< Ezekieli 28 >
1 Yehova anandiyankhula nati:
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
2 “Iwe mwana wa munthu, iwuze mfumu ya ku Turo mawu a Ine Ambuye Yehova akuti, “‘Iwe ndi mtima wako wodzikuza umanena kuti, ‘Ine ndine mulungu; ndimakhala pa mpando wa mulungu pakati pa nyanja.’ Koma ndiwe munthu chabe osati mulungu, ngakhale ukuganiza kuti ndiwe wanzeru ngati mulungu.
၂ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
3 Taona, ndiwedi wanzeru kupambana Danieli. Ndipo palibe chinsinsi chobisika kwa iwe.
၃မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
4 Mwa nzeru zako ndi kumvetsa kwako unadzipezera chuma ndipo unasonkhanitsa golide ndi siliva mʼnyumba zosungira chuma chako.
၄သင်သည်အသိပညာ၊ အတတ်ပညာဖြင့် ရွှေ၊ ငွေဘဏ္ဍာပေါများကြွယ်ဝလာ၏။-
5 Ndi nzeru zako zochitira malonda unachulukitsa chuma chako ndipo wayamba kunyada chifukwa cha chuma chakocho.
၅ကုန်သွယ်မှုတွင်လည်းကျွမ်းကျင်သည့် အတွက်အမြတ်အစွန်းများကိုဆက်ကာ ဆက်ကာရရှိနေခဲ့၏။ သင်သည်မိမိ၏ စည်းစိမ်ချမ်းသာကိုဂုဏ်ယူဝါကြွားပါ သည်တကား။''
6 “‘Choncho Ine Ambuye Yehova ndikuti, “‘Popeza umadziganizira kuti ndiwe mulungu,
၆``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်သည်မိမိကိုယ်ကို ဘုရားကဲ့သို့ပညာရှိသည်ဟုထင်မှတ် သဖြင့်၊-
7 Ine ndidzabwera ndi anthu achilendo, anthu ankhanza, kuti adzalimbane nawe. Adzakuthira nkhondo kuti awononge zonse zimene unazipeza ndi nzeru zako, ndipo adzawononga kunyada kwakoko.
၇ငါသည်သနားညှာတာမှုကင်းခဲ့သည့် တိုင်းတစ်ပါးသားတို့အား သင့်ကိုတိုက်ခိုက် ရန်ခေါ်ဆောင်ခဲ့မည်။ အသိပညာနှင့်အလှ အပအားဖြင့် သင်စုဆောင်းထားသမျှသော ပစ္စည်းဥစ္စာတို့ကိုသူတို့သည်ဖျက်ဆီးပစ် ကြလိမ့်မည်။-
8 Iwo adzakuponyera ku dzenje ndipo udzafa imfa yoopsa mʼnyanja yozama.
၈သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။-
9 Kodi udzanenabe kuti, ‘Ine ndine mulungu,’ pamaso pa iwo amene akukupha? Iwe udzaoneka kuti ndiwe munthu chabe, osati mulungu, mʼmanja mwa iwo amene akukuphawo.
၉သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
10 Udzafa imfa ya anthu osachita mdulidwe mʼmanja mwa anthu achilendo. Ine ndayankhula zimenezi, akutero Ambuye Yehova.’”
၁၀သင်သည်လူမျိုးခြားတို့၏လက်တွင်အရေ ဖျားလှီးမင်္ဂလာမခံရသေးသူကဲ့သို့ သေ ရပေလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရား၏အမိန့်တော်ပင်တည်း'' ဟုမိန့်တော် မူ၏။
11 Yehova anandiyankhula kuti:
၁၁တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့ထံသို့ရောက်လာ၏။-
12 “Iwe mwana wa munthu, imba nyimbo yodandaulira mfumu ya Turo ndipo uyiwuze mawu a Ine Ambuye Yehova akuti, “‘Iwe unali chitsanzo cha ungwiro weniweni, wodzaza ndi nzeru ndi wokongola kwambiri.
၁၂ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-
13 Iwe unkakhala ngati mu Edeni, munda wa Mulungu. Miyala yokongola ya mitundu yonse: rubi, topazi ndi dayimondi, kirisoliti, onikisi, yasipa, safiro, kalineliyoni ndi berili ndiwo inali zofunda zako. Ndipo zoyikamo miyalayo zinali zagolide. Anakupangira zonsezi pa tsiku limene unalengedwa.
