< Eksodo 2 >

1 Ndipo munthu wina wa fuko la Levi anakwatira mkazi wa fuko lomwelo.
ထို ကာလ၌ လေဝိ အမျိုးသား တယောက်သည်၊ လေဝိ အမျိုးသမီး နှင့် အိမ်ထောင် ဘက်ပြု၍၊
2 Mkaziyo anatenga pathupi ndipo anabereka mwana wamwamuna. Ataona kuti mwanayo anali wokongola, anamubisa kwa miyezi itatu.
မိန်းမ သည် ပဋိသန္ဓေ ယူသဖြင့် သား ယောက်ျားကို ဘွားမြင် လေ၏။ ထိုသား သည် အဆင်းလှ ကြောင်း ကို အမိမြင် လျှင် ၊ သုံး လ ပတ်လုံးဖွက် ထားလေ၏။
3 Koma mwanayo atafika pa msinkhu woti sakanathanso kubisidwa, amayi ake anatenga kadengu kopangidwa ndi bango nakamata phula. Kenaka anayika mwanayo mʼmenemo ndi kukamuyika pa mabango mu mtsinje wa Nailo.
နောက်တဖန် ဖွက် ၍မ ထား နိုင်သောအခါ ၊ ဂမာကိုင်း ပင်ဖြင့် ရက်သောပုခက် ကိုယူ ၍ ရေညှိ နှင့် သစ်စေး ဖြင့် လူး ပြီးလျှင် ၊ ပုခက် ထဲတွင် သူငယ် ကိုထည့် ၍ မြစ် ကမ်း နား ကိုင်း တော၌ ထား လေ၏။
4 Mlongo wake wa mwanayo anayima pataliko kuti aone chimene chidzamuchitikira mwanayo.
သူငယ် အစ်မ လည်း အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ အဝေး ၌ ရပ် နေလေ၏။
5 Mwana wamkazi wa Farao anapita ku mtsinje wa Nailo kukasamba ndipo adzakazi ake ankayenda mʼmbali mwa mtsinjewo. Tsono mwana wa Farao uja anaona kadenguko pakati pa mabango ndipo anatuma mdzakazi wake kuti akakatenge.
ဖာရော ဘုရင်၏သမီး တော်သည် ရေချိုး ခြင်းငှါ ဆင်း လာ၍ ၊ ကျွန်မ တို့နှင့် မြစ် ကမ်းနား ၌ လှည့်လည် စဉ်၊ ကိုင်း တော၌ ပုခက် ကိုမြင် ၍ ဆောင်ယူ စေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ် လေ၏။
6 Iye atavundukula anaona mwana wamwamuna akungolira. Iye anamva naye chisoni mwana uja, nati, “Ameneyu ndi mmodzi mwa ana a Chihebri.”
ပုခက်ဖုံးကို ဖွင့် သောအခါ ၊ ငို လျက်နေသောသူငယ် ကိုမြင် ၍ ၊ သနား သောစိတ်ရှိလျှင် ၊ ဤ သူငယ်သည် ဟေဗြဲ အမျိုး ဖြစ်လိမ့်မည်ဟု ဆို ပြီး သော်၊
7 Kenaka mlongo wake wa mwanayo anafunsa mwana wa Farao kuti, “Ndingapite kukakupezerani mmodzi mwa amayi a Chihebri kuti azikakulererani mwanayu?”
သူငယ် ၏အစ်မ က၊ ကိုယ်တော် အတွက် သူငယ် ကို ထိန်း ရသောဟေဗြဲ အထိန်း ကို ကျွန်မသွား ၍ ခေါ် ရပါမည် လောဟု ဖာရော ဘုရင်၏ သမီး တော်အား မေးလျှောက် ၍၊
