< Eksodo 17 >

1 Gulu lonse la Aisraeli linachoka ku chipululu cha Sini, ndi kumayenda malo ndi malo monga momwe anawalamulira Yehova. Iwo anamanga misasa yawo ku Refidimu koma kunalibe madzi woti anthu onse ndi kumwa.
ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သိန်တောထဲက ထွက်၍ ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဘို့ရာ ရေမရှိ။
2 Kotero iwo anakangana ndi Mose nati, “Tipatse madzi akumwa.” Mose anayankha kuti, “Chifukwa chiyani mukukangana ndi ine? Chifukwa chiyani mukumuyesa Yehova?”
ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ၏။
3 Koma anthu anali ndi ludzu pamenepo ndipo anangʼungʼudza pamaso pa Mose namufunsa kuti, “Kodi nʼchifukwa chiyani unatitulutsa mʼdziko la Igupto kuti ife, ana athu pamodzi ndi ziweto zathu tife ndi ludzu?”
လူများတို့သည် ရေငတ်၍ မောရှေကို အပြစ်တင် မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။
4 Ndipo Mose anapemphera kwa Yehova, “Kodi ndichite chiyani ndi anthu awa? Iwo atsala pangʼono kundigenda ndi miyala.”
ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။
5 Yehova anati kwa Mose, “Pita patsogolo pa anthuwo. Tenga ndodo imene unamenyera nyanja ya Nailo pamodzi ndi akuluakulu ena a Israeli ndi kunyamuka.
ထာဝရဘုရားကလည်း၊ လူများရှေ့သို့သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့။ မြစ်ကို ရိုက်သော သင်၏လှံတံကို ကိုင်လျက်၊ ဟောရပ်အရပ်သို့ သွားလော့။
6 Ine ndidzayima patsogolo pako pafupi ndi thanthwe la ku Horebu. Ukamenye thanthwelo, madzi adzatuluka kuti anthu amwe.” Motero Mose anachita zimenezi pamaso pa akuluakulu a Israeli.
ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။
7 Ndipo iye anatcha malowo Masa ndi Meriba chifukwa Aisraeli anakangana ndi kuyesa Yehova ponena kuti, “Kodi pakati pathu pali Yehova kapena palibe?”
ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သောအကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း။
8 Amaleki anabwera ku Refidimu kudzamenyana ndi Aisraeli.
ထိုအခါ အာမလက်လူတို့သည် လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
9 Mose anati kwa Yoswa, “Sankha amuna amphamvu ndipo upite ukamenyane ndi Amaleki. Mawa ndidzayima pamwamba pa phiri nditagwira ndodo ya Mulungu.”
မောရှေကလည်း၊ လူတို့ကို ရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကို ကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
10 Ndipo Yoswa anachitadi monga Mose anamulamulira. Iye anapita kukamenyana ndi Aamaleki ndipo Mose, Aaroni ndi Huri anapita pamwamba pa phiri.
၁၀မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။
11 Mose ankati akakweza manja ake, Aisraeli amapambana, koma akatsitsa manja akewo Amaleki amapambana.
၁၁မောရှေသည် လက်ကို ချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။
12 Manja a Mose atatopa, Aaroni ndi Huri anatenga mwala ndi kuyika pansi ndipo Mose anakhalapo. Aaroni ndi Huri anagwirizitsa manja a Mose wina mbali ina winanso mbali ina. Choncho manja a Mose analimba mpaka kulowa kwa dzuwa.
၁၂သို့ရာတွင် မောရှေ၏လက်သည် ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကို မကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။
13 Kotero Yoswa anagonjetsa asilikali ankhondo a Amaleki ndi lupanga.
၁၃ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံလေ၏။
14 Kenaka Yehova anati kwa Mose, “Lemba izi mʼbuku kuti zidzakumbukirike ndipo uwonetsetse kuti Yoswa amve zimenezi, chifukwa Ine ndidzafafaniziratu Amaleki pa dziko lapansi, kotero kuti palibe amene adzawakumbukire.”
၁၄ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအား ဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော်မူ၏။
15 Mose anamanga guwa lansembe ndipo analitcha Yehova Chipambano Changa (Yehova Nisi).
၁၅မောရှေသည်လည်း ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါနိဿိဟု သမုတ်လေ၏။
16 Ndipo anati, “Kwezani mbendera ya Yehova. Yehova adzachitabe nkhondo ndi mibado yonse ya Aamaleki.”
၁၆အကြောင်းမူကား၊ အာမလက်လူမျိုး၏ လက်သည် ထာဝရဘုရား၏ ရာဇပလ္လင်တော်၏ ရန်ဘက်ဖြစ် သောကြောင့်၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း။

< Eksodo 17 >