< Eksodo 6 >

1 Yehova anawuza Mose kuti, “Tsopano udzaona zimene ndimuchite Farao: Chifukwa cha dzanja langa lamphamvu adzalola anthu anga kuti atuluke. Chifukwa cha dzanja langa lamphamvu adzawatulutsa mʼdziko lake.”
ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
2 Mulungu anatinso kwa Mose, “Ine ndine Yehova.
တဖန် ဘုရား သခင်သည် မောရှေ ၌ ဗျာဒိတ် ထားတော်မူသည်ကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။
3 Ndinaonekera kwa Abrahamu, kwa Isake ndi kwa Yakobo monga Mulungu Wamphamvuzonse, koma sindinawadziwitse dzina langa kuti ndine Yehova.
ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
4 Ndinakhazikitsa pangano langa ndi iwo kuwalonjeza kuti ndidzawapatsa dziko la Kanaani kumene anakhalako kale ngati alendo.
သူ တို့သည် အရပ်ရပ်လည် ၍၊ ဧည့်သည်နေရာပြည် ၊ ခါနာန် ပြည် ကို သူ တို့အား ပေး ခြင်းငှါ ၊ သူ တို့နှင့် ငါ ပြုသောပဋိညာဉ် ကို ငါတည် စေပြီ။
5 Ndamvanso kubuwula kwa Aisraeli, amene Aigupto awayesa akapolo ndipo ndakumbukira pangano langa.”
အဲဂုတ္တု လူတို့သည် အစေ ကျွန်ခံစေသော ဣသရေလ အမျိုးသားတို့၏ ညဉ်းတွား မြည်တမ်းခြင်းအသံကို ငါ ကြား ရပြီ။ ငါ ပဋိညာဉ် ကိုလည်း ငါအောက်မေ့ ၏။
6 “Nʼchifukwa chake nena kwa Aisraeli kuti, ‘Ine ndine Yehova, ndipo ndidzakutulutsani mʼgoli la Aigupto. Ndidzakumasulani mu ukapolo, ndidzakuwombolani ndi dzanja langa lotambasuka ndi kuchita ntchito zachiweruzo.
ထိုကြောင့်ဣသရေလ အမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် ၍ ၊ သူ တို့၏ ညှဉ်းဆဲ ခြင်းထဲက နှုတ်ယူ မည်။ လက် ဆန့် ခြင်း၊ ကြီးစွာ သော ဒဏ်ခတ် ခြင်းအားဖြင့် သင် တို့ကို ငါရွေး မည်။
7 Ndidzakutengani kukhala anthu anga, ndipo Ine ndidzakhala Mulungu wanu. Pamenepo inu mudzadziwa kuti Ine ndine Yehova Mulungu wanu amene ndinakutulutsani mʼgoli la Aigupto.
ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
8 Ndipo ndidzakufikitsani ku dziko limene ndinalumbira kuti ndidzalipereka kwa Abrahamu, kwa Isake ndi kwa Yakobo. Ndidzakupatsani dziko limenelo kuti likhale lanu. Ine ndine Yehova.’”
ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ အား ပေး မည်ဟု ကျိန်ဆိုသောပြည် သို့ ငါပို့ဆောင် ၍ ၊ အမွေ ခံစရာဘို့ ပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။
9 Mose anawafotokozera Aisraeli zimenezi, koma iwo sanamumvere chifukwa cha kukhumudwa ndi goli lankhanza.
ထိုသို့မောရှေ သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို သော်လည်း ၊ သူတို့သည် အလွန်စိတ် ပင်ပန်း ၍ ကြမ်းတမ်း စွာ ညှဉ်းဆဲခြင်း ကို ခံရသောကြောင့် ၊ မောရှေ စကားကို နား မ ထောင်ဘဲနေကြ၏။
10 Kenaka Yehova anati kwa Mose,
၁၀ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ သို့ဝင် ၍၊
11 “Pita ukawuze Farao mfumu ya Igupto kuti awalole Aisraeli atuluke mʼdziko lake.”
၁၁သူသည် ဣသရေလ အမျိုးသားတို့ကို မိမိ ပြည် မှ လွှတ် ရမည်အကြောင်း ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
12 Koma Mose ananena kwa Yehova kuti, “Ngati Aisraeli sanandimvere, Farao akandimvera chifukwa chiyani, pajatu sinditha kuyankhula bwino?”
၁၂မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။
13 Ndipo Yehova analamula Mose ndi Aaroni kuti awuze Aisraeli ndi Farao mfumu ya Igupto kuti Aisraeli ayenera kutuluka mʼdziko la Igupto.
၁၃သို့ရာတွင်မောရှေ နှင့် အာရုန် သည် ဣသရေလ အမျိုးသားတို့ကိုအဲဂုတ္တု ပြည် မှ နှုတ်ဆောင် ရမည် အကြောင်း၊ ထာဝရဘုရား သည် သူတို့ကိုခေါ်၍ ဣသရေလ အမျိုးသားတို့ထံသို့ ၎င်း၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံသို့ ၎င်း စေခိုင်း မှာ ထားတော်မူ၏။
14 Atsogoleri a mafuko awo anali awa: Ana a Rubeni mwana wachisamba wa Israeli anali Hanoki, Palu, Hezironi ndi Karimi. Awa anali mafuko a Rubeni.
၁၄ဣသရေလ အဆွေအမျိုး သူကြီး တို့၏ အမည်ဟူမူကား၊ ဣသရေလ သားဦး ရုဗင် ၏သား ကား၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ တည်း။ ဤ သူတို့သည် ရုဗင် အမျိုးအနွယ် ဖြစ်၏။
15 Ana a Simeoni anali Yemueli, Yamini, Ohadi, Yakini, Zohari ndi Saulo mwana wa kwa mkazi wa Chikanaani. Awa anali mafuko a Simeoni.
