< Genesis 18 >
1 Yehova anadza kwa Abrahamu pafupi ndi mitengo ikuluikulu ya thundu ya ku Mamre. Abrahamu nʼkuti atakhala pansi pa khoma la tenti yake masana, dzuwa likutentha.
၁ထာဝရဘုရားသည်မံရေပိုင်သောသစ်ပင်များ ရှိရာအရပ်တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ၏။ နေအလွန်ပူပြင်းသောအချိန်၌ အာဗြဟံသည်မိမိ၏တဲဝမှာထိုင်နေစဉ်၊-
2 Tsono Abrahamu atakweza maso ake patali anangoona anthu atatu atayima cha potero. Atawaona, ananyamuka mofulumira kuti awachingamire. Atafika anaweramitsa mutu pansi mwa ulemu nati,
၂မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
3 “Ngati mwandikomera mtima, mbuye wanga, musamulambalale mtumiki wanu.
၃``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
4 Ndikupatseniko timadzi pangʼono kuti nonse musambitse mapazi anu ndi kupumula pansi pa mtengo uwu.
၄ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
5 Tsono ndikutengereniko kachakudya kuti mudye kuti mwina nʼkupezako mphamvu zopitirizira ulendo wanu. Inu mwafika kumalo kwa mtumiki wanu.” Ndipo iwo anamuyankha nati, “Zikomo kwambiri, chita monga wanenera.”
၅အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
6 Choncho Abrahamu anafulumira kupita kwa Sara mʼtenti nati, “Tafulumira, tenga mabeseni atatu a ufa wosalala, ukande ndi kupanga buledi.”
၆အာဗြဟံသည်တဲထဲရှိစာရာထံသို့အလျင် အမြန်ဝင်သွားပြီးလျှင်``အကောင်းဆုံးမုန့်ညက် ကိုယူ၍မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။-
7 Kenaka Abrahamu anakatenga mwana wangʼombe wonenepa ndi wofewa bwino ndi kupatsa wantchito wake amene anachita changu kukonza ndiwoyo.
၇အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။-
8 Tsono Abrahamu anatenga chambiko, mkaka ndi mwana wangʼombe wokonzedwa uja nazipereka kwa anthu aja. Alendowo akudya, Abrahamu ankawayangʼana atayimirira pansi pa mtengo.
၈ထိုနောက်မလိုင်၊ နို့နှင့်အမဲဟင်းတို့ကိုဧည့်သည် များရှေ့၌တည်ခင်းသည်။ သူကိုယ်တိုင်ထိုသူတို့ အားသစ်ပင်အောက်တွင်ဧည့်ခံကျွေးမွေးသဖြင့် သူတို့သည်စားသုံးကြ၏။
9 Anthuwo anafunsa Abrahamu kuti, “Mkazi wako Sara ali kuti?” Iye anati, “Ali mu tentimu.”
၉သူတို့က``သင်၏မယားစာရာအဘယ်မှာရှိ သနည်း'' ဟုမေး၏။ အာဗြဟံက``တဲထဲမှာရှိပါသည်'' ဟုပြန် ဖြေ၏။
10 Tsono mmodzi mwa iwo anati, “Mosakayikira ndidzabweranso pa nthawi ngati yomwe ino chaka chamawa, ndipo Sara mkazi wako adzakhala ndi mwana wamwamuna.” Koma Sara amene anali kumbuyo kwa Abrahamu pa khoma la tenti ankamva zonsezi.
၁၀တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
11 Abrahamu ndi Sara anali okalamba kale ndipo anali ndi zaka zambiri. Sara nʼkuti atapyola kale pa msinkhu oti nʼkubereka.
၁၁အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။-
12 Choncho anangoseka nati mu mtima mwake, “Kodi munthu wothayitha ngati ine ndingasangalalenso kugona pamodzi ndi mbuye wanga? Mwamuna wanga nayenso ndi wokalamba.”
၁၂သို့ဖြစ်၍စာရာက``ငါသည်အို၍အားအင်ကုန် ခန်းလျက်ရှိပြီ။ ကာမစည်းစိမ်ကိုမည်သို့ခံစား နိုင်မည်နည်း။ ထို့အပြင်ငါ၏ယောကျာ်းသည်လည်း အိုပြီ'' ဟုတွေးတောကာပြုံးရယ်လေ၏။
13 Ndipo Yehova anati kwa Abrahamu, “Nʼchifukwa chiyani Sara anaseka nʼkumati, ‘Moti ine nʼkudzakhaladi ndi mwana mmene ndakalambiramu?’
၁၃ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။-
14 Kodi pali chimene chikhoza kumukanika Yehova? Pa nthawi yake, ngati yomwe ino chaka chamawa ndidzabweranso, ndipo Sara adzabala mwana wamwamuna.”
