< Malaquias 1 >

1 Ang pagpahayag sa pulong ni Yahweh ngadto sa Israel pinaagi sa kamot ni Malaquias.
ဤ​ဗျာ​ဒိတ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြန်​ကြား​ရန်​အ​တွက် မာ​လ​ခိ အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။
2 Miingon si Yahweh, “Gihigugma ko kamo”. Apan miingon kamo, “Giunsa mo man kami paghigugma?” “Dili ba si Esau man ang igsoon ni Jacob?” nag-ingon si Yahweh. “Apan sa gihapon gihigugma ko si Jacob,
ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​အား​အ​စဉ်​အ​မြဲ ချစ်​မြတ်​နိုး​ပါ​၏'' ဟု​မိန့်​တော်​မူ​သော် လည်း၊ သူ​တို့​က``ကျွန်​တော်​မျိုး​အ​တွက်​မေတ္တာ​တော် ကို​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း``ဧ​သော​နှင့် ယာ​ကုပ်​သည်​ညီ​အစ်​ကို​တော်​သော်​လည်း ငါ သည်​ယာ​ကုပ်​နှင့်​သား​မြေး​များ​ကို​ချစ်​၍၊-
3 apan gikasilagan ko si Esau. Gihimo ko nga biniyaan ang iyang mga kabukiran ug gihimo ko ang iyang napanunod nga dapit alang sa ihalas nga mga iro sa kamingawan.”
ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။
4 Kung ang Edom moingon, “Gigun-ob kami, apan tukoron namo pagbalik ang mga naguba,” Moingon si Yahweh nga gamhanan, “Matukod nila kini pagbalik apan gun-obon ko gihapon kini pag-usab. Pagatawagon sila sa uban nga 'Ang nasod sa kadaotan' ug 'Ang gitunglo ni Yahweh nga katawhan hangtod sa kahangtoran.'
အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။
5 Makita kini sa inyong mga mata, ug moingon kamo, 'Gamhanan si Yahweh bisan pa sa mga utlanan sa Israel.'''
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဤ​အ​ဖြစ် အ​ပျက်​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ရ​ကြ သ​ဖြင့်``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​အ​ပြင်​အ​ပ​၌​ပင်​လျှင် ဘုန်း​တန်​ခိုး ကြီး​တော်​မူ​ပါ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့် မည်။
6 “Magpasidungog ang anak nga lalaki sa iyang amahan, ug ang sulugoon sa iyang agalon. Unya kung ako usa ka amahan, asa man ang akong pasidungog? Kung ako usa ka agalon, asa man ang balaang pagtahod alang kanako?” Nag-ingon si Yahweh nga gamhanan ngadto kaninyo nga mga pari nga nagpasipala sa akong ngalan. “Apan miingon kamo, 'Giunsa man namo pagpasipala ang imong ngalan?'
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။-
7 Pinaagi sa paghalad sa mga pan-os nga tinapay diha sa akong halaran. Apan miingon kamo, 'Giunsa man namo sa paghugaw kanimo? Pinaagi sa pagsulti nga, ang lamesa ni Yahweh talamayon.
သင်​တို့​မ​ထီ​မဲ့​မြင်​ပြု​ပုံ​မှာ​ငါ​၏​ယဇ် ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​အ​စား​အ​စာ များ​ကို​တင်​လှူ​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဖြစ် ၏။ ထို​နောက်​သင်​တို့​က``ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သို့​မ​ရို မ​သေ​ပြု​ခဲ့​ကြ​ပါ​သ​နည်း'' ဟု​မေး​ကြ ပြန်​၏။ သင်​တို့​မ​ရို​မ​သေ​ပြု​ပုံ​ကား​ငါ ၏​ယဇ်​ပလ္လင်​ကို​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ် ပေ​သည်။-
8 Sa paghalad ninyo sa buta nga mga mananap, dili ba daotan man kana? Sa paghalad ninyo sa mga piang ug mga masakiton, dili ba daotan man kana? Ihatag kana ngadto sa inyong gobernador! Dawaton ba niya kamo o mahimuot ba siya kaninyo?” miingon si Yahweh nga gamhanan.
