< 1 Akorinto 3 >
1 Ndipo abale sindikanakuyankhulani ngati auzimu koma adziko lapansi, makanda chabe mwa Khristu.
၁ညီအစ်ကို တို့၊ အထက်က ငါ သည် ဝိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင် တို့အား ဟောပြော ရသော အခွင့်မ ရှိ ဘဲ၊ ဇာတိ ပကတိလူတို့အား၎င်း၊ ခရစ်တော် ၌ သူငယ် ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။
2 Ndinakupatsani mkaka osati chakudya cholimba pakuti munali musanakonzeke kuchilandira. Zoonadi, simunakonzekebe.
၂ယခုတိုင်အောင်သင် တို့သည် ခဲဘွယ် စားဘွယ်ကို မ ကြေနိုင် သောကြောင့် ငါမ ကျွေးရ၊ နို့ ကိုသာ တိုက် ရ ၏။ ယခုပင် လည်း ၊ သင်တို့သည် မ ကြေနိုင် ကြသေး ။
3 Mukanali adziko lapansi. Pakuti pakati panu pali kaduka ndi kukangana, kodi si inu a dziko lapansi? Kodi simukuchita ngati anthu wamba?
၃ယခုပင်လည်း၊ ဇာတိ ပကတိလူဖြစ် ကြသေး ၏။ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍ ၊ သင် တို့သည်ဇာတိ ပကတိ လူဖြစ် ကြသည် မ ဟုတ်လော။ လောကီ ထုံးစံအတိုင်း ကျင့်ဆောင် ကြသည် မဟုတ်လော။
4 Pamene wina anena kuti, “Ine ndimatsatira Paulo,” ndipo wina akuti, “Ine ndimatsatira Apolo,” Kodi si inu akunja?
၄တစ်ယောက် က၊ ငါ သည်ပေါလု တပည့်ဖြစ် ၏ ဟူ၍၎င်း၊ တစ်ယောက် က၊ ငါ သည်အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြော ကြလျှင် ၊ ဇာတိပကတိလူ ဖြစ် ကြသည်မ ဟုတ်လော။
5 Ndiponso kodi Apolo ndi ndani? Nanga Paulo ndi ndani? Otumikira chabe, omwe kudzera mwa iwo inu munakhulupirira monga Ambuye anawagawira aliyense ntchito yake.
၅ပေါလု ကား အဘယ်သူ နည်း။ အာပေါလု ကား အဘယ်သူ နည်း။ အခြားသောသူမဟုတ်၊ ထာဝရ ဘုရား သည် အသီးသီး တို့အား အခွင့်ပေး သနားတော်မူသည်နှင့်အညီ ၊ သင်တို့ကို ယုံကြည် ခြင်းသို့ ရောက်စေသော ဓမ္မဆရာ ပေတည်း။
6 Ine ndinadzala mbewu, Apolo anayithirira, koma Mulungu ndiye anayikulitsa.
၆ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။
7 Choncho kuphatikiza iye wodzala ndi iye wothirira, onse sali kanthu, koma Mulungu yekha amene amakulitsa zinthu.
၇စိုက်ပျိုး သောသူ မ တတ်နိုင်။ ရေလောင်း သော သူ လည်း မ တတ်နိုင်။ ကြီးပွား စေတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။
8 Munthu wodzala ndi munthu wothirira ali ndi cholinga chimodzi, ndipo aliyense adzapatsidwa mphotho molingana ndi ntchito yake.
၈သို့သော်လည်း ၊ စိုက်ပျိုး သောသူ နှင့် ရေလောင်း သောသူ သည် တစ်လုံးတစ်ဝတည်း ဖြစ် ၍ ၊ အသီးအသီး မိမိ လုပ် သည်အတိုင်း မိမိ အကျိုး ကို ခံရ လိမ့်မည်။
9 Pakuti ife ndife antchito anzake a Mulungu; inu ndinu munda wa Mulungu, Nyumba ya Mulungu.
၉ငါတို့သည် ဘုရားသခင့် ထံ၌အလုပ် လုပ်သော သူချင်းဖြစ် ကြ၏။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင် ၏ ကျောင်း တော်တိုက်လည်း ဖြစ် ကြ၏။
10 Mwachisomo chimene Mulungu wandipatsa, ine ndinayika maziko monga mmisiri waluntha, ndipo ena akumangapo. Koma aliyense ayenera kuchenjera mmene akumangira.
၁၀ဘုရားသခင် ၏ကျေးဇူး တော်ကို ငါ ခံရ သည်နှင့်အညီ ၊ လိမ္မာ သော ဗိသုကာ ကဲ့သို့ တိုက်မြစ် ကိုချ ပြီ။ အခြား သောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ ၏။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက် သည်ကို လူတိုင်းသတိပြု ပါစေ။
11 Pakuti wina sangayikenso maziko ena oposera amene anakhazikitsidwa kale, amene ndi Yesu Khristu.
၁၁အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသော ၊ ချ လျက်ရှိသော တိုက်မြစ် မှတပါး အခြား သော တိုက်မြစ်ကို အဘယ်သူ မျှမချ နိုင် ။
12 Ngati munthu aliyense amanga pa maziko awa pogwiritsa ntchito golide, siliva, miyala yamtengowapatali, milimo yamitengo, tsekera kapena udzu,
၁၂ထို တိုက်မြစ် အပေါ် ၌ရွှေ ၊ ငွေ ၊ ကျောက် ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုး များကို ထပ်ဆင့်၍ တည်ဆောက် သောသူရှိသမျှ ၊
13 ntchito yake idzaonekera pamene Tsiku la chiweruzo lidzazionetsa poyera. Tsikulo lidzafika ndi moto, ndipo motowo ndi umene udzayesa ntchito ya munthu aliyense.
