< Еремия 48 >

1 За Моава. Така казва Господ на Силите, Израилевият Бог: Горко на Нево! защото се опустоши; Кириатаим се посрами, защото биде превзет; Мисгав се посрами, защото биде разтрошен.
မော​ဘ​ပြည်​ကို​ရည်​မှတ်​၍​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့ တည်း။ ``နေ​ဗော​မြို့​သူ​မြို့​သား​တို့​အား​က​ရု​ဏာ သက်​ကြ​လော့။ သူ​တို့​၏​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ ကိ​ရ​ယ​သိမ်​မြို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း ကို​ခံ​၍၊ ထို​မြို့​၏​ခံ​တပ်​များ​သည်​ဖြို​ပျက်​လျက် မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​ရှက်​ကွဲ​ရ ကြ​၏။
2 Моав няма вече да се хвали; В Есевон измислиха зло против него, като казаха: Елате! да го изтребим, та да не е народ. Също и ти, Мадмене, ще запустееш; Ножът ще те преследва.
မော​ဘ​ပြည်​၏​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​၍ သွား​လေ​ပြီ။ ရန်​သူ​တို့​သည်​ဟေ​ရှ​ဘုန်​မြို့​ကို​သိမ်း​ယူ​၍ မော​ဘ နိုင်​ငံ​ကို​သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​စည်​လျက် ရှိ​၏။ မာ​ဒ​မေ​န​မြို့​သည်​ဆိတ်​ငြိမ်​၍​နေ​လိမ့်​မည်။ စစ်​သည်​တပ်​သား​တို့​သည်​ထို​မြို့​ကို​ချီ​တက် တိုက်​ခိုက်​ကြ​လိမ့်​မည်။
3 Глас на писък от Оронаим, Ограбване и страшно разрушение!
ဟော​ရ​နိမ်​မြို့​သူ​မြို့​သား​တို့​က`အ​ကြမ်း​ဖက်​မှု၊ သုတ်​သင်​ဖျက်​ဆီး​မှု' ဟု​ဟစ်​အော်​ကြ​၏။
4 Моав биде разрушен; Малките му деца изпищяха.
``မော​ဘ​ပြည်​သည်​ပြို​ပျက်​၍​သွား​လေ​ပြီ။ က​လေး​သူ​ငယ်​တို့​အော်​ဟစ်​သံ​ကို နား​ထောင်​ကြ​လော့။
5 Защото в нагорнината на Луит Ще се издига плач върху плач, Понеже в нанадолнината на Оронаим Чуха плачевния писък на жертвите на разрушение.
လု​ဟိတ်​တောင်​ပေါ်​သို့​တက်​ရာ​လမ်း​တွင်​သူ​တို့ ရှိုက်​ကြီး​ငင်​ကြီး​ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ဟော​ရ​နိမ်​မြို့​သို့​ဆင်း​ရာ​လမ်း​တွင်၊စိတ်​ဒုက္ခ ရောက်​၍ အော်​ဟစ်​သံ​များ​ကို​လည်း​ကောင်း​ကြား​ကြ​လော့။
6 Бягайте, отървете живота си, И бъдете като изтравничето в пустинята.
သူ​တို့​က`သင်​တို့​အ​သက်​ချမ်း​သာ​ရ​အောင် လျင်​မြန်​စွာ​ပြေး​ကြ​လော့။ သဲ​ကန္တာ​ရ​မှ​မြည်း​ရိုင်း​ကဲ့​သို့​ပြေး​ကြ​လော့' ဟု​ဆို​ကြ​၏။
7 Защото, понеже си уповавал на делата си и на съкровищата си, Сам ти също ще бъдеш хванат; И Хамос ще отиде в плен Заедно със свещениците си и първенците си.
``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။ သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။
8 И разорителят ще дойде във всеки град; Ни един град не ще се избави; Още и долината ще бъде опустошена, И полето ще се разори, Както рече Господ.
