< 1 Mafumu 12 >
1 Rehobowamu anapita ku Sekemu, pakuti Aisraeli onse nʼkuti atapita kumeneko kukamulonga ufumu.
၁ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
2 Yeroboamu mwana wa Nebati anamva zimenezi. Nthawi imeneyo nʼkuti Yeroboamuyo akukhala ku Igupto, pakuti atathawa Mfumu Solomoni iyeyo anakakhala ku Igupto.
၂ရှောလမုန်မင်း၏ဘေးမှလွတ်မြောက်ရန်ထွက် ပြေးသွားသူနေဗက်၏သားယေရောဗောင်သည် ထိုသတင်းကိုကြားသောအခါအီဂျစ်ပြည် မှပြန်လာလေသည်။-
3 Tsono anthu anayitanitsa Yeroboamu, ndipo iye pamodzi ndi gulu lonse la ku Israeli anapita kwa Rehobowamu ndipo anamuwuza kuti,
၃ဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊-
4 “Abambo anu anatisenzetsa goli lolemetsa kwambiri, koma inu chepetsani ntchito yowawa pa ife ndipo peputsani goli lolemetsa limene anatisenzetsa. Mukatero tidzakutumikirani.”
၄``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
5 Rehobowamu anayankha kuti, “Pitani, ndipo pakatha masiku atatu, mudzabwerenso.” Choncho anthuwo anapitadi.
၅ရောဗောင်ကလည်း``သုံးရက်ကြာလျှင်ငါ့ထံသို့ ပြန်ခဲ့ကြ။ ထိုအခါမှသင်တို့အားငါအဖြေ ပေးမည်'' ဟုဆို၏။
6 Ndipo Mfumu Rehobowamu anapempha nzeru kwa akuluakulu amene ankatumikira Solomoni abambo ake pamene anali ndi moyo. Iye anawafunsa kuti, “Kodi mungandilangize zotani kuti ndiwayankhe anthu amenewa?”
၆ထို့နောက်ရောဗောင်သည် ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များအား``ထို သူတို့ကိုငါအဘယ်သို့ဖြေကြားရပါမည်နည်း။ သင်တို့အဘယ်သို့အကြံပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
7 Iwo anayankha kuti, “Ngati lero mudzakhala mtumiki wa anthu amenewa ndi kuwatumikira ndipo mukawayankha bwino, iwowo adzakhala atumiki anu nthawi zonse.”
၇မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
8 Koma Rehobowamu anakana malangizo amene akuluakuluwo anamupatsa ndipo anafunsira nzeru kwa anyamata anzake amene anakulira nawo limodzi omwe ankamutumikira.
၈သို့ရာတွင်ရောဗောင်သည်ထိုမှူးမတ်တို့ပေးသည့် အကြံကိုလျစ်လူရှု၍ အပါးတော်တွင်ခစား နေကျဖြစ်သောမိမိ၏ငယ်သူငယ်ချင်း လူငယ်လူရွယ်များထံသို့သွားပြီးလျှင်၊-
9 Iye anawafunsa kuti, “Kodi malangizo anu ngotani? Kodi ndiwayankhe chiyani anthu amene akunena kwa ine kuti, ‘Peputsani goli limene abambo anu anatisenzetsa’?”
၉``သင်တို့ကငါ့အားအဘယ်သို့အကြံပေးကြ ပါမည်နည်း။ သူတို့၏ဝန်ကိုပေါ့ပါးအောင်ပြု လုပ်ပေးရန် ငါ့ထံပန်ကြားလျှောက်ထားနေသူ တို့အားအဘယ်သို့ဖြေကြားရပါမည်နည်း'' ဟုမေးတော်မူ၏။
10 Anyamata anzake amene anakula nawo limodzi aja anamuyankha kuti, “Anthu amene ananena kwa iwe kuti, ‘Abambo anu anatisenzetsa goli lolemetsa, koma inu peputsani goli lathu,’ uwawuze kuti ‘Chala changa chakanise nʼchachikulu kupambana chiwuno cha abambo anga.
