< Pinadayag 21 >

1 Ug unya nakita ko ang usa ka bag-ong langit ug ang usa ka bag-ong yuta; kay ang unang langit ug ang unang yuta nangahanaw na man, ug ang dagat wala na.
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွှေသွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာ မရှိ။
2 Ug nakita ko ang balaang siyudad, ang bag-ong Jerusalem, nga nanaug gikan sa langit gikan sa Dios, gitagana maingon sa usa ka pangasaw-onon nga gidayandayanan alang sa iyang pamanhonon.
သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။
3 Ug nadungog ko gikan sa trono ang usa ka dakung tingog nga nag-ingon, "Tan-awa, ang puloy-anan sa Dios anaa uban sa mga tawo. Siya magapuyo ipon kanila ug sila mahimong iyang katawhan, ug ang Dios gayud mao ang magpakig-uban kanila ug mahimong ilang Dios.
ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲကော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။
4 Ug iyang pagapahiran ang tanang luha gikan sa ilang mga mata, ug ang kamatayon wala na; ug wala na usab unyay pagminatay, ni paghilak, ni kasakit, kay ang unang mga butang nangagi na."
ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။
5 Ug ang naglingkod sa trono miingon, "Tan-awa, ginabag-o ko ang tanang mga butang." Usab miingon siya, "Isulat mo kini, kay kining mga pulonga kasaligan ug matuod."
ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူက လည်း၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တဖန် တုံ၊ ရေးထား လော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏ ဟူ၍၎င်း၊
6 Ug siya miingon kanako, "Natapus na! Ako mao ang Alfa ug ang Omega, ang sinugdan ug ang katapusan. Kaniya nga giuhaw ihatag ko ang tubig nga walay bayad gikan sa tuboran sa tubig sa kinabuhi.
အမှုပြီးပြီ။ ငါသည် အာလပဖြစ်၏။ ဩမေဃ လည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။
7 Ang magamadaugon makapanag-iya niining maong paunlondon, ug ako mahimong iyang Dios ug siya mahimong akong anak.
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။
8 Apan alang sa mga talawan, ug sa mga dili matinoohon, ug sa mga malaw-ay, alang sa mga mamomono, ug sa mga makihilawason, ug sa mga lumayan, ug sa mga magsisimbag mga diosdios, ug sa tanang mga bakakon, ang ilang bahin mao ang paghiadto sa linaw nga nagasilaob sa kalayo ug asupri, nga mao ang ikaduhang kamatayon." (Limnē Pyr g3041 g4442)
ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။ (Limnē Pyr g3041 g4442)
9 Unya mitungha ang usa sa pito ka mga manolunda nga may pito ka mga panaksan nga napuno sa katapusang pito ka mga hampak, ug kanako misulti siya nga nag-ingon, "Umari ka, ipakita ko kanimo ang Pangasaw-onon, ang asawa sa Cordero."
နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့် သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာ ဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက် ၊
10 Ug diha sa Espiritu gidala niya ako ngadto sa usa ka daku ug hataas nga bukid, ug iyang gipakita kanako ang balaang siyudad nga Jerusalem nga nanaug gikan sa langit gikan sa Dios,
၁၀ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။
11 nga may himaya sa Dios, kinsang kasidlak sama sa usa ka batong hamili nga talagsaon kaayo, sama sa batong haspe, matin-aw morag kristal.
၁၁ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။
12 Kini adunay daku ug mahabog nga paril nga may napulog-duha ka mga pultahan, ug sa pultahan anaay napulog-duha ka mga manolunda, ug diha sa mga pultahan nasulat ang mga ngalan sa napulog-duha ka mga banay sa kaliwatan ni Israel;
၁၂ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။
13 sa sidlakan may tulo ka mga pultahan, sa amihanan may tulo ka mga pultahan, sa habagatan may tulo ka mga pultahan, ug sa kasadpan may tulo ka mga pultahan.