8 Iye anayankha kuti, “Inde, pita.” Ndipo mtsikanayo anapita nakayitana amayi a mwanayo.
မင်းသမီး ကသွား လော့ဟု အခွင့်ပေး လျှင် ၊ မိန်းမ ငယ်သွား၍ သူငယ် ၏အမိ ကိုခေါ် လေ၏။
9 Mwana wa Farao anati, “Tengani mwanayu mukandilerere, ndidzakulipirani.” Mayiyo anatenga mwanayo kukamulera.
ဖာရော ဘုရင်၏သမီး တော်က၊ ဤ သူငယ် ကို ယူသွား ၍ ငါ့ ဘို့ ထိန်း လော။ အခ ကို ငါ ပေး မည်ဟု မှာ ထားသည်အတိုင်း၊ ထိုမိန်းမ သည် သူငယ် ကို ယူသွား ၍ ထိန်း လေ၏။
10 Mwanayo atakula anakamupereka kwa mwana wa Farao ndipo anakhala mwana wake. Iye anamutcha dzina lake Mose, popeza anati, “Ndinamuvuwula mʼmadzi.”
၁၀သူငယ် ကြီးပွား သောအခါ ၊ ဖာရော ဘုရင်၏ သမီး တော်ထံသို့ ပို့ဆောင် ၍ မင်းသမီး သည် သား အရာ၌ ခန့်ထား လျက် ၊ မောရှေ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ရေ ထဲက ငါနှုတ်ယူ သည်ဟု ဆို သတည်း။
11 Tsiku lina, Mose atakula, anapita kumene kunali anthu a mtundu wake ndipo anawaona akugwira ntchito yowawa. Iye anaona Mwigupto akumenya Mhebri, mmodzi mwa anthu a mtundu wake.
၁၁မောရှေ သည် ကြီး သောအခါ ၊ မိမိ အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ သူ တို့အမှုထမ်း ရသောအခြင်း အရာတို့ကို ကြည့်ရှု လေ၏။ မိမိ အမျိုးသား ဟေဗြဲ လူ တယောက်ကို၊ အဲဂုတ္တု လူ ရိုက် သည်ကိုမြင် လျှင်၊
12 Atayangʼana uku ndi uku, naona kuti panalibe wina aliyense, Mose anamupha Mwiguptoyo ndipo anamukwirira mu mchenga.
၁၂ပတ်လည်ကြည့်ရှု ၍ အဘယ်သူ မျှမရှိ သည်ကို သိ သောအခါ၊ အဲဂုတ္တု လူကိုသတ် ၍ သဲ ထဲ ၌ မြှုပ် ထားလေ ၏။
13 Mmawa mwake Mose anapita ndipo anaona anthu awiri a Chihebri akumenyana. Iye anafunsa amene anali wolakwa kuti, “Chifukwa chiyani ukumenya Mhebri mnzako?”
၁၃နက်ဖြန် နေ့ ၌ ထွက် ပြန်သော် ၊ ဟေဗြဲ လူ နှစ် ယောက်တို့သည် အချင်းချင်းသတ် ကြသည်ကို မြင် လျှင် ၊ သင်သည် သင် ၏အပေါင်းအဘော် ကို အဘယ်ကြောင့် ရိုက် သနည်းဟု ညှဉ်းဆဲ သောသူအား မေး သည်ရှိသော်၊
14 Munthu uja anati, “Kodi ndani anakuyika kuti ukhale wotilamulira ndi wotiweruza? Kodi ukufuna kundipha monga momwe unaphera Mwigupto uja?” Mose anachita mantha ndipo anati mu mtima mwake, “Chimene ndinachita chija chadziwika.”
၁၄ထိုသူက၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ် မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကို သတ် လို သလောဟု ပြန်ဆို ၏။ ထိုအခါ မောရှေ သည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ ၍ ကြောက် လေ၏။
15 Farao atamva zimenezi anafuna kuti aphe Mose, koma Mose anathawa ndipo anapita kukakhala ku Midiyani. Ali kumeneko, tsiku lina anakhala pansi pafupi ndi chitsime.
၁၅ထို သိတင်း ကို ဖါရော ဘုရင်ကြား သောအခါ ၊ မောရှေ ကို သတ် ခြင်းငှါ ရှာကြံ လေ၏။ မောရှေ သည် ဖါရော ဘုရင်ထံမှ ထွက်ပြေး ၍၊ မိဒျန် ပြည် သို့ ရောက် လျှင် ၊ ရေတွင်း နား မှာ ထိုင် ၍နားနေလေ၏။
16 Wansembe wa ku Midiyaniko anali ndi ana aakazi asanu ndi awiri. Iwowa anabwera kudzatunga madzi ndi kudzaza mu zomwera kuti amwetse nkhosa za abambo awo.
