< Захария 1 >

1 В осмия месец във втората година на Дария, Господното слово дойде към пророк Захария, Син на Варахия, син на Идо и рече:
ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ အဋ္ဌမ လ တွင် ၊ ဣဒေါ သား ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာသော ထာဝရဘုရား ၏နှုတ်ကပတ် တော်ဟူမူကား၊
2 Господ се разгневи много на бащите ви,
ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။
3 Затова кажи им: Така казва Господ на Силите: Върнете се при Мене, казва Господ на Силите: И Аз ще се върна при вас, казва Господ на Силите;
သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
4 Не ставайте такива каквито бяха бащите ви, Към които предишните пророци викаха и рекоха: Така казва Господ на Силите: Върнете се сега от нечестивите си пътища, И от лошите си дела; Но те не послушаха, Нито дадоха внимание на Мене, казва Господ.
ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ ကောင်းသောအကျင့် များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကို ဆင့်ဆို လျက် ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း နား မ ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ မ ပြု ကြနှင့်ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
5 Бащите ви где са? И пророците живеят ли вечно?
ဘိုးဘေး တို့သည် အဘယ် မှာရှိကြသနည်း။ ပရောဖက် တို့သည် အစဉ်အမြဲ အသက်ရှင် တတ်ကြ သလော ။
6 Но думите Ми и повеленията, Които заповядах на слугите Си пророците, Не сполетяха ли бащите ви? И те се обърнаха и рекоха: Както Господ на Силите намисли да постъпи с нас Според постъпките ни и според делата ни, Така е постъпил с нас.
ငါ ၏ ကျွန် ပရောဖက် တို့၌ ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ ဟုတ်လော ။ သူတို့သည် သတိရ ၍ ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား သည် ငါ တို့၌ စီရင် မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။
7 На двадесет и четвъртия ден от единадесетият месец, който е месец Сават, във втората година на Дария, Господното слово дойде към пророк Захария, син на Варахия, син на Идо, и рече:
ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ ဧကာ ဒသမလ တည်းဟူသော ရှေဗတ် လ နှစ် ဆယ်လေး ရက်နေ့ တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဣဒေါ သား ဖြစ်သော ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာ၍၊
8 Видях нощем, и ето човек който яздеше на червен кон, и стоеше между миртовите дървета, които бяха в едно сенчесто място; и зад него имаше червени, пъстри и бели коне.
ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို စီး သော လူ တဦးသည် ထင်ရှား ၍ ချိုင့် တွင် ရှိသောမုရတု တော၌ ရပ် ၏။ သူ့ နောက် မှာနီ သောမြင်း ၊ ညို သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။
9 Тогава рекох: Господарю мой, кои са тези? И ангелът, който говореше с мене, ми рече: Аз ще ти покажа кои са тези.
ငါကလည်း ၊ အိုသခင် ၊ ထို သူတို့ကား အဘယ် သူနည်းဟုမေး သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို ပြီးမှ ၊
10 И човекът, който стоеше между миртите, рече в отговор: Те са ония, които Господ направи да обходят света.
၁၀မုရတု တော၌ ရပ် သော လူ က၊ ထို သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။
11 И проговаряйки на Ангела Господен, който стоеше между миртите, рекох: Ние обходихме света; и, ето, целият свят седи спокойно и е тих.
၁၁ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား ပါပြီ။ မြေကြီး တရှောက်လုံး သည်အမှုမရှိ၊ ငြိမ်ဝပ် လျက်ရှိပါ၏ဟု၊ မုရတု တော၌ ရပ် သော ထာဝရဘုရား ၏ ကောင်းကင် တမန်အား ပြန်လျှောက် ကြ၏။
12 Тогава ангелът Господен в отговор рече: Господи на Силите, до кога няма да покажеш милост към Ерусалим и Юдовите градове, против които си негодувал през тия седемдесет години?
