< Еремия 49 >
1 За амонците. Така казва Господ: Израил няма ли синове? Няма ли наследник? Тогава защо амоновият цар владее Газа, И людете му живеят в неговите градове?
၁ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
2 Затова, ето, идат дни, казва Господ, Когато ще направя да се чуе тревога за война Против Рава на амонците; И тя ще стане грамада развалини, И селата й ще бъдат изгорени с огън; Тогава Израил ще завладее ония, които са владели него, казва Господ.
၂ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-
3 Излелекай, Есевоне, защото Гай се разруши; Извикайте, дъщери на Рава, препашете се с вретище, Плачете и лутайте се между оградите; Защото царят им ще отиде в плен Заедно със свещениците си и с първенците си.
၃ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
4 Защо се хвалиш с долините? Водите на долината ти изтекоха, дъщерьо отстъпнице, Която си уповавала на съкровищата си, И си казала: Кой ще дойде против мене?
၄သစ္စာမရှိသောလူမျိုးတို့၊ သင်တို့သည်အဘယ် ကြောင့်ကြွားဝါသနည်း။ သင်တို့၏အင်အား သည်ချည့်နဲ့နေပြီ။ သင်တို့သည်အဘယ်ကြောင့် မိမိတို့တန်ခိုးစွမ်းရည်ကိုယုံစား၍`ငါတို့ အားအဘယ်သူမျှတိုက်ခိုက်ရဲလိမ့်မည် မဟုတ်' ဟုဆိုကြသနည်း။-
5 Ето, казва Господ, Иеова на Силите, Аз нанасям върху тебе страх От всички, които са около тебе; И вие ще бъдете изпъдени всеки къде му очи видят, Без да има кой да прибере скитащите се.
၅ငါသည်ပတ်ဝန်းကျင်ရှိလူတို့အားသင်တို့ ကိုတိုက်ခိုက်စေမည်ဖြစ်၍သင်တို့သည်ထွက် ပြေးရကြလိမ့်မည်။ လူတိုင်းပင်မိမိတို့ အသက်ဘေးအတွက်ထွက်ပြေးကြမည် ဖြစ်သဖြင့်သင်တို့၏တပ်သားများကို ပြန်လည်စုရုံးပေးမည့်သူတစ်စုံတစ် ယောက်မျှရှိလိမ့်မည်မဟုတ်။
6 А после ще върна от плен Амонците, казва Господ.
၆``သို့ရာတွင်နောင်အခါ၌ငါသည်အမ္မုန် ပြည်သားတို့အားတစ်ဖန်ပြန်၍ကောင်း စားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။'' ဟုမိန့်တော် မူ၏။
7 За Едом. Така казва Господ на Силите: Няма ли вече мъдрост в Теман? Изгуби ли се разсъдъкът от благоразумните? Изчезна ли мъдростта им?
၇တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
8 Бягайте, завърнете се, направете си дълбоки места за живеене, Дедански жители; Защото ще докарам върху Исава бедствието му - Времето, когато ще го накажа.
၈အို ဒေဒန်မြို့သူမြို့သားတို့၊ လှည့်၍ထွက်ပြေး ကြလော့။ ပုန်းအောင်း၍နေကြလော့။ ဧသော ၏သားမြေးတို့အားအပြစ်ဒဏ်ခတ်မည့် အချိန်ကာလကျရောက်လာပြီဖြစ်၍ ငါသည်သူတို့ကိုသုတ်သင်ဖျက်ဆီးမည်။-
9 Ако дойдеха при тебе гроздоберци, Не щяха ли да оставят пабирък? Ако дойдеха крадци през нощта, Не биха ли грабнали само това, що им е доволно?
၉လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-
10 Но аз оголих Исава, Открих скришните му места, И той не ще може да се скрие; Разграби се челядта му, братята му и съседите му, И него го няма.
၁၀သို့ရာတွင်ငါမူကားဧသော၏သားမြေး များထံမှရှိသမျှသောပစ္စည်းဥစ္စာများ ကိုရုပ်သိမ်းမည်။ သူတို့ဆက်လက်ပုန်းအောင်း ၍မနေနိုင်စေရန်သူတို့ပုန်းအောင်းရာအရပ် များကိုဖော်ထုတ်မည်။ ဧဒုံပြည်သားအပေါင်း တို့အားငါသုတ်သင်ပယ်ရှားလိုက်လေပြီ။ သူတို့တစ်စုံတစ်ယောက်မျှမကျန်ရှိကြ တော့ပေ။-
11 Остави сирачетата си; Аз ще ги запазя живи; И вдовиците ти нека уповават на Мене.
