< 1 Mafumu 11 >

1 Komatu Mfumu Solomoni anakonda akazi ambiri achilendo ndipo kuwonjezera pa mwana wamkazi wa Farao, analinso ndi akazi a mitundu iyi: Amowabu, Aamoni, Aedomu, Asidoni, ndi Ahiti.
ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-
2 Akazi amenewa anali ochokera ku mitundu ija imene Yehova anawuza Aisraeli kuti, “Simuyenera kudzakwatirana nawo amenewa, chifukwa ndithu, amenewa adzatembenuza mitima yanu kuti mutsatire milungu yawo.” Komabe Solomoni anawakonda kwambiri akazi amenewa.
ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နှင့်​အိမ် ထောင်​မ​ပြု​ရ။ သူ​တို့​သည်​သင်​တို့​၏​စိတ်​နှ​လုံး ကို​သူ​တို့​ဘု​ရား​များ​ဘက်​သို့​အ​မှန်​ပင်​ယိမ်း ယိုင်​စေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ သို့ ပါ​လျက်​ရှော​လ​မုန်​သည်​ထို​အ​မျိုး​သ​မီး များ​နှင့်​စုံ​ဖက်​တော်​မူ​လေ​သည်။-
3 Iye anali ndi akazi 700 ochokera ku mabanja achifumu ndi azikazi 300 ndipo akaziwo anamusocheretsa.
ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊-
4 Solomoni atakalamba, akazi akewo anakopa mtima wake kuti atsatire milungu ina, ndipo sanatsatire Yehova Mulungu wake ndi mtima wodzipereka, monga unalili mtima wa Davide abambo ake.
အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊-
5 Pakuti iye ankapembedza Asitoreti, mulungu wamkazi wa Asidoni, ndiponso Moleki mulungu wonyansa wa Aamoni.
ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊-
6 Kotero Solomoni anachita zoyipa pamaso pa Yehova. Sanatsatire Yehova kwathunthu monga anachitira Davide abambo ake.
ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။-
7 Pa phiri la kummawa kwa Yerusalemu, anamanga malo opembedzerapo Kemosi, mulungu wonyansa wa Mowabu, ndiponso malo a Moleki, mulungu wonyansa wa Aamoni.
ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-
8 Iye anamangiranso malo oterewa akazi ake onse achilendo, amene amafukiza lubani ndi kumapereka nsembe kwa milungu yawo.
လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။
9 Choncho Yehova anakwiyira Solomoni chifukwa mtima wake unatembenuka kuchoka kwa Yehova Mulungu wa Israeli, amene anamuonekera kawiri konse.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်​အား​နှစ်​ကြိမ် တိုင်​တိုင်​ထင်​ရှား​၍ လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​ရန်​မိန့် ကြား​တော်​မူ​သော်​လည်း ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား မ​ထောင်​ဘဲ ကိုယ်​တော်​အား​ကျော​ခိုင်း​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လ​မုန်​အား အမျက်​ထွက်​တော်​မူ​သ​ဖြင့်၊-
10 Ngakhale kuti Yehova anamuletsa Solomoni kutsatira milungu ina, iyeyo sanamvere lamulo la Yehova.
၁၀
11 Pamenepo Yehova anati kwa Solomoni, “Popeza mtima wako ndi wotere ndipo sunasunge pangano langa ndi malamulo anga amene ndinakuwuza, ndithudi, Ine ndidzawugawa ufumuwu kuwuchotsa kwa iwe ndi kuwupereka kwa mmodzi mwa atumiki ako.
၁၁``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-
12 Koma chifukwa cha Davide abambo ako, sindidzachita zimenezi iwe uli moyo. Ndidzawugawa mʼdzanja la mwana wako.
၁၂သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-
13 Komabe sindidzamulanda ufumu wonse, koma ndidzamusiyira fuko limodzi chifukwa cha mtumiki wanga Davide ndiponso chifukwa cha Yerusalemu, mzinda umene ndinawusankha.”
၁၃သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။
14 Ndipo Yehova anamuutsira Solomoni mdani, Hadadi Mwedomu, wochokera ku banja laufumu ku Edomu.
၁၄သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-
15 Kale pamene Davide ankachita nkhondo ndi Aedomu, Yowabu mkulu wa ankhondo, amene anapita kukakwirira Aisraeli akufa, anakantha amuna onse ku Edomu.
