< Genesis 27 >

1 Isake atakalamba maso ake anachita khungu mwakuti sankatha kuona. Iye anayitana mwana wake wamkulu Esau nati kwa iye, “Mwana wanga.” Iye anayankha, “Ine abambo.”
ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။
2 Isake anati, “Tsopano ine ndakalamba, ndipo sindidziwa tsiku langa lakufa.
ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သည်​ယ​ခု​အို​လှ​ပြီ။ မ​ကြာ​မီ​သေ​ရ​မည်။-
3 Tsono tenga zida zako, muvi wako ndi uta, pita kuthengo ukandiphere nyama.
သင်​သည်​လေး​နှင့်​မြား​ကို​ယူ​၍​တော​ထဲ​သို့ သွား​ပြီး​လျှင် ငါ့​အ​တွက်​အ​မဲ​ရှာ​ဖွေ​ခဲ့​ပါ။-
4 Undikonzere chakudya chabwino monga muja ndimakonderamu ndipo ubwere nacho kwa ine kuti ndidye ndi kuti ndikudalitse ndisanamwalire.”
ငါ​ကြိုက်​နှစ်​သက်​သော​အ​မဲ​ဟင်း​လျာ​ကို​ချက် ၍​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ။ ထို​ဟင်း​ကို​ငါ​စား​ပြီး လျှင်​ငါ​မ​သေ​မီ​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​မှာ​ကြား​လေ​သည်။
5 Koma Rebeka amamvetsera pamene Isake amayankhula ndi mwana wake Esau. Esau atanyamuka kupita kuthengo kukaphera abambo ake nyama,
ဣ​ဇာက်​က​ဧ​သော​အား ထို​သို့​မှာ​ကြား​နေ​စဉ် ရေ​ဗက္က​သည်​နား​ထောင်​လျက်​ရှိ​၏။ ထို့​ကြောင့် ဧသော​အ​မဲ​ပစ်​ထွက်​သွား​သော​အ​ခါ၊-
6 Rebeka anati kwa mwana wake Yakobo, “Taona ndamva abambo ako akuwuza mʼbale wako Esau kuti,
ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အ​ဖ က​ဧ​သော​အား၊-
7 ‘Bweretsere nyama yakutchire ndipo undikonzere chakudya chokoma kuti ndidye; kuti ndikudalitse pamaso pa Yehova ndisanamwalire.’
`အ​မဲ​ပစ်​၍​ငါ့​အ​တွက်​ဟင်း​ချက်​ခဲ့​ပါ။ ငါ စား​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ သင့် အား​ငါ​မ​သေ​မီ​ကောင်း​ချီး​ပေး​မည်' ဟု​မှာ ကြား​သည်​ကို​ငါ​ကြား​ပြီ။-
8 Tsopano mwana wanga, mvetsetsa ndipo uchite zimene ndikuwuze:
သို့​ဖြစ်​၍​ငါ့​သား၊ ငါ့​စ​ကား​ကို​နား​ထောင် ၍​ငါ​ပြော​သ​မျှ​အ​တိုင်း​ပြု​လုပ်​လော့။-
9 Pita ku khola, ukatenge ana ambuzi abwino awiri, kuti ndikonzere abambo ako chakudya chokoma monga amakondera.
ဆိတ်​အုပ်​ရှိ​ရာ​သို့​သွား​ပြီး​လျှင် ဆူ​ဖြိုး​သော ဆိတ်​ငယ်​နှစ်​ကောင်​ကို​ရွေး​ယူ​ခဲ့​လော့။ ငါ​သည် သင့်​ဖ​ခင်​ကြိုက်​နှစ်​သက်​သော​ဟင်း​ကို​ချက် ပေး​မည်။-
10 Kenaka upite nacho chakudyacho kwa abambo ako kuti adye ndi kukudalitsa asanafe.”
၁၀ထို​အ​မဲ​ဟင်း​ကို​သူ့​ထံ​သို့​ယူ​သွား​လော့။ သူ မ​သေ​မီ သင့်​အား​ကောင်း​ချီး​ပေး​လိမ့်​မည်'' ဟု ဆို​လေ​၏။
11 Koma Yakobo anati kwa Rebeka amayi ake, “Komatu mʼbale wanga Esau ndi munthu wa khungu la ubweya zedi, ndipo ine ndine munthu wa khungu losalala.
