< 2 Samueli 8 >
1 Patapita nthawi, Davide anagonjetsa Afilisti ndi kuwapambana ndipo analanda Metegi Ama kuchoka mʼmanja mwa Afilistiwo.
၁ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။
2 Davide anagonjetsanso Amowabu. Iye anawalamula kuti agone pansi mʼmizere itatu pa gulu lililonse ndipo anawayeza ndi chingwe. Pa gulu lililonse ankapha anthu amene anali pa mizere iwiri yoyamba, kusiyapo mzere wachitatu. Kotero Amowabu anakhala pansi pa ulamuliro wa Davide ndipo ankapereka msonkho.
၂မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစုကိုချမ်းသာပေး၏။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
3 Komanso Davide anagonjetsa Hadadezeri mwana wa Rehobu, mfumu ya Zoba, pamene anapita kukakhazikitsa ulamuliro wake mʼmbali mwa mtsinje wa Yufurate.
၃ဇောဘမင်းကြီးရဟောဘ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊
4 Davide analanda magaleta 1,000, anthu 7,000 okwera magaleta pamodzi ndi asilikali oyenda pansi 20,000. Iye anadula mitsempha ya akavalo onse okoka magaleta, koma anasiyapo akavalo 100 okha.
၄ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။
5 Aramu wa ku Damasiko atabwera kudzathandiza Hadadezeri mfumu ya Zoba, Davide anakantha asilikali 22,000.
၅ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
6 Iye anakhazikitsa maboma mu ufumu wa Aramu wa ku Damasiko, ndipo Aaramu anakhala pansi pa ulamuliro wake ndipo ankapereka msonkho. Yehova ankamupatsa chipambano Davide kulikonse kumene ankapita.
၆ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
7 Davide anatenga zishango zagolide za akuluakulu ankhondo a Hadadezeri ndi kubwera nazo ku Yerusalemu.
၇ဟာဒဒေဇာ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင် သွား၏။
8 Mfumu Davide inatenga mkuwa wambiri kuchokera ku Beta ndi Berotai, mizinda ya Hadadezeri.
၈ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
9 Tou, mfumu ya Hamati atamva kuti Davide wagonjetsa gulu lonse lankhondo la Hadadezeri,
၉ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊
10 anatumiza mwana wake Yoramu kwa mfumu Davide kukamulonjera ndi kukamuyamikira chifukwa cha kupambana kwake pa nkhondo yake ndi Hadadezeriyo, amene analinso pa nkhondo ndi Tou. Yoramu anabweretsa ziwiya zasiliva, zagolide ndi zamkuwa.
၁၀မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီး ပေးစေခြင်းငှါ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ၏။
11 Mfumu Davide inapereka zinthu zimenezi kwa Yehova, monga anachitira ndi siliva ndi golide zochokera ku mayiko onse amene anawagonjetsa:
၁၁ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူအောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကို၎င်း၊
12 Edomu ndi Mowabu, Aamoni ndi Afilisti, ndi Aamaleki. Iye anaperekanso zolanda ku nkhondo zochokera kwa Hadadezeri mwana wa Rehobu, mfumu ya Zoba.
၁၂ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရား အား ပူဇော်၏။
13 Ndipo Davide anatchuka atabwera kokakantha Aedomu 18,000 mu Chigwa cha Mchere.
၁၃ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး၏။
14 Iye anayika maboma mʼdera lonse la Edomu, ndipo Aedomu onse anakhala pansi pa Davide. Yehova ankapambanitsa Davide kulikonse kumene ankapita.
၁၄ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မတော်မူ၏။
15 Davide analamulira dziko lonse la Israeli ndipo ankachita zonse mwachilungamo ndi molondola pamaso pa anthu ake onse.
၁၅ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ၏။
16 Yowabu mwana wa Zeruya anali mkulu wa ankhondo; Yehosafati mwana wa Ahiludi anali mlembi wa zochitika.
၁၆ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
17 Zadoki mwana wa Ahitubi ndi Ahimeleki mwana wa Abiatara anali ansembe; Seraya anali mlembi;
၁၇အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
18 Benaya mwana wa Yehoyada anali mtsogoleri wa Akereti ndi Apeleti; ndipo ana a Davide anali ansembe.
၁၈ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ၏။