၁၅ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။-
16 Yowabu ndi Aisraeli onse anakhala kumeneko miyezi isanu ndi umodzi mpaka anawononga amuna onse a ku Edomu.
၁၆
17 Koma Hadadi akanali mwana anathawira ku Igupto pamodzi ndi akuluakulu ena a ku Edomu amene ankatumikira abambo ake.
၁၇ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)
18 Iwo ananyamuka ku Midiya ndi kupita ku Parani. Ndipo anatenga amuna ena ku Paraniko, napita nawo ku Igupto, kwa Farao mfumu ya Igupto, amene anamupatsa nyumba, malo ndiponso chakudya.
၁၈သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-
19 Farao anamukomera mtima Hadadi ndipo anamupatsa mkazi amene anali mngʼono wake wa Mfumukazi Tahipenesi.
၁၉ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-
20 Mngʼono wake wa Tahipenesi anabereka mwana wamwamuna ndipo anamutcha Genubati, amene analeredwa mʼnyumba yaufumu ndi Tahipenesi. Genubatiyo ankakhala limodzi ndi ana a Farao.
၂၀ထို​အ​မျိုး​သ​မီး​သည်​သား​ဂေ​နု​ဗတ်​ကို​ဖွား​မြင် ရာ ထို​သား​ကို​နန်း​တော်​တွင်း​၌​မိ​ဖု​ရား​က​ပင် လျှင်​စောင့်​ရှောက်​ပြု​စု​ထား​သ​ဖြင့် သူ​ငယ်​သည် ဘု​ရင်​၏​သား​တော်​များ​နှင့်​အ​တူ​နေ​ထိုင်​ရ လေ​သည်။
21 Ali ku Iguptoko, Hadadi anamva kuti Davide ndi Yowabu anamwalira. Pamenepo Hadadi anati kwa Farao, “Loleni ndichoke kuti ndibwerere ku dziko la kwathu.”
၂၁ဒါ​ဝိဒ်​မင်း​ကွယ်​လွန်​တော်​မူ​၍ တပ်​မ​တော်​ဗိုလ် ချုပ်​ယွာ​ဘ​သည်​လည်း​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အီ​ဂျစ်​ပြည်​သို့​သ​တင်း​ရောက်​ရှိ​လာ​သော အ​ခါ ဟာ​ဒဒ်​က​အီ​ဂျစ်​ဘု​ရင်​ထံ``အ​ကျွန်ုပ် အား​မိ​မိ​တိုင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​တော်​မူ ပါ'' ဟု​လျှောက်​လေ​၏။
22 Farao anafunsa kuti, “Kodi ukusowa chiyani kuno kuti ufune kubwerera ku dziko la kwanu?” Hadadi anayankha kuti, “Palibe chimene ndikusowa, koma loleni kuti ndichoke!”
၂၂မင်း​ကြီး​က``အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​လို ဆန္ဒ​မ​ပြည့်​ဝ​၍​သင့်​ပြည်​သို့​ပြန်​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဟာ​ဒဒ်​က``ယင်း​သို့​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ပြန် ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ပြီး​လျှင် မိ​မိ​၏​ပြည်​သို့​ပြန်​သွား​လေ​၏။ ဟာ​ဒဒ်​သည်​ဧ​ဒုံ​ပြည်​တွင်​မင်း​ပြု​လျက် ဣ​သ ရေ​လ​လူ​မျိုး​ကို​ရွံ​ရှာ​၍​ရန်​မူ​လေ​သည်။
23 Ndipo Mulungu anawutsira Solomoni mdani wina, Rezoni mwana wa Eliada, amene anali atathawa mbuye wake, Hadadezeri mfumu ya ku Zoba.
၂၃ဘု​ရား​သ​ခင်​သည်​ဧ​လျာ​ဒ​၏​သား​ရေ​ဇုန်​ကို လည်း ရှော​လ​မုန်​အား​ပုန်​ကန်​စေ​တော်​မူ​၏။ ရေ​ဇုန် သည်​မိ​မိ​၏​သ​ခင်၊ ဇော​ဘ​ဘု​ရင်၊ ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ထွက်​ပြေး​ပြီး​လျှင်​တော​ပုန်း​အ​ဖွဲ့​ခေါင်း ဆောင်​လုပ်​၍​နေ​လေ​၏။-
24 Iye anasonkhanitsa anthu ndipo anali mtsogoleri wa anthu owukira pamene Davide anapha ankhondo a ku Zoba. Anthu owukirawa anapita ku Damasiko, nakakhala kumeneko ndi kuyamba kulamulira.
၂၄(ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။-
25 Rezoni anali mdani wa Israeli pa masiku onse a Solomoni, kuwonjezera pa mavuto amene ankabweretsa Hadadi. Kotero Rezoni ankalamulira ku Aramu ndipo ankadana ndi Israeli.
