< Danieli 5 >
1 Tsiku lina mfumu Belisazara anakonza phwando lalikulu la akalonga ake 1,000 ndipo anamwa vinyo pamodzi ndi iwo.
၁တရံရောအခါဗေလရှာဇာ မင်းကြီး သည် မှူးမတ် တထောင် ကို ခေါ်ပြီးလျှင်ကြီး စွာသော ပွဲ ကို လုပ် ၍ ၊ မှူးမတ်တထောင် နှင့်တကွစပျစ်ရည် ကို သောက် တော်မူ၏။
2 Pamene Belisazara ankamwa vinyo, analamula kuti ziwiya zagolide ndi zasiliva zimene Nebukadinezara abambo ake anakatenga mʼNyumba ya Mulungu ku Yerusalemu zikatengedwe kuti mfumu ndi akalonga ake, akazi ake ndi azikazi amweremo.
၂စပျစ်ရည် ကို မြည်းစမ်းသောအခါ၊ ယေရုရှလင် မြို့ ဗိမာန် တော် ထဲက ခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား ၊ ငွေ ဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက် ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူ ခဲ့ရမည်ဟု အမိန့် တော်ရှိသည်အတိုင်း၊
3 Choncho anabweretsa ziwiya zagolide zimene anazitenga mʼNyumba ya Mulungu; ndipo mfumu ndi akalonga ake, akazi ake ndi azikazi ake anamweramo.
၃ယေရုရှလင် မြို့၌ ရှိသော ဘုရား သခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူ ဆောင်ခဲ့သော ရွှေ ဖလား တို့ကို ယူ ခဲ့၍၊ မင်းကြီး ၊ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့် သောက် ကြ၏။
4 Akumwa vinyo, anatamanda milungu yagolide ndi siliva, yamkuwa, chitsulo, yamtengo ndi mwala.
၄စပျစ်ရည် ကိုသောက် ၍ ၊ ရွေ ဘုရား ၊ ငွေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်း ကြ၏။
5 Mwadzidzidzi zala za dzanja la munthu zinaonekera ndi kulemba pa khoma, pafupi ndi choyikapo nyale mʼnyumba yaufumu. Mfumu inapenyetsetsa dzanjalo pamene limalemba.
၅ထိုအချိန် နာရီတွင် လူ ၏လက်ဖျားသည် ပေါ် လာ၍ မီးခုံအထက်၊ နန်းတော် အုတ်ထရံ အင်္ဂတေ ၌ အက္ခရာ တင်၍ ရေးထား၏။ ထိုသို့ရေး သော လက်ဖျားကို ရှင် ဘုရင်မြင် တော်မူလျှင်၊
6 Nkhope yake inasandulika ndipo inachita mantha, nkhongono zii, mawondo gwedegwede.
၆မျက်နှာ တော်ညှိုးငယ်၍ စိတ် ပူပန် ခြင်းသို့ ရောက်သဖြင့်၊ ခါး ဆစ် ပြုတ်မတတ်ဖြစ်၍ဒူး ခြင်းထိခိုက် သည်ရှိသော်၊
7 Mfumu inafuwula kuyitana owombeza, alawuli ndi amawula kuti abwere. Ndipo anawawuza anthu anzeru a ku Babuloni kuti, “Aliyense amene awerenge malembawa ndi kundiwuza tanthauzo lake adzavekedwa chovala cha pepo ndi mkanda wa golide udzavekedwa mʼkhosi mwake, ndipo adzakhala wolamulira wachitatu mu ufumuwu.”
၇ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာ တို့ကို ခေါ် ချေဟု ဟစ်ကြော် ပြီးလျှင်၊ ထို စာ ကို ဘတ် ၍ အနက် ကို ဘော်ပြ နိုင်သော သူ သည်အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်စေဟု ဗာဗုလုန် ပညာရှိ တို့အား အမိန့် တော်ရှိ၍ ၊
8 Pamenepo anzeru onse a mfumu anabwera, koma sanakwanitse kuwerenga malembawo kapena kumutanthauzira mfumu.
၈ပညာရှိ ဆရာတော်အပေါင်း တို့သည် လာ ရောက်ကြသော်လည်း၊ ထိုစာ ကို မ ဘက် နိုင် ကြ။ အနက် အဓိပ္ပါယ်ကို ရှင် ဘုရင်အား မဟော မပြောနိုင်သောကြောင့် ၊
9 Choncho mfumu Belisazara anachita mantha koposa ndipo nkhope yake inapitirira kusinthika. Akalonga ake anathedwa nzeru.
