< Псалми 95 >
1 Дойдете, да запеем на Господа, Да възкликнем към спасителната ни Канара.
၁လာကြ၊ထာဝရဘုရားအားထောမနာပြု ကြကုန်အံ့။ ငါတို့ခိုလှုံရာဘုရားသခင်၏ဂုဏ်တော်ကို ဝမ်းမြောက်စွာသီချင်းဆိုကြကုန်အံ့။
2 Да застанем пред Него със славословие. С псалми да възкликнем на Него,
၂ကျေးဇူးတော်ကိုချီးမွမ်းလျက်ရှေ့တော်သို့ ဝင်ကြကုန်အံ့။ ဝမ်းမြောက်စွာထောမနာသီချင်းများကို ဆိုကြကုန်အံ့။
3 Защото Господ е велик Бог, И велик цар над всички богове.
၃အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသောဘုရား၊ ဘုရားတကာတို့ထက်တန်ခိုးကြီးသည့်ဘုရင် ဖြစ်တော်မူသောကြောင့်ဖြစ်၏။
4 В неговата ръка са земните дълбочини; И височините на планините са Негови.
၄ကိုယ်တော်သည်အနက်ဆုံးသောမြေကြီး နက်ရှိုင်းရာများမှ အမြင့်ဆုံးသောတောင်ထိပ်များတိုင်အောင် ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရတော်မူ၏။
5 Негово е морето, дори Той го е направил; И ръцете Му създадоха сушата.
၅ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော ပင်လယ်ကိုလည်းကောင်း၊ မိမိလက်တော်ဖြင့်ပြုပြင်တော်မူသည့်ကုန်းမြေ ကိုလည်းကောင်းအစိုးရတော်မူ၏။
6 Дойдете да се поклоним и да припаднем, Да коленичим пред Господа нашия Създател;
၆လာကြ၊ကိုယ်တော်အားဦးညွှတ်ပျပ်ဝပ်၍ ရှိခိုးကြကုန်အံ့။ ငါတို့အားဖန်ဆင်းတော်မူသောထာဝရ ဘုရား၏ ရှေ့တော်တွင်ဒူးထောက်ကြကုန်အံ့။
7 Защото Той е наш Бог. И ние сме люде на пасбището Му и овце на ръката Му, Днес, ако искате да слушате гласа Му,
၇ကိုယ်တော်သည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော် စောင့်ရှောက်တော်မူသောသူများ၊ကိုယ်တော် ကျွေးမွေးတော်မူသောသိုးစုဖြစ်ကြ၏။ ကိုယ်တော်မိန့်တော်မူသောစကားကို ယနေ့နားထောင်ကြလော့။
8 Не закоравявайте сърцата си както в Мерива. Както в деня, когато Ме изпитахте в пустинята,
၈ကိုယ်တော်ကမောရိဘအရပ်တွင်ရောက်ရှိ နေသော သင်တို့ဘိုးဘေးများကဲ့သို့သင်တို့သည် ခေါင်းမမာကြနှင့်။ တောကန္တာရရှိမဿာအရပ်တွင်ရောက်ရှိနေသော ဘိုးဘေးများကဲ့သို့ခေါင်းမမာကြနှင့်။
9 Когато бащите ви Ме изпитаха, Опитаха Ме и видяха каквото сторих.
၉ထိုသူတို့သည်မိမိတို့၏အတွက်ငါပြုသည့် အမှုကိုတွေ့မြင်ကြပြီးဖြစ်သော်လည်း ထိုအရပ်တွင်ငါ့ကိုသွေးစမ်းကြ၏။
10 Четиридесет години негодувах против това поколение, И рекох: Тия люде се заблуждават в сърце, И не са познали Моите пътища;
၁၀ငါသည်အနှစ်လေးဆယ်တိုင်တိုင်ထိုသူတို့အား အမျက်ထွက်ခဲ့၏။ ``သူတို့သည်လွန်စွာသစ္စာဖောက်သူများပါ တကား။ ငါ၏ပညတ်တို့ကိုလိုက်နာရန်ငြင်းဆန်သူများ ပါတကား'' ဟုငါဆို၏။
11 Затова се заклех в гнева Си, Че няма да влязат в Моята почивка.
၁၁ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။