၁၁သင်တို့၏မိဘမဲ့ကလေးများကိုငါနှင့် ထားခဲ့ကြလော့။ သူတို့အားငါကြည့်ရှု ပြုစုမည်။ သင်တို့၏မုဆိုးမများသည် ငါ့ကိုမှီခိုအားကိုးနိုင်၏။
12 Защото така казва Господ: Ето, ония, на които не се падаше да пият от чашата, Непременно ще пият; А ти ли ще останеш съвсем ненаказан? Няма да останеш ненаказан. Не непременно ще пиеш.
၁၂``အပြစ်ဒဏ်မခံသင့်သူများပင်လျှင်ခံ ရကြပါမူ၊ သင်တို့သည်အပြစ်ဒဏ်ခွက် ဖလားမှမသောက်ဘဲနေရကြလိမ့်မည် ဟုထင်မှတ်ကြသလော။ သင်တို့သည်ဧကန် မုချအပြစ်ခွက်ဖလားမှသောက်ရကြ မည်။-
13 Защото се заклех в Себе Си, казва Господ, Че Восора ще стане за учудване и за укоряване, Пуста и за проклетия, И всичките й градове ще се обърнат на вечна пустота.
၁၃ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
14 Чух известие от Господа, И посланик биде изпратен между народите да каже: Съберете се, та дойдете против нея, И станете на бой.
၁၄ငါက``အချင်းဧဒုံပြည်၊ ထာဝရဘုရား ၏ထံတော်မှဗျာဒိတ်တော်ကိုငါခံရပြီ။ ကိုယ်တော်သည်လူမျိုးတကာတို့အား သင် တို့၏တပ်မတော်များကိုစုဝေး၍ဧဒုံ ပြည်ကိုတိုက်ခိုက်ကြလော့။ စစ်ပွဲဝင်ရန် အသင့်ပြင်ကြလော့ဟုပြောကြားရန် တမန်တော်တစ်ဦးကိုစေလွှတ်တော် မူလေပြီ။-
15 Защото, ето, Аз ще те направя малък между народите, Презрян между човеците.
၁၅ထာဝရဘုရားသည်သင်တို့နိုင်ငံကိုအား အင်ချည့်နဲ့စေတော်မူမည်ဖြစ်၍ အဘယ်သူ မျှသင်တို့ကိုလေးစားကြလိမ့်မည်မဟုတ်။-
16 Колкото за твоята ужасителност, Гордостта на сърцето ти те е измамила, О, ти, който живееш в пукнатините на канарите, Който владееш висината на хълмовете; Но ако и да поставиш гнездото си високо като орел, И от там ще се сваля, казва Господ.
၁၆သင်တို့၏မာန်မာနကသင်တို့အားလှည့် စားလေပြီ။ သင်တို့ထင်မှတ်သကဲ့သို့အ ဘယ်သူမျှသင်တို့အားမကြောက်ကြ။ သင် တို့သည်တောင်ထိပ်ပေါ်ရှိကျောက်ဆောင်မြင့် ပေါ်တွင်နေထိုင်လျက်ရှိကြ၏။ သို့ရာတွင် ယင်းကဲ့သို့လင်းယုန်သဖွယ်မြင့်မားသည့် အရပ်တွင် သင်တို့နေထိုင်ကြသော်လည်း ငါသည်သင်တို့အားဆွဲချမည်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏ဟုမိန့်တော်မူလေပြီ'' ဟုဆို၏။
17 Едом ще стане за учудване; Всеки, който би минал през него, ще се учуди, И ще подсвирне за всичките му язви.
၁၇``ဧဒုံပြည်သည်များစွာယိုယွင်းပျက်စီး သွားမည်ဖြစ်သဖြင့် အနီးမှဖြတ်သန်းသွား လာသူတို့သည်ထိုပြည်ဖြစ်ပျက်ရပုံအခြင်း အရာကိုမြင်သောအခါလန့်ဖျပ်တုန်လှုပ် ကြလိမ့်မည်။-
18 Както при разорението на Содома и Гомора И ближните им градове, казва Господ, Така никой човек няма да живее там, Нито ще пришелствува там човешки син.
၁၈သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်း ကျင်ကျေးရွာများသည် သုတ်သင်ဖျက်ဆီး ခြင်းကိုခံရသည့်နည်းတူဧဒုံပြည်သည် လည်းခံရလိမ့်မည်။ ကာလအနည်းငယ်မျှ ပင်လျှင်ထိုပြည်တွင်နေထိုင်မည့်သူတစ်ဦး တစ်ယောက်မျှရှိလိမ့်မည်မဟုတ်။ ဤကား ငါထာဝရဘုရားမြွက်ဆိုသည့်စကား ဖြစ်၏။-
19 Ето, като лъв от прииждането на Иордан, Той ще възлезе против богатото пасбище; Защото Аз мигновено ще изпъдя Едом от там, И онзи, който бъде избран, Ще поставя над него. Защото кой е подобен на Мене? И кой ще Ми определи време за съд? И кой е оня овчар, който ще застане против Мене?