၉ဗေလရှာဇာ မင်းကြီး သည် အလွန် စိတ် ပူပန်ခြင်း၊ မျက်နှာ တော်ညှိုးငယ်ခြင်းရှိ၍၊ မှူး တော်မတ်တော်တို့ သည် မှိုင် လျက်နေကြ၏။
10 Mfumukazi, pakumva mawu a mfumu ndi akalonga ake, analowa mʼchipinda cha phwando ndipo anati, “Mfumu mukhale ndi moyo wautali! Musavutike! Nkhope yanu isasinthike!
၁၀ထိုအခါ မယ်တော် မိဖုရားသည် ရှင် ဘုရင်၏ စကား ၊ မှူးမတ် တို့၏ စကားကို ကြားသိလျှင်၊ ပွဲ တော်သို့ ဝင် ၍၊ အရှင် မင်းကြီး၊ အသက် တော် အစဉ်အမြဲ ရှင်ပါစေ။ စိတ် တော်ပူပန် ခြင်းမ ရှိပါနှင့်။ မျက်နှာ ညှိုးငယ်တော် မ မူပါနှင့်။
11 Pali munthu wina mu ufumu wanu uno amene mwa iye muli mzimu wa milungu yoyera. Pa nthawi ya ulamuliro wa abambo anu iye anapezeka kuti ali ndi chidziwitso, luntha ndi nzeru zonga za milungu. Mfumu Nebukadinezara, abambo anu, Ine ndikukuwuzani anamusankha iye kukhala mkulu wa amatsenga, owombeza, alawuli ndi amawula.
၁၁သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံ တော်တွင် ရှိ ပါ၏။ ခမည်းတော် ဘုရားလက်ထက် တော်၌ ၊ ထိုသူတွင် ဘုရား ပညာ နှင့် တူသော ပညာ ဉာဏ် သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော် ဘုရား နေဗုခဒ်နေဇာ မင်းကြီး သည် မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာ အုပ်အရာ၌ ခန့် ထားတော်မူ ၏။
12 Munthu ameneyu dzina lake ndi Danieli, koma mfumu inamutcha Belitesezara ndipo ali ndi nzeru zapadera, ndi wodziwa ndi kuzindikira zinthu, ndiponso luso lakutanthauzira maloto, kufotokozera miyambi ndi kuthetsa mavuto osautsa. Muyitaneni Danieli, ndipo adzakuwuzani chomwe mawuwa akutanthauza.”
၁၂အကြောင်း မူကား၊ အိပ်မက် အနက် ကို ဘတ်ခြင်း၊ နက်နဲ ခက်ခဲသောအရာကိုဖွင့်ပြ ခြင်း၊ ပုစ္ဆာအမေးကို ဖြေ ခြင်းငှါတတ်စွမ်းနိုင် သောဉာဏ် ပညာ နှင့်တကွ၊ ထူးဆန်း သောစိတ် ဝိညာဉ်သည် ဒံယေလ အမည်ရှိသောထိုသူတွင် ထင်ရှား လျက်ရှိပါ၏။ ဗေလတရှာဇာ ဟူသော ဘွဲ့နာမ ကိုလည်း ရှင် ဘုရင်ပေး သနား တော်မူ၏။ ထိုဒံယေလ ကို ခေါ် တော်မူလျှင်၊ အနက် ကို ဟောပြော ပါလိမ့်မည်ဟု လျှောက် သော်၊
13 Choncho anabwera naye Danieli pamaso pa mfumu ndipo inati kwa iye, “Kodi ndiwe Danieli, mmodzi mwa akapolo omwe abambo anga mfumu anabwera nawo kuchoka ku Yuda?
၁၃ဒံယေလ ကို အထံ တော်သို့ ခေါ် သွင်းလေ၏။ ရှင် ဘုရင်က၊ ငါ့ ခမည်းတော် ဘုရားသည် ယုဒ ပြည်က သိမ်းယူ တော်မူခဲ့၍၊ ယုဒ လူစု၌ ပါသော ဒံယေလ မှန်သလော။
14 Ndamva kuti mzimu wa milungu uli mwa iwe ndi kuti uli ndi chidziwitso, luntha ndi nzeru zapadera.
၁၄သင် သည် ဘုရား သခင်၏ ဝိညာဉ် နှင့်၎င်း ၊ ထူးဆန်း သော ပညာ ဉာဏ် သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏။
15 Anzeru ndi owombeza anabwera pamaso panga kuti awerenge zolembedwazi ndi kundiwuza tanthauzo lake koma sanakwanitse kundifotokozera.
