< Ezekieli 30 >
1 Yehova anandiyankhula kuti:
၁တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
2 “Iwe mwana wa munthu, nenera ndipo ulengeze zimene Ine Ambuye Yehova ndikunena. “‘Ufuwule mawu awa akuti, ‘Kalanga, tsiku lafika!’
၂ကိုယ်တော်က``အချင်းလူသား၊ ငါအရှင် ထာဝရဘုရား၏အမိန့်တော်ကိုအသံ ကျယ်စွာဟောပြောရမည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသောနေ့သည် ကျရောက်လတ္တံ့။
3 Pakuti tsiku layandikira, tsiku la Yehova lili pafupi, tsiku la mitambo yakuda, tsiku lachiwonongeko cha mitundu ya anthu.
၃ထာဝရဘုရားအရေးယူဆောင်ရွက်မည့်နေ့ သည် နီးကပ်လာလေပြီ။ မိုးတိမ်များဖုံးလွှမ်းမည့်နေ့၊လူမျိုးတကာတို့ ဒုက္ခရောက်မည့်နေ့နီးကပ်လာပြီ။
4 Lupanga lidzabwera kudzalimbana ndi Igupto ndipo mavuto adzafika pa Kusi. Pamene anthu ambiri adzaphedwa mu Igupto, chuma chake chidzatengedwa ndipo maziko ake adzagumuka.
၄အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
5 Kusi, Puti, Ludi ndi Arabiya yense, Libiya ndiponso anthu a mʼdziko logwirizana naye adzaphedwa ndi lupanga pamodzi ndi Igupto.
၅``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
6 “‘Ine Ambuye Yehova ndikuti: “‘Onse othandiza Igupto adzaphedwa ndipo kunyadira mphamvu zake kudzatheratu. Adzaphedwa ndi lupanga kuyambira ku Migidoli mpaka ku mzinda wa Asiwani,’” ndikutero Ine Ambuye Yehova.
၆ထာဝရဘုရားက``မြောက်ဘက်ရှိမိဂ ဒေါလမြို့မှသည်တောင်ဘက်ရှိသုဏေ မြို့တိုင်အောင်အီဂျစ်ပြည်ဘက်မှနေ၍ ခုခံကာကွယ်ကြသူအပေါင်းတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ အီဂျစ် ပြည်ဂုဏ်ယူဝါကြွားရသောတပ်မတော် သည်ပြိုပျက်သွားလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
7 “‘Dziko la Igupto lidzasanduka bwinja kupambana mabwinja ena onse opasuka, ndipo mizinda yake idzakhala yopasuka kupambana mizinda ina yonse.
၇အီဂျစ်ပြည်သည်ကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးသောအရပ်ဖြစ်လျက် ထိုပြည်ရှိမြို့တို့သည်လုံးဝယိုယွင်း ပျက်စီး၍ကျန်ရစ်ကြလိမ့်မည်။-
8 Nditatha kutentha Igupto ndi kupha onse omuthandiza, pamenepo adzadziwa kuti Ine ndine Yehova.
၈ငါသည်အီဂျစ်ပြည်ကိုမီးလောင်ကျွမ်းစေ ၍ ထိုပြည်၏ဘက်မှခုခံကာကွယ်ကြသူ တို့အသတ်ခံရသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်။
9 “‘Nthawi imeneyo ikadzafika, amithenga adzapita mofulumira kuchokera kwa Ine kukaopseza Kusi, iwowo osadziwako kanthu. Ndipo adzada nkhawa pa tsiku limene Igupto adzawonongedwa, chifukwa tsikulo lidzafika ndithu.
၉``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။
10 “‘Ine Ambuye Yehova ndikuti, “‘Ndidzagwiritsa ntchito Nebukadinezara, mfumu ya ku Babuloni kuti ndithetse gulu lankhondo la Igupto.
၁၀အရှင်ထာဝရဘုရားက``ငါသည်အီဂျစ် ပြည်၏ဋ္ဌနအင်အားကိုပပျောက်စေရန် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်း ကိုအသုံးပြုမည်။-
11 Iye ndi gulu lake lankhondo, mtundu wa anthu ankhanza kwambiri aja adzabwera kudzawononga dzikolo. Adzasolola malupanga awo kulimbana ndi Igupto ndipo dziko lidzadzaza ndi mitembo.
၁၁သူသည်ရက်စက်ကြမ်းကြုတ်သောစစ်သူရဲ များနှင့်လာ၍ ထိုပြည်ကိုဖျက်ဆီးပစ်လိမ့် မည်။ သူတို့သည်အီဂျစ်ပြည်ကိုဋ္ဌားလက် နက်နှင့်တိုက်ခိုက်၍ ထိုပြည်ကိုလူသေ အလောင်းများနှင့်ပြည့်နှက်စေကြလိမ့် မည်။-
12 Ndidzawumitsa mtsinje wa Nailo ndi kugulitsa dziko la Igupto kwa anthu oyipa. Ndidzagwiritsa ntchito anthu achilendo kuti ndiwononge dzikolo pamodzi ndi zonse zili mʼmenemo. Ine Yehova ndayankhula.
၁၂ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
13 “‘Ine Ambuye Yehova ndikuti, “‘Ndidzawononga mafano ndi kuthetsa milungu yosema ya ku Mefisi. Simudzakhalanso mfumu mu Igupto, ndipo ndidzaopseza dziko lonse.