၁၉ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
20 Затова, слушайте решението, Което Господ е взел против Едом, И намеренията, които е намисли против жителите на Теман: Непременно ще повлекат и най-малките от стадото; Непременно ще направи да запустее пасбището им заедно с тях.
၂၀သို့ဖြစ်၍ဧဒုံပြည်သူတို့အတွက်ငါပြု လုပ်ထားသည့်အကြံအစည်ကိုလည်းကောင်း၊ တေမန်မြို့သူမြို့သားတို့အတွက်ငါကြံ စည်ထားသည့်အမှုအရာကိုလည်းကောင်း နားထောင်ကြလော့။ ရန်သူသည်သူတို့၏ သားသမီးများကိုပင်လျှင်ဒယဥ့်တိုက် ဆွဲ၍ခေါ်ဆောင်သွားလိမ့်မည်။-
21 От слуха за разорението им земята се тресе; Издава се вик, чийто шум се чува до Червеното Море.
၂၁ဧဒုံပြည်ပြိုလဲသောအခါကြီးစွာသော အသံဖြစ်ပေါ်လာသဖြင့်ကမ္ဘာမြေကြီး သည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက်လန့် အော်ဟစ်ကြသောအသံများကိုလည်း အ္ဂဗာပင်လယ်ကွေ့တိုင်အောင်ကြားရ ကြလိမ့်မည်။-
22 Ето, като възлезе ще налети като орел, И ще разпростре крилата си над Восора; И в оня ден сърцето на Едомовите силни Ще бъде като сърцето на жена, когато ражда.
၂၂ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
23 За Дамаск. Емат и Арфад се посрамиха Защото чуха лоша вест; стопиха се; Тъга има както на морето, Което не може да утихне.
၂၃ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
24 Дамаск ослабна, Обърна се в бяг, Трепет го обзе; Скръб и болки го обладаха, Както на жена, когато ражда.
၂၄ဒမာသက်မြို့သားတို့သည်စိတ်အားငယ် လျက်ထိတ်လန့်တုန်လှုပ်ကာထွက်ပြေးကြ ကုန်၏။ သူတို့သည်သားဖွားသည့်အမျိုး သမီးကဲ့သို့ ကိုယ်စိတ်ဝေဒနာပြင်းစွာ ခံစားရကြပေသည်။-
25 Как не биде пощаден тоя прочут град, Град, който е удоволствието ми;
၂၅အခါတစ်ပါးကပျော်မွေ့ဖွယ်ရာကောင်း၍ ထင်ပေါ်ကျော်ကြားခဲ့သော ထိုမြို့တော်သည် လုံးလုံးလျားလျားလူသူကင်းမဲ့လျက်ရှိ တော့၏။-
26 Затова младежите му ще паднат в улиците му, И всичките военни мъже ще загинат в оня ден, Казва Господ на Силите.
၂၆သို့ဖြစ်၍ထိုနေ့ရက်ကာလကျရောက်သော အခါ လူငယ်လူရွယ်များနှင့်စစ်သူရဲအ ပေါင်းတို့သည်မြို့လမ်းများအပေါ်တွင် အသတ်ခံရကြလိမ့်မည်။-
27 В стената на Дамаск Аз ще запаля огън, Който ще пояде палатите на Венадада.
၂၇ငါသည်ဒမာသက်မြို့ရိုးများနှင့်ဗင်္ဟာဒဒ် မင်း၏နန်းတော်အဆောက်အအုံများကို မီးသင့်လောင်စေမည်'' ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
28 За Кидар и за асорските царства, които вавилонският цар Навуходоносор порази. Така казва Господ: Станете, възлезте към Кидар, Та погубете източните жители.
၂၈ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်နေ ဗုခဒ်နေဇာမင်းနှိမ်နင်းအောင်မြင်သည့် ကေဒါ အနွယ်ဝင်နှင့်ဟာဇော်မြို့ကိုအစိုးရသူတို့ အားရည်မှတ်၍``ကေဒါအနွယ်ဝင်တို့အား သွားရောက်တိုက်ခိုက်ကြလော့။ ထိုအရှေ့နွယ် သားတို့အားဖျက်ဆီးချေမှုန်းကြလော့။-
29 Ще отнемат шатрите им и стадата им; Ще вземат за себе си завесите им, Всичката им покъщнина, и камилите им; И ще извикат към тях: Ужас от всяка страна!
၂၉သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။
30 Бягайте, отстранете се надалече, Направете си дълбоки места за живеене, Асорски жители, казва Господ; Защото вавилонският цар Навуходоносор Е сторил намерение против вас, И е намислил кроеж против вас.
