< Псалми 78 >
1 Асафово поучение. Слушайте, люде мои, поучението ми: Приклонете ушите си към думите на устата ми.
၁ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။
2 Ще отворя устата си в притча, Ще произнеса гатанки от древността.
၂ဘိုးဘေးတို့ပြောကြားခဲ့သဖြင့်ငါတို့ ကြားသိရသည့်
3 Това, което чухме и научихме, И нашите бащи ни разказаха,
၃အတိတ်ကာလမှလျှို့ဝှက် နက်နဲသောအရာများအကြောင်းကို သင်တို့အားငါစကားပုံများဖြင့်ရှင်း ပြမည်။
4 Няма да го скрием от чадата им в идното поколение, Но ще повествуваме хвалите на Господа, Неговата сила и чудесните дала, които извърши,
၄ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
5 Защото Той постави свидетелство в Якова, И положи закон в Израиля, За които заповяда в Израиля, За които заповяда на бащите ни Да ги възвестяват чадата си,
၅ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊ ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။ ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန် ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။
6 За да ги знае идното поколение, Децата, които щяха да се родят, - Които да настанат и да ги разказват на своите чада.
၆ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက် မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
7 За да възложат надеждата си на Бога, И да не забравят делата на Бога, Но да пазят Неговите заповеди,
၇ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာ ကိုယ်တော်ပြုသောအမှုအရာတို့ကို မမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
8 И да не станат като бащите си, Упорито и непокорно поколение, Поколение, което не утвърди сърцето си. И чийто дух не биде непоколебим за Бога.
၈သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲ ပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှ ဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
9 Ефремците, макар въоръжени и запъващи лъкове, Върнаха се назад в деня на боя.
၉လေးမြားကိုကိုင်စွဲတိုက်ခိုက်ကြသော ဧဖရိမ်အမျိုးသားတို့သည်စစ်ပွဲဝင်ရသောနေ့၌ ထွက်ပြေးကြကုန်၏။
10 Не опазиха завета на Бога, И в закона Му не склониха да ходят,
၁၀သူတို့သည်ဘုရားသခင်နှင့်မိမိတို့ပြုထားသည့် ပဋိညာဉ်ကိုမစောင့်ထိန်းကြ။ ကိုယ်တော်ရှင်၏ပညတ်တော်ကိုလိုက်နာရန် ငြင်းဆန်ကြ၏။
11 А забравиха Неговите деяния И чудесните дела, които им показа.
၁၁သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊ ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့် နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
12 Пред бащите им извърши чудеса В Египетската земя, в полето Танис
၁၂အီဂျစ်ပြည်ဇောနလွင်ပြင်တွင်သူတို့၏ ဘိုးဘေးတို့၏မျက်မှောက်၌ ထာဝရဘုရားသည်ထူးဆန်းသည့်နိမိတ် လက္ခဏာများကိုပြတော်မူ၏။
13 Раздвои морето и ги преведе, И направи водите да стоят като грамада.
၁၃ကိုယ်တော်သည်ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေကိုစုပုံစေပြီးလျှင်သူတို့အား ဖြတ်ကူးစေတော်မူ၏။
14 Води ги денем с облак, И цялата нощ с огнена виделина.
၁၄နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊ တစ်ညပတ်လုံးမီးအလင်းရောင် အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
15 Разцепи канари в пустинята, И ги напои изобилно като от бездни.
၁၅ကိုယ်တော်သည်တောကန္တာရတွင် ကျောက်ဆောင်ကိုခွဲ၍နက်ရှိုင်းရာမှရေကို ထိုသူတို့အားတိုက်တော်မူ၏။
16 И изведе потоци из канарата, И направи да потекат води като реки.
၁၆ကိုယ်တော်သည်ကျောက်ဆောင်မှ စမ်းရေထွက်စေလျက်မြစ်သဖွယ် စီးဆင်းစေတော်မူ၏။
17 Но те продължиха да Му съгрешават още И да огорчават Всевишния в безводната страна.
၁၇သို့ရာတွင်သူတို့သည်ဘုရားသခင်အား ပြစ်မှားမြဲပြစ်မှားလျက် အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်ကို သဲကန္တာရတွင်ပုန်ကန်ကြ၏။
18 Със сърцето си изпитаха Бога, Като искаха ястия за лакомството си,
၁၈သူတို့သည်စားလိုသည့်အစားအစာကို တောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။
19 И говориха против Бога, казвайки: Може ли Бог да приготви трапеза в пустинята?
