< Mga Maghuhukom 11 >
1 Karon si Jepta nga Gileadhanon usa ka kusgan nga manggugubat, apan anak siya sa babayeng nagabaligya ug dungog. Si Gilead mao ang iyang amahan.
၁သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊-
2 Ang asawa ni Gilead nanganak usab sa iyang laing mga anak nga lalaki. Sa dihang nanagko na ang mga anak nga lalaki sa iyang asawa, gipugos nila si Jepta sa pagbiya sa balay ug giingnan siya, “Wala kay bisan unsang mapanunod gikan sa among pamilya. Anak ka sa laing babaye.”
၂မယားနှင့်ရသောသားများလည်းရှိ၏။ ထို သူတို့သည်ကြီးပြင်းလာသောအခါ ယေ ဖသအားနေအိမ်မှနှင်ထုတ်လိုက်ကြ၏။ သူတို့က``သင်သည်အခြားမိန်းမနှင့်ရ သောသားဖြစ်သဖြင့် ငါတို့ဖခင်၏အမွေ ကိုခံရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
3 Busa mibiya si Jepta gikan sa iyang mga igsoong lalaki ug mipuyo sa yuta sa Tob. Miuban ang mga tawong masinupakon sa balaod ug nangadto sila ug mikuyog kaniya.
၃ယေဖသသည်လည်းမိမိ၏ညီအစ်ကိုများ ထံမှထွက်ပြေး၍ တောဘပြည်၌နေထိုင် လေသည်။ ထိုအရပ်၌သူသည်အခြေအနေ မဲ့သူလူတစ်စု၏လေးစားမှုကိုခံရ သဖြင့် ထိုသူတို့သည်သူ၏နောက်သို့ လိုက်ကြလေသည်။
4 Pipila ka mga adlaw, nakiggubat ang katawhan sa Ammon batok sa Israel.
၄ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။-
5 Sa dihang ang katawhan sa Ammon nakiggubat batok sa Israel, miadto ang mga kadagkoan sa Gilead aron sa pagkuha pagbalik kang Jepta gikan sa yuta sa Tob.
၅ထိုအခါဂိလဒ်ပြည်၏ခေါင်းဆောင်တို့သည် ယေဖသကိုခေါ်ယူရန်တောဘပြည်သို့သွား၍၊-
6 Miingon sila kang Jepta, “Dali ug ikaw ang mangulo kanamo aron makig-away kita sa katawhan ni Ammon.”
၆သူ့အား``အမ္မုန်အမျိုးသားများကိုတိုက်ခိုက် ရန် ငါတို့အားဦးဆောင်ပါ'' ဟုပြောကြား ကြ၏။
7 Si Jepta miingon sa mga pangulo sa Gilead, “Nasilag kamo kanako ug gipugos ninyo ako sa pagbiya sa balay sa akong amahan. Nganong mianhi man kamo kanako karon nga anaa kamo sa kagubot?”
၇သို့ရာတွင်ယေဖသက``သင်တို့သည်ငါ့ကို အလွန်မုန်းသဖြင့်အဖအိမ်မှနှင်ထုတ်ခဲ့ ကြ၏။ ယခုဒုက္ခရောက်သောအခါကျမှ အဘယ်ကြောင့်ငါ့ထံသို့လာကြပါသနည်း'' ဟုပြန်ပြောလေသည်။
8 Ang mga kadagkoan sa Gilead miingon kang Jepta, “Mao kana ang hinungdan nga mianhi kami kanimo karon; uban kanamo ug pakig-away sa katawhan sa Ammon, ug mamahimo kang pangulo ibabaw sa tanan nga nagpuyo sa Gilead.”
၈သူတို့သည်ယေဖသအား``ယခုသင့်ထံသို့ ငါတို့လာကြသည်မှာအမ္မုန်အမျိုးသားတို့ အား ငါတို့နှင့်အတူသွားရောက်တိုက်ခိုက်ရန် နှင့်ဂိလဒ်ပြည်သားအပေါင်းတို့အားခေါင်း ဆောင်စေရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။
9 Si Jepta miingon sa mga kadagkoan sa Gilead, “Kung inyo akung dal-on pagbalik sa balay aron sa pagpakig-away batok sa katawhan sa Ammon, ug kung hatagan ako ni Yahweh ug kadaogan tali kanila, mamahimo ninyo akong pangulo.”