၁၁ယာ​ကုပ်​က``အစ်​ကို​ဧ​သော​သည်​အ​မွေး​ထူ သော​သူ​ဖြစ်​ပြီး ကျွန်​တော်​မှာ​အ​သား​အ​ရေ ချော​မွတ်​သူ​ဖြစ်​ပါ​၏။-
12 Mwina abambo anga adzandikhudza, ndipo ndidzaoneka kuti ndawapusitsa. Tsono ndizadzitengera temberero mʼmalo mwa madalitso.”
၁၂ဖ​ခင်​က​ကျွန်​တော်​အား​စမ်း​သပ်​ကြည့်​မိ​၍ သူ့​အား​လှည့်​ဖြား​ကြောင်း​သိ​လျှင် ကျွန်​တော် ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​ရ​မည့်​အ​စား​ကျိန် စာ​သင့်​ခြင်း​ကို​ခံ​ရ​ပါ​မည်'' ဟု​မိ​ခင်​အား ပြန်​ပြော​လေ​၏။
13 Amayi ake anati kwa iye, “Mwana wanga, temberero limenelo ligwere ine. Iwe ungochita zimene ine ndikukuwuza; pita kanditengere timbuzito.”
၁၃ငါ့​သား၊ သင်​ခံ​ရ​မည့်​ကျိန်​စာ​သင့်​ခြင်း​ကို ငါ​ခံ​ရ​ပါ​စေ။ ငါ​ပြော​သည့်​အ​တိုင်း​ဆိတ် များ​ကို​သာ​ငါ့​ထံ​သို့​ယူ​ခဲ့​ပါ'' ဟု​မိခင် က​ဆို​လေ​၏။-
14 Choncho anapita nakatenga timbuzito ndi kubwera nato kwa amayi ake. Choncho Rebeka anaphika chakudya chokoma monga momwe Isake amakondera.
၁၄ယာ​ကုပ်​သည်​သွား​၍​ဆိတ်​များ​ကို​မိ​ခင်​ထံ​သို့ ယူ​ဆောင်​ခဲ့​သ​ဖြင့် ရေ​ဗက္က​သည်​ဣ​ဇာက်​ကြိုက် နှစ်​သက်​သော​အ​မဲ​ဟင်း​ကို​ချက်​လေ​သည်။-
15 Tsono Rebeka anatenga zovala zabwino kwambiri za Esau mwana wake wamkulu zimene zinali mʼnyumba namuveka Yakobo.
၁၅ထို​နောက်​သူ​သည်​မိ​မိ​အိမ်​တွင်​သိမ်း​ဆည်း ထား​သော​ဧ​သော​၏​အ​ကောင်း​ဆုံး​အ​ဝတ် ကို​ယာ​ကုပ်​အား​ဝတ်​ဆင်​ပေး​၏။-
16 Anamuvekanso manja ake ndi khosi lake ndi zikopa za mwana wambuzi.
၁၆သူ​၏​လက်​မောင်း​များ​နှင့်​အ​မွေး​မ​ပေါက်​သော လည်​ပင်း​တို့​တွင်​ဆိတ်​သား​ရေ​ကို​ပတ်​စည်း ပေး​၏။-
