< Hosea 2 >

1 Ingna ang imong mga igsoong lalaki, 'Akong katawhan!' ug ngadto sa imong mga igsoong babaye, 'Gikaluy-an kamo.'”
သို့​ဖြစ်​၍​သင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ သား​ချင်း​တို့​အား``ဘု​ရား​သ​ခင်​၏​လူ​စု'' ဟူ​၍​လည်း​ကောင်း၊ ``ထာ​ဝ​ရ​ဘု​ရား​သ​နား ကြင်​နာ​သူ​များ'' ဟူ​၍​လည်း​ကောင်း​ကင်​ပွန်း တပ်​ခေါ်​ကြ​လော့။
2 Pasakahi ug kaso ang imong inahan, tungod kay dili ko siya asawa, ug dili pud ko niya bana. Ipasalikway kaniya ang iyang pagbaligyag dungog ug ang iyang pagpanapaw taliwala sa iyang dughan.
ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-
3 Kay kung dili, pagahuboan ko siya ug ipakita ko ang iyang kahubo sama sa adlaw sa iyang pagkahimugso. Himuon ko siya nga sama sa kamingawan, sama sa nauga nga yuta, ug himuon ko siyang mamatay tungod sa kauhaw.
ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-
4 Dili ko kaluy-an ang iyang mga anak, tungod kay mga anak sila sa pagbaligyag dungog.
သူ​၏​သား​သ​မီး​တို့​သည်​ပြည့်​တန်​ဆာ​မ ၏​သား​သ​မီး​များ​ဖြစ်​လာ​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​အား​သ​နား​ကြင်​နာ​မည် မ​ဟုတ်။-
5 Tungod kay nagabaligyag dungog ang ilang inahan, ug makauulaw ang binuhatan sa nagsabak kanila. Miingon siya, “Moadto ako sa akong mga hinigugma, tungod kay gihatagan nila ako ug pan, tubig, sapot, lana, ug ilimnon.”
သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။
6 Busa maghimo ako ug babag aron alihan ug tunok ang iyang agianan. Magtukod ako ug pader batok kaniya aron nga dili niya makita ang iyang agianan.
သို့​ဖြစ်​၍​ငါ​သည်​သူ​မ​ထွက်​နိုင်​ရန်​ဆူး စည်း​ရိုး​ခတ်​၍ လမ်း​ရှာ​မ​တွေ့​နိုင်​ရန်​တံ တိုင်း​ဖြင့်​ကာ​ရံ​ထား​မည်။-
7 Gukdon niya ang iyang mga hinigugma, apan dili niya sila maapsan. Pangitaon niya sila, apan dili gayod niya sila makita. Unya moingon siya, “Mobalik ako ngadto sa akong unang bana, kay mas maayo pa ang akong kahimtang kaniadto kaysa karon.”
သူ​သည်​ချစ်​သူ​တို့​နောက်​သို့​ပြေး​လိုက်​သော် လည်း​မီ​မည်​မဟုတ်၊ ရှာ​သော်​လည်း​တွေ့​မည် မ​ဟုတ်၊ ထို​အ​ခါ​သူ​က``ငါ​သည်​ခင်​ပွန်း ဟောင်း​ထံ​သို့​ပြန်​မည်။ ငါ​သည်​ခင်​ပွန်း​သစ် နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​ထက် ခင်​ပွန်း ဟောင်း​နှင့်​ပေါင်း​သင်း​နေ​ထိုင်​ရ​သည်​က ပို​၍​ကောင်း​သည်'' ဟု​ဆို​လိမ့်​မည်။
8 Tungod kay wala siya masayod nga ako mao ang naghatag kaniyag trigo, sa bag-ong bino ug lana, ug naghatag kaniyag plata ug bulawan, nga ilang gigamit usab ngadto kang Baal.
သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-
9 Busa bawion ko ang iyang trigo panahon sa ting-ani, ug ang akong bag-ong bino sa panahon niini. Bawion ko ang akong mga bisti nga gigamit aron sa pagtabon sa iyang pagkahubo.