၉ယေဖသက``အကယ်၍သင်တို့သည်အမ္မုန် အမျိုးသားတို့အား တိုက်ခိုက်ရန်ငါ့ကိုအိမ် သို့ပြန်လည်ခေါ်ဆောင်သဖြင့် ထာဝရဘုရား ကလည်းငါ့အားအောင်ပွဲခံစေတော်မူသည် ဆိုပါလျှင် ငါသည်သင်တို့၏ဘုရင်ဖြစ်လာ ရမည်'' ဟုပြန်ပြောလေသည်။
10 Ang mga kadagkoan sa Gilead miingon kang Jepta, “Hinaot nga si Yahweh ang mamahimong saksi tali kanato kung dili namo buhaton ang among gisulti!”
၁၀ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။-
11 Busa miuban si Jepta sa mga kadagkoan sa Gilead, ug ang mga tawo naghimo kaniya nga pangulo ug labaw kanila. Sa dihang didto na siya atubangan ni Yahweh sa Mizpa, gisubli ni Jepta ang tanan nga gihimo niyang panaad.
၁၁ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
12 Ug nagpadalag mga mensahero si Jepta ngadto sa hari sa katawhan sa Ammon, nga nag-ingon, “Unsa man kining panagbangi tali kanato? Nganong mianhi man kamo uban sa pagpamugos sa pagkuha sa among yuta?”
၁၂ထိုနောက်သူသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုလွှတ်၍``သင်နှင့်ငါတို့တွင်အဘယ် ရန်စရှိပါသနည်း။ သင်သည်အဘယ်ကြောင့် ငါတို့ပြည်သို့ချဉ်းနင်းဝင်ရောက်ရပါ သနည်း'' ဟုမေး၏။
13 Ang hari sa katawhan sa Ammon mitubag sa mga mensahero ni Jepta, “Tungod kay sa dihang migawas ang Israel gikan sa Ehipto, giilog nila ang akong yuta gikan sa Arnon hangtod sa Jabok, latas sa Jordan. Karon ibalik kadtong mga yutaa nga malinawon.
၁၃အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။
14 Nagpadala pag-usab si Jepta ug mga mensahero ngadto sa hari sa katawhan sa Ammon,
၁၄ယေဖသသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုပြန်လည်စေလွှတ်ကာဤသို့ဖြေ ကြား၏။ ``မောဘပြည်ကိုသော်လည်းကောင်း၊ အမ္မုန်ပြည်ကိုသော်လည်းကောင်း ဣသရေလ အမျိုးသားတို့သိမ်းယူခဲ့ကြသည်ဆိုသည် မှာမဟုတ်မမှန်ပါ။-
15 ug miingon siya, “Mao kini ang giingon ni Jepta: Wala gikuha sa Israel ang yuta sa Moab ug ang yuta sa katawhan sa Ammon,
၁၅
16 apan migikan sila sa Ehipto, ug milatas ang Israel sa kamingawan ngadto sa Pulang Dagat ug sa Kades.
၁၆အဖြစ်မှန်မှာဣသရေလအမျိုးသားတို့ သည် အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ၌သူတို့သည်သဲကန္တာရကိုဖြတ်၍ အာက ဘာပင်လယ်ကွေ့အနီးကာဒေရှမြို့သို့ ရောက်ရှိကြ၏။-
17 Sa dihang nagpadalag mga mensahero ang Israel ngadto sa hari sa Edom, nga nag-ingon, 'Palihog paagiha kami sa inyong yuta,' wala naminaw ang hari sa Edom. Nagpadala usab silag mga mensahero ngadto sa hari sa Moab, apan nagdumili siya. Busa ang Israel nagpabilin sa Kades.
၁၇ထိုအခါသူတို့သည်ဧဒုံဘုရင်ထံသို့စေ တမန်များကိုလွှတ်၍ ဧဒုံပြည်ကိုဖြတ်သွား ခွင့်ပြုရန်လျှောက်ထားကြ၏။ သို့ရာတွင်ဧဒုံ ဘုရင်ကခွင့်ပြုတော်မမူ။ သူတို့သည်မောဘ ဘုရင်အားလည်းထိုနည်းတူလျှောက်ထားကြ ပြန်၏။ ထိုဘုရင်ကလည်းခွင့်မပြုချေ။ သို့ ဖြစ်၍ဣသရေလအမျိုးသားတို့သည်ကာ ဒေရှမြို့တွင်နေထိုင်ရကြ၏။-
18 Unya miadto sila latas sa kamingawan ug mibiya sa yuta sa Edom ug sa yuta sa Moab, ug miadto sila sa sidlakang bahin sa yuta sa Moab ug nagkampo sa pikas nga bahin sa Arnon. Apan wala sila moadto sa sakop sa Moab, kay ang Arnon mao man ang utlanan sa Moab.