အ​ဘယ်​မြို့​မျှ​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကင်း​လွတ်​လိမ့်​မည်​မ​ဟုတ်။ ချိုင့်​ဝှမ်း​ရော၊လွင်​ပြင်​ပါ​ပျက်​စီး​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
9 Дайте крила на Моава, За да литне и да избяга; Защото градовете му ще запустеят. И не ще има кой да живее в тях.
မော​ဘ​ပြည်​အ​တွက်​သင်္ချိုင်း​ကမ္ပည်း​ကျောက်​တိုင် စိုက်​ထူ​ကြ​လော့။ ထို​ပြည်​သည်​မ​ကြာ​မီ​ပျက်​စီး​ရ​လိမ့်​မည်။ ထို​ပြည်​ရှိ​မြို့​များ​သည်​ပျက်​စီး​၍​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။''
10 Проклет да бъде оня, който върши делото Господно небрежно; И проклет оня, който въздържа ножа си от кръв.
၁၀(ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​နှင့်​မ​ထမ်း​ဆောင်​သူ​သည် ကျိန်​ဆဲ ခြင်း​ကို​ခံ​ရ​ပါ​စေ​သ​တည်း။ မိ​မိ​၏​ဋ္ဌား​နှင့် ခုတ်​၍​မ​သတ်​သော​သူ​သည်​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။)
11 Моав е бил на спокойствие от младините си, И е почивал като вино на дрождията си; Не е бил претакан от съд в съд, Нито е ходил в плен; Затова, вкусът му си е останал в него, И дъхът му не се е променил.
၁၁ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သူ​တို့​သည် အ​စဉ်​ပင်​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ခဲ့​ရ​၍​အ​ဘယ် အ​ခါ​၌​မျှ​ပြည်​နှင်​ဒဏ်​မ​သင့်​ခဲ့​ဘူး​ပေ။ မော​ဘ ပြည်​သည်​အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့​မ​ပြောင်း၊ မွှေ နှောက်​မှု​လည်း​မ​ပြု​ဘဲ​အ​နည်​ထိုင်​ရန်​ထား​ရှိ သ​ဖြင့်​အ​နံ့​အ​ရ​သာ​မ​ပျက်၊ ကောင်း​မြဲ ကောင်း​လျက်​နေ​သည့်​စ​ပျစ်​ရည်​နှင့်​တူ​၏။
12 Затова, ето, идат дни, казва Господ, Когато ще му пратя преливачи, които ще го прелеят; И ще изпразнят съдовете му и разкъсат меховете му.
၁၂``သို့​ဖြစ်​၍​မော​ဘ​ပြည်​ကို​စ​ပျစ်​ရည်​သ​ဖွယ် သွန်​မှောက်​မည့်​လူ​တို့​အား ငါ​စေ​လွှတ်​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​ထို ပြည်​၏​စ​ပျစ်​ရည်​အိုး​များ​ကို​သွန်​မှောက်​ကာ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​ပစ်​ကြ​လိမ့်​မည်။-
13 И Моав ще се посрами за Хамоса Както се посрами Израилевият дом За Ветил, на който уповаваха.
၁၃ထို​အ​ခါ​မိ​မိ​တို့​ယုံ​ကြည်​ခဲ့​ကြ​သော​ဗေ​သ​လ ဘု​ရား​ကို ဣ​သ​ရေ​လ​အမျိုး​သား​တို့​စိတ်​ပျက် ကြ​သ​ကဲ့​သို့ မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့ ၏​ခေ​မု​ရှ​ဘု​ရား​ကို​လည်း​စိတ်​ပျက်​ကြ​လိမ့် မည်။
14 Като казвате: Ние сме силни мъже, Мъже храбри за война?
၁၄``မော​ဘ​ပြည်​သား​တို့၊သင်​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​ကိုယ်​ကို၊အာ​ဇာ​နည်​များ၊စစ်​ပြန် သူ​ရဲ​ကောင်း​များ​ဟု​ပြော​ဆို​ကြ​သ​နည်း။
15 Моав биде разорен, градовете му изгоряха, И отбраните му младежи слязоха да бъдат заклани, Казва Царят, чието име е Господ на Силите.