17 Kenaka, anamupatsa Yakobo chakudya chokoma chija chimene anaphika pamodzi ndi buledi.
၁၇ထို​နောက်​ချက်​ပြီး​သော​အ​မဲ​ဟင်း​နှင့်​ဖုတ် ထား​သော​မုန့်​တို့​ကို​ယာ​ကုပ်​အား​ပေး​၏။
18 Yakobo anapita kwa abambo ake ndipo anati, “Abambo anga.” Ndipo anayankha, “Eya, kodi ndiwe mwana wanga uti?”
၁၈ယာ​ကုပ်​သည်​သူ​၏​ဖ​ခင်​ထံ​သို့​သွား​၍``အ​ဖ'' ဟု​ခေါ်​လျှင်၊ ဣ​ဇာက်​က``သား'' ဟု​ထူး​ပြီး​လျှင်``သား​ကြီး လော၊ သား​ငယ်​လော'' ဟု​မေး​လေ​၏။
19 Yakobo anati kwa abambo ake, “Ndine Esau mwana wanu woyamba. Ndachita monga munandiwuzira. Chonde dzukani ndi kukhala tsonga kuti mudyeko nyama ndakukonzeraniyi kuti tsono mundidalitse.”
၁၉ယာ​ကုပ်​က``ကျွန်​တော်​သည်​သား​ကြီး​ဧ​သော ဖြစ်​ပါ​သည်။ ဖ​ခင်​မှာ​ကြား​သည့်​အ​တိုင်း​ဆောင် ရွက်​ပြီး​ပါ​ပြီ။ ယ​ခု​ထ​၍​ကျွန်​တော်​ယူ​ခဲ့​သော အ​မဲ​ဟင်း​ကို​သုံး​ဆောင်​ပြီး​လျှင်​ကျွန်​တော် အား​ကောင်း​ချီး​ပေး​ပါ'' ဟု​ပြော​လေ​သည်။
20 Isake anafunsa mwana wake, “Wayipeza msanga chotere bwanji mwana wanga?” Iye anayankha, “Yehova Mulungu wanu anandithandiza kuti ndiyipeze.”
၂၀ဣ​ဇာက်​က``ငါ့​သား၊ အ​မဲ​ကောင်​အ​ရ​မြန်​လှ ပါ​တ​ကား'' ဟု​ဆို​၏။ ယာ​ကုပ်​က``အ​ဖ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​စောင်​မ​ခြင်း​ကြောင့်​အ​မဲ​ကောင်​ကို အ​မြန်​ရ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
21 Pamenepo Isake anati kwa Yakobo, “Tabwera pafupi ndikukhudze mwana wanga, kuti ndidziwedi ngati uli mwana wanga Esau kapena ayi.”
၂၁ထို​အ​ခါ​ဣ​ဇာက်​က``ငါ​သင့်​ကို​စမ်း​ကြည့်​နိုင် ရန်​အ​နား​သို့​တိုး​လာ​ပါ။ သင်​သည်​ဧသော အ​မှန်​ပင်​ဖြစ်​ပါ​သ​လော'' ဟု​မေး​လေ​သည်။-
22 Yakobo anasendera kufupi ndi abambo ake Isake ndipo anamukhudza nati, “Mawuwa ndi mawu a Yakobo koma mikonoyi ndi mikono ya Esau.”
၂၂ယာ​ကုပ်​သည်​ဖခင်​အ​နား​သို့​ချဉ်း​ကပ်​လာ​သော် ဖ​ခင်​က​လက်​နှင့်​သူ့​ကို​စမ်း​သပ်​ပြီး​လျှင်``သင် ၏​အ​သံ​မှာ​ယာ​ကုပ်​၏​အ​သံ၊ သင်​၏​လက်​များ သည်​ကား​ဧ​သော​၏​လက်​များ​ပင်​ဖြစ်​သည်'' ဟု ဆို​လေ​၏။-