သို့​ဖြစ်​၍​ငါ​သည်​ကောက်​ရိတ်​သိမ်း​ချိန်​တွင် ငါ​၏​ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ကို​လည်း ကောင်း၊ သူ​ဝတ်​ရန်​ငါ​ပေး​ထား​သော​သိုး​မွေး နှင့်​ချည်​ကို​လည်း​ကောင်း​ပြန်​၍​သိမ်း​ယူ​မည်။-
10 Unya huboan ko siya atubangan sa iyang mga hinigugma, ug walay bisan usa nga makaluwas kaniya gikan sa akong kamot.
၁၀ငါ​သည်​သူ​၏​ချစ်​သူ​များ​ရှေ့​တွင်​သူ​၏ အ​ဝတ်​ရှိ​သ​မျှ​ကို​ချွတ်​ပစ်​မည်။ ငါ​၏​လက် တွင်း​မှ​သူ့​အား​မည်​သူ​မျှ​မ​ကယ်​နိုင်။-
11 Paundangon ko usab ang iyang mga kasaulogan, ang iyang mga kumbira, ang mga kasaulogan sa bag-ong bulan, ang iyang mga Adlawng Igpapahulay, ug ang tanan niyang gitakda nga mga kasaulogan.
၁၁သူ​၏​နှစ်​စဉ်​ပွဲ​တော်​နှင့်​လ​စဉ်​ပွဲတော်​များ၊ ဥ​ပုသ် နေ့​ပွဲ​တော်​များ​စ​သော​ဘာ​သာ​ရေး​အ​စည်း အ​ဝေး​ရှိ​သ​မျှ​တို့​ကို​ငါ​ရပ်​စဲ​စေ​မည်။-
12 Gub-on ko ang iyang kaparasan ug ang iyang mga kahoyng igera, hinungdan nga miingon siya, 'Mao kini ang mga suhol nga gihatag sa akong mga hinigugma.' Himuon ko silang kalasangan, ug mokaon niini ang mga hayop sa kapatagan.
၁၂သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-
13 Silotan ko siya tungod sa mga kasaulogan alang sa mga Baal, sa dihang nagsunog siya ug insenso alang kanila, sa dihang iyang gidayandayanan ang iyang kaugalingon sa iyang mga singsing ug mga alahas, ug miadto siya sa iyang mga hinigugma ug gikalimtan ako- mao kini ang giingon ni Yahweh.”
၁၃သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။
14 Busa kuhaon ko siya pagbalik. Dad-on ko siya ngadto sa kamingawan ug malumo nga makigsulti kaniya.
၁၄သို့​ဖြစ်​၍​ငါ​သည်​သူ့​ကို​တော​ကန္တာ​ရ​သို့​တစ် ဖန်​ခေါ်​ဆောင်​၍ ထို​နေ​ရာ​၌​ငါ့​ထံ​သို့​ပြန် လာ​ရန်​မေတ္တာ​စ​ကား​ဖြင့်​ဆွဲ​ဆောင်​မည်။-
15 Ihatag ko kaniya pagbalik ang iyang kaparasan, ug ang Walog sa Akor ingon nga pultahan sa paglaom. Tubagon niya ako didto sama sa iyang gibuhat sa mga adlaw sa iyang pagkabatan-on, ingon sa mga adlaw nga migawas siya sa yuta sa Ehipto.
၁၅သူ​၏​စ​ပျစ်​ခြံ​များ​ကို​လည်း​ပြန်​လည်​ရှင် သန်​စေ​၍ အာ​ခေါ်​ဟူ​သော​ဒုက္ခ​ချိုင့်​ဝှမ်း​ကို မျှော်​လင့်​ရာ​တံ​ခါး​ဖြစ်​စေ​မည်။ သူ​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​အ​ခါ​က​ကဲ့​သို့ ငါ့​အား​မေတ္တာ​တုံ့ ပြန်​လိမ့်​မည်။-
16 “Mahitabo kini nianang adlawa—mao kini ang giingon ni Yahweh—nga motawag kamo kanako nga, 'Akong bana,' ug dili na kamo motawag kanako nga 'Akong Baal.'