၁၈ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။-
19 Nagpadalag mga mensahero ang Israel ngadto kang Sihon, nga hari sa mga Amorihanon, nga maoy pangulo sa Hesbon; Miingon ang Israel kaniya, 'Palihog, paagiha kami sa imong yuta paingon ngadto sa amoa.'
၁၉ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟေရှဘုန်မြို့ရှိအာမောရိလူမျိုးတို့၏ ဘုရင်၊ ရှိဟုန်ထံသို့စေလွှတ်ပြီးလျှင်သူ ၏ပြည်ကိုဖြတ်ကျော်ကာ မိမိတို့ပြည်သို့ သွားရောက်ခွင့်ပြုရန်ပန်ကြားလျှောက် ထားကြ၏။-
20 Apan wala mosalig si Sihon sa Israel nga moagi sa iyang ginsakopan. Busa gitigom ni Sihon ang tanan niyang kasundalohan ug miadto sa Jahaz, ug didto nakiggubat siya batok sa Israel.
၂၀သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-
21 Ug si Yahweh, ang Dios sa Israel, mitugyan kang Sihon ug sa tanan niyang katawhan ngadto sa kamot sa Israel ug nabuntog sila. Busa gikuha sa Israel ang tanan nga kayutaan sa mga Amorihanon nga nagpuyo niadtong dapita.
၂၁သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။-
22 Gikuha nila ang tanan nga anaa sa ginsakopan sa mga Amorihanon, gikan sa Arnon ngadto sa Jabbok, ug gikan sa kamingawan ngadto sa Jordan.
၂၂သူတို့သည်တောင်သို့လားသော်အာနုန်မြစ်၊ မြောက်သို့လားသော်ယဗ္ဗုတ်မြစ်တိုင်အောင် လည်းကောင်း၊ အရှေ့သို့လားသော်သဲကန္တာရ၊ အနောက်သို့လားသော်ယော်ဒန်မြစ်တိုင်အောင် လည်းကောင်းအာမောရိနယ်မြေရှိသမျှ ကိုသိမ်းယူကြ၏။-
23 Busa si Yahweh, ang Dios sa Israel, nagpapahawa sa mga Amorihanon diha sa iyang katawhang Israel, ug karon gusto ninyong panag-iyahon ang ilang yuta?
၂၃သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အတွက် အမ္မုန်အမျိုးသား တို့အားနှင်ထုတ်ပေးတော်မူသောအရှင်မှာ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။-
24 Dili ba ninyo kuhaon ang yuta nga iya ni Kemosh, ang inyong dios, nga gihatag kaninyo? Busa bisan unsa nga yuta nga gihatag ni Yahweh kanamo, among kuhaon.
၂၄သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-
25 Karon tinuod ba nga mas maayo pa kamo ni Balak ang anak nga lalaki ni Zippor, ang hari sa Moab? Nakaako ba siya pagpakiglalis sa Israel? Nakiggubat ba siya batok kanila?
၂၅သင်သည်မိမိကိုယ်ကိုမောဘဘုရင်၊ ဇိဖော် ၏သားဗာလက်ထက်ပိုမိုကြီးမြတ်သည်ဟု ထင်မှတ်ပါသလော။ သူသည်ဣသရေလ လူမျိုးကိုရန်ပြု၍တိုက်ခိုက်ဖူးပါသ လော။-
26 Samtang nagpuyo ang Israel sulod sa 300 ka tuig sa Hesbon ug sa kabaryohan niini, ug sa Aroer sa kabaryohan niini, ug sa tanan nga mga siyudad nga anaa sa daplin sa Arnon—nganong wala man ninyo kini kuhaa pagbalik niadtong mga panahona?
၂၆ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
27 Wala akoy nabuhat nga sayop kaninyo, apan nagbuhat kamo ug sayop kanako pinaagi sa pag-ataki kanako. Si Yahweh, nga maghuhukom, ang mohukom karong adlawa tali sa katawhan sa Israel ug sa katawhan sa Ammon.”
၂၇ငါသည်သင့်အားအဘယ်သို့မျှမပြစ်မှား။ သင်သာလျှင်ငါ့အားစစ်တိုက်ခြင်းဖြင့် အမှားကိုပြု၏။ ထာဝရဘုရားသည်တရား သူကြီးဖြစ်တော်မူ၏။ ကိုယ်တော်သည်ဣသ ရေလအမျိုးသားနှင့်အမ္မုန်အမျိုးသား တို့စပ်ကြား၌ ယနေ့တရားစီရင်ဆုံး ဖြတ်တော်မူပါလိမ့်မည်။-''
28 Apan ang hari sa katawhan sa Ammon wala maminaw sa pasidaan ni Jepta nga gipadala kaniya.
၂၈သို့ရာတွင်အမ္မုန်ဘုရင်သည်ယေဖသပြန် လည်ဖြေကြားသောစကားကိုမည်သို့မျှ ပမာဏမပြုချေ။
29 Ug ang Espiritu ni Yahweh mikunsad kang Jepta, ug miagi siya sa Gilead ug sa Manasses, ug miagi sa Mizpa sa Gilead, ug gikan sa Mizpa sa Gilead miadto siya ngadto sa katawhan sa Ammon.
