< Еремия 40 >
1 Словото, което дойде към Еремия от Господа, след като началникът на телохранителите Навузардан беше го пуснал от Рама, когато го беше взел вързан с вериги между всичките пленени от Ерусалим и Юда, които се закараха пленници във Вавилон.
၁ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ၊
2 И началникът на телохранителите като хвана Еремия, му каза: Господ твоят Бог изрече тия злини против това място.
၂ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားသည် ဤပြည်၌ ရောက်သော အမှုကို ခြိမ်းတော်မူနှင့်ပြီ။
3 Господ ги докара, и извърши както рече. Понеже вие съгрешихте на Господа и не послушахте гласа му, Затова ви постигна туй нещо.
၃ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက် စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ။
4 А сега, ето, отвързвам те от веригите, които са на ръцете ти. Ако ти се вижда добре да дойдеш с мене във Вавилон, дойди, и за ще имам грижа за тебе; но ако ти се вижда зле да дойдеш с мене във Вавилон, недей; ето, цялата страна е пред тебе; гдето ти се вижда добро и угодно да идеш, там иди.
၄ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။
5 А като се бавеше той да отговори, Навузардан му рече: Тогава върни се при Годолия, син на Ахикама Сафановия син, когото вавилонският цар постави управител над Юдовите градове, и живей с него между людете. Или иди гдето ти се вижда угодно да идеш. И тъй, началникът на телохранителите му даде храна и подарък и го пусна.
၅ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒ ပြည်နယ်တွင်၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံ သို့ပြန်၍၊ ပြည်သားများနှင့်အတူနေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့်လက်ဆောင်ကို ပေး၍လွှတ်လိုက်လေ၏။
6 Тогава Еремия отиде при Годолия Ахикамовия син в Масфа, та живя с него между людете, които бяха останали в страната.
၆ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။
7 А всичките военачалници, които бяха на полето, те и мъжете им, като чуха какво вавилонският цар поставил Годолия Ахикамовия син над страната, и че поверил нему мъже, жени, и деца от по-сиромасите на страната, от ония, които не бяха закарани в плен във Вавилон,
၇ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ၌မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊
8 дойдоха при Годолия в Масфа, именно Исмаил Натаниевият син, Иоанан и Ионатан Кариевите синове, Сераия Тануметовият син, синовете на нетофатеца Офи, и Езания син на един маахатец, те и техните човеци.
၈နာသနိသားဣရှမေလ၊ ကာရာသားယောဟနန် နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ် အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
9 И Годолия, син на Ахикама Сафановия син, се закле на тях и на мъжете им, като рече: Не бойте се да слугувате на халдейците; живейте в страната и слугувайте на вавилонския цар, и ще ви бъде добре.
၉ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။
10 А аз, ето, ще се заселя в Масфа, за да ви представлявам пред халдейците, които ще дохождат при нас; и вие съберете вино, овощия, и дървено масло, и турете ги в съдовете си, та се заселете в градовете си, които наново сте взели.
၁၀ငါမူကား၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကို၎င်း၊ နွေကာလအသီးကို၎င်း၊ ဆီကို၎င်း သိမ်း၍အိုး၌သိုထားကြလော့။ ယခု ဝင်ပြန်သောမြို့ရွာ တို့၌နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။
11 Също и всичките юдеи, които бяха в Моав, и между амонците, и в Едом, и във всичките страни, когато чуха че вавилонският цар оставил част от Юдеите, и че поставил над тях Годолия, син на Ахикама Сафановия син,
၁၁ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏ သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
12 тогава всичките юдеи се върнаха от всичките места, гдето бяха закарани, та дойдоха при Годолия в Масфа, в Юдовата земя, гдето събраха твърде много вино и овощия.
၁၂နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့်၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။
13 И Иоанан, Кариевият син, и всичките военачалници, които бяха в полето, дойдоха в Масфа при Годолия, та му рекоха:
၁၃ထိုနောက်မှ၊ ကာရာသားယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ၍၊
14 Знаеш ли, че царят на амонците Ваалис е пратил Исмаила Натаниевия син да те убие? Но Годолия Ахикамовият син не ги повярва.
၁၄ကိုယ်တော်ကိုသတ်စေခြင်းငှါ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ် ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော် လည်း၊ ထိုစကားကို အဟိကံသားဂေဒလိသည်မယုံ။
15 Тогава Иоанан Кариевият син говори скришно на Годолия в Масфа, казвайки: Нека отида сега и убия Исмаила Натаниевия син; и никой няма да се научи за това. Защо да ти отнеме живота, и така всичките събрани около тебе юдеи да се разпръснат, и останалите от Юда да загинат?
၁၅ထိုအခါ ကာရာသားယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍နာသနိသား ဣရှမေလကိုသတ်ရသော အခွင့်ကို ပေးပါလော့။ အဘယ်သူမျှမသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသောယုဒလူ အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသော သူတို့သည် အဘယ်ကြောင့်ပျက်စီးရ ကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊
16 Но Годолия Ахикамовият син рече на Иоанана Кариевия син: Недей прави туй нещо, защото това, което казваш за Исмаила е лъжа.
၁၆အဟိကံသားဂေဒလိက၊ သင်သည်ထိုသို့မပြုရ။ ဣရှမေလ၌ မမှန်သောစကားကိုပြန်ပြောပြီဟု၊ ကာရာ သားယောဟနန်အား ပြန်ပြောလေ၏။