼdziko la Kanaani abwera kuno kwa ine.
၃၁ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။
32 Anthuwa ndi abusa; amaweta ziweto zawo ndipo abwera ndi nkhosa ndi ngʼombe zawo, pamodzi ndi antchito awo.’
၃၂ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။
33 Tsono Farao akakuyitanani nakufunsani kuti, ‘Kodi mumagwira ntchito yanji?’
၃၃နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
34 Muyankhe kuti, ‘Ife, bwana ndife oweta ziweto kuyambira ubwana wathu mpaka tsopano. Takhala tikuweta ziweto monga mmene ankachitira makolo athu.’ Mukadzayankha choncho, ndiye kuti mudzakhala mʼdziko la Goseni chifukwa anthu a ku Igupto amanyansidwa nawo anthu oweta ziweto.”
၃၄ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။

< Genesis 46 >