၁၃အရှင်ထာဝရဘုရားက``ငါသည်နောဖ မြို့ရှိရုပ်တုများနှင့်ဘုရားအတုများကို ဖျက်ဆီးပစ်မည်။ အီဂျစ်ပြည်ကိုအုပ်စိုး မည့်သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည် မဟုတ်။ ငါသည်လူအပေါင်းတို့ကိုကြောက် ရွံ့ထိတ်လန့်စေမည်။-
14 Ndidzasandutsa chipululu mzinda wa Patirosi, ndi kutentha mzinda wa Zowani. Ndidzalanga mzinda wa Thebesi.
၁၄အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။-
15 Ndidzakhuthulira ukali wanga pa mzinda wa Peluziumu, linga lolimba la Igupto, ndi kuwononga gulu lankhondo la Thebesi.
၁၅အီဂျစ်ပြည်၏ခံတပ်မြို့ကြီးဖြစ်သောသိန် မြို့အား ငါ၏အမျက်တော်ဒဏ်ကိုခံစေ မည်။ နောမြို့၏ဋ္ဌနအင်အားကိုဖျက်ဆီး မည်။-
16 Ndidzatentha ndi moto dziko la Igupto; Peluziumu adzazunzika ndi ululu. Malinga a Thebesi adzagumuka, ndipo mzindawo udzasefukira ndi madzi.
၁၆ငါသည်အီဂျစ်ပြည်ကိုမီးလောင်စေ၍ သိန်မြို့ကိုလည်းပြင်းထန်စွာနာကျင်စေ မည်။ ထိုမြို့၏မြို့ရိုးများသည်ဖြိုဖျက် ခြင်းခံရသဖြင့်ထိုမြို့ကိုရေလွှမ်းမိုး လိမ့်မည်။-
17 Anyamata a ku Oni ndi ku Pibeseti adzaphedwa ndi lupanga ndipo okhala mʼmizinda yake adzatengedwa ukapolo.
၁၇အာဝင်မြို့နှင့်ဖိဗေသက်မြို့တို့မှလူငယ် လူရွယ်များသည်စစ်ပွဲတွင်ကျဆုံးကြ၍ အခြားသူတို့သည်ကားသုံ့ပန်းအဖြစ် အဖမ်းခံရကြလိမ့်မည်။-
18 Ku Tehafinehezi kudzakhala mdima pamene ndidzathyola goli la Igupto; motero kunyada kwake kudzatha. Iye adzaphimbidwa ndi mitambo yakuda, ndipo okhala mʼmizinda yake adzapita ku ukapolo.
၁၈အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
19 Kotero ndidzalanga dziko la Igupto, ndipo iwo adzadziwa kuti Ine ndine Yehova.’”
၁၉ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
20 Pa tsiku lachisanu ndi chiwiri la mwezi woyamba wa chaka chakhumi ndi chimodzi, Yehova anandiyankhula kuti:
၂၀ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းခုနစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
21 “Iwe mwana wa munthu, ndathyola dzanja la Farao mfumu ya Igupto. Taona, silinamangidwe kuti lipole, ngakhale kulilimbitsa ndi nsalu kuti lithe kugwiranso lupanga.
၂၁ကိုယ်တော်က``အချင်းလူသား၊ ငါသည်အီဂျစ် ဘုရင်၏လက်ရုံးကိုကျိုးစေပြီ။ အရိုးပြန် ဆက်ပြီးလျှင်ဋ္ဌားကိုတစ်ဖန်ကိုင်နိုင်လာစေ ရန်ထိုလက်ကိုအဘယ်သူမျှကြပ်စည်း၍ အဝတ်ဖြင့်ဆွဲဆိုင်း၍မပေးကြ။-
22 Nʼchifukwa chake Ine Ambuye Yehova ndikuti, Ine ndikudana ndi Farao mfumu ya Igupto. Ndidzathyola manja ake onse; dzanja labwino pamodzi ndi lothyokalo, ndipo lupanga lidzagwa mʼmanja mwake.
၂၂သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-
23 Ndidzamwaza Aigupto pakati pa mitundu ya anthu ndikuwabalalitsira ku mayiko ambiri.
၂၃အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
24 Ndidzalimbitsa manja a mfumu ya ku Babuloni, ndipo mʼmanja mwake ndidzayikamo lupanga langa. Koma ndidzathyola manja a Farao, ndipo adzabuwula ngati wolasidwa koopsa pamaso pa mfumu ya ku Babuloniyo.
၂၄ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-
25 Ndidzalimbitsa manja a mfumu ya ku Babuloni, koma manja a Farao adzafowoka. Motero anthu adzadziwa kuti Ine ndine Yehova, ndikadzayika lupanga langa mʼmanja mwa mfumu ya ku Babuloni. Ndipo adzaligwiritsa ntchito pothira nkhondo dziko la Igupto.
၂၅ငါသည်သူ့အားအမှန်ပင်ချည့်နဲ့စေ၍ ဗာဗုလုန်မင်းအားသန်မာစေမည်။ ငါ၏ ဋ္ဌားကိုဗာဗုလုန်ဘုရင်လက်သို့ပေးအပ် ၍ သူသည်အီဂျစ်ပြည်သို့ဋ္ဌားဦးကိုလှည့် လိုက်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုလူတိုင်းသိရှိကြ လိမ့်မည်။-
26 Ndidzamwaza Aigupto pakati pa mitundu ya anthu, ndikuwabalalitsira ku mayiko ambiri. Motero adzadziwa kuti Ine ndine Yehova.”
၂၆ငါသည်အီဂျစ်ပြည်သားတို့အားလူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။