၁၀ထိုသူငယ်များက``အရှင်သည်သူတို့အား`ငါ၏ လက်သန်းသည်ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။-
11 Abambo anga ankakusenzetsani goli lolemetsa koma ine ndidzachititsa kuti likhale lolemera kwambiri. Abambo anga ankakukwapulani ndi zikoti wamba koma ine ndidzakukwapulani ndi zinkhanira.’”
၁၁ငါ့ခမည်းတော်တင်သောဝန်လေးသည်မှန်၏။ ငါ တင်သောဝန်ကားထိုထက်ပင်ပို၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုဖြေကြားတော်မူပါ'' ဟုလျှောက်ကြ၏။
12 Patapita masiku atatu, Yeroboamu pamodzi ndi anthu onse anabwera kwa Rehobowamu, monga momwe inanenera mfumu kuti, “Mudzabwere pakatha masiku atatu.”
၁၂သုံးရက်မျှကြာသောအခါယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့သည် ရောဗောင်မင်း မှာကြားလိုက်သည့်အတိုင်းပြန်လာကြ၏။-
13 Mfumuyo inawayankha anthuwo mwankhanza. Kukana malangizo amene akuluakulu anayipatsa.
၁၃ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
14 Anatsatira malangizo amene anyamata anzake anamupatsa ndipo anati “Abambo anga ankakusenzetsani goli lolemetsa. Ine ndidzachititsa kuti likhale lolemera kwambiri. Abambo anga ankakukwapulani ndi zikoti wamba koma ine ndidzakukwapulani ndi zinkhanira.”
၁၄လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
15 Choncho mfumu sinamvere pempho la anthuwo, pakuti zinthu izi zinali zochokera kwa Yehova, kukwaniritsa mawu amene Yehova anayankhula kwa Yeroboamu mwana wa Nebati kudzera mwa Ahiya wa ku Silo.
၁၅မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
16 Aisraeli onse ataona kuti mfumu yakana kumva zopempha zawo, iwo anayankha mfumu kuti, “Kodi ife tili ndi gawo lanji mwa Davide, ndi gawo lanjinso mwa mwana wa Yese? Inu Aisraeli, bwererani ku matenti anu! Ziyangʼanira nyumba yako, Iwe Davide!” Kotero Aisraeli anachoka napita ku nyumba zawo.
၁၆မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
17 Koma Aisraeli amene ankakhala mʼmizinda ya Yuda ankalamuliridwa ndi Rehobowamu.
၁၇ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
18 Mfumu Rehobowamu anatuma Adoramu amene ankayangʼanira ntchito yathangata, koma Aisraeli onse anamugeda ndi miyala mpaka kumupha. Koma Mfumu Rehobowamu anakwera msangamsanga galeta wake nathawira ku Yerusalemu.
၁၈ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။-
19 Choncho Aisraeli akhala akuwukira nyumba ya Davide mpaka lero lino.
၁၉ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။
20 Aisraeli onse atamva kuti Yeroboamu wabwerera kuchokera ku Igupto, anatumiza mawu okamuyitana kuti abwere ku msonkhano ndipo anamuyika kukhala mfumu ya Aisraeli onse. Fuko la Yuda lokha ndi lomwe linkatsatira nyumba ya Davide.
၂၀ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
21 Rehobowamu atafika ku Yerusalemu, anasonkhanitsa nyumba yonse ya Yuda ndi fuko la Benjamini, nasankha ankhondo okwanira 180,000, kuti akamenyane ndi nyumba ya Israeli kuti amubwezere Rehobowamu mwana wa Solomoni ufumu wake.
