< Mga Salmo 1 >
1 Bulahan ang tawo nga wala magalakaw sa tambag sa mga dautan, Ni magatindog sa dalan sa mga makasasala, Ni magalingkod sa mga lingkoranan sa mga mayubiton:
၁မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊
2 Kondili anaa sa Kasugoan ni Jehova ang iyang kalipay; Ug sa Kasugoan niya nagapalandong siya sa adlaw ug sa gabii.
၂လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
3 Ug siya mahisama sa kahoy nga natanum sa daplin sa kasapaan sa tubig, Nga nagadala sa iyang bunga sa iyang panahon, Kansang dahon usab dili malaya, Ug bisan unsa nga ginabuhat niya magamauswagon.
၃အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
4 Dili ingon niini ang mga dautan, Kondili ingon sa uhot nga ginapalid sa hangin.
၄မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏။
5 Busa dili magatindog ang mga dautan sa paghukom, Ni ang mga makasasala diha sa katilingban sa mga matarung.
၅ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ် သော သူတို့၏အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။
6 Kay naila ni Jehova ang dalan sa mga matarung; Apan ang dalan sa mga dautan mawala.
၆အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ၏။ မတရားသော သူတို့၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။