၁၆ထိုအခါ မိဒျန် ယဇ်ပုရောဟိတ် ၏ သမီး ညီအစ်မခုနစ် ယောက်တို့သည်၊ မိမိ တို့အဘ ၏ သိုး ဆိတ်များကို ရေတိုက် ခြင်းငှါ လာ ၍ ရေခပ် ပြီးလျှင် ၊ ရေသောက်ခွက်တို့၌ လောင်း ကြ၏။
17 Koma kunabwera abusa ena amene anathamangitsa atsikana aja. Ndiye Mose anayimirira nawathandiza atsikana aja ndi kumwetsa nkhosa zawo.
၁၇သိုးထိန်း အချို့တို့လည်း လာ ၍ သိုး ဆိတ်များကို မောင်း ကြ၏။ ထိုအခါ မောရှေ သည်ထ ၍ ထို မိန်းမတို့ဘက်၌နေလျက်၊ သိုး ဆိတ်များကို ရေတိုက် လေ၏။
18 Atsikana aja atabwerera kwa abambo awo Reueli, iye anawafunsa kuti, “Chifukwa chiyani lero mwabwera msanga?”
၁၈ထိုမိန်းမတို့သည် အဘ ရွေလ ထံသို့ ရောက် ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့ အလျင်အမြန် ရောက် လာရကြသနည်းဟုမေး လေ၏။
19 Atsikanawo anayankha kuti, “Mwigupto wina ndiye watilanditsa kwa abusa. Ndiponso anatitungira madzi ndi kumwetsa ziweto zathu.”
၁၉သူတို့ကလည်း၊ အဲဂုတ္တု လူ တယောက်သည် အကျွန်ုပ် တို့ကို သိုးထိန်း တို့လက် မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ် သဖြင့် ၊ သိုး ဆိတ်များကို ရေတိုက် ပါသည်ဟု ပြန်ပြော ၏။
20 Tsono Reueli anafunsa ana ake kuti, “Ndiye ali kuti munthuyo? Chifukwa chiyani mwamusiya? Kamuyitaneni kuti adzadye.”
၂၀အဘကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိသနည်း။ အဘယ်ကြောင့် သူ့ ကိုပစ် ထားခဲ့သနည်း။ အစာ စား စေခြင်းငှါ သူ့ ကို ခေါ် ချေကြဟု ဆို လေ၏။
21 Mose anavomera kukhala ndi Reueli, ndipo anamupatsa Zipora kuti akhale mkazi wake.
၂၁မောရှေ သည် ထိုသူထံမှာ နေ ၍ ပျော်မွေ့ သဖြင့် ၊ သမီး ဇိပေါရ ကို မောရှေ အား ထိမ်းမြားပေးစား လေ၏။
22 Zipora anabereka mwana wa mwamuna amene Mose anamutcha Geresomu, popeza anati, “Ndakhala mlendo mʼdziko la eni.”
၂၂ထိုမိန်းမဘွား သောသား ကို ဂေရရှုံ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟုဆို သတည်း။
23 Nthawi yonseyo nʼkuti ana a Israeli akulira chifukwa cha ukapolo wawo uja. Iwo anafuwula kupempha thandizo, ndipo kulira kwawoko kunafika kwa Mulungu.
၂၃ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
24 Mulungu anamva kubuwula kwawo ndipo anakumbukira pangano lake ndi Abrahamu, Isake ndi Yakobo.
၂၄သူ တို့ ညည်းတွား မြည်တမ်းခြင်း အသံကို ဘုရား သခင်ကြား တော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် နှင့် ပြုခဲ့ဘူးသောပဋိညာဉ် ကို အောက်မေ့ တော်မူ၏။
25 Mulungu ataona Aisraeli aja ndi masautso awo, Iye anawamvera chifundo.
၂၅ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။

< Eksodo 2 >