၁၉``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။
20 Ето, Той удари канарата, та потекоха води и потоци преляха; А може ли и хляб да даде, или да достави месо за людете Си?
၂၀ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါ အရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။ မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
21 Затова Господ чу и се разгневи, И огън пламна против Якова, А още и гняв обсипа Израиля;
၂၁ထိုသူတို့၏စကားကိုကြားတော်မူသောအခါ ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။ သူတို့သည်ကိုယ်တော်ကိုအားမကိုး။ ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။ အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
22 Защото не повярваха в Бога, Нито Му уповаваха, че ще ги избави.
၂၂
23 При все това Той заповяда на облаците горе, И отвори небесните врати,
၂၃သို့သော်လည်းကိုယ်တော်သည်အထက် ကောင်းကင်အားမိန့်မြွက်တော်မူ၏။ ကောင်းကင်တံခါးများအားဖွင့်ရန် အမိန့်ပေးတော်မူ၏။
24 Та им наваля манна да ядат И даде им небесно жито.
၂၄ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။ သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
25 Всеки ядеше ангелски хляб; Прати им храна до насита.
၂၅ထို့ကြောင့်သူတို့သည်ကောင်းကင်တမန်တို့၏ အစားအစာကိုစားကြရ၏။ ဘုရားသခင်သည်သူတို့အားအဝကျွေးတော်မူ၏။
26 Подигна източен вятър на небето, И със силата Си докара южния вятър.
၂၆ထို့အပြင်ကိုယ်တော်သည် အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။
27 Наваля върху тях и месо изобилно като прах, И птици крилати много като морския пясък;
၂၇ထိုနောက်ပင်လယ်ကမ်းခြေသဲလုံးနှင့်အမျှ များပြားသောငှက်တို့ကို မိမိ၏လူစုတော်အားချပေးတော်မူ၏။
28 И направи ги да падат всред стана им, Около жилищата им.
၂၈ယင်းငှက်တို့သည်တပ်စခန်းအလယ်တဲရှင်များ ပတ်လည်တွင်ကျကြ၏။
29 И тъй, ядоха и се преситиха, Като им даде това, което желаеха.
၂၉သို့ဖြစ်၍လူတို့သည်ကျေနပ်အောင်စားရကြ၏။ ဘုရားသခင်သည်လည်းသူတို့စားလိုသော အစားအစာကိုကျွေးတော်မူ၏။
30 А докато още не бяха се отказали от лакомството си, И ястието им бе в устата им,
၃၀သို့ရာတွင်သူတို့သည်ရောင့်ရဲမှုမရနိုင်။
31 Гневът Божий ги обсипа та изби по-тлъстите от тях, И повали отборните на Израиля.
၃၁ဘုရားသခင်သည်သူတို့အား အမျက်ထွက်တော်မူသဖြင့်အသန်စွမ်းဆုံး လက်ရွေးစင်ဣသရေလလူငယ်လူရွယ် များကို သေဒဏ်သင့်စေတော်မူ၏။
32 При всичко това те следваха да съгрешават, И не вярваха поради чудесните Му дела.
၃၂ဤအဖြစ်အပျက်အပေါင်းနှင့်တွေ့ကြုံရသော်လည်း လူတို့သည်အပြစ်ကူးမြဲကူးလျက်နေကြ၏။ ကိုယ်တော်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော်လည်း သူတို့သည်ကိုယ်တော်ကိုမကိုးစားကြ။
33 Затова Той изнуряваше дните им със суета, И годините им с ужас.
၃၃သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား ထွက်သက်ဝင်သက်တမျှတစ်ခဏချင်း၌ အသက်ဆုံးရှုံးစေတော်မူ၏။ သူတို့၏ဘဝကိုရုတ်တရက်ကျရောက်သည့် ဘေးအန္တရာယ်ကြောင့်နိဂုံးချုပ်စေတော်မူ၏။
34 Когато ги умъртвяваше, тогава питаха за Него, Та изново търсеха Бога ревностно;
၃၄သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်း ကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။ သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
35 И спомниха, че Бог им беше канара, И всевишният Бог техен изкупител.
