< Jeremias 3 >
1 Sila nanag-ingon: Kong ang usa ka tawo mobiya sa iyang asawa, ug siya molakaw gikan kaniya, ug mahimong asawa sa lain, mobalik ba ang tawo pag-usab kaniya? dili ba kanang yutaa mamahugaw sa hilabihan gayud? apan ikaw nakighilawas uban sa daghang mga hinigugma; bisan pa niini bumalik kamo pag-usab kanako, nagaingo si Jehova.
၁ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။
2 Iyahat ang imong mga mata ngadto sa mga walay sulod nga kahitas-an, ug tan-awa; diin ikaw wala iponi sa paghigda? Sa kadalanan ikaw milingkod alang kanila, ingon sa usa ka Arabe diha sa kamingawan; ug ikaw naghugaw sa yuta uban sa imong mga pagpakighilawas ug uban sa imong pagkadautan.
၂မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့် ၎င်း ပြည်ကို ညစ်ညူးစေပြီ။
3 Busa ang ulan gipogngan, ug walay naulahing ulan; bisan pa niini ikaw adunay usa ka agtang sa bigaon, ikaw nagdumili sa pagkaulaw.
၃မိုဃ်းခေါင်၍ နောက်မိုဃ်းတိုင်အောင် မရွာ သော်လည်း၊ သင်သည် ပြည်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်း သဘောကိုပယ်ရှားပြီ။
4 Dili ba ikaw sukad niining panahona mosinggit kanako: Amahan ko, ikaw mao ang magmamando sa akong pagkabatan-on?
၄ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော် သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။
5 Pagatipigan ba niya ang iyang kasuko sa walay kinutoban' tipigan ba niya hangtud sa katapusan? Ania karon, ikaw nakapamulong ug nakabuhat sa dautang mga butang, ug nangatuman ang imong tuyo.
၅ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူ မည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင် သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။
6 Labut pa niini si Jehova miingon kanako sa mga adlaw ni Josias nga hari: Nakita mo ba ang nabuhat sa mga masalaypon nga Israel? siya miadto sa tagsatagsa ka hatag-as nga bukid ug sa ilalum sa tagsatagsa ka lunhawng kahoy, ug didto nakighilawas.
၆ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။
7 Ug ako miingon sa human siya makabuhat niining mga butanga: Mobalik siya kanako; apan siya wala mobalik: Ug ang iyang maluibong igsoon nga Juda nakakita niini.
၇သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ၏။
8 Ug nakita ko, sa diha nga, ang tanang mga hinungdan nga ang masalaypon nga Israel nakapanapaw, akong gisalikway siya ug gihatagan ko siya ug usa ka sulat sa kabulagan, ugaling ang iyang igsoong Juda nga maluibon wala mahadlok; apan miadto usab ug nagpakighilawas.
၈ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက် သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
9 Ug nahitabo tungod sa pagkagaan sa iyang pagpakighilawas, nga ang yuta nahugawan, ug siya nanapaw sa mga bato ug uban sa mga tuod sa kahoy.
၉သူသည် မတရားသော မေထုန်ကိုပြု၍ အလွန် လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍၊ ကျောက် နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။
10 Ug bisan pa tungod niining tanan, ang iyang maluibong igsoong Juda wala mobalik kanako uban sa bug-os niyang kasingkasing, kondili sa kabakakan, nagaingon si Jehova.
၁၀ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11 Ug si Jehova miingon kanako: Ang masalaypon nga Israel nagpakita sa iyang kaugalingon nga labi pang matarung kay sa maluibon nga Juda.
၁၁တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး၏။
12 Lakaw, ug isangyaw kining mga pulonga ngadto sa amihanan, ug umingon: Bumalik ka, masalaypon nga Israel, nagaingon si Jehova; ikaw dili mosulinga-sa-kaligutgut; kay ako maloloy-on man, nagaingon si Jehova, dili ako magtipig ug kaligutgut sa walay katapusan.
၁၂သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။
13 Angkona lamang ang imong kasal-anan, nga ikaw nakalapas batok kang Jehova nga imong Dios, ug nagsabwag sa imong mga paagi sa mga lumalangyaw ilalum sa tagsatagsa ka lunhawng kahoy, ug wala mo pagpatalinghugi ang akong tingog, nagaingon si Jehova.