23 Sanamuzindikire, popeza mikono yake inali ndi ubweya ngati ya mʼbale wake Esau; choncho anamudalitsa.
၂၃သူ​၏​လက်​တို့​သည်​ဧ​သော​၏​လက်​များ​ကဲ့​သို့ အ​မွေး​ထူ​သော​ကြောင့်​ဖ​ခင်​သည်​ယာ​ကုပ် ဖြစ်​မှန်း​မ​ရိပ်​မိ​ချေ။ သူ့​အား​ကောင်း​ချီး​မ ပေး​မီ၊-
24 Isake anafunsa, “Kodi ndiwedi mwana wanga Esau?” Yakobo anayankha, “Inde ndine.”
၂၄``သင်​သည်​အ​ကယ်​ပင်​ဧ​သော​ဖြစ်​သ​လော'' ဟု​မေး​ပြန်​၏။ ယာ​ကုပ်​က``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။
25 Ndipo iye anati, “Mwana wanga, patseko nyama yakoyo ndidye kuti ndikudalitse.” Yakobo anabwera ndi nyama ija kwa Isake ndipo anadya. Kenaka anamupatsanso vinyo ndipo anamwa.
၂၅ထို​အ​ခါ​ဣ​ဇာက်​က``အ​မဲ​ဟင်း​ကို​ယူ​ခဲ့​ပါ။ ငါ​စား​ပြီး​လျှင်​သင့်​အား​ကောင်း​ချီး​ပေး​မည်'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​သည်​ဖခင်​ထံ​သို့​ဟင်း ကို​ယူ​ခဲ့​၏။ ဖ​ခင်​သောက်​ရန်​စ​ပျစ်​ရည်​ကို လည်း​ယူ​ခဲ့​၏။-
26 Tsono Isake anati kwa Yakobo, “Bwera kuno mwana wanga undipsompsone.”
၂၆ထို​နောက်​ဖ​ခင်​က``ငါ့​သား၊ အ​နား​သို့​တိုး လာ​၍​ငါ့​ကို​နမ်း​လော့​ဟု​ခိုင်း​၏။-
27 Choncho anapita namupsompsona. Apa Isake anamva fungo la zovala zake, ndipo anamudalitsa nati, “Haa, fungo la mwana wanga lili ngati fungo la munda umene Yehova waudalitsa.
၂၇ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-
28 Mulungu akugwetsere mame akumwamba ndipo minda yako ibale tirigu wambiri ndi vinyo watsopano.
၂၈ဘု​ရား​သ​ခင်​သည်​သင့်​အား​မိုး​ကောင်း​ကင်​မှ နှင်း​ကို​ပေး​တော်​မူ​၍ သင်​၏​လယ်​များ​ကို​မြေ သြ​ဇာ​ထက်​သန်​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော် သည်​သင့်​အား​ကောက်​ပဲ​သီး​နှံ​နှင့်​စ​ပျစ်​ရည် များ​စွာ​ပေး​သ​နား​တော်​မူ​စေ​သ​တည်း။-
29 Mitundu ya anthu ikutumikire iwe ndipo anthu akugwadire iwe. Ukhale wolamula abale ako, ndipo ana aamuna a amayi ako akugwadire. Amene akutemberera iwe atembereredwe ndipo amene adalitsa iwe adalitsike.”
၂၉တိုင်း​နိုင်​ငံ​တို့​သည်​သင်​၏​အ​စေ​ကို​ခံ​ရ​ကြ စေ​သ​တည်း။ လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည်​ဆွေ​မျိုး သား​ချင်း​တို့​ကို​ကြီး​စိုး​ရ​စေ​သ​တည်း။ သင်​၏ အ​မိ​အ​ဆက်​အ​နွယ်​တို့​သည်​သင့်​အား​ဦး​ညွှတ် ရ​ကြ​စေ​သ​တည်း။ သင့်​အား​ကျိန်​စာ​သင့်​သော သူ​တို့​ကို​ကျိန်​စာ​သင့်​စေ​သ​တည်း။ သင့်​အား ကောင်း​ချီး​ပေး​သူ​တို့​သည်​ကောင်း​ချီး​ခံ​စား ရ​ကြ​စေ​သ​တည်း'' ဟု​ကောင်း​ချီး​ပေး​လေ ၏။