၁၃ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
14 Ndinayika kerubi kuti azikulondera. Unkakhala pa phiri langa lopatulika, ndipo unkayendayenda pakati pa miyala ya moto.
၁၄ငါသည်သင့်ကိုအစောင့်ကောင်းကင်တမန် တစ်ပါးအဖြစ်ဘိသိက်ပေး၏။ သင်သည် ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော် ပေါ်တွင်နေ၍ အရောင်လက်သောကျောက် မျက်ရတနာများအလယ်တွင်သွားလာ ရ၏။-
15 Makhalidwe ako anali abwino kuyambira pamene unalengedwa mpaka nthawi imene unayamba kuchita zoyipa.
၁၅သင်မွေးဖွားချိန်မှအစပြု၍ဒုစရိုက် ကိုစတင်ပြုကျင့်ချိန်အထိ သင်၏အပြု အမူများသည်အဘယ်သို့မျှအပြစ်ဆို စရာမရှိ။-
16 Unatanganidwa ndi zamalonda. Zotsatira zake zinali zoti unachulukitsa zandewu ndi kumachimwa. Choncho ndinakuchotsa ku phiri langa lopatulika. Mkerubi amene ankakulondera uja anakupirikitsa kukuchotsa ku miyala yamoto.
၁၆သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
17 Unkadzikuza mu mtima mwako chifukwa cha kukongola kwako, ndipo unayipitsa nzeru zako chifukwa chofuna kutchuka. Kotero Ine ndinakugwetsa pansi kuti ukhala chenjezo pamaso pa mafumu.
၁၇သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-
18 Ndi malonda ako achinyengo unachulukitsa machimo ako. Motero unayipitsa malo ako achipembedzo. Choncho ndinabutsa moto pakati pako, ndipo unakupsereza, ndipo unasanduka phulusa pa dziko lapansi pamaso pa anthu onse amene amakuona.
၁၈သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
19 Anthu onse amitundu amene ankakudziwa akuchita mantha chifukwa cha iwe. Watheratu mochititsa mantha ndipo sudzakhalaponso mpaka muyaya.’”
၁၉သင်သည်ဆုံးပါးလေပြီ။ ထာဝစဉ်ဆုံးပါး လေပြီ။ သင့်ကိုသိရှိခဲ့ကြသောလူမျိုး အပေါင်းတို့သည် သင်၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရကြမည်ကိုစိုးရိမ်ကြောက်လန့် လျက်နေကြ၏'' ဟုမိန့်တော်မူ၏။
20 Yehova anandiyankhula nati:
၂၀ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
21 “Iwe mwana wa munthu, utembenukire ku mzinda wa Sidoni ndipo unenere mowudzudzula kuti,
၂၁``အချင်းလူသားဇိဒုန်မြို့ဘက်သို့လှည့်၍ ထိုမြို့ကိုရှုတ်ချလော့။-
22 ‘Ine Ambuye Yehova ndikuti, “‘Ndine mdani wako, iwe Sidoni, ndipo ndidzalemekezedwa chifukwa cha iwe. Anthu adzadziwa kuti Ine ndine Yehova ndikadzakulanga ndi kudzionetsa kuti ndine woyera pakati pako.
၂၂ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
23 Ndidzatumiza mliri pa iwe ndi kuchititsa magazi kuti ayende mʼmisewu yako. Anthu ophedwa ndi lupanga adzagwa mbali zonse. Pamenepo iwo adzadziwa kuti Ine ndine Yehova.
၂၃ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
24 “‘Nthawi imeneyo Aisraeli sadzakhalanso ndi anthu pafupi achipongwe amene ali ngati nthula zowawa ndi ngati minga zopweteka. Pamenepo iwo adzadziwa kuti Ine ndine Ambuye Yehova.
၂၄ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
25 “‘Ine Ambuye Yehova mawu anga ndi awa: Nditasonkhanitsa Aisraeli kuchoka ku mayiko kumene anamwazikira, ndidzadzionetsa kuti ndine woyera pakati pawo pamaso pa anthu a mitundu ina. Adzakhala mʼdziko lawo, limene ndinalipereka kwa mtumiki wanga Yakobo.
၂၅အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။-
26 Adzakhala kumeneko mwamtendere ndipo adzamanga nyumba ndi kulima minda ya mpesa. Adzakhala kumeneko mwamtendere pamene ndidzalange anthu oyandikana nawo, amene ankawanyoza. Motero iwo adzadziwa kuti Ine ndine Yehova Mulungu wawo.’”
၂၆သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။