၃၅ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသော ကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည် မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
36 Но с устата си Го ласкаеха, И с езика си Го лъжеха;
၃၆သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍ လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
37 Защото сърцето им не беше право пред Него, Нито бяха верни на завета Му.
၃၇သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
38 Но Той, като многомилостив, прощаваше беззаконието им и не ги погубваше; Да! много пъти въздържаше гнева Си, И не подигаше всичкото Си негодувание;
၃၈သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။ သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။ ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍ သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
39 И си спомняше, че бяха плът, Вятър, който прехожда и не се връща.
၃၉ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာ ပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
40 Колко пъти Го огорчаваха в пустинята И Го разгневяваха в безводната страна,
၄၀သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
41 Като изново изпитваха Бога, И предизвикваха Светия Израилев!
၄၁သူတို့သည်အဖန်တလဲလဲဘုရားသခင်အား သွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
42 Не си спомнюваха силата на ръката Му В деня, когато ги избави от противника,
၄၂သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်း မိမိတို့အားရန်သူတို့လက်မှ ကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊ အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
43 Как показа в Египет знаменията Си, И чудесата на полето Танис,
၄၃
44 И превърна вадите им в кръв, И потоците им, та не можаха да пият;
၄၄အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန် ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
45 Как прати върху тях рояци мухи, които ги изпоядоха, И жаби, които ги изпогубиха,
၄၅ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊ သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့် ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
46 И предаде произведенията им на гъсеници, И трудовете им на скакалци
၄၆သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့် လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
47 Как порази с град лозята им, И със светкавици черниците им,
၄၇သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊ သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
48 И предаде на град добитъка им, И стадата им на мълнии;
၄၈သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊ သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
49 Как изля върху тях пламенния Си гняв, Негодувание, ярост и неволя, - Нашествие на ангелите на злощастието,
၄၉ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။ အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
50 Изравни пътя за гнева Си, Но пощади от смърт душата им, Но предаде на мор живота им;
၅၀ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။ ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။ သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။
51 Как порази всеки първороден заведе ги като стадо в Египет, Първака на силите им в шатрите на Хама,
၅၁ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူ၏။
52 А людете Си изведе като овци и заведе ги като стадо в пустинята,
၅၂ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကို သိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
53 И води ги безопасно, така щото не се бояха, А неприятелите им - морето ги покри;
၅၃ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာ ပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။ သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
54 Как ги въведе в светия Си предел. В тая поляна, която десницата Му придоби,
၅၄ကိုယ်တော်သည်သူတို့အားမိမိ၏သန့်ရှင်း မြင့်မြတ်သည့်ပြည်တော်သို့လည်းကောင်း၊ ကိုယ်တော်တိုင်သိမ်းပိုက်တော်မူခဲ့သည့် တောင်တော်သို့လည်းကောင်းပို့ဆောင်တော် မူ၏။
55 И изгони пред тях народите, Та им ги раздели за наследство с въже, И в шатрите им настани Израилевите племена.
၅၅မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင် ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
56 Но въпреки това те изпитваха Всевишния Бог и се бунтуваха против Него, И не пазеха наредбите Му,
၅၆သို့ရာတွင်သူတို့သည်အနန္တတန်ခိုးရှင် ဘုရားသခင်အားပုန်ကန်၍သွေးစမ်းကြ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို မစောင့်မထိန်းကြ။
57 Но връщаха се назад, и обхождаха се неверно както бащите им; Измятаха се като неверен лък.
၅၇မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။ သူတို့ကားလေးမှပစ်ထုတ်လိုက်သည့် လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
58 Защото Го разгневиха с високите си места, И с ваяните си идоли Го подбуждаха към ревност.
၅၈သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာ ဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။ ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
59 Чу Бог и възнегодува, И много се погнуси от Израиля,
၅၉မိမိ၏လူစုတော်ယင်းသို့ပြုကြသည်ကို တွေ့မြင်တော်မူသောအခါ ကိုယ်တော်သည်အမျက်ထွက်လျက်သူတို့အား လုံးလုံးစွန့်ပစ်တော်မူ၏။
60 Тъй че напусна скинията в Сило, Шатъра, който бе поставил между човеците,
၆၀ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
61 И предаде на пленение Силата Си, Славата Си в неприятелска ръка.