၂၅ရေ​ဇုန်​သည်​လည်း​ရှော​လ​မုန်​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား ရန်​မူ​လျက်​နေ​၏။
26 Yeroboamu, mwana wa Nebati anawukiranso mfumu. Iye anali mmodzi mwa akuluakulu a Solomoni wa fuko la Efereimu, wa ku Zeredi, ndipo amayi ake anali Zeruya, mkazi wamasiye.
၂၆ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။-
27 Nkhani ya kuwukira kwa Yeroboamu inali yotere: Solomoni anamanga malo a chitetezo a Milo ndipo anakonza khoma logumuka la mzinda wa Davide, abambo ake.
၂၇ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-
28 Tsono Yeroboamu anali munthu wamphamvu kwambiri ndipo Solomoni ataona kuti mnyamatayo amadziwa kugwira ntchito bwino, anamuyika kukhala woyangʼanira anthu a ntchito onse a nyumba ya Yosefe.
၂၈လုပ်​ရည်​ကိုင်​ရည်​ကောင်း​သူ​ယေ​ရော​ဗောင်​၏​လုံ့​လ ဝိ​ရိ​ယ​ကို​မြင်​တော်​မူ​သော​အ​ခါ ရှော​လ​မုန် သည်​သူ့​အား​မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​များ အ​တွက် ချွေး​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​အပ်​တော် မူ​၏။-
29 Tsiku lina Yeroboamu ali pa ulendo kuchokera ku Yerusalemu, anakumana ndi mneneri Ahiya pa msewu, ndipo Ahiyayo anali atavala mwinjiro watsopano. Awiriwo anali okha kuthengoko,
၂၉တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။-
30 ndipo Ahiya anagwira mwinjiro watsopano umene anavala ndi kuwungʼamba zidutswa 12.
၃၀အ​ဟိ​ယ​သည်​မိ​မိ​ဝတ်​ထား​သည့်​ဝတ်​လုံ သစ်​ကို​ချွတ်​၍ တစ်​ဆယ့်​နှစ်​ပိုင်း​ဆုတ်​ဖြဲ ပြီး​လျှင်၊-
31 Tsono iye anati kwa Yeroboamu, “Tenga zidutswa khumi, pakuti Yehova Mulungu wa Israeli akuti, ‘Taona, Ine ndidzachotsa ufumu mʼdzanja la Solomoni ndipo ndidzakupatsa iwe mafuko khumi.
၃၁ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။-
32 Koma chifukwa cha mtumiki wanga Davide ndiponso mzinda wa Yerusalemu, umene ndinawusankha pakati pa mafuko a Israeli, iye adzakhala ndi fuko limodzi lokha.
၃၂ငါ​၏​အ​စေ​ခံ​ဒါဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍ လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​မှ​ငါ ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု ရှ​လင်​မြို့​ကို​ထောက်​ထား​၍​လည်း​ကောင်း၊ ငါ​သည် ရှော​လ​မုန်​အ​တွက်​နယ်​မြေ​တစ်​ခု​ကို​ချန်​ထား ပေး​မည်။-
33 Ndidzachita zimenezi chifukwa wandisiya Ine ndi kupembedza Asitoreti mulungu wamkazi wa Asidoni, Kemosi mulungu wa Amowabu ndiponso Moleki mulungu wa Aamoni, ndipo sanayende mʼnjira yanga, kapena kusunga mawu anga ndi malamulo anga monga anachitira Davide abambo ake.
၃၃ဤ​သို့​ငါ​ပြု​ရ​မည့်​အ​ကြောင်း​မှာ​ရှော​လ​မုန်​သည် ငါ့​ကို​ပစ်​ပယ်​၍ ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ အမ္မုန်​ဘု​ရား​မိ​လ​ကုံ တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​သော​ကြောင့်​ဖြစ်​၏။ ရှော​လ​မုန်​သည်​ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် လေ​ပြီ။ သူ​သည်​မ​ကောင်း​မှု​ကို​ပြု​၍​ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့​ကို​သူ​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​နာ​ခံ​သ​ကဲ​သို့​မ​နာ​ခံ။-
34 “‘Koma sindidzalanda ufumu wonse mʼdzanja la Solomoni. Ine ndamuyika kukhala wolamulira masiku onse a moyo wake chifukwa cha mtumiki wanga Davide, amene ndinamusankha ndiponso amene anamvera malamulo anga ndi mawu anga.