၁၄ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
15 Koma Sara ndi mantha ananama nati, “Sindinaseke.” Koma Iye anati, “Inde iwe unaseka.”
၁၅စာရာသည်ကြောက်ရွံ့သဖြင့်``ကျွန်မ၊ မရယ် ပါ'' ဟုဆိုလေ၏။ ကိုယ်တော်က``သင်အမှန်ပင်ရယ်သည်'' ဟု မိန့်တော်မူ၏။
16 Kenaka anthu aja ananyamuka ndi kumapita, molunjika ku Sodomu. Ndipo Abrahamu anayenda nawo pamodzi kuwaperekeza.
၁၆ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
17 Tsono Yehova anati mu mtima mwake, “Kodi ndingamubisire Abrahamu chimene ndikuti ndichite posachedwa?
၁၇ထာဝရဘုရားက``ငါပြုမည့်ကိစ္စကို အာဗြဟံအားအသိမပေးဘဲမဖြစ်နိုင်။-
18 Abrahamu adzakhaladi mtundu wa anthu waukulu ndi wamphamvu, ndipo mitundu yonse ya anthu pa dziko lapansi adzadalitsika kudzera mwa iye.
၁၈သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
19 Pakuti ndasankha iyeyu kuti adzatsogolere ana ake ndi a pa banja lake, kuti asunge mawu a Yehova pochita zoyenera ndi zachilungamo. Choncho Yehova adzachita kwa Abrahamu chimene anamulonjeza iye.”
၁၉သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
20 Ndipo Yehova anati kwa Abrahamu, “Kulirira Gomora kwakula ndipo tchimo lawo lafika poyipa kwambiri
၂၀ထိုနောက်ထာဝရဘုရားက အာဗြဟံအား ``သောဒုံမြို့နှင့်ဂေါမောရမြို့တို့အား အပြစ် တင်စွပ်စွဲသံပြင်းထန်လှ၏။ ထိုမြို့တို့၏ပြစ် မှုသည်လည်းကြီးလေးလှ၏။-
21 choncho ndikuti ndipiteko ndikaone ngati zimene achita zilidi zoyipa monga mmene madandawulo andipezera Ine. Ngati sizili choncho, ndikadziwa.”
၂၁ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
22 Anthu aja anatembenuka nʼkumapita, kulowera ku Sodomu, koma Abrahamu anali chiyimirire pamaso pa Yehova.
၂၂ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
23 Kenaka Abrahamu anasendera kufupi ndi Iye nati, “Kodi mudzawonongera kumodzi wolungama ndi woyipa?
၂၃အာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။-
24 Nanga bwanji patakhala anthu makumi asanu olungama mu mzindamo? Kodi mudzawonongadi onse osausiyako mzindawo chifukwa cha anthu makumi asanu olungama omwe ali mʼmenemo?
၂၄အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
25 Ndithu simungachite zimenezi, kupha anthu olungama pamodzi ndi oyipa. Nʼzosatheka kuti inu nʼkufananitsa olungama ndi oyipa. Kodi woweruza wa dziko lapansi nʼkulephera kuchita chilungamo?”
၂၅ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
26 Yehova anati, “Nditapeza anthu makumi asanu olungama mu mzinda wa Sodomu, ndidzasiya malo onsewo osawawononga chifukwa cha iwo.”
၂၆ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။
27 Ndipo Abrahamu anayankhulanso nati, “Tsono poti ndalimba mtima kuyankhula ndi Ambuye, ngakhale kuti ndine fumbi ndi phulusa chabe,
၂၇တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
28 bwanji anthu olungama atacheperapo ndi asanu pa anthu makumi asanu? Kodi mudzawononga mzinda wonse chifukwa cha asanuwo?” Iye anati, “Nditapezamo anthu 45, sindidzawuwononga.”
၂၈သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
29 Kenakanso anayankhula kwa Iye nati, “Bwanji atangopezekamo anthu 40 okha?” Iye anayankha, “Chifukwa cha anthu 40 amenewa, sindidzatero.”
၂၉``အပြစ်မဲ့သူလေးဆယ်မျှသာရှိလျှင် မြို့ ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟုအာဗြဟံ ကထပ်၍မေးလျှောက်လေ၏။ ကိုယ်တော်က``အပြစ်မဲ့သူလေးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
30 Ndipo Abrahamu anati, “Pepanitu musandipsere mtima Ambuye, koma mundilole kuti ndiyankhule. Nanga mutapezekamo anthu makumi atatu okha?” Iye anayankha, “Sindidzatero ngati atapezekamo anthu makumi atatu.”
၃၀တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
31 Abrahamu anati, “Tsono poti ndalimba mtima chonchi kumayankhula ndi Ambuye, bwanji atangopezeka anthu makumi awiri okha?” Iye anati, “Chifukwa cha anthu makumi awiriwo, sindidzawuwononga.”
၃၁တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အကျွန်ုပ် အတင့်ရဲ၍ ဆက်လက်လျှောက်ဆိုခြင်းကိုခွင့် လွှတ်တော်မူပါ။ အပြစ်မဲ့သူနှစ်ဆယ်မျှသာ ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟု မေးလျှောက်ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူနှစ်ဆယ်ရှိလျှင် မြို့ ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
32 Kenaka Abrahamu anati, “Pepani Ambuye musandipsere mtima, ndingoyankhula kamodzi kokhaka basi. Bwanji atangopezeka khumi okha mʼmenemo?” Iye anayankha nati, “Chifukwa cha khumiwo, sindidzawuwononga.”
၃၂နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
33 Yehova atatsiriza kuyankhula ndi Abrahamu, anachoka ndipo Abrahamu anabwerera ku nyumba yake.
၃၃ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။