၁၅မော​ဘ​ပြည်​နှင့်​မြို့​တို့​သည်​ပျက်​စီး​ကာ သူ​တို့​၏​လက်​ရွေး​စင်​လူ​ငယ်​လူ​ရွယ်​တို့​သည် အ​သတ်​ခံ​ရ​ကြ​လေ​ပြီ။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား တည်း​ဟူ​သော ဘု​ရင်​ဖြစ်​တော်​မူ​၏။ ဤ​ကား​ငါ​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။
16 Погибелта на Моава скоро ще дойде, И злото му, иде много бързо.
၁၆မော​ဘ​ပြည်​၏​ကံ​ကြမ္မာ​ဆိုး​သည်​ချဉ်း​ကပ်​လာ​လျက် ထို​ပြည်​ယို​ယွင်း​ပျက်​စီး​ရာ​ကာ​လ​သည်၊မ​ကြာ​မီ ရောက်​ရှိ​လာ​တော့​မည်။
17 Всички, които сте около него, оплаквайте го; И всички, които знаете името му, речете: Как се счупи якият скиптър, Славната тояга!
၁၇``နီး​နား​ပတ်​ဝန်း​ကျင်​တွင်​နေ​ထိုင်​သူ​တို့၊ထို နိုင်​ငံ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ထို​နိုင်​ငံ​၏​ဂုဏ်​သ​တင်း​ကို​သိ​ရှိ​ကြ​သူ အ​ပေါင်း​တို့ `တန်​ခိုး​ကြီး​မား​သည့်​ဤ​နိုင်​ငံ​သည် ထီး​ကျိုး​စည်​ပေါက်​ဖြစ်​လျက် ယင်း​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး​အာ​ဏာ​သည် ကွယ်​ပျောက်​သွား​လေ​ပြီ' ဟု​ပြော​ဆို​ကြ​လော့။
18 Дъщерьо, която живееш в Девон, Слез от славата си та седни в безводно място; Защото разорителят на Моава възлезе против тебе И ще съсипе крепостите ти.
၁၈ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။
19 Жителко в Ароир Застани при пътя, та съгледай; Попитай онзи, който бяга, и онази, която се е отървала, Като речеш: Що стана?
၁၉အာ​ရော်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊လမ်း​နံ​ဘေး တွင်​ရပ်​၍ စောင့်​နေ​ပြီး​လျှင် ထွက်​ပြေး​တိမ်း​ရှောင်​ကြ​သူ​တို့​အား​ဖြစ် ပျက်​သည့် အ​ချင်း​အ​ရာ​ကို​မေးမြန်း​လော့။
20 Моав се посрами, защото е разрушен. Излелекай и викни; Известете в Арнон, че Моав биде запустен.
၂၀ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။ မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကို အာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။
21 Съдба сполетя полската земя, Олон, Яса, и Мифаат,
၂၁ဟော​လုန်​မြို့၊ ယ​ဟာ​ဇ​မြို့၊ မေ​ဖတ်​မြို့၊ ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊ ကိ​ရ​ယ​သိမ် မြို့၊ ဗက်​ဂ​မု​လ​မြို့၊ ဗက်​မောင်​မြို့၊ ကေ​ရုတ်​မြို့၊ ဗော​ဇ​ရ​မြို့​အ​စ​ရှိ​သည့်​ကုန်း​ပြင်​မြို့ အ​ပေါင်း​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ ရပ်​နီး​ရပ်​ဝေး​ရှိ မော​ဘ​မြို့​မှန်​သ​မျှ​သည်​အ​ပြစ်​ဒဏ်​စီ ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။-
22 Девон, Нево, и Вет-девлатаим,
၂၂
23 Кириатаим, Вет-гамул, и Вет-меон,
၂၃
24 Кариот, Восора, И всичките градове на Моавската земя, далечни и близки.
၂၄
25 Рогът на Моава се строши, И мишцата му се смаза, казва Господ.
၂၅မော​ဘ​ပြည်​၏​အာ​ဏာ​တန်​ခိုး​သည်​ပျောက် ကွယ်​၍​သွား​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
26 Опийте го, Защото се надигна против Господа; Моав ще се валя в бълвоча си, Тоже и той ще бъде за присмех.