30 Isake atatsiriza kudalitsa Yakobo, atangochoka pamaso pa abambo akewo, Esau anabwera kuchokera kosaka kuja.
၃၀ဣ​ဇာက်​သည်​ယာ​ကုပ်​အား​ကောင်း​ချီး​ပေး​ပြီး​၍ ဖ​ခင်​ထံ​မှ​ယာ​ကုပ်​ထွက်​သွား​သည့်​ခ​ဏ​အ​တွင်း သူ​၏​အစ်​ကို​ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ ပြန်​ရောက်​လာ​၏။-
31 Nayenso anakonza chakudya chokoma nabwera nacho kwa abambo ake. Ndipo anati kwa iye, “Chonde abambo, dzukani mukhale tsonga kuti mudye nyamayi ndi kuti mundidalitse.”
၃၁သူ​သည်​လည်း​စား​ဖွယ်​ကောင်း​သော​အမဲ​ဟင်း​လျာ ကို​ချက်​ပြီး​လျှင်​ဖ​ခင်​ထံ​သို့​ယူ​ခဲ့​လေ​သည်။ ထို​နောက်``အ​ဖ၊ ကျွန်​တော်​ယူ​ခဲ့​သော​အ​မဲ ဟင်း​ကို​ထ​၍​သုံး​ဆောင်​ပါ။ သုံး​ဆောင်​ပြီး လျှင်​ကျွန်​တော်​အား​ကောင်း​ချီး​ပေး​ပါ'' ဟု ဆို​လေ​၏။
32 Abambo ake, Isake, anamufunsa kuti, “Ndiwe yani?” Iye anayankha, “Ndine mwana wanu woyamba Esau.”
၃၂ဣ​ဇာက်​က``သင်​မည်​သူ​နည်း'' ဟု​မေး​၏။ ဧ​သော​က``ကျွန်​တော်​သည်​ဖ​ခင်​၏​သား​ကြီး ဧ​သော​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
33 Isake ananjenjemera kwambiri nati, “Nanga ndani uja anakapha nyama kutchire nʼkudzandipatsa? Ine ndadya kale, ndadya nyamayo iwe utangotsala pangʼono kubwera ndipo ndamudalitsa ndipo adzakhaladi wodalitsika.”
၃၃ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။
34 Esau atamva mawu a abambo ake, analira mokweza ndi mowawidwa mtima nati kwa abambo ake, “Inenso dalitseni abambo anga!”
၃၄ဧ​သော​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင်​မ​ခံ မ​ရပ်​နိုင်​အောင်​ခံ​စား​ရ​သ​ဖြင့်``အို အ​ဖ၊ ကျွန်​တော့် အား​လည်း​ကောင်း​ချီး​ပေး​ပါ​ဦး'' ဟု​အ​သံ​ကျယ် စွာ​အော်​ဟစ်​တောင်း​ပန်​လေ​၏။
35 Koma iye anati, “Mʼbale wako anabwera mwachinyengo ndipo watenga madalitso ako.”
၃၅ဣ​ဇာက်​က``သင့်​ညီ​လာ​၍​ငါ့​ကို​လိမ်​လည်​လှည့်​ဖြား လေ​ပြီ။ သူ​သည်​သင်​ခံ​စား​ရ​မည့်​ကောင်း​ချီး​ကို ယူ​သွား​ပြီ'' ဟု​ဖြေ​ကြား​လေ​သည်။
36 Esau anati, “Kodi nʼchifukwa chake iyeyu dzina lake lili Yakobo eti? Aka nʼkachiwiri kundinyenga: Anatenga ukulu wanga, pano watenga madalitso anga!” Kenaka anafunsa, “Kodi simunandisungireko ena madalitsowo?”