၁၅ထို စာ ကို ဘတ် ၍ အနက် ကို ငါ့ အား ဘော်ပြ စေခြင်းငှါ ဗေဒင် တတ်ပညာရှိ တို့ကို ငါ့ ထံသို့ သွင်း သော်လည်း ၊ သူတို့သည်အနက် ကို မ ဘော် မပြနိုင် ကြ။
16 Tsopano ndamva kuti iwe ukhoza kupereka matanthauzo ndi kuthetsa mavuto. Ngati ungawerenge zolembedwazi ndi kundiwuza tanthauzo lake, udzavekedwa chovala cha pepo ndi kuyikidwa mkanda wa golide mʼkhosi mwako, ndipo udzakhala wolamulira wachitatu mu ufumu uno.”
၁၆သင်သည် အနက် များကို ဘော်ပြ ၍ ပုစ္ဆာ အမေးတို့ကို ဖြေ နိုင် သည်ဟု ငါ ကြား ပြီးအတိုင်း၊ ထိုစာ ကိုဘတ် ၍ အနက် ကိုငါ့ အား ဘော်ပြ နိုင် လျှင် ၊ အဝတ်နီ ကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲလျက်၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏။
17 Pamenepo Danieli anayankha mfumu kuti, “Inu musunge mphatso zanuzo kwa inu nokha ndipo mupereke mphothoyo kwa wina aliyense. Komabe ine ndi kuwerengerani malembawa mfumu; ndikukuwuzani tanthauzo lake.
၁၇ဒံယေလ ကလည်း၊ ဆု တော်လပ်တော်ကို ကိုယ်တော် ၌ ရှိ စေတော်မူပါ။ ပေးလိုသောအရာများကို အခြား သူအား ပေး သနားတော်မူပါ။ သို့သော်လည်း ၊ ရှေ့ တော်၌ ထိုစာ ကို ဘတ် ၍ အနက် ကိုဘော်ပြ ပါမည်။
18 “Inu mfumu, Mulungu Wammwambamwamba anapatsa abambo anu Nebukadinezara mphamvu ndi ukulu ndi ulemerero ndi ufumu.
၁၈အရှင် မင်းကြီး၊ အမြင့်ဆုံး သော ဘုရား သခင်သည် ခမည်းတော် နေဗုခဒ်နေဇာ မင်းကြီး၌ နိုင်ငံ တော် နှင့်တကွရွှေဘုန်း တော်မြတ်၊ ဂုဏ် အသရေတော်ကိုပေး သနားတော်မူ၏။
19 Chifukwa cha udindo waukulu umene anapatsidwanso, anthu onse ndi mitundu ndi anthu aziyankhulo zosiyanasiyana ankanjenjemera ndikumuopa iye. Amene mfumu inafuna anawaphadi; amene inafuna kuwasunga, inawasunga; amene inafuna kuwakweza, inawakweza; ndipo amene inafuna kuwatsitsa, inawatsitsa.
၁၉ပေး သနားတော်မူသော ထိုရွှေဘုန်း တော်မြတ် ကြောင့် ၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့သည် ရှေ့ တော်၌ ကြောက်ရွံ့ တုန်လှုပ် လျက် နေကြ၏။ သတ်လို သော သူတို့ ကိုသတ် တော်မူ၏။ အသက်ရှင်စေလို သော သူတို့ ကို ရှင် စေတော်မူ၏။ ချီးမြှောက်လို သော သူတို့ ကို ချီးမြှောက် တော်မူ၏။ နှိမ့်ချလို သော သူတို့ကို နှိမ့်ချ တော်မူ၏။
20 Koma pamene inayamba kudzitama ndi kuwumitsa mtima wake ndi kuyamba kunyada, inachotsedwa pa mpando wake waufumu ndi kulandidwa ulemerero wake.
၂၀မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် ၍ နန်း တော်မှ ကျ ၏။
21 Iyo inachotsedwa pakati pa anthu ndi kupatsidwa mtima ngati wa nyama; inakhala pamodzi ndi abulu akutchire ndi kudya udzu ngati ngʼombe; ndipo thupi lake linanyowa ndi mame akumwamba, mpaka pamene anavomereza kuti Mulungu Wammwambamwamba ndiye wolamulira maufumu a anthu ndipo amawupereka kwa aliyense amene Iye wafuna.
၂၁လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။
22 “Koma inu mwana wake, Belisazara, simunadzichepetse, ngakhale kuti mumadziwa zonsezi.