၂၆ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ခဲ့​သည်​ဖြစ်​၍ ထို​ပြည်​ကို ယစ်​မူး​၍​နေ​စေ​ကြ​လော့။ သူ​သည်​မိ​မိ​၏​အန် ဖတ်​တွင်​လူး​လှိမ့်​၍​နေ​လိမ့်​မည်။ လူ​တို့​သည် လည်း​သူ့​အား​ပြောင်​လှောင်​ကြ​လိမ့်​မည်။-
27 Защото не стана ли на тебе Израил за присмех? Намери ли се той между крадци, Щото колкото пъти говориш за него движиш си рамената презрително?
၂၇အို မော​ဘ​ပြည်၊ ဣ​သ​ရေ​လ​ပြည်​သား​တို့ အား​အ​ဘယ်​သို့​သင်​ပြက်​ရယ်​ပြု​ခဲ့​သည် ကို​အောက်​မေ့​သ​တိ​ရ​လော့။ သင်​သည်​သူ တို့​အား​သူ​ခိုး၊ ဋ္ဌား​ပြ​ဂိုဏ်း​နှင့်​အ​တူ​ဖမ်း ဆီး​ရ​မိ​သူ​များ​သ​ဖွယ်​ပြု​ကျင့်​ခဲ့​ပေ သည်။
28 Моавски жители, Напуснете градовете, заселете се в канарата, И бъдете като гълъбица, която се загнездява По страните на входа на пещерата.
၂၈``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-
29 Чухме за гордостта на Моава, (той е много горд), За високоумието му, гордостта му, надутостта му, И надменността на сърцето му.
၂၉မော​ဘ​ပြည်​သည်​အ​လွန်​မာ​န​ကြီး​၏။ ပြည်​သူ တို့​သည်​အ​ဘယ်​မျှ​စိတ်​နေ​မြင့်​၍၊ မောက်​မာ ထောင်​လွှား​ကာ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို လည်း​ကောင်း၊ အ​ဘယ်​မျှ​ကိုယ်​ကျိုး​ရှာ​တတ် ကြောင်း​ကို​လည်း​ကောင်း​ငါ​ကြား​သိ​တော် မူ​ပြီ။-
30 Аз зная, че неговият гняв Е празен, казва Господ; Самохвалствата му не са извършили нищо.
၃၀သူ​တို့​၏​ကြွား​ဝါ​မှု​များ​သည်​အ​ရာ​မ​ရောက်။ သူ​တို့​ပြု​သော​အ​ရာ​များ​သည်​လည်း​တာ​ရှည် မ​ခံ။ သူ​တို့​၏​မောက်​မာ​ထောင်​လွှား​မှု​ကို​ငါ ထာ​ဝ​ရ​ဘု​ရား​သိ​၏။-
31 Затова ще излелекам за Моава; Да! ще извикам за целия Моав; Ще заридаят за мъжете на Кир-арес.
၃၁သို့​ဖြစ်​၍​ငါ​သည်​မော​ဘ​ပြည်​သူ​အ​ပေါင်း တို့​နှင့်​ကိ​ရ​ဟ​ရက်​မြို့​သူ​မြို့​သား​တို့ အ​တွက်​မျက်​ရည်​ကျ​မည်။-
32 О, лозо на Севма, Ще плача за тебе повече, отколкото плака Язир; Твоите клончета преминаха морето, Стигнаха до морето на Язир; Грабител нападна летните ти плодове и гроздобера ти.
၃၂ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-
33 Отне се веселието и радостта От плодоносното поле и от Моавската земя; И спрях виното от линовете, Та да няма вече кой да тъпче грозде с възклицание; Възклицание няма да се чуе.
၃၃အ​သီး​အ​နှံ​ကြွယ်​ဝ​သည့်​မော​ဘ​ပြည်​မှ ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​ရုပ်​သိမ်း​လိုက်​လေ ပြီ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည် များ​ယို​ထွက်​၍​မ​လာ​တော့​ပေ။ စ​ပျစ်​သီး ကို​နယ်​၍​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​မည့် သူ​လည်း​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
34 Поради вопъла на Есевон, който стигна до Елеала И до Яса, те нададоха глас От Сигор до Оронаим, До Еглат-шелишия; Защото и водите на Нимрим пресъхнаха.