၃၀``ဟာဇော်မြို့သားတို့၊ ရပ်ဝေးသို့ထွက်ပြေး ပုန်းအောင်းနေကြရန် သင်တို့အားငါထာဝရ ဘုရားသတိပေး၏။ ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာသည်သင်တို့ကိုလုပ်ကြံရန်ကြံစည် ထားလေပြီ။-
31 Станете, възлезте при спокойния народ, Който живее безгрижно, казва Господ, Които нямат ни порти ни лостове, Но живеят сами.
၃၁`လာကြ၊ ငါတို့သည်ဘေးမဲ့လုံခြုံမှုရှိလှ ပြီဟုထင်မှတ်သူထိုလူမျိုးကိုတိုက်ခိုက် ကြကုန်အံ့။ သူတို့၏မြို့သည်မြို့တံခါးနှင့် ကန့်လန့်ပင်မရှိ။ လုံခြုံမှုကင်းမဲ့သည့်မြို့ ဖြစ်သည်' ဟုဆို၏။
32 Камилите им ще бъдат за обир, И многото им добитък за корист; Аз ще разпръсна по всичките ветрища Ония, които си стрижат издадените части на косата, И ще докарам погибелта им от всяка тяхна страна, казва Господ.
၃၂``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။-
33 А Асор ще стане жилище на чакали, Пустиня до века; Там няма да живее човек, Нито ще пришелствува в него човешки син.
၃၃ဟာဇော်မြို့သည်ခွေးအများခိုအောင်းရာ၊ ထာဝစဉ်လူသူကင်းမဲ့လျက်နေလိမ့်မည်။ ထိုအရပ်တွင်နောက်တစ်ဖန်နေထိုင်သူတစ်စုံ တစ်ယောက်မျှရှိလိမ့်မည်မဟုတ်'' ဟုမိန့် တော်မူ၏။
34 Господното слово, което дойде към пророк Еремия за Елам, в началото на царуването на Юдовия цар Седекия, като рече:
၃၄ယုဒဘုရင်ဇေဒကိနန်းတက်ပြီးနောက် မကြာမီ အနန္တတန်ခိုးရှင်ထာဝရဘုရား သည် ဧလံပြည်ကိုရည်မှတ်၍ငါ့အားဗျာ ဒိတ်ပေးတော်မူသည်မှာ၊-
35 Така казва Господ на силите: Ето, ще счупя лъка на Елам, Тяхната главна сила.
၃၅``ငါသည်ဧလံပြည်ကိုလွန်စွာတန်ခိုး ကြီးမားအောင်ပြုစုပေးသူ လေးသည်တော် အပေါင်းအားကွပ်မျက်မည်။-
36 Ще докарам върху Елам четирите ветрища От четирите страни на небето, И ще ги разпръсна по всички тия ветрища; Та не ще има народ Гдето да не отидат изпъдените еламци.
၃၆ကောင်းကင်အရပ်လေးမျက်နှာမှလာသော လေကိုဧလံပြည်သို့တိုက်ခတ်စေ၍ ပြည်သူ တို့အားအရပ်တကာသို့ကွဲလွင့်စေမည်။ ထို ဒုက္ခသည်များမရောက်ကြသည့်တိုင်းနိုင်ငံ တစ်ခုမျှရှိလိမ့်မည်မဟုတ်။-
37 И Аз ще разтреперя еламците пред неприятелите им, И пред ония, които искат живота им; И ще докарам върху тях зло - Пламенният Си гняв, казва Господ; Ще пратя и нож подир тях Докле ги довърша.
၃၇ဧလံပြည်သားတို့သည်မိမိတို့ကိုသတ်ဖြတ် လိုသူရန်သူများအားကြောက်လန့်အောင်ငါ ပြုမည်။ ငါသည်ပြင်းစွာအမျက်ထွက်၍သူ တို့အားသုတ်သင်ပယ်ရှင်းမည်။ သူတို့အား လုံးဝသုတ်သင်ပယ်ရှင်းသည်တိုင်အောင် တပ်မတော်များကိုငါစေလွှတ်၍တိုက်ခိုက် စေမည်။-
38 И като представя престола Си в Елам Ще изтребя от там, Цар и първенци, казва Господ.
၃၈ငါသည်ဧလံဘုရင်များနှင့်ခေါင်းဆောင် များကိုသုတ်သင်ပယ်ရှင်းကာထိုပြည်တွင် ငါ၏ရာဇပလ္လင်ကိုတည်ထားမည်။-
39 Но в послешните дни Ще възвърна пленените еламци, казва Господ.
၃၉သို့ရာတွင်နောင်အခါ၌ဧလံပြည်သားတို့ အားတစ်ဖန်ပြန်၍ကောင်းစားစေမည်။ ဤ ကားငါထာဝရဘုရားမြွက်ဆိုသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။