< 1 Timoteyo 1 >
1 Paulo, mtumwi wa Khristu Yesu mwa lamulo la Mulungu, Mpulumutsi wathu ndiponso Khristu Yesu chiyembekezo chathu.
၁ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် နှင့်၊ ငါ တို့မြော်လင့် ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ် ၏ ပညတ် တော်အားဖြင့် ၊ ထိုသခင်၏ တမန်တော် ဖြစ်သော ငါပေါလု သည်
2 Kwa Timoteyo mwana wanga weniweni mʼchikhulupiriro. Chisomo, chifundo ndi mtendere zochokera kwa Mulungu Atate ndi Khristu Yesu Ambuye athu zikhale ndi iwe.
၂ယုံကြည် ခြင်းအားဖြင့် ငါသား စစ် ဖြစ်သော တိမောသေ ကို ကြားလိုက်ပါ၏။ ငါ တို့သခင် ယေရှု ခရစ် နှင့် ငါတို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော။
3 Monga ndinakupempha pamene ndinkapita ku Makedoniya, khala ku Efeso komweko kuti uletse anthu ena kuphunzitsa ziphunzitso zonyenga,
၃ခြားနားသော အယူဝါဒသစ်ကို မ သွန်သင် ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီ စကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည် ခြင်း၌ တည်သော ဘုရားသခင် ၏ သာသနာ တော်ကို ပြုစု သည်ထက် ၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ပြုစုတတ်သော၊ ပြင်ဆင်၍ မ ကုန်နိုင်သော ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍
4 kapena kumangoyika mitima pa nthano zopeka ndi kufufuza za mayina a makolo awo. Zinthu zotere zimapititsa mʼtsogolo mikangano mʼmalo mwa ntchito ya Mulungu yomwe ndi ya chikhulupiriro.
၄ဧဖက် မြို့၌ နေရစ် စေခြင်းငှာ၊ ငါသည် မာကေဒေါနိ ပြည်သို့ သွား သောအခါ၊ တောင်းပန် သည်အတိုင်း နေရစ်လော့။
5 Cholinga cha lamuloli ndi chikondi, chomwe chimachokera mu mtima woyera, chikumbumtima chabwino ndi chikhulupiriro choona.
၅ထိုသို့ပညတ် ထားခြင်း၏ အချုပ်အခြာ မူကား ၊ စင်ကြယ် သော စိတ် နှလုံးနှင့် ၎င်း၊ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင် ခြင်းနှင့်၎င်း၊ မှန် သောယုံကြည် ခြင်းနှင့် ၎င်း၊ စပ်ဆိုင် သော ချစ် ခြင်းမေတ္တာဖြစ် သတည်း။
6 Anthu ena anapatuka pa zimenezi ndipo anatsata nkhani zopanda tanthauzo.
၆ထိုသို့သောအကျင့်ကိုလူအချို့ တို့သည် အမြဲမကျင့်၊ အချည်းနှီး သောစကားပြောခြင်းသို့ လွှဲ သွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြော သောအရာ ကို နား မ လည်။
7 Iwo amafuna kukhala aphunzitsi amalamulo, koma sadziwa zimene akunena, kapena zimene akufuna kutsimikiza.
၇အဘယ်သို့ သောတရားဘက်၌ မိမိတို့ခိုင်မာစွာနေသည်ကို မ သိဘဲလျက်၊ နိဿရည်း ဆရာလုပ်ချင် ကြ သည်တကား ။
8 Tikudziwa kuti Malamulo ndi abwino ngati munthu awagwiritsa ntchito bwino.
၈ပညတ် တရားကို တရား သဖြင့်ကျင့်သောသူ အဘို့ မ ထား ၊ မတရား သဖြင့် ကျင့်သောသူ၊ နား မထောင်သောသူ၊ ဘုရား ကိုမကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူ၊ မ သန့်ရှင်းသောသူ
9 Tikudziwanso kuti Malamulo sakhazikitsidwa chifukwa cha anthu olungama, koma ophwanya lamulo ndi owukira, osaopa Mulungu ndi ochimwa, wopanda chiyero ndi osapembedza; amene amapha abambo awo ndi amayi awo, kapena anthu ena.
၉ဘုရားတရားကိုမရိုမသေ ပြုသောသူ၊ မိဘ ကိုညှဉ်းဆဲသောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ လူ ကိုခိုးသွားသောသူ၊ မုသာ စကားကိုသုံးသောသူ
10 Malamulo amayikidwa chifukwa cha anthu achigololo ndi ochita zadama ndi amuna anzawo, anthu ogulitsa akapolo, abodza ndi olumbira zabodza, ndi ochita chilichonse chotsutsana ndi chiphunzitso choona.
၁၀မ ဟုတ်မမှန်ဘဲကျိန်ဆိုသောသူမှစ၍ ၊ စင်ကြယ် သောဩဝါဒ နှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဘို့ ပညတ် တရားကို ထားသည်ဟု သိမှတ် ၍၊ ထိုတရားကိုတရားသဖြင့်သုံး သောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိ ကြ၏။
11 Chiphunzitso chimene chimagwirizana ndi Uthenga Wabwino wonena za ulemerero wa Mulungu wodala, umene Iye mwini anandisungitsa.
