< Еремия 40 >
1 Словото, което дойде към Еремия от Господа, след като началникът на телохранителите Навузардан беше го пуснал от Рама, когато го беше взел вързан с вериги между всичките пленени от Ерусалим и Юда, които се закараха пленници във Вавилон.
၁တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
2 И началникът на телохранителите като хвана Еремия, му каза: Господ твоят Бог изрече тия злини против това място.
၂တပ်မှူးသည်ငါ့အားနှစ်ဦးချင်းတွေ့ဆုံရန် ခေါ်ယူပြီးလျှင်``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်ဤပြည်ကိုဖျက်ဆီးရန်ခြိမ်းခြောက် တော်မူခဲ့သည့်အတိုင်း၊-
3 Господ ги докара, и извърши както рече. Понеже вие съгрешихте на Господа и не послушахте гласа му, Затова ви постигна туй нещо.
၃ယခုပြုတော်မူလေပြီ။ ဤသို့ဖြစ်ပျက်ရ ခြင်းမှာသင်၏အမျိုးသားတို့သည်ထာဝရ ဘုရားအားပြစ်မှားကာ ကိုယ်တော်၏စကား ကိုနားမထောင်ကြသောကြောင့်ဖြစ်၏။-
4 А сега, ето, отвързвам те от веригите, които са на ръцете ти. Ако ти се вижда добре да дойдеш с мене във Вавилон, дойди, и за ще имам грижа за тебе; но ако ти се вижда зле да дойдеш с мене във Вавилон, недей; ето, цялата страна е пред тебе; гдето ти се вижда добро и угодно да идеш, там иди.
၄ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။
5 А като се бавеше той да отговори, Навузардан му рече: Тогава върни се при Годолия, син на Ахикама Сафановия син, когото вавилонският цар постави управител над Юдовите градове, и живей с него между людете. Или иди гдето ти се вижда угодно да идеш. И тъй, началникът на телохранителите му даде храна и подарък и го пусна.
၅ငါပြန်လည်မဖြေကြားသောအခါနေဗုဇာ ရဒန်သည် ဆက်လက်၍``ယုဒမြို့များအတွက် ဘုရင်ခံအဖြစ်ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ သူရှာဖန်၏မြေး၊ အဟိရံ၏သားဂေဒလိထံ သို့ပြန်၍သူနှင့်အတူပြည်သူတို့အထဲတွင် နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်းမိမိ သွားသင့်သည်ဟုထင်သည့်အရပ်သို့သွား ပါလော့'' ဟုဆို၏။ ထိုနောက်သူသည်လက် ဆောင်နှင့်ရိက္ခာအချို့ကိုယူဆောင်သွားရန် ပေးအပ်ပြီးလျှင်ငါ့အားခရီးပြုစေ၏။-
6 Тогава Еремия отиде при Годолия Ахикамовия син в Масфа, та живя с него между людете, които бяха останали в страната.
၆ငါသည်လည်းဂေဒလိထံသို့သွား၍မိဇပါ မြို့တွင်ကြွင်းကျန်လျက်ရှိသည့်ပြည်သူပြည် သားတို့နှင့်အတူနေထိုင်လေသည်။
7 А всичките военачалници, които бяха на полето, те и мъжете им, като чуха какво вавилонският цар поставил Годолия Ахикамовия син над страната, и че поверил нему мъже, жени, и деца от по-сиромасите на страната, от ония, които не бяха закарани в плен във Вавилон,
၇ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-
8 дойдоха при Годолия в Масфа, именно Исмаил Натаниевият син, Иоанан и Ионатан Кариевите синове, Сераия Тануметовият син, синовете на нетофатеца Офи, и Езания син на един маахатец, те и техните човеци.