၁၆ထို​အ​ခါ​သူ​သည်​ငါ့​အား​ဗာ​လ​ဟု​မ​ခေါ် တော့​ဘဲ​ခင်​ပွန်း​ဟု​တစ်​ဖန်​ခေါ်​လိမ့်​မည်။-
17 Tungod kay akong papason ang mga ngalan sa mga Baal gikan sa iyang baba; dili na gayod mahinumdoman pagbalik ang ilang mga ngalan.”
၁၇သူ​သည်​ဗာ​လ​ဟူ​သော​အ​မည်​ကို​သူ​၏​နှုတ် မှ​ဖယ်​ရှား​မည်၊ နောက်​တစ်​ဖန်​မ​ခေါ်​စေ​ရ။-
18 “Niadtong adlawa maghimo ako ug kasabotan alang kanila uban sa mga mananap sa kaumahan, uban sa mga langgam sa kawanangan, ug uban sa mga nagakamang sa yuta. Isalikway ko ang pana, ang espada, ug ang gubat gikan sa yuta, ug pahigdaon ko ikaw nga layo sa piligro.
၁၈ထို​အ​ခါ​ငါ​သည်​သား​ရဲ၊ ငှက်​အ​ပေါင်း​တို့ နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍၊ ဋ္ဌား၊ လေး​မြား​နှင့်​စစ်​ပွဲ များ​ကို​တိုင်း​နိုင်​ငံ​မှ​ဖယ်​ရှား​သ​ဖြင့် ငါ​၏ လူ​မျိုး​တော်​သည်​အေး​ချမ်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​ကြ​လိမ့်​မည်။
19 Isaad ko nga mahimo mo akong bana hangtod sa kahangtoran. Isaad ko nga mahimo mo akong bana sa pagkamatarong, hustisya, kasabotan sa pagkamatinud-anon, ug kaluoy.
၁၉ဣ​သ​ရေ​လ၊ငါ​သည်​သင့်​အား​ဇ​နီး​အ​ဖြစ် သိမ်း​ပိုက်​မည်။ သင့်​အ​ပေါ်​၌​ငါ​၏​သစ္စာ​ခိုင်​မြဲ​မည်။ သင့်​အား​မေတ္တာ​က​ရု​ဏာ​ထား​၍​တ​ရား​ဝင် ဇ​နီး​အ​ဖြစ်​ရာ​သက်​ပန်​သိမ်း​ပိုက်​မည်။
20 Ihatag ko nga matinud-anon ang akong kaugalingon kanimo, ug mailhan mo si Yahweh.
၂၀ငါ​၏​က​တိ​သစ္စာ​နှင့်​အ​ညီ​သင့်​ကို​ငါ​သိမ်း ပိုက်​မည်။ သင်​သည်​ငါ့​ကို​ထာ​ဝ​ရ​ဘု​ရား​အ​ဖြစ် အ​သိ​အ​မှတ်​ပြု​လိမ့်​မည်။
21 Niadtong adlawa, motubag ako—mao kini ang giingon ni Yahweh—tubagon ko ang mga langit, ug tubagon nila ang kalibotan.
၂၁ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့် မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။
22 Ang yuta motubag sa mga trigo, ang bag-ong bino ug ang lana, ug ilang tubagon si Jezreel.
၂၂
23 Itanom ko siya sa yuta alang sa akong kaugalingon, ug kaloy-an ko si Lo Ruhama. Moingon ako kang Lo Ami, 'Kamo si Ami Atah,' ug moingon sila kanako, 'Ikaw ang among Dios.'”
၂၃ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​ပြည်​တော်​တွင်​နေ ထိုင်​စေ​၍ သူ​တို့​အား​ကြီး​ပွား​တိုး​တက်​စေ​မည်။ ငါ​သည်``မေတ္တာ​မဲ့'' နာ​မည်​ခံ​သူ​တို့​ကို ချစ်​ခင်​မြတ်​နိုး​မည်။ ``ငါ​၏​လူ​မျိုး​တော်​မ​ဟုတ်'' နာ​မည်​ခံ​သူ​တို့​ကို ငါ​က`သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​သည်' ဟု မိန့်​တော်​မူ​၍ သူ​တို့​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏ ဘု​ရား​သ​ခင် ဖြစ်​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ကြ​လိမ့်​မည်။

< Hosea 2 >