၁၃သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။
14 Bumalik kamo, Oh mga anak nga masalaypon, nagaingon si Jehova; kay ako mao ang inyong bana; ug ikuha ko kamo ug usa ka ciudad, ug duruha sa usa ka panimalay, ug dad-on ko kamo ngadto sa Sion:
၁၄အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက်၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
15 Ug hatagan ko kamo ug mga magbalantay nga uyon sa akong kasingkasing, nga magapakaon kaninyo sa kinaadman ug salabutan.
၁၅ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။
16 Ug mahatabo, sa diha nga kamo mosanay ug modaghan sa yuta, niadtong mga adlawa, nagaingon si Jehova, sila dili na moingon pag-usab: Ang arca sa tugon ni Jehova: ni mahisulod pa kini sa ilang hunahuna, ni mahinumdum pa sila niini; ni modu-aw pa sila niini; ni buhaton pa kini pag-usab.
၁၆ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွါး များပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍ နောက်တဖန် မပြောမဆိုရ။ ထိုသေတ္တာတော် ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။
17 Niadtong panahona sila magatawag sa Jerusalem nga trono ni Jehova, ug ang tanang mga nasud pagatigumon ngadto kaniya, sa ngalan ni Jehova, sa Jerusalem: ni magalakaw sila pag-usab sa katig-a sa ilang dautang kasingkasing.
၁၇ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုပလ္လင် သို့ စည်းဝေးကြလိမ့်မည်။ နောက်တဖန် မိမိတို့၌ ဆိုး သောစိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက်၍ မကျင့် ရကြ။
18 Niadtong mga adlawa ang balay sa Juda mokuyog sa balay sa Israel, ug silang duruha mogula gikan sa yuta sa amihanan ngadto sa yuta nga akong gihatag alang sa usa ka panulondon sa inyong mga amahan.
၁၈ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက်၊ မြောက်မျက်နှာအရပ်က တစု တည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဘို့၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည်။
19 Apan ako miingon: Unsaon ko pagbutang kanimo sa taliwala sa mga anak, ug paghatag kanimo sa yuta nga kailibgon, usa ka maayong panulondon sa mga panon sa mga nasud? ug ako miingon: Kamo motawag kanako: Akong Amahan; ug dili mobiya sa pagsunod kanako.
၁၉ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။
20 Sa pagkatinuod ingon nga ang usa ka maluibon nga asawa mobiya sa iyang bana, mao man kamo nagaluib kanako, Oh balay sa Israel, nagaingon si Jehova.
၂၀အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
21 Ang usa ka tingog nadungog sa mga walay sulod nga kahitas-an, ang paghilak ug mga pangaliyupo sa mga anak sa Israel; tungod kay sila mingsimang gikan sa ilang dalan, sila nalimot kang Jehova nga ilang Dios.
၂၁ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရား သခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။
22 Bumalik kamo, masalaypon nga mga anak, pagaayohon ko ang inyong mga kasaypanan. among Dios.
၂၂အိုဖောက်ပြန်သော သူငယ်၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြ ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
23 Sa pagkatinuod kawang lamang ang kaluwasan nga gitukod gikan sa mga bungtod, ang kagubot sa ibabaw sa kabukiran: sa pagkatinuod kang Jehova nga atong Dios anaa ang kaluwasan sa Israel.
၂၃အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ၏။
24 Apan ang butang nga makau-ulaw nagalamoy sa mga binuhatan sa atong mga amahan, gikan sa atong pagkabatan-on, ang ilang mga panon sa carnero ug sa mga vaca, ang ilang mga anak nga lalake ug ang ilang mga anak nga babaye.
၂၄ရှက်ဘွယ်သော အရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုး နွား၊ သားသမီး များကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ ကုန်ပါပြီ။
25 Manghigda kita sa atong kaulawan, ug ipatabon kanato ang atong kagubot; kay nakasala kita batok kang Jehova nga atong Dios, kita ug ang atong mga amahan, gikan sa atong pagkabatan-on bisan hangtud niining adlawa; ug kita wala managtuman sa tingog ni Jehova nga atong Dios.
၂၅အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။