၃၆ဧ​သော​က``သူ​သည်​ကျွန်​တော်​အား​နှစ်​ကြိမ်​တိုင် တိုင်​ယာ​ကုပ်​ဟူ​သော​နာ​မည်​နှင့်​လိုက်​အောင်​လှည့် စား​ခဲ့​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​၏​သား​ဦး​အ​ရာ ကို​တစ်​ကြိမ်၊ ယ​ခု​တစ်​ဖန်​ကျွန်​တော်​ခံ​စား​ရ မည့်​ကောင်း​ချီး​ကို​တစ်​ကြိမ်​ယူ​သွား​ပါ​ပြီ။ ကျွန်​တော်​အ​ဖို့​ကောင်း​ချီး​တစ်​ပါး​ပါး​မ​ကျန် ပါ​သ​လော'' ဟု​ဖ​ခင်​အား​မေး​လေ​၏။
37 Koma Isake anamuyankha nati, “Ndamudalitsa iye kuti akhale wokulamulira iwe. Ndaperekanso abale ake onse kuti akhale omutumikira iye, ndipo ndamudalitsa ndi tirigu wambiri, ndi vinyo watsopano. Ndiye ndingakuchitirenso chiyani mwana wanga?”
၃၇ဣ​ဇာက်​က``ငါ​သည်​သူ့​အား​သင်​၏​အ​ရှင်​သ​ခင် ဖြစ်​စေ​ပြီ။ ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို လည်း​သူ​၏​အ​စေ​ကို​ခံ​စေ​ပြီ။ သူ့​အား​ကောက်​ပဲ သီး​နှံ​နှင့်​စ​ပျစ်​ရည်​တို့​ဖြင့်​ကြွယ်​ဝ​ပြည့်​စုံ​စေ ပြီ။ သို့​ဖြစ်​လျှင်​ငါ့​သား​သင့်​အ​တွက်​မည်​သို့ ဆောင်​ရွက်​ပေး​နိုင်​ပါ​သ​နည်း'' ဟု​ပြန်​ဖြေ​လေ ၏။
38 Esau anati kwa abambo ake, “Kodi muli ndi dalitso limodzi lokhali, abambo anga? Inenso mundidalitse chonde abambo anga!” Pomwepo Esau analira mokuwa.
၃၈ဧ​သော​က``အို အ​ဖ၊ ဖ​ခင်​ထံ​၌​ပေး​စ​ရာ ကောင်း​ချီး​မင်္ဂ​လာ​တစ်​ပါး​မျှ​မ​ကျန်​ပါ သ​လော။ ကျွန်​တော့်​ကို​လည်း​ကောင်း​ချီး​မင်္ဂလာ ပေး​ပါ​ဦး'' ဟု​ဖ​ခင်​အား​ဆက်​လက်​တောင်း​ပန် ၍​ငို​ကြွေး​လေ​၏။
39 Tsono Isake abambo ake anamuyankha kuti, “Malo ako okhalapo sadzabala dzinthu, ndipo mvula sidzagwa pa minda yako.
၃၉ထို​အ​ခါ​ဣ​ဇာက်​က၊ ``သင့်​လယ်​များ​သည်​မြေ​သြ​ဇာ​မ​ရှိ၊မိုး ကောင်း​ကင်​မှ နှင်း​ကို​လည်း​မ​ရ​နိုင်။
40 Udzakhala ndi moyo podalira lupanga ndipo udzatumikira mʼbale wako. Koma idzafika nthawi pamene udzakhala mfulu udzachotsa goli lake mʼkhosi mwako.”
၄၀သင်​သည်​ကိုယ့်​ဋ္ဌား​ဖြင့်​အ​သက်​မွေး​ရ​မည်။ သင်​၏​ညီ​အ​စေ​ကို​ခံ​ရ​မည်။ သို့​ရာ​တွင်​သင်​သည်​ကြိုး​ပမ်း​အား​ထုတ်​လျှင်၊ သူ​၏​အ​ချုပ်​အ​နှောင်​မှ​လွတ်​မြောက်​လိမ့်​မည်'' ဟု​ဆို​လေ​၏။
41 Ndipo Esau anamusungira chiwembu Yakobo chifukwa cha madalitso amene abambo ake anamupatsa. Esau anati kwa iye yekha, “Masiku olira abambo anga ayandikira; pambuyo pake ndidzamupha mʼbale wangayu Yakobo.”