၁၃အသီးသီး လုပ်သော အလုပ် သည် ထင်ရှား လိမ့်မည် ။ အဘယ်သို့ နည်းဟူမူကား ၊ ဖော်ပြ ချိန် နေ့ရက် သည် မီး အားဖြင့် ထင်ရှား စေလိမ့်မည်။ လူ တိုင်းလုပ်သောအလုပ် သည် အဘယ်သို့ သော အလုပ်ဖြစ် သည်ကို မီး သည်စစ်ကြော စုံစမ်းလိမ့်မည်။
14 Ngati zimene zamangidwazo sizidzagwa, adzalandira mphotho yake.
၁၄ထို တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက် သော အကြင်သူ ၏ အလုပ် သည်မြဲ ၏။ ထိုသူသည် အကျိုး ကို ခံရ လိမ့်မည်။
15 Ndipo ngati zidzanyeke ndi moto, sadzalandira mphotho koma iye mwini adzapulumukabe, koma monga ngati munthu amene wapulumuka mʼmoto.
၁၅အကြင်သူ ၏အလုပ် သည် ကျွမ်းလောင် ၏၊ ထိုသူ သည် အရှုံး ခံရလိမ့်မည်။ သို့သော်လည်း ၊ မီး နှင့် လွတ် သကဲ့သို့ သူသည် ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်။
16 Kodi inu simukudziwa kuti ndinu Nyumba ya Mulungu ndipo kuti Mzimu wa Mulungu amakhala mwa inu?
၁၆သင်တို့သည် ဘုရားသခင် ၏ ဗိမာန် တော် ဖြစ် ကြသည်ကို၎င်း ၊ ဘုရားသခင် ၏ဝိညာဉ် တော်သည် သင် တို့အထဲ ၌ ကျိန်းဝပ် တော်မူသည်ကို၎င်း မ သိ ကြသလော။
17 Ngati wina aliyense awononga Nyumba ya Mulunguyo, Mulungu nayenso adzamuwononga ameneyo; popeza Nyumba ya Mulungu ndi yopatulika ndipo Nyumbayo ndi inu amene.
၁၇အကြင်သူ သည် ဘုရားသခင် ၏ ဗိမာန် တော်ကို ဖျက်ဆီး ၏။ ထို သူကို ဘုရားသခင် ဖျက်ဆီး တော်မူလိမ့်မည်။ ဘုရားသခင် ၏ ဗိမာန် တော်သည် သန့်ရှင်း ရ၏။ သင် တို့သည်လည်း၊ ထိုဗိမာန် တော် ဖြစ် ကြ၏။
18 Choncho musadzinyenge. Ngati wina wa inu akuganiza kuti ndi wanzeru pa mulingo wa mʼbado uno, ayenera kukhala “wopusa” kuti athe kukhala wanzeru. (aiōn )
၁၈အဘယ်သူ မျှ ကိုယ် ကို မလှည့်ဖြား စေနှင့်။ သင် တို့တွင် အကြင်သူ သည် ဤ လောက ၌ ပညာရှိ ဖြစ် သည်ဟု ကိုယ်ကိုထင် ၏။ ထိုသူသည်ပညာရှိ အဖြစ် သို့ ရောက်လိုသောငှာ လူမိုက် ဖြစ် ပါစေ။ (aiōn )
19 Pakuti nzeru ya dziko lapansi ndi yopusa pamaso pa Mulungu. Monga kwalembedwera kuti, “Iye amakola anthu ochenjera mu msampha wa kuchenjera kwawo,”
၁၉အကြောင်းမူကား ၊ လောကီ ပညာ သည် ဘုရားသခင့် ရှေ့၌ မိုက်မဲ ခြင်းဖြစ် ၏။ ကျမ်းစာ လာသည်ကား ၊ ဘုရားသခင် သည် ပညာရှိ တို့ကို သူ တို့၏ ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏ဟု လာသတည်း။
20 ndiponso, “Ambuye amadziwa kuti maganizo a wanzeru ndi opandapake.”
၂၀တစ်ဖန်တုံ ၊ပညာရှိ တို့၏ အကြံအစည် တို့သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရ ဘုရားသိ တော်မူ၏ဟု လာသတည်း။
21 Choncho, wina asanyadire anthu chabe! Zonse ndi zanu,
၂၁ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။
22 kaya Paulo kapena Apolo kapena Kefa kapena dziko lapansi, kapena moyo, kapena imfa, kapena tsopano, kapena mʼtsogolo, zonse ndi zanu,
၂၂ပေါလု ဖြစ်စေ ၊ အာပေါလု ဖြစ်စေ ၊ ကေဖ ဖြစ်စေ ၊ ဤလောက ဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ သေ ခြင်း ဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောက် လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ ဖြစ်ကြ၏။
23 ndipo inu ndinu a Khristu, ndipo Khristu ndi wa Mulungu.
၂၃သင် တို့သည်လည်း ၊ ခရစ်တော် အဘို့ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ဘုရားသခင် အဘို့ ဖြစ်တော်မူ၏။