၁၁ထိုသို့ဆိုသော်၊ မင်္ဂလာ ရှိတော်မူသော ဘုရားသခင် ၏ဘုန်းကြီး သော ဧဝံဂေလိ တရားနှင့်ညီသတည်း။
12 Ndikuthokoza Khristu Yesu Ambuye athu, amene anandipatsa mphamvu pa ntchitoyi. Iye ananditenga kukhala wokhulupirira, nandipatsa ntchito mu utumiki wake.
၁၂ထိုတရား ကို ငါ ၌အပ်ပေး တော်မူသည်ဖြစ်၍၊ ငါ့ ကိုခွန်အား နှင့် ပြည့်စုံစေတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ကျေးဇူး တော်ကို ငါချီးမွမ်း၏။
13 Ngakhale kuti kale ndinali wachipongwe, wozunza ndi wankhanza, anandichitira chifundo chifukwa ndinkachita mwaumbuli ndi mopanda chikhulupiriro.
၁၃ငါ သည်ကဲ့ရဲ့ သောသူ၊ ညဉ်းဆဲ သောသူ၊ ကြမ်းကြုတ် သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာ ရှိသောသူဟု ထိုသခင်သည် မှတ် ၍၊ ဓမ္မဆရာ အရာ၌ ခန့်ထား တော်မူ၏။ ထိုသို့ငါပြု သောအခါယုံ ခြင်းမရှိ ၊ အမှန်မ သိဘဲ ပြုသောကြောင့် ၊ ကရုဏာ တော်ကိုငါခံရပြီ။
14 Chisomo cha Ambuye athu chinatsanulidwa pa ine mochuluka, pamodzi ndi chikhulupiriro ndi chikondi zimene zili mwa Khristu Yesu.
၁၄ငါ တို့သခင် ဘုရား၏ ကျေးဇူး တော်သည်လည်း ယေရှု ခရစ် ၌ ယုံကြည် ခြင်း၊ ချစ် ခြင်းနှင့်တကွ ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။
15 Mawu odalirika ndi woyenera kuwavomereza kwathunthu ndi awa: Yesu Khristu anabwera pa dziko lapansi kudzapulumutsa ochimwa, ndipo mwa iwowo ine ndiye wochimwitsitsa.
၁၅ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။
16 Ndipo pa chifukwa chimenechi, Mulungu anandichitira chifundo, kuti mwa ine, wochimwitsitsa, Khristu Yesu aonetse kuleza mtima kwake konse kuti ndikhale chitsanzo cha omwe angathe kumukhulupirira ndi kulandira moyo wosatha. (aiōnios )
၁၆သို့သော်လည်း ၊ ထာဝရ အသက် အလိုငှာ ယုံကြည် လတံ့သော သူ တို့လိုက်စရာ ပုံ သက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံး သောအပြစ်ရှိသော ငါ ၌ ၊ ယေရှု ခရစ် သည် ခပ်သိမ်း သောခန္တီ တော်ကို ပြ တော်မူမည် အကြောင်း ၊ ငါ့ကိုသနား တော်မူပြီ။ (aiōnios )
17 Tsopano kwa Mfumu yamuyaya, yosafa, yosaoneka, amene Iye yekha ndiye Mulungu, kukhale ulemu ndi ulemerero mpaka muyaya. Ameni. (aiōn )
၁၇လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။ (aiōn )
18 Mwana wanga Timoteyo, ndikukupatsa langizo ili molingana ndi maulosi amene aneneri ananena za iwe. Pamene ukumbukira mawu amenewa udzatha kumenya bwino nkhondo
၁၈ငါ့သား တိမောသေ ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိ စကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်း သောစစ် ကို တိုက်စေခြင်းငှာ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။
19 utagwiritsitsa chikhulupiriro ndi chikumbumtima chabwino. Ena anazikana zimenezi motero chikhulupiriro chawo chinawonongeka.
၁၉ထိုယုံကြည် ခြင်းမှစသည်တို့ကို အချို့ သောသူ တို့သည် ပယ် ပြီးလျှင်၊ ယုံကြည် ခြင်းသင်္ဘော ပျက်၍ ဆုံးရှုံးကြပြီ။
20 Ena mwa amenewa ndi Humenayo ndi Alekisandro, amene ndinawapereka kwa Satana kuti aphunzire kusachita chipongwe Mulungu.
၂၀ထိုသူ တို့တွင် ဟုမေနဲ နှင့် အာလေဇန္ဒြု ပါ သတည်း။ ထိုသူ တို့သည် ကဲ့ရဲ့ သောစကားကို ကြဉ်ရှောင်ခြင်းငှာသင် ရမည်အကြောင်း ၊ စာတန် ၏ လက်သို့ငါအပ် လိုက်ခဲ့ပြီ။