၃၄``ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့​တို့​မှ လူ​တို့ ငို​ကြွေး​ကြ​သော​အ​သံ​ကို​ယာ​ဟတ်​မြို့​တိုင် အောင်​ကြား​ရ​ကြ​၏။ ထို​အ​သံ​ကို​ဇော​ရ​မြို့ မှ​ဟော​ရ​နိမ်​မြို့​နှင့်​ကေလက်​မြို့​တို့​မှ​ပင် ကြား​နိုင်​လေ​သည်။ နိ​မ​ရိမ်​ချောင်း​သည် လည်း​ခန်း​ခြောက်​၍​သွား​၏။-
35 При това, казва Господ, ще премахна от Моава Онзи, който принася всеизгаряне по високите места, И онзи, който кади на боговете си.
၃၅ငါ​သည်​မော​ဘ​ပြည်​သား​တို့​အား​တောင် ထိပ်​များ​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ဆက်​ကပ်​မှု​နှင့် မိ​မိ​တို့​ဘု​ရား​များ​အား ယဇ်​ပူ​ဇော်​မှု​ကို​ရပ်​စဲ​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
36 Затова сърцето ми звучи за Моава като свирка, И сърцето ми звучи като свирка за мъжете на Кир-арес; Защото изобилието, което доби, изчезна.
၃၆``မော​ဘ​ပြည်​သား​များ​နှင့် ကိ​ရ​ဟ​ရက်​မြို့ သူ​မြို့​သား​များ​သည်​မိ​မိ​တို့​ပိုင်​ဆိုင်​သ​မျှ သော​ဥစ္စာ​ပစ္စည်း​များ​ဆုံး​ရှုံး​ကုန်​ကြ​ပြီ ဖြစ်​၍ ငါ​၏​စိတ်​နှ​လုံး​သည်​မ​သာ​သီ​ချင်း ကို​ပြွေ​မှုတ်​သူ​ကဲ့​သို့​ထို​သူ​တို့​၏​အ​တွက် ငို​ကြွေး​မြည်​တမ်း​မည်။-
37 Защото всяка глава е плешива, И всяка брада обръсната; По всичките ръце има нарязвания, И на кръста вретище.
၃၇လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-
38 По всичките къщни покриви на Моава И по улиците му има плач навред; Защото строших Моава като непотребен съд, казва Господ,
၃၈မော​ဘ​ပြည်​အိမ်​ခေါင်​မိုး​မှန်​သ​မျှ​တို့​အ​ပေါ် ၌​လည်း​ကောင်း၊ လူ​ထု​စည်း​ဝေး​ရာ​မြေ​ကွက် လပ်​မှန်​သ​မျှ​တို့​၌​လည်း​ကောင်း​ငို​ကြွေး​မြည် တမ်း​မှု​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု အ​ရာ​မျှ​မ​တွေ့​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​သုံး​မ​ဝင်​တော့​သည့်​အိုး ကို​ခွဲ​သ​ကဲ့​သို့ မော​ဘ​ပြည်​ကို​ခွဲ​လိုက်​ပြီ ဖြစ်​သော​ကြောင့်​တည်း။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၏။-
39 Как се строши! лелекат те; Как Моав посрамен обърна гръб! Така Моав ще стане за присмех И за ужасяване на всички, които са около него.
၃၉မော​ဘ​ပြည်​သည်​ကြေ​မွ​၍​သွား​လေ​ပြီ။ မော​ဘ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​လေ​ပြီ။ မော​ဘ​ပြည်​သည်​အ​သ​ရေ​ပျက်​လေ​ပြီ။ ထို ပြည်​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သ​ဖြင့် နီး​နား​ဝန်း​ကျင်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် ယင်း​ကို​ပြက်​ရယ်​ပြု​ကြ​ကုန်​၏။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။
40 Защото така казва Господ: Ето, неприятелят ще налети като орел, И ще разпростре крилата си над Моава.