၂၉ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
30 Nanaad si Jepta kang Yaweh ug miingon, “Kung hatagan mo akog kadaogan tali sa katawhan sa Ammon,
၃၀သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊-
31 bisan unsa nga mogawas sa mga pultahan sa akong balay aron sa pagsugat kanako sa akong pagbalik nga malinawon gikan sa katawhan sa Ammon mamahimong iya ni Yahweh, ug ihalad ko kini isip halad nga sinunog.”
၃၁အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။''
32 Busa miadto si Jepta sa katawhan sa Ammon aron sa pagpakig-away batok kanila, ug naghatag si Yahweh kaniya ug kadaogan.
၃၂သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။-
33 Gisulong niya sila ug gipamatay gikan sa Aroer hangtod sa Minnit—20 ka siyudad—ug sa Abel Keramim. Busa ang katawhan sa Ammon nahimong ubos sa pagdumala sa katawhan sa Israel.
၃၃သူသည်ရန်သူများကိုအာရော်မြို့မှအစပြု ၍ မိန္နိတ်မြို့၏ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရှိမြို့ပေါင်းနှစ်ဆယ်ကိုလည်းကောင်း၊ အာဗေ လခေရမိမ်မြို့သို့တိုင်အောင်လည်းကောင်း လိုက် လံတိုက်ခိုက်ရာလူသတ်ပွဲကြီးဖြစ်ခဲ့၏။ သို့ ဖြစ်၍အမ္မုန်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့်စစ်တိုက်ရာတွင်အရေး ရှုံးနိမ့်သွားလေ၏။
34 Miadto si Jepta sa iyang balay sa Mizpa, ug didto misugat kaniya ang iyang anak nga babaye uban sa tambor ug mga pagsayaw. Bugtong niya siyang anak, ug gawas kaniya wala na siyay anak nga lalaki ni anak nga babaye.
၃၄ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။-
35 Sa dihang nakita niya siya, gigisi niya ang iyang bisti ug miingon, “Oh! Akong anak! Gidugmok mo ako sa kaguol, ug nahimo kang usa sa hinungdan sa akong kasakit! Kay nakahimo akog panaad ngadto kang Yahweh, ug dili ko matalikdan ang akong saad.”
၃၅ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
36 Miingon siya kaniya, “Akong amahan, nakahimo ka ug saad ngadto kang Yahweh, himoa kanako ang tanan nimong gisaad, tungod kay si Yahweh ang nanimalos kanimo batok sa imong mga kaaway, ang Ammonihanon.”
၃၆သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။-
37 Miingon siya sa iyang amahan, 'Himoa nga kining saad matuman alang kanako. Biya-i akong mag-inusara sulod sa duha ka bulan, aron makabiya ako ug makaadto sa kabungtoran ug magbangotan sa akong pagkaulay, ako ug ang akong mga kaubanan.”
၃၇သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။-
38 Miingon siya, “Lakaw.” Gipalakaw niya siya sulod sa duha ka bulan. Mibiya siya kaniya, siya ug ang iyang mga kaubanan, ug nagbangotan sila sa iyang pagka-ulay didto sa kabungtoran.
၃၈ယေဖသသည်သမီးဖြစ်သူအားနှစ်လမျှ ခွင့်ပြု၍ ထွက်ခွာသွားစေလေသည်။ သူငယ်မ သည်အိမ်ထောင်မကျ၊ သားသမီးမရဘဲ သေဆုံးရတော့မည်ဖြစ်၍ သူနှင့်တကွသူ ၏အပေါင်းအဖော်တို့သည်တောင်ရိုးပေါ် သို့တက်၍ငိုကြွေးမြည်တမ်းကြကုန်၏။-
39 Pagkahuman sa duha ka bulan mibalik siya sa iyang amahan, nga naghimo ngadto kaniya sumala sa saad ug panumpa nga iyang gihimo. Wala pa gayod siya madulogi ug lalaki, ug nahimo kining tulumanon sa Israel
၃၉နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊-
40 nga ang kababayen-an sa Israel matag tuig, sulod sa upat ka adlaw, pagabalikon ang sugilanon sa babayeng anak ni Jepta nga Gileadhanon.
၄၀ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။