< 1 Samueli 10 >
1 Ndipo Samueli anatenga botolo la mafuta nathira mafutawo pa mutu wa Sauli ndipo anapsompsona nati, “Yehova wakudzoza kuti ukhale mtsogoleri wa anthu ake, Aisraeli. Iwe udzalamulira anthu a Yehova ndiponso udzawapulumutsa mʼmanja mwa adani awo owazungulira. Chizindikiro chakuti Yehova wakudzoza kuti ukhale mtsogoleri wa anthu ake ndi ichi:
၁ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
2 Ukachoka pano lero lino, udzakumana ndi amuna awiri kufupi ndi manda a Rakele ku Zeliza mʼmalire mwa dziko la Benjamini ndipo adzakuwuza kuti, ‘Abulu amene munkafunafuna aja apezeka. Ndipo tsopano abambo ako asiya kuganiza za abulu ndipo akudera nkhawa za iwe.’ Iwo akufunsa kuti, ‘Kodi ndidzachita chiyani mmene mwana wanga sakuoneka?’”
၂ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။-
3 “Ndipo udzapyola pamenepo ndi kufika ku mtengo wa thundu wa ku Tabori. Kumeneko udzakumana ndi anthu atatu akupita kukapereka nsembe ku Nyumba ya Mulungu ku Beteli. Mmodzi adzakhala atanyamula ana ambuzi atatu, wina atanyamula malofu atatu a buledi, ndi winayo atanyamula thumba la vinyo.
၃သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
4 Adzakupatsa moni ndi kukupatsa malofu awiri a buledi. Iwe udzalandire bulediyo.
၄သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။-
5 “Pambuyo pake, udzafike ku Gibeyati-Elohimu, kumene kuli gulu la ankhondo la Afilisti. Pamene ukuyandikira mzindawo, udzakumana ndi gulu la aneneri akutsika kuchokera ku phiri, akuyimba zeze, ngʼoma, zitoliro ndi pangwe, ndiponso akulosera.
၅ထိုနောက်သင်သည်ဖိလိတ္တိအမျိုးသားတို့၏ တပ်စခန်းချရာ ဂိဗာမြို့ရှိဘုရားသခင် ၏တောင်တော်သို့သွားရောက်ရမည်။ ဂိဗာမြို့ အဝင်ဝ၌သင်သည်စောင်းကြီး၊ စောင်းငယ်၊ ပတ်သာ၊ ပြွေတို့ကိုတီးမှုတ်လျက်တောင်ပေါ် ရှိယဇ်ပလ္လင်မှလာကြသောပရောဖက်တစ်စု ကိုတွေ့လိမ့်မည်။ သူတို့သည်ကခုန်ဟစ်အော် ၍နေကြလိမ့်မည်။-
6 Kenaka Mzimu wa Yehova udzabwera pa iwe ndi mphamvu, ndipo udzayamba kulosera nawo pamodzi. Ndipo udzasinthika kukhala munthu wina.
၆ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည် သင်၏အပေါ်သို့သက်ရောက်သဖြင့် သင်သည် ထိုသူတို့နှင့်အတူပါဝင်ကခုန်အော်ဟစ် ကာခြားနားသောသူဖြစ်၍သွားလိမ့်မည်။-
7 Zizindikiro izi zikakachitika, dzachite chilichonse manja ako angathe kuchita, pakuti Mulungu ali nawe.
၇ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင့်အားဘုရားသခင်လမ်းပြတော်မူသည့် အတိုင်းပြုလော့။-
8 “Tsono tsogola kupita ku Giligala. Ine ndidzabwera ndithu kudzapereka nsembe zopsereza ndi nsembe zachiyanjano. Koma ukandidikire masiku asanu ndi awiri mpaka ine nditabwera kuti ndidzakuwuze zomwe udzachite.”
၈သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။
9 Sauli akutembenuka kusiyana ndi Samueli, Mulungu anasintha mtima wa Sauli, ndipo zinthu zonsezi zinakwaniritsidwa tsiku lomwelo.