၁၃အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။
14 Ug ang paril sa siyudad may napulog-duha ka mga sukaranan, ug kanila diha ang mga ngalan sa napulog-duha ka mga apostoles sa Cordero.
၁၄မြို့ရိုးအမြစ်သည် တဆယ်နှစ်ပါး၏ နာမတို့ သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။
15 Ug ang nakigsulti kanako may barahan nga bulawan aron isukod sa siyudad ug sa mga pultahan ug mga paril niini.
၁၅ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း တိုင်းခြင်းငှါ၊ တိုင်းစရာ ရွှေကျူလုံးပါ၏။
16 Ang siyudad nahimutang nga kuwadrado, ang iyang gitas-on sama sa iyang gilapdon; ug pinaagi sa iyang barahan, iyang gisukod ang siyudad, ug kini mga duha ka libo ug upat ka gatus ka kilometro; parihas ang iyang gitas-on ug ang gilapdon ug ang kahabugon.
၁၆မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ ထိုသူ သည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။
17 Gisukod usab niya ang paril niini, nga may mga kan-uman ug unom ka metro, sumala sa sinukdan sa tawo, nga maoy pagsukod niini sa manolunda.
၁၇မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ် လေးတောင်ရှိ၏။
18 Ang paril hinimog batong haspe, samtang ang siyudad lunsayng bulawan, matin-aw morag bildo.
၁၈မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင် ဖြစ်၏။
19 Ang mga patukuranan sa paril sa siyudad gidayandayanan sa tanang matang sa mga batong hamili: ang nahauna haspe, ang ikaduha sapiro, ang ikatulo kalsidonya, ang ikaupat ismiralda,
၁၉မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပဋ္ဌမအမြစ်ကားနဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထ အမြစ်ကား မြ၊
20 ang ikalima sardonika, ang ikaunom kornalina, ang ikapito krisolito, ang ikawalo birilo, ang ikasiyam topasyo, ang ikanapulo krisopraso, ang ikanapulog-usa hasinto, ang ikanapulog-duha amatista.
၂၀ပဥ္စမအမြစ်ကား ကြောင်၊ ဆဋ္ဌမအမြစ် ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမ အမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝှါကိနု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။
21 Ug ang napulog-duha ka mga pultahan hinimog napulog-duha ka mga mutya, ang matag-usa ka pultahan hinimog usa lamang ka buok mutya; ug ang kadalanan sa siyudad lunsayng bulawan, matin-aw morag bildo.
၂၁တံခါးရွက် တဆယ်နှစ်ရွက်အသီးအသီးတို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်၏။
22 Ug wala akoy nakitang templo sa siyudad, kay ang templo niini mao man ang Ginoong Dios nga Makagagahum sa Tanan ug ang Cordero.
၂၂မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူ ကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ် တော်မူ၏။
23 Ug ang siyudad wala na magkinahanglan ug Adlaw o Bulan sa pagdan-ag kaniya, kay ang himaya sa Dios mao man ang iyang kahayag, ug ang iyang suga mao man ang Cordero.
၂၃ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။
24 Pinaagi sa kahayag sa siyudad managpanglakaw ang mga nasud; ug ang mga hari sa yuta managdala sa ilang himaya ngadto niini,
၂၄လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု ၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။
25 ug ang iyang mga pultahan dili gayud pagasirhan sa maadlaw kay wala may gabii didto;
၂၅မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညဉ့်မူကား မရှိ။
26 ilang pagadad-on ngadto niini ang himaya ug kadungganan sa kanasuran.
၂၆လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။
27 Apan dinhi niini walay bisan unsang mahugaw nga pasudlon, ni ang nagabatasan sa malaw-ay o sa pagpamakak, kondili sila lamang nga nahisulat diha sa basahon nga iya sa Cordero, sa basahon sa kinabuhi.
၂၇ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။

< Pinadayag 21 >