၈သို့ဖြစ်၍နာသနိ၏သားဣရှမေလ၊ ကာရာ ၏သားယောဟနန်နှင့်ယောနသန်၊ တာနုမက်၏ သားစရာယ၊ နေတောဖတ်မြို့သားဧဖဲ၏သား များ၊ မာခသိမြို့သားယေဇနိတို့သည် မိမိ တို့လူများနှင့်အတူဂေဒလိရှိရာမိဇပါ မြို့သို့လာရောက်ကြ၏။-
9 И Годолия, син на Ахикама Сафановия син, се закле на тях и на мъжете им, като рече: Не бойте се да слугувате на халдейците; живейте в страната и слугувайте на вавилонския цар, и ще ви бъде добре.
၉ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
10 А аз, ето, ще се заселя в Масфа, за да ви представлявам пред халдейците, които ще дохождат при нас; и вие съберете вино, овощия, и дървено масло, и турете ги в съдовете си, та се заселете в градовете си, които наново сте взели.
၁၀ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-
11 Също и всичките юдеи, които бяха в Моав, и между амонците, и в Едом, и във всичките страни, когато чуха че вавилонският цар оставил част от Юдеите, и че поставил над тях Годолия, син на Ахикама Сафановия син,
၁၁ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-
12 тогава всичките юдеи се върнаха от всичките места, гдето бяха закарани, та дойдоха при Годолия в Масфа, в Юдовата земя, гдето събраха твърде много вино и овощия.
၁၂သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။
13 И Иоанан, Кариевият син, и всичките военачалници, които бяха в полето, дойдоха в Масфа при Годолия, та му рекоха:
၁၃ထိုနောက်ကာရာ၏သားယောဟနန်နှင့်လက် နက်မချခဲ့သည့်စစ်သူရဲတို့၏ခေါင်းဆောင် များသည် ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊-
14 Знаеш ли, че царят на амонците Ваалис е пратил Исмаила Натаниевия син да те убие? Но Годолия Ахикамовият син не ги повярва.
၁၄ဂေဒလိအား``အမ္မုန်ဘုရင်ဗာလိတ်သည်အရှင့် အားလုပ်ကြံရန်အတွက် နာသနိ၏သားဣရှ မေလကိုစေလွှတ်လိုက်ကြောင်းကိုအရှင်မ သိပါသလော'' ဟုမေး၏။ သို့ရာတွင်ဂေ ဒလိသည်ထိုစကားကိုမယုံကြည်ချေ။-
15 Тогава Иоанан Кариевият син говори скришно на Годолия в Масфа, казвайки: Нека отида сега и убия Исмаила Натаниевия син; и никой няма да се научи за това. Защо да ти отнеме живота, и така всичките събрани около тебе юдеи да се разпръснат, и останалите от Юда да загинат?
၁၅ထိုအခါယောဟနန်က``အကျွန်ုပ်အား၊ ဣရှ မေလကိုသွား၍သတ်ခွင့်ပြုပါ။ သတ်သော သူကိုမည်သူမျှသိလိမ့်မည်မဟုတ်ပါ။ သူ့ အားအဘယ်ကြောင့်အရှင့်ကိုသတ်ခွင့်ပေး ရပါမည်နည်း။ ဤသို့ပြုပါမူအရှင့်ထံ သို့လာရောက်စုဝေးနေကြသည့်ယုဒ အမျိုးသားတို့သည် ကွဲလွင့်၍သွားကာ ယုဒပြည်တွင်ကျန်ရစ်သူအပေါင်းတို့ သည် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရကြ ပါလိမ့်မည်'' ဟုတိတ်တဆိတ်လျှောက် ထား၏။
16 Но Годолия Ахикамовият син рече на Иоанана Кариевия син: Недей прави туй нещо, защото това, което казваш за Исмаила е лъжа.
၁၆သို့ရာတွင်ဂေဒလိက``ထိုသို့မပြုပါနှင့်။ ဣရှမေလအကြောင်းသင်ပြောသောစကား များသည်မဟုတ်မမှန်ပါ'' ဟုပြန်ပြောလေ သည်။