သင်​တို့​သည်​မျက်​စိ​ကန်း​ဖျား​နာ​သို့​မ​ဟုတ် ခြေ​ကျိုး​သည့်​ယဇ်​ကောင်​တို့​အား​တင်​လှူ​ပူ ဇော်​ရန် ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​သင် တို့​တွင်​အ​ပြစ်​မ​ရှိ​ဟု​ထင်​မှတ်​ကြ​ပါ သ​လော။ ဤ​ကဲ့​သို့​သော​သိုး​နွား​မျိုး​ကို ဘု​ရင်​ခံ​အား​ဆက်​သ​ကြည့်​ပါ​သ​လော။ သူ​သည်​သင်​တို့​အား​နှစ်​သက်​ပါ​မည်​လော။ အ​ခွင့်​ထူး​များ​ကို​သော်​လည်း​ပေး​ပါ​လိမ့် မည်​လော'' ဟု​မိန့်​တော်​မူ​၏။
9 Karon nagpadayon kamo sa pagtawag diha sa atubangan sa Dios, nga magmaluloy-on siya nganhi kanato. Apan nag-ingon si Yahweh nga gamhanan nga sa maong mga halad nga anaa sa inyong mga kamot, mahimuot ba siya kaninyo?
အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊ ငါ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ​ရန်​ဘု​ရား​သ​ခင်​အား ယ​ခု​စမ်း​သပ်​လျှောက်​ထား​ကြည့်​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​၏​ဆု​တောင်း​ပ​တ္ထ​နာ ကို​နား​ညောင်း​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ယင်း သို့​ဖြစ်​ရ​သည်​မှာ​လည်း သင်​တို့​၏​အ​ပြစ် များ​ကြောင့်​ပင်​ဖြစ်​ပါ​၏။-
10 “O, kung adunay usa lamang unta kaninyo nga magasira sa mga pultahan sa templo, aron nga dili na kamo maghaling ug kalayo nga walay pulos diha sa akong halaran! Miingon si Yahweh nga gamhanan, “Wala akoy kalipay diha kaninyo, ug dili ko dawaton ang bisan unsa nga halad gikan sa inyong mga kamot.
၁၀အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-
11 Sukad sa pagsubang sa adlaw hangtod sa pagsalop niini ang akong ngalan mahimong bantogan ngadto sa kanasoran ug diha sa matag dapit ang insenso ug ang putli nga mga halad ihalad sa akong ngalan. Kay ang akong ngalan mahimong bantogan sa kanasoran,” nag-ingon si Yahweh nga gamhanan.
၁၁ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''
12 “Apan gitamay ninyo kini sa dihang miingon kamo nga nahugaw na ang lamesa sa Ginoo, ug ang mga bunga niana, ang pagkaon talamayon man usab.
၁၂``သို့​ရာ​တွင်​သင်​တို့​မူ​ကား​ငါ​၏​ယဇ် ပလ္လင်​ကို​ညစ်​ညမ်း​သည်​ဟု​ဆို​ကာ မိ​မိ​တို့ တင်​လှူ​သည့်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို လည်း​မ​ထီ​မဲ့​မြင်​ပြု​လျက်​ငါ့​အား​ရှုတ် ချ​ကြ​ပေ​သည်။-
13 Nag-ingon usab kamo, 'Pagkalaay ba niini,' ug giyam-iran ninyo kini,” nag-ingon si Yahweh nga gamhanan. “Gidala ninyo kung unsa ang nakuha sa ihalas nga mananap o ang piang o ang masakiton; ug mao kini ang gidala ninyo ingon nga inyong halad. Dawaton ko ba kini gikan sa inyong mga kamot?” nag-ingon si Yahweh.
၁၃သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''
14 “Matinunglo unta ang malimbongon nga adunay usa ka laki nga mananap diha sa iyang kahayopan ug nagsaad nga ihatag kini kanako, apan ang gihalad hinuon kanako, ang Ginoo, ang mananap nga masakiton! Kay bantogan ako nga hari,” nag-ingon si Yahweh nga gamhanan, “ug pasidunggan ang akong ngalan ngadto sa kanasoran.”
၁၄``မိ​မိ​၏​သိုး​အုပ်​တွင်​အ​ပြစ်​အ​နာ​ကင်း သည့်​သိုး​များ​ရှိ​ပါ​လျက် ငါ့​အား​လိမ်​လည် လှည့်​စား​၍​အ​သုံး​မ​ကျ​သည့်​ယဇ်​ကောင် ကို​ပူ​ဇော်​ဆက်​သ​သူ​သည်​ကျိန်​စာ​သင့်​ပါ စေ​သ​တည်း။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ကြီး​မြတ်​သည့်​ဘု​ရင်​ဖြစ်​တော်​မူ​၍ ငါ​၏ နာ​မ​တော်​ကို​လူ​မျိုး​တ​ကာ​တို့​ကြောက်​ရွံ့ ရို​သေ​ရ​သော​ကြောင့်​တည်း'' ဟု​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

< Malaquias 1 >