၁၂တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အို ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အနှစ် ခုနစ် ဆယ်ပတ်လုံးအမျက်ထွက် တော်မူသောယေရုရှလင် မြို့နှင့် ယုဒ မြို့ များကို အဘယ် မျှကာလ ပတ်လုံးမ သနား ဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊
13 И Господ отговори с добри думи, с утешителни думи, на ангела, който говореше с мене.
၁၃ထာဝရဘုရား သည် ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ကောင်း သောစကား ၊ နှစ်သိမ့် စေသော စကား ပြန်ပြော တော်မူ၏။
14 И тъй ангелът, който говореше с мене, ми рече: Извикай и кажи: Така казва Господ на Силите: Ревнувам твърде силно за Ерусалим и за Сион;
၁၄ငါ နှင့် ပြောဆို သော ကောင်းကင် တမန်ကလည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါသည် ယေရုရှလင် မြို့နှင့် ဇိအုန် တောင်အဘို့ အလွန်ကြင်နာ သောစိတ်အား ကြီး၏။
15 и много се сърдя на охолните народи; защото като се разсърдих само малко, те спомогнаха към наскърбяването на Израиля.
၁၅ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲ ကြပြီ။
16 Затова, така казва Господ: Аз съм се върнал с милост към Ерусалим; домът Ми ще се построи в него, казва Господ на Силите; и връв ще се опъне върху Ерусалим.
၁၆ထိုကြောင့် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကျေးဇူး ပြုချင်သောစိတ်နှင့် ယေရုရှလင် မြို့သို့ ငါပြန် လာ ပြီ။ ဤ မြို့တွင် ငါ့ အိမ် ကို တည်ဆောက် ရမည်။ မြို့ ရွာကို လည်း တိုင်းထွာ ရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 Извикай още веднъж и речи: Така казва Господ на Силите: Градовете Ми още ще се преливат с благосъстояние; и Господ още ще утеши Сион, и пак ще избере Ерусалим.
၁၇တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား၍ စည်ပင်ကြ လိမ့်မည်။ ထာဝရဘုရား သည် ဇိအုန် တောင်သားတို့ကို နှစ်သိမ့် စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက် ၍ ပြုစု ဦးမည်ဟု မိန့် တော်မူ၏။
18 И като подигнах очите си видях, и ето четири рога.
၁၈တဖန် ငါမျှော်ကြည့် ၍ ဦးချို လေး ချောင်းကို မြင် ၏။
19 И рекох на ангела, който говореше с мене: Какви са тия? И той ми отговори: Тия са роговете, които разпръснаха Юда, Израиля и Ерусалим.
၁၉ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား လည်း ၊ ထို ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို ဦးချိုတို့သည် ယုဒ ပြည်၊ ဣသရေလ ပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။
20 Тогава Господ ми показа четирима ковачи.
၂၀ထာဝရဘုရား သည်လည်း လက်သမား လေး ဦးတို့ကို ပြ တော်မူ၏။
21 И рекох: Какво са дошли да правят тия? И в отговор рече: Ония са роговете които разпръснаха Юда тъй че, никой не повдигаше главата си; но тия са дошли да ги уплашат, и да повалят роговете на народите, които подигнаха рог против Юдовата земя за да я разпръснат.
၂၁ငါကလည်း၊ ဤ သူတို့သည် အဘယ် အမှုကို ပြု ခြင်းငှါ လာ ပါသနည်းဟု မေးလျှောက် သော် ၊ ကောင်းကင် တမန်က၊ ထို ဦးချို တို့သည် အဘယ်သူမျှမျှော် ၍ မ ကြည့်ဝံ့အောင်၊ ယုဒ ပြည်သားတို့ကို ကွဲပြား စေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒ ပြည်သား တို့ ကို ကွဲပြား စေခြင်းငှာ တိုက်လာသောထိုဦးချို တို့ကို ခြိမ်းမောင်း ၍၊ တပါး အမျိုး၏ ဦးချို တို့ကို ရှုတ်ချ သောသူ ဖြစ် ကြသည်ဟု ပြန်ပြော ၏။

< Захария 1 >