၄၁ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။
42 Pamene Rebeka anamva zimene mwana wake wamkulu Esau ankaganiza, anayitanitsa Yakobo nati kwa iye, “Mʼbale wako Esau akulingalira zakuti akuphe kuti akulipsire.
၄၂ရေ​ဗက္က​သည်​ဧ​သော​၏​အ​ကြံ​ကို​ကြား​သိ​ရ သ​ဖြင့် ယာ​ကုပ်​ကို​ခေါ်​၍``သင့်​အစ်​ကို​ဧ​သော သည်​သင့်​အား​လက်​စား​ချေ​သတ်​ပစ်​ရန်​အ​ကြံ ထုတ်​လျက်​ရှိ​သည်။-
43 Tsopano mwana wanga, chita zimene ndinene: Nyamuka tsopano, uthawire kwa mlongo wanga Labani ku Harani.
၄၃ငါ့​သား၊ ငါ​ပြော​သည့်​အ​တိုင်း​ပြု​လုပ်​လော့။ ခါ​ရန် မြို့​၌​နေ​ထိုင်​သော​ငါ​၏​အစ်​ကို​လာ​ဗန်​ထံ​သို့ ယ​ခု​ချက်​ချင်း​သွား​ရန်​ပြင်​လော့။-
44 Ukakhale naye kwa kanthawi mpaka mkwiyo wa mʼbale wako utatsika.
၄၄သင်​၏​အစ်​ကို​စိတ်​ပြေ​၍​သင်​သူ့​အား​ပြု​မိ သ​မျှ​ကို​မေ့​ပျောက်​သည့်​အ​ချိန်​အ​ထိ​သူ့​ထံ ၌​ခေတ္တ​တည်း​ခို​နေ​ထိုင်​လော့။-
45 Tsono mkwiyo wa mʼbale wakoyo ukadzatsika ndi kuyiwala zonse wamuchitirazi, ndidzatuma munthu kuti adzakutenge. Nanga nditayirenji nonse awiri nthawi imodzi?”
၄၅ထို​အ​ချိန်​ရောက်​လျှင်​ငါ​သည်​သင့်​ထံ​သို့​လူ စေ​လွှတ်​၍​ပြန်​လည်​ခေါ်​ဆောင်​မည်။ ငါ​သည် တစ်​နေ့​ချင်း​တွင်​သား​နှစ်​ယောက်​စ​လုံး​ကို အ​ဆုံး​မ​ခံ​နိုင်'' ဟု​ဆို​လေ​၏။
46 Tsono Rebeka anati kwa Isake, “Ine sindikukondwera nawo anamwali a Chihiti. Ndipo ngati Yakobo angapeze mbeta kuno mwa anamwali a Chihitiwa, ndiye kuli bwino kungofa.”
၄၆ရေ​ဗက္က​က​ဣ​ဇာက်​အား``ကျွန်​မ​သည်​ဧ​သော​၏ အ​မျိုး​ချင်း​မ​တူ​သော​မ​ယား​များ​ကြောင့် သေ ချင်​အောင်​စိတ်​ညစ်​ရ​သည်။ အ​ကယ်​၍​ယာ​ကုပ် သည်​ဤ​အ​ရပ်​၌​ရှိ​သော ဟိတ္တိ​အ​မျိုး​သ​မီး တစ်​ဦး​ဦး​နှင့်​အိမ်​ထောင်​ကျ​မည်​ဆို​လျှင် ကျွန်​မ​အ​သက်​ရှင်​မ​နေ​နိုင်​တော့​ပါ'' ဟု ပြော​လေ​၏။

< Genesis 27 >