၆၁တန်ခိုးတော်နှင့်ဘုန်းအသရေတော်အထိမ်း အမှတ် ဖြစ်သောပဋိညာဉ်သေတ္တာတော်ကိုလည်း ရန်သူတို့အားသိမ်းယူခွင့်ပြုတော်မူ၏။
62 Тоже и людете Си предаде на меч, Като се разгневи на наследстовото Си.
၆၂ကိုယ်တော်သည်မိမိ၏လူစုတော်အား အမျက်ထွက်တော်မူသဖြင့် သူတို့ကိုသတ်ဖြတ်ရန်ရန်သူတို့အား အခွင့် ပေးတော်မူ၏။
63 Огън пояде момците им, И девиците им не се възпяваха с венчални песни.
၆၃ငယ်ရွယ်သူအမျိုးသားတို့သည်စစ်ပွဲတွင် ကျဆုံးကုန်သဖြင့်ငယ်ရွယ်သူ အမျိုးသမီးတို့နှင့်လက်ထပ်ထိမ်းမြားမည့်သူ တစ်စုံတစ်ယောက်မျှမရှိတော့ပေ။
64 Свещениците им паднаха от нож; И вдовиците им не плакаха.
၆၄ယဇ်ပုရောဟိတ်တို့သည်ဋ္ဌားဘေးဖြင့် သေဆုံးသွားကြကုန်၏။ သူတို့၏မုဆိုးမများသည်ငိုကြွေးမြည်တမ်းခွင့် မရကြ။
65 Тогава се събуди Господ като от сън, Като силен мъж, който ободрен от вино, вика;
၆၅နောက်ဆုံး၌ထာဝရဘုရားသည်အိပ်ရာမှ နိုးထသူကဲ့သို့လည်းကောင်း စပျစ်ရည်အရှိန်ဖြင့်စိတ်တက်ကြွလာသော သူရဲကဲ့သို့လည်းကောင်းနိုးထတော်မူ၏။
66 И, като порази враговете Си, отблъсна ги назад, Та ги предаде на вечно посрамяване.
၆၆မိမိ၏ရန်သူများကိုထာဝစဉ်အရှက်ကွဲ အရေးရှုံးနိမ့်စေတော်မူ၏။
67 При това Той се отказа от Иосифовия шатър, И Ефремовото племе не избра;
၆၇သို့ရာတွင်ကိုယ်တော်သည်ယောသပ်၏သားမြေး တို့ကို ပစ်ပယ်တော်မူ၏။ ဧဖရိမ်အမျိုးအနွယ်ကိုရွေးချယ်တော်မမူ။
68 Но избра Юдовото племе, Хълма Сион, който възлюби.
၆၈သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊ ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့် ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။
69 Съгради светилището Си като небесните възвишения, Като земята, която е утвърдил за винаги.
၆၉ထိုတောင်တော်ပေါ်တွင်ကောင်းကင်ဘုံရှိအိမ်တော်နှင့် တူသောဗိမာန်တော်ကိုတည်ဆောက်တော်မူ၏။ ထိုဗိမာန်တော်ကိုကမ္ဘာမြေကြီးကဲ့သို့ ကာလခပ်သိမ်းတည်တံ့ခိုင်မြဲစေတော်မူ၏။
70 Избра и слугата Си Давида, И го взе от кошарите на овците;
၇၀ကိုယ်တော်သည်မိမိ၏အစေခံဒါဝိဒ်ကို ရွေးချယ်တော်မူ၏။ သိုးများကိုထိန်းကျောင်းရာမှသူ့ကိုခေါ်ယူ တော်မူ၍ ဣသရေလအမျိုးသားတို့၏ဘုရင်၊ ဘုရားသခင်လူစုတော်ကိုစောင့်ထိန်းသော သိုးထိန်းအဖြစ်ခန့်ထားတော်မူ၏။
71 Отподир дойните овци го доведе За да пасе людете Му Якова и наследството Му Израиля.
၇၁
72 Така той ги пасеше според незлобието на сърцето си, И ги водеше с изкуството на ръцете си.
၇၂ဒါဝိဒ်မင်းသည်သိုးထိန်းအဖြစ်နှင့်ထိုသူတို့အား ကိုယ်ကျိုးစွန့်ကာစောင့်ရှောက်ကြည့်ရှု၍ လိမ္မာကျွမ်းကျင်စွာရှေ့ဆောင်လမ်းပြလေသည်။