၁၅ရှိမောင် ၏သား ကား၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုးသမီးမိန်းမ၏သား ရှောလ တည်း။ ဤ သူတို့သည် ရှိမောင် အမျိုးအနွယ် ဖြစ်၏။
16 Mayina a ana a Levi pamodzi ndi zidzukulu zawo anali awa: Geresoni, Kohati ndi Merari. Levi anakhala ndi moyo kwa zaka 137.
၁၆လေဝိ သား အဆွေအမျိုး အလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ လေဝိ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
17 Ana a Geresoni, mwa mafuko awo, anali Libini ndi Simei.
၁၇ဂေရရှုံ သား အဆွေအမျိုး အလိုက် ဟူမူကား၊ လိဗနိ နှင့် ရှိမိ တည်း။
18 Ana a Kohati anali Amramu, Izihari, Hebroni ndi Uzieli. Kohati anakhala ndi moyo zaka 133.
၁၈ကောဟတ် သား ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ ကောဟတ် အသက် သည် အနှစ် တရာ သုံးဆယ် သုံး နှစ် ရှိသတည်း။
19 Ana a Merari anali Mali ndi Musi. Awa anali mafuko a Levi monga mwa mibado yawo.
၁၉မေရာရိ သား ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူတို့သည် လေဝိ အဆွေအမျိုး အသီးအသီးဖြစ်သတည်း။
20 Amramu anakwatira Yokobedi mlongo wa abambo ake, amene anabereka Aaroni ndi Mose. Amramu anakhala ndi moyo kwa zaka 137.
၂၀အာမရံ သည် မိမိ အရီး ယောခေဗက် နှင့် စုံဘက် ၍ ၊ သူ သည် အာရုန် နှင့် မောရှေ ကို၎င်း၊ သူတို့အစ်မမိရိအံကို၎င်းဘွား လေ၏။ အာမရံ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
21 Ana a Izihari anali Kora, Nefegi ndi Zikiri.
၂၁ဣဇဟာ သား ကား၊ ကောရ ၊ နေဖက် ၊ ဇိခရိ တည်း။
22 Ana a Uzieli anali Misaeli, Elizafani ndi Sitiri.
၂၂ဩဇေလ သား ကား၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိ တည်း။
23 Aaroni anakwatira Eliseba, mwana wamkazi wa Aminadabu, mlongo wa Nasoni ndipo Iye anabereka Nadabu, Abihu, Eliezara ndi Itamara.
၂၃အာရုန် သည် အမိနဒပ် သမီး ၊ နာရှုန် နှမ ဧလိရှဘ နှင့် စုံဘက် ၍ ၊ သူသည်နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာ တို့ကို ဘွား လေ၏။
24 Ana a Kora anali Asiri, Elikana ndi Abiasafu. Awa ndiwo mafuko a Kora.
၂၄ကောရ သား ကား၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ် တည်း။ ဤ သူတို့သည် ကောရ အဆွေအမျိုး ဖြစ်သတည်း။
25 Eliezara mwana wa Aaroni anakwatira mmodzi mwa ana aakazi a Putieli, ndipo anabereka Finehasi. Awa anali atsogoleri a mabanja a Levi, monga mwa mafuko awo.
၂၅အာရုန် သား ဧလဇာ သည် ပုတျေလ သမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ် ကိုဘွား လေ၏။ ဤ သူတို့သည် လေဝိ အမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုး သူကြီး ဖြစ်ကြသတည်း။
26 Aaroni ndi Mose ndi aja amene Yehova anawawuza kuti, “Tulutsani Aisraeli mu Igupto mʼmagulu awo.”
၂၆ထာဝရဘုရား က ဣသရေလ အမျိုးသား ဗိုလ်ပါတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လော့ဟု မိန့် တော်မူသောစကားကိုခံ သောသူ၊
27 Mose ndi Aaroni ndiwo amene anayankhula ndi Farao mfumu ya Igupto kuti atulutse Aisraeli mu Igupto.
၂၇ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ခြင်းငှါ ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းထံ ၌ လျှောက် ရသောသူ တို့သည်၊ ထို အာရုန် နှင့် မောရှေ ဖြစ်သတည်း။
28 Tsopano pamene Yehova anayankhula kwa Mose mu Igupto,
၂၈အဲဂုတ္တု ပြည် မှာ ထာဝရဘုရား သည်၊ မောရှေ အား ဗျာဒိတ် ထားတော်မူသောနေ့ရက် ၌ လည်း ၊
29 anati, “Ine ndine Yehova. Umuwuze Farao mfumu ya Igupto zonse zimene Ine ndikuwuze iwe.”
၂၉ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါ မှာ လိုက်သမျှတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းအား ပြန်ပြော ရမည်ဟု မောရှ အား ထာဝရဘုရား မိန့် တော်မူ၏။
30 Koma Mose anati kwa Yehova, “Farao akandimvera bwanji, pakuti ine sinditha kuyankhula bwino?”
၃၀မောရှေ ကလည်း ၊ အကျွန်ုပ် သည် အရေဖျား လှီးခြင်းကို မခံသောနှုတ် ရှိသည်ဖြစ်၍ ၊ ဖါရော ဘုရင်သည် အကျွန်ုပ် စကားကို အဘယ်သို့ နားထောင် ပါလိမ့်မည်နည်းဟု ထာဝရဘုရား ရှေ့ မှာ လျှောက်ဆို ၏။

< Eksodo 6 >