၉ရှောလုသည်ရှမွေလထံမှထွက်ခွာလာ ချိန်၌ ထာဝရဘုရားသည်ရှောလုအား စိတ်သဘောသစ်ကိုပေးတော်မူ၏။ ရှမွေလ ဖော်ပြခဲ့သမျှသောအမှုအရာတို့သည် လည်းထိုနေ့၌ဖြစ်ပျက်လာလေသည်။-
10 Atafika ku Gibeya, anakumana ndi gulu la aneneri. Mzimu wa Mulungu unabwera pa iye mwamphamvu, nayamba kulosa nawo.
၁၀ရှောလုနှင့်သူ၏အစေခံသည်ဂိဗာမြို့ သို့ရောက်ရှိကြသောအခါ ပရောဖက်တစ် စုသည်သူတို့အားဆီးကြိုကြ၏။ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ရှောလုအပေါ် သို့သက်ရောက်သဖြင့်သူသည်ပရောဖက် များနှင့်အတူပါဝင်ကခုန်ဟစ်အော် လေသည်။-
11 Pamene onse amene ankamudziwa kale anamuona akulosera pamodzi ndi aneneri, anafunsana wina ndi mnzake. “Kodi nʼchiyani chachitika ndi mwana wa Kisi? Kodi Sauli alinso mʼgulu la aneneri?”
၁၁သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။-
12 Munthu wina wa kumeneko anayankha kuti, “Nanga enawa abambo awo ndani?” Kotero kunayambika mwambi wakuti, “Kodi Saulinso ali mʼgulu la aneneri?”
၁၂ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။-
13 Sauli atasiya kuloserako, anapita ku kachisi ku phiri.
၁၃ကခုန်ဟစ်အော်ပြီးသောအခါရှောလု သည်တောင်ကုန်းပေါ်ရှိယဇ်ပလ္လင်သို့ထွက် ခွာသွား၏။
14 Tsono amalume ake a Sauli anamufunsa ndi mnyamata wake kuti, “Munapita kuti?” Iye anayakha, “Timakafunafuna abulu koma titaona kuti sakupezeka, tinapita kwa Samueli.”
၁၄ရှောလု၏ဦးလေးသည်ရှောလုနှင့်အစေခံ ကိုမြင်လျှင် ``သင်တို့အဘယ်အရပ်မှပြန် လာကြသနည်း'' ဟုမေး၏။ ရှောလုက``မြည်းများကိုရှာဖွေရာမှဖြစ် ပါသည်။ အကျွန်ုပ်တို့သည်မြည်းများကိုရှာ မတွေ့သဖြင့် ရှမွေလထံကိုသွားရောက်ခဲ့ ကြပါသည်'' ဟုပြန်လည်ဖြေကြား၏။
15 Amalume ake a Sauli anati, “Chonde, ndifotokozereniko zimene Samueli wakuwuzani.”
၁၅``သူသည်သင်တို့အား အဘယ်သို့ပြော လိုက်ပါသနည်း'' ဟုဦးလေးကမေး ပြန်သော်၊
16 Sauli anati, “Iye anatitsimikizira kuti abulu anapezeka.” Koma sanawawuze amalume akewo za nkhani ija ya ufumu imene Samueli anamuwuza.
၁၆ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
17 Samueli anayitana Aisraeli onse kuti asonkhane pamaso pa Yehova ku Mizipa.
၁၇ရှမွေလသည်လူတို့အားမိဇပါမြို့တွင် ထာဝရဘုရားထံတော်သို့ခေါ်ယူစုရုံး စေပြီးလျှင်၊-
18 Ndipo anawuza Aisraeli onse kuti, “Yehova Mulungu wa Israeli akuti, ‘Ine ndinakutulutsani mʼdziko la Igupto ndi kukupulumutsani mʼdzanja la Igupto ndi mʼdzanja la mafumu onse amene ankakuzunzani.’
၁၈ဤသို့ဆို၏။ ``ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ ကိုအီဂျစ်ပြည်မှငါထုတ်ဆောင်၍ သင်တို့ အားနှိပ်စက်ကလူပြုသောအီဂျစ်အမျိုး သားများနှင့်အခြားအမျိုးသားအပေါင်း တို့၏ဘေးမှကယ်ဆယ်တော်မူခဲ့သည်။-
19 Koma lero mwamukana Mulungu wanu amene amakupulumutsani mʼmavuto anu onse ndi mʼzowawa zanu. Ndipo mukuti, ‘Ayi, koma mutipatse mfumu yotilamulira.’ Tsopanotu sonkhanani pamaso pa Yehova mwa mafuko ndi mabanja anu.”