၂၂အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထို အမှုအလုံးစုံ တို့ကို သိ သော်လည်း ၊ စိတ် နှလုံးကို မ နှိမ့်ချ ဘဲ၊
23 Mʼmalo mwake, mwadzikweza nokha kutsutsana ndi Ambuye wakumwamba. Inu mwatenga ziwiya za mʼNyumba mwake, ndipo inu ndi akalonga anu, akazi anu ndi azikazi anu mwamwera vinyo mu zimenezi. Inu munatamanda milungu yasiliva ndi golide, yamkuwa, chitsulo, mtengo ndi mwala, imene singaone kapena kumva kapena kuzindikira. Koma simunamupatse ulemu Mulungu amene asunga mʼmanja mwake moyo wanu ndi njira zanu zonse.
၂၃ကောင်းကင် ဘုံ၏ အရှင် ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန် တော်၏ ဖလား တို့ကို ရှေ့ တော်သို့ ယူ ခဲ့စေ၍ ၊ ကိုယ်တော်တိုင်မှစသောမှူး တော် မတ်တော်၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် ထိုဖလားတို့နှင့်စပျစ်ရည် ကို သောက် ကြပြီတကား။ မျက်စိမ မြင် ၊ နားမ ကြား ၊ အဘယ် အရာကိုမျှ မ သိ သော ငွေ ဘုရား၊ ရွှေ ဘုရား၊ ကြေးဝါ ဘုရား၊ သံ ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ချီးမွမ်း ၍၊ ကိုယ်တော် ၏ အသက် သခင်တည်းဟူသောကိုယ်တော်၏ အမှု အလုံးစုံ တို့ကိုစီရင်ပိုင်တော်မူသောဘုရား သခင်ကို မ ချီးမွမ်း ဘဲ နေပါပြီတကား။
24 Choncho Iye watumiza dzanja limene lalemba mawu amenewa.
၂၄ထိုကြောင့်၊ လက်ဖျားကိုစေလွှတ် ၍ ထို စာ ကို ရေး စေတော်မူ၏။
25 “Mawu amene analembedwa ndi awa: MENE, MENE, TEKELI, PARASINI.
၂၅စာ ချက်ဟူမူကား၊ မေနေ မေနေ ၊ တေကလ ၊ ဖေရက် ဟု အက္ခရာ တင် လျက်ရှိ၏။
26 “Zimene mawuwa akutanthauza ndi izi:
၂၆မေနေ ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော် ၏ နိုင်ငံ ကို ဘုရား သခင်ရေတွက် ၍ ဆုံး စေတော်မူ၏။
27 Tekeli: Inu mwayesedwa pa sikelo ndipo mwapezeka kuti mukuperewera.
၂၇တေကလ ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်ကို ချိန်ခွင် နှင့် ချိန် ၍လျော့ ကြောင်းကို တွေ့မြင် တော်မူ ၏။
28 Parasini: Ufumu wanu wagawidwa ndi kupatsidwa kwa Amedi ndi Aperezi.”
၂၈ဖေရက် ၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံ တော်ကို ခွဲဝေ ၍ မေဒိ လူ၊ ပေရသိ လူတို့အား အပ် ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
29 Mwa lamulo la Belisazara, Danieli anavekedwa chovala cha pepo, mkanda wagolide unayikidwa mʼkhosi mwake, ndipo analengeza kuti anali wachitatu mu ulamuliro mu ufumuwo.
၂၉ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့် တော်မူသည် အတိုင်း၊ ဒံယေလ ကို အဝတ်နီ ဝတ်ဆင် စေ၍ လည်ပင်း ၌ ရွှေ စလွယ် ဆွဲပြီးမှ၊ နိုင်ငံ တော်တွင် တတိယ မင်း ဖြစ် သည်ဟု မြို့ကိုလည်၍ဟစ်ကြော် ကြ၏။
30 Usiku womwewo Belisazara, mfumu ya anthu a ku Babuloni, inaphedwa,
၃၀ထိုညဉ့် ၌ပင် ခါလဒဲ ရှင် ဘုရင် ဗေလရှာဇာ မင်းသည် အသက် ဆုံး၍၊
31 ndipo Dariyo Mmedi analanda ufumuwo ali ndi zaka 62.
၃၁မေဒိ အမျိုး ဒါရိ မင်းသည် အသက်ခြောက် ဆယ်နှစ် နှစ် တွင် နိုင်ငံ တော်ကို သိမ်းယူ တော်မူ၏။