< Genesis 34 >
1 Tsopano Dina, mwana amene Leya anaberekera Yakobo, anapita kukacheza ndi akazi ena a mʼdzikolo.
၁ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊
2 Pamene Sekemu mwana wa Hamori Mhivi, mfumu ya deralo, anamuona, anamugwirira.
၂ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။
3 Koma Sekemu anamukondadi namwali uja, Dina, mwana wa Yakobo motero kuti anamuyankhula mawu womutonthoza.
၃နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
4 Choncho Sekemu anati kwa abambo ake Hamori, “Mundipezere mtsikana uyu kuti akhale mkazi wanga.”
၄ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။
5 Yakobo anamva kuti mwana wake Dina wagwiriridwa, koma sanachitepo kanthu msanga kudikira mpaka ana ake amuna omwe anali ku busa atabwerako.
၅ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
6 Kenaka Hamori, abambo a Sekemu, anapita kukakambirana ndi Yakobo.
၆ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊
7 Pa nthawi iyi nʼkuti ana a Yakobo atabwererako ku busa kuja. Iwo atangomva zimene zinachitika, anawawidwa mtima. Iwo anapsa mtima kwambiri kuti Sekemu nʼkuchita chonyansa choterechi mu dziko la Israeli, kumugwirira Dina, mwana wa Yakobo.
၇ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
8 Koma Hamori anawawuza kuti, “Mwana wanga Sekemu wamukonda kwambiri mwana wanu. Chonde muloleni kuti akhale mkazi wake.
၈ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။
9 Tiyeni tichite mgwirizano wa ukwati kuti ife tidzikwatira ana anu ndi inu mudzikwatira ana athu.
၉သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။
10 Khazikikani pakati pathu. Mukhoza kupeza malo wokhala kulikonse kumene mufuna. Mukhozanso kuchita malonda momasuka ndi kupeza chuma.”
၁၀သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။
11 Pamenepo Sekemu anati kwa abambo ndi alongo ake a Dina, “Inu mundikomere mtima, ndipo ndidzakupatsani chilichonse munganene.
၁၁ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။
12 Tchulani mtengo wamalowolo umene ndiyenera kupereka, ndipo ndipereka. Ndidzakupatsani chilichonse chimene mukufuna malingana inu mukandipatsa namwaliyu kuti ndimukwatire.”
၁၂ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။
13 Ana a Yakobo anayankha Sekemu ndi abambo ake, Hamori mwachinyengo chifukwa mlongo wawo, Dina anali atayipitsidwa.
၁၃ယာကုပ်၏ သားတို့သည်၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ၊
14 Iwo anati, “Sitingachite zimenezo, kupereka mlongo wathu kwa munthu wosachita mdulidwe. Chimenecho ndi chinthu cha manyazi kwa ife.
၁၄ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
15 Tikuvomerani pokhapokha mutakhala ngati ife, mutachita mdulidwe ana anu onse aamuna.
၁၅သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည်။
16 Kenaka tidzakulolani kuti mukwatire ana athu, ifenso tizikwatira ana anu. Choncho tidzakhala pakati panu ndipo tidzakhala anthu amodzi.
၁၆သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ် ကြလိမ့်မည်။
17 Koma ngati simuvomereza kuchita mdulidwe titenga mlongo wathu ndi kupita.”
၁၇သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
18 Mawu amenewa anakondweretsa Hamori ndi mwana wake Sekemu.
၁၈ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက်၍၊၊
19 Mnyamata uja amene anali wolemekezeka kwambiri pa banja lake lonse, sanachedwe kuchita mdulidwe popeza anamukonda kwambiri mwana wa Yakobo.
၁၉ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
20 Choncho Hamori ndi mwana wake Sekemu anapita ku chipata cha mzinda wawo kukayankhula ndi anthu a mu mzindawo.
၂၀ထိုအခါ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည်၊ မိမိမြို့တံခါးသို့ သွား၍၊ မြို့သားတို့နှင့် နှုတ်ဆက် လျက်၊
21 Iwo anati, “Anthu awa ndi a mtendere. Aloleni kuti akhale mʼdziko mwathu muno nachitamo malonda. Dzikoli lili ndi malo ambiri woti iwo nʼkukhalamo. Tingathe kukwatira ana awo aakazi ndipo angathe kukwatira ana athu aakazi.
၂၁အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့။ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့။
22 Komatu anthuwa adzavomereza kukhala amodzi a ife pokhapokha ngati amuna onse pakati pathu atachita mdulidwe monga alili iwo.
၂၂သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။
23 Tikatero, ndiye kuti ziweto zawo zonsezi, katundu wawo yenseyu ndi ziweto zawo zina zonsezi zidzakhala zathu. Choncho tiyeni tiwavomereze ndipo adzakhazikika pakati pathu.”
၂၃သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု၊
24 Amuna onse amene anatuluka ku chipata cha mzinda anavomerezana ndi Hamori ndi mwana wake Sekemu, ndipo aliyense wamwamuna mu mzindamo anachita mdulidwe.
၂၄ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။
25 Patapita masiku atatu, amuna onse akumvabe ululu wa kuchita mdulidwe uja, ana awiri a Yakobo, Simeoni ndi Levi, alongo ake a Dina, anatenga malupanga ndi kulowa mu mzindawo mwakachetechete napha amuna onse.
၂၅ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌၊ အလွန် နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။
26 Anapha Hamori ndi Sekemu. Anakatenga Dina ku nyumba kwa Sekemu nanyamuka.
၂၆ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။
27 Ana a Yakobo anafika kwa anthu ophedwawo ndi kututa katundu mu mzindawo chifukwa anagwiririra mlongo wawo.
၂၇မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
28 Analanda nkhosa zawo, ngʼombe zawo, abulu awo ndi china chilichonse chawo mu mzindamo pamodzi ndi za ku minda.
၂၈သူတို့ သိုး၊ဆိတ်၊နွား၊မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊
29 Anawatengera chuma chawo chonse, akazi ndi ana awo, pamodzi ndi zonse zimene zinapezeka mʼnyumba zawo. Zonsezi zinayesedwa ngati zolandidwa ku nkhondo.
၂၉သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်း ယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
30 Pamenepo Yakobo anati kwa Simeoni ndi Levi, “Mwandiputira mavuto, ndi kundiyipitsira dzina pakati pa anthu a mʼdziko lino, Akanaani ndi Aperezi. Ife ndife owerengeka, ndipo atati aphatikizane kudzandithira nkhondo, ndiye kuti ine ndi banja langa tidzawonongeka.”
၃၀ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော်၊
31 Koma iwo anayankha kuti, “Pepani, nanga achite kumusandutsa mlongo wathu ngati mkazi wachiwerewere?”
၃၁သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။