၁၉ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
20 Samueli atasonkhanitsa mafuko onse a Israeli, fuko la Benjamini linasankhidwa.
၂၀ထိုနောက်ရှမွေလသည်အနွယ်တို့ကိုတစ် စုပြီးတစ်စု ရှေ့သို့လာရောက်စေပြီးလျှင် မဲချ၍ ဗင်္ယာမိန်အနွယ်ကိုရွေးချယ်၏။-
21 Anasonkhanitsa fuko la Benjamini banja ndi banja. Pomaliza anasonkhanitsa banja la Matiri mmodzimmodzi ndipo Sauli mwana wa Kisi anasankhidwa. Koma atamufunafuna, sanamupeze.
၂၁ထိုနောက်ရှမွေလသည်ဗင်္ယာမိန်အနွယ်ဝင် အိမ်ထောင်စုများကို ရှေ့သို့လာရောက်စေ သောအခါမာတရိအိမ်ထောင်စုသည် အရွေးခံရ၏။ ထိုနောက်မာတရိအိမ်ထောင် စုမှအမျိုးသားတို့သည်ရှေ့သို့ထွက်၍ လာကြလျှင် ကိရှ၏သားရှောလုသည် အရွေးခံရ၏။ သို့ရာတွင်သူ့ကိုရှာ၍ မတွေ့ကြသောအခါ၊-
22 Tsono anthu anafunsanso kwa Yehova kuti, “Kodi munthuyu wabwera kale kuno?” Ndipo Yehova anayankha kuti, “Inde wabisala pakati pa katundu.”
၂၂လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
23 Iwo anathamanga ndi kukamutenga kumeneko. Atayimirira pakati pa anthu anapezeka kuti anali wamtali kuposa anthu ena mwakuti ankamulekeza mʼmapewa.
၂၃သို့ဖြစ်၍သူတို့သည်ပြေး၍ရှောလုကို လူတို့ရှေ့သို့ခေါ်ခဲ့ကြသောအခါ သူသည် အခြားသူအပေါင်းတို့ထက်အရပ်တစ် ပေမျှပို၍မြင့်သည်ကိုတွေ့မြင်ရကြ၏။-
24 Samueli anafunsa anthu onse kuti, “Kodi mukumuona munthu amene Yehova wasankha? Palibe wofanana naye pakati pa anthu onse.” Kenaka anthu onse anafuwula kuti, “Mfumu ikhale ndi moyo wautali!”
၂၄ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။ လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။
25 Samueli anafotokozera anthu ntchito ndi udindo wa mfumu. Pambuyo pake analemba mʼbuku zonse zokhudza ntchito ndi udindo wa mfumu, ndipo bukulo analiyika pamaso pa Yehova. Kenaka Samueli analola aliyense kuti abwerere kupita kwawo.
၂၅ရှမွေလသည်မင်းကျင့်တရားများနှင့် ဘုရင့် ရပိုင်ခွင့်များကို လူတို့အားရှင်းလင်းဖော် ပြ၏။ ထိုနောက်ထိုအရာများကိုစာအုပ် တွင်ရေးမှတ်ကာ သန့်ရှင်းရာဌာနတွင်သိမ်း ဆည်းထား၏။ ထိုနောက်သူသည်လူတို့အား မိမိတို့နေရပ်အသီးသီးသို့ပြန်စေ၏။-
26 Sauli anapitanso ku mudzi kwawo ku Gibeya, pamodzi ndi anthu amphamvu amene Mulungu anawafewetsa mitima.
၂၆ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။-
27 Koma anthu ena achabechabe anati, “Kodi munthu uyu angathe bwanji kutipulumutsa?” Iwo anayamba kumunyoza Sauliyo, ndipo sankamupatsa ngakhale mphatso. Koma iye sanalabadireko.
၂၇သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။