၄၀တောင်​ပံ​များ​ကို​ဖြန့်​၍​ထား​သည့်​လင်း​ယုန် ငှက်​ကဲ့​သို့​ရန်​သူ​သည်​မော​ဘ​ပြည်​ပေါ်​သို့ ထိုး​ဆင်း​လိမ့်​မည်​ဖြစ်​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​ခဲ့​လေ​ပြီ။-
41 Градовете се превзеха, крепостите хванати с изненада, И сърцата на силните моавци ще бъдат в оня ден Като сърцето на жена в родилни болки.
၄၁မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-
42 И Моав ще бъде изтребен, тъй щото да не е вече народ, Защото се надигна против Господа.
၄၂မော​ဘ​ပြည်​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​သ​ဖြင့် သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကာ​နိုင်​ငံ တစ်​ခု​အ​နေ​ဖြင့်​တည်​ရှိ​တော့​မည်​မ​ဟုတ်။-
43 Страх, яма, и примка те налетяха, Жителю моавски, казва Господ.
၄၃မော​ဘ​ပြည်​သူ​တို့​အား​ထိတ်​လန့်​ဖွယ်​ရာ များ၊ မြေ​တွင်း​များ​နှင့်​ထောင်​ချောက်​များ​သည် အ​သင့်​စောင့်​ဆိုင်း​လျက်​ရှိ​ပေ​သည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။-
44 Който избегне от страха ще падне в ямата, И който излезе от ямата ще се хване в примката; Защото ще докарам върху него, да! върху Моава, Годината на наказанието им, казва Господ.
၄၄ထိတ်​လန့်​ဖွယ်​ရာ​ကောင်း​သည့်​အ​ရာ​မှ​လွတ် မြောက်​ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ​တက်​၍​လာ​သော​သူ သည်​လည်း​ထောင်​ချောက်​များ​တွင်​မိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မော​ဘ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​ရန်​အ​ချိန်​ကို​ငါ​သတ်​မှတ် ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။-
45 Ония, които бягаха., Застанаха изнемощели под сянката на Есевон; Огън обаче излезе из Есевон, И пламък отсред Сион, Който погълна Моавския край И темето на шумните борци.
၄၅ခို​ကိုး​ရာ​မဲ့​ဒုက္ခ​သည်​များ​သည်​ဟေ​ရှ​ဘုန် မြို့​တွင်​ခို​လှုံ​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင် အ​ခါ​တစ်​ပါး​က​ရှိ​ဟုန်​မင်း​နန်း​စံ​ခဲ့​သည့် ဟေ​ရှ​ဘုန်​မြို့​သည်​မီး​ဟုန်း​ဟုန်း​ထ​၍​နေ လေ​သည်။ မီး​သည်​စစ်​မက်​ဝါ​သ​နာ​ပါ​သည့် မောဘ​ပြည်​သူ​တို့​၏​နယ်​ခြား​ဒေ​သ​များ​နှင့် တောင်​ထိပ်​များ​ကို​ကျွမ်း​လောင်​စေ​လေ​ပြီ။-
46 Горко ти, Моаве; Хамосовите люде загинаха; Защото синовете ти се хванаха пленници И дъщерите ти пленници.
၄၆မော​ဘ​ပြည်​သူ​တို့​အား​က​ရု​ဏာ​သက်​ကြ လော့။ ခေ​မု​ရှ​ဘု​ရား​ကို​ရှိခိုး​ဝတ်​ပြု​သူ​တို့ သည်​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။
47 Но при все това, Аз ще върна моавските пленници В послешните дни, казва Господ. До тук съдбата на Моава.
၄၇သို့​ရာ​တွင်​နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို​တစ်​ဖန် ပြန်​၍​ကောင်း​စား​လာ​စေ​မည်။ ဤ​ကား​မော​ဘ ပြည်​အ​ပေါ်​သို့​ကျ​ရောက်​မည့်​အ​ဖြစ်​အ​ပျက် နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​များ​ဖြစ်​သ​တည်း။

< Еремия 48 >