၂၁ရောဗောင်သည်ယေရုရှလင်မြို့သို့ရောက်ရှိလာ သောအခါ ဣသရေလပြည်မြောက်ပိုင်းကိုပြန် လည်သိမ်းပိုက်ရန်ကြံစည်လျက် ယုဒနှင့်ဗင်္ယာ မိန်အနွယ်များမှလက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းကိုစုရုံးစေတော်မူ၏။
22 Koma Mulungu anayankhula ndi Semaya, munthu wa Mulungu kuti,
၂၂သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
23 “Nena kwa Rehobowamu mwana wa Solomoni mfumu ya Yuda, kwa nyumba yonse ya Yuda ndi Benjamini, ndiponso kwa anthu ena onse kuti,
၂၃ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-
24 ‘Yehova akuti: Musapite kukamenyana ndi abale anu Aisraeli. Aliyense wa inu abwerere kwawo, pakuti zimenezi ndachita ndine.’” Choncho anthuwo anamvera mawu a Yehova ndi kubwerera kwawo, monga analamulira Yehova.
၂၄``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
25 Tsono Yeroboamu anamanga mzinda wa Sekemu mʼdziko la mapiri la Efereimu ndipo anakhala kumeneko. Kuchokera kumeneko anapita kukamanga mzinda wa Penueli.
၂၅ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
26 Yeroboamu anaganiza mu mtima mwake kuti, “Ndithu, ufumuwu udzabwereranso ku nyumba ya Davide.
၂၆``ငါ၏ပြည်သူတို့သည်ယခုအတိုင်းယေရု ရှလင်မြို့ရှိဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြလျှင် သူတို့ သည်ယုဒဘုရင်ရောဗောင်၏ကျေးဇူးသစ္စာ ကိုပြောင်းလဲခံယူကာငါ့အားလုပ်ကြံ ကြပေလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
27 Ngati anthuwa azipitabe kukapereka nsembe ku Nyumba ya Yehova ku Yerusalemu, adzayambanso kutsatira mbuye wawo Rehobowamu, mfumu ya Yuda. Adzandipha ndi kubwerera kwa Mfumu Rehobowamu.”
၂၇
28 Itapempha nzeru, mfumuyo inapanga mafano awiri a ana angʼombe. Mfumuyo inati kwa anthuwo, “Mwakhala mukupita ku Yerusalemu nthawi yayitali. Iwe Israeli, nayi milungu yako imene inakutulutsa mʼdziko la Igupto.”
၂၈ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
29 Fano lina analiyika ku Beteli ndipo lina analiyika ku Dani.
၂၉ထို့နောက်ရွှေနွားလားဥသဘရုပ်တစ်ကောင် ကိုဗေသလမြို့၌လည်းကောင်း၊ အခြားတစ် ကောင်ကိုဒန်မြို့၌လည်းကောင်းထားတော်မူ၏။-
30 Ndipo zimenezi zinachimwitsa anthu pakuti anthu ankapita mpaka ku Dani kukapembedza fano limene linali kumeneko.
၃၀ထို့ကြောင့်ပြည်သူတို့သည်ထိုမြို့များသို့သွား ရောက်ကာ ကိုးကွယ်ဝတ်ပြုလျက်အပြစ်ကူး လွန်ကြကုန်၏။-
31 Yeroboamu anamanga Nyumba za Mulungu pa malo azipembedzo nasankha ansembe kuchokera pakati pa anthu wamba, ngakhale sanali Alevi.
၃၁ယေရောဗောင်သည်တောင်ထိပ်များတွင်ကိုးကွယ် ဝတ်ပြုရာဌာနများကိုလည်းတည်ဆောက်ပြီး လျှင် လေဝိအနွယ်ဝင်မဟုတ်သောသူတို့အား ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူလေ သည်။
32 Iye anakhazikitsa chikondwerero pa tsiku la 15 la mwezi wachisanu ndi chitatu, lofanana ndi tsiku la chikondwerero cha ku Yuda, ndipo ankapereka nsembe pa guwa. Izi ankachita ku Beteli, kupereka nsembe kwa ana angʼombe amene anapanga. Ndipo ku Beteliko anayikako ansembe pa malo achipembedzo amene anamanga.
၃၂ယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။-
33 Tsiku la 15 la mwezi wachisanu ndi chitatu, mwezi umene anawusankha yekha, anapereka nsembe pa guwa limene analimanga ku Beteli. Motero anakhazikitsa chikondwerero cha Aisraeli ndipo iye ankapita kukapereka nsembe yofukiza lubani pa guwa.
၃၃မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။