၃၄သို့​ရာ​တွင်​ငါ​သည်​သူ​၏​ထံ​မှ​တစ်​နိုင်​ငံ​လုံး ကို​ရုပ်​သိမ်း​ဦး​မည်​မ​ဟုတ်။ ငါ​ရွေး​ချယ်​ခန့်​ထား ၍​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​နာ​ခံ​သူ၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​မျက်​နှာ ကို​ထောက်​၍ ငါ​သည်​ရှော​လ​မုန်​အား​တစ်​သက် လုံး​ထို​နိုင်​ငံ​ကို​အုပ်​စိုး​စေ​မည်။-
35 Ndidzalanda ufumu mʼdzanja la mwana wake ndipo ndidzakupatsa iwe mafuko khumi.
၃၅သူ​၏​သား​လက်​ထက်​ရောက်​မှ​ထို​နိုင်​ငံ​ကို ရုပ်​သိမ်း​၍ ဣ​သ​ရေ​လ​ဆယ်​နွယ်​ကို​သင့်​အား ငါ​ပေး​မည်။-
36 Ndidzapereka fuko limodzi kwa mwana wake ndi cholinga choti Davide mtumiki wanga adzakhale nyale nthawi zonse pamaso panga mu Yerusalemu, mzinda umene ndinawusankha kuyikamo Dzina langa.
၃၆ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-
37 Koma kunena za iwe, ndidzakutenga ndipo udzalamulira chilichonse chimene mtima wako ukukhumba; udzakhala mfumu ya Israeli.
၃၇အ​ချင်း​ယေ​ရော​ဗောင်၊ ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​မည်။ သင်​သည်​မိ​မိ​အ​လို​ရှိ သော​နယ်​မြေ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။-
38 Ngati udzamvera zonse zimene ndidzakulamula ndi kuyenda mʼnjira yanga ndi kuchita zabwino pamaso panga, posunga malamulo anga ndi mawu anga monga anachitira Davide mtumiki wanga, Ine ndidzakhala nawe. Ndidzakupatsa ufumu umene udzakhala wokhazikika monga ndinamupatsira Davide, ndipo Ine ndidzakupatsa Israeli.
၃၈အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။-
39 Ine ndidzalanga zidzukulu za Davide chifukwa cha zimenezi, koma osati kwamuyaya.’”
၃၉ရှော​လ​မုန်​၏​အ​ပြစ်​အ​တွက်​ငါ​သည်​ဒါဝိဒ်​၏ သား​မြေး​တို့​အား​ဒဏ်​ခတ်​မည်။ သို့​သော်​အ​စဉ် အ​မြဲ​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို လေ​သည်။
40 Solomoni anafunitsitsa kupha Yeroboamu, koma Yeroboamu anathawira ku Igupto, kwa Sisaki mfumu ya Igupto ndipo anakhala kumeneko mpaka Solomoni atamwalira.
၄၀ထို့​ကြောင့်​ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ် ရန်​ကြိုး​စား​လေ​၏။ ယေ​ရော​ဗောင်​သည်​အီ​ဂျစ် ဘု​ရင်​ရှိ​ရှက်​ထံ​သို့​ထွက်​ပြေး​၍ ရှော​လ​မုန် ကွယ်​လွန်​သည့်​တိုင်​အောင်​အီ​ဂျစ်​ပြည်​တွင်​နေ လေ​သည်။
41 Ntchito zina za Solomoni, zonse zomwe anachita komanso za nzeru zake, kodi sizinalembedwe mʼbuku la mbiri ya Solomoni?
၄၁ရှော​လ​မုန်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ၊ နေ​ထိုင်​ပြု​မူ​ပုံ​နှင့်​ပ​ညာ​ဉာဏ်​ရှိ​ပုံ​အ​ကြောင်း တို့​ကို​ရှော​လ​မုန်​အတ္ထု​ပ္ပတ္တိ​စာ​စောင်​တွင်​ရေး​သား ဖော်​ပြ​ထား​လေ​သည်။-
42 Solomoni analamulira Aisraeli onse mu Yerusalemu kwa zaka makumi anayi.
၄၂သူ​သည်​လေး​ဆယ့်​တစ်နှစ်​တိုင်​တိုင်​ယေ​ရု​ရှ​လင် မြို့​တွင်​နန်း​စံ​တော်​မူ​လျက် ဣ​သ​ရေ​လ​တစ် နိုင်​ငံ​လုံး​ကို​အုပ်​စိုး​တော်​မူ​ခဲ့​သတည်း။-
43 Ndipo anagona ndi makolo ake nayikidwa mʼmanda mu mzinda wa Davide abambo ake. Ndipo Rehobowamu mwana wake analowa ufumu mʼmalo ake.
၄၃သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။

< 1 Mafumu 11 >