< Битие 9 >
1 В това време Бог благослови Ноя и синовете му, като им каза: Плодете се, размножавайте се и напълнете земята.
၁ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အားကောင်းချီးပေး၍``သင်တို့၏သားစဉ်မြေးဆက်တို့သည်မြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်ကြစေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့။-
2 Ще се страхуват и ще треперят от вас всички земни животни и всички въздушни птици; те са всичко, що пълзи по земята и с всички земни риби са предадени в ръцете ви.
၂တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။-
3 Всичко живо, що се движи ще ви бъде за храна; давам ви всичко също, както дадох зелената трева.
၃သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။-
4 Месо обаче с живота му, тоест, с кръвта му, да не ядете.
၄သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။-
5 А вашата кръв, кръвта на живота ви, непременно ще изискам; от всяко животно ще я изискам; и от човека, да! от брата на всеки човек, ще изискам живота на човека.
၅လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။-
6 Който пролее човешка кръв, и неговата кръв от човек ще се пролее; защото по Своя образ направи Бог човека.
၆လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။
7 А вие, плодете се и се размножавайте, разплодете се по земята и умножавайте се по нея.
၇``သင်တို့၏သားစဉ်မြေးဆက်တို့သည်ကမ္ဘာမြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်စေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့'' ဟုမိန့်တော်မူ၏။
8 После Бог говори на Ноя и на синовете му с него, казвайки:
၈ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အား၊-
9 Вижте, Аз поставям завета Си с вас и с потомството ви подир вас;
၉``သင်တို့နှင့်လည်းကောင်း၊ သင်တို့မှဆင်းသက်သောမျိုးဆက်များနှင့်လည်းကောင်း၊-
10 и всичко живо, що е с вас, - птиците, добитъкът и всичките земни животни, които са с вас, да! с всяко земно животно от всичко, което е излязло от ковчега.
၁၀သင်္ဘောထဲမှသင်တို့နှင့်အတူထွက်လာသောသက်ရှိသတ္တဝါဖြစ်သည့်ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်းငါသည်ယခုပဋိညာဉ်ပြု၏။-
11 Поставям завета Си с вас, че няма да се изтреби вече никоя твар от водите на потопа, нито ще настане вече потоп да опустоши земята.
၁၁သင်တို့နှင့်ငါယခုပြုသောပဋိညာဉ်စကားဟူမူကား`သက်ရှိသတ္တဝါအပေါင်းတို့သည်နောင်မည်သည့်အခါ၌မျှရေလွှမ်းမိုး၍နောက်တစ်ဖန်မပျက်စီးစေရ။-
12 Бог рече още: Ето белегът на завета, който Аз поставям до вечни поколения между Мене и вас и всичко живо, което е с вас:
၁၂သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊-
13 поставям дъгата Си в облака, и тя ще бъде белег на завет между Мене и земята.
၁၃မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။-
14 Когато докарам облак на земята, дъгата ще се яви в облака:
၁၄ငါသည်မိုးကောင်းကင်သို့တိမ်များတက်လာစေ၍ တိမ်ထဲတွင်သက်တံ့ပေါ်လာသည့်အခါတိုင်း၊-
15 и ще спомня завета Си, който е между мене и вас и всичко живо от всяка твар; и водата няма вече да стане потоп за изтреблението на всяка твар.
၁၅သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။-
16 Дъгата ще бъде в облака: и ще я гледам, за да си напомням всегдашния завет между Бога и всичко живо от всяка твар, което е на земята.
၁၆တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။-
17 Каза Бог на Ноя: Това е белегът на завета, който установих между мене и всяка твар, която е на земята.
၁၇ဤသည်ကားကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့နှင့် ငါပြုသောကတိတော်၏လက္ခဏာသက်သေဖြစ်၏'' ဟုမိန့်တော်မူ၏။
18 А излезлите от ковчега Ноеви синове бяха Сим, Хам и Яфет; а Хам беше баща на Ханаана.
၁၈သင်္ဘောထဲမှထွက်လာခဲ့ကြသောနောဧ၏သားများမှာရှေမ၊ ဟာမနှင့်ယာဖက်တို့ဖြစ်ကြ၏။ (ဟာမသည်ခါနာန်၏အဖဖြစ်၏။-)
19 Тия трима бяха Ноевите синове; и от тях се насели цялата земя.
၁၉ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။
20 В това време Ной почна да работи земята и насади лозе.
၂၀နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။-
21 като пи от виното опи се и се разголи в шатрата си.
၂၁သူသည်စပျစ်ရည်သောက်၍မူးယစ်လာသဖြင့် မိမိအဝတ်များကိုချွတ်ပစ်ပြီးလျှင် တဲထဲ၌ကိုယ်တုံးလုံးနေလေ၏။-
22 И Хам, Ханаановия баща, видя голотата на баща си и каза на двамата си братя отвън.
၂၂ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။-
23 А Сим и Яфет взеха една дреха и, като я туриха двамата на рамената си, пристъпиха заднишком та покриха голотата на баща си; лицата им гледаха назад, та не видяха бащината си голота.
၂၃ထိုအခါရှေမနှင့်ယာဖက်တို့သည်ဝတ်ရုံတစ်ထည်ကို မိမိတို့၏ပခုံးများပေါ်တွင်တင်၍ယူခဲ့ကြ၏။ သူတို့သည်တဲထဲသို့ကျောခိုင်းဝင်လာကြပြီးလျှင် သူတို့၏ဖခင်အားလွှမ်းခြုံပေးကြ၏။ ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမမြင်စေရန် မျက်နှာလွှဲထားကြ၏။-
24 Като изтрезня Ной от виното си и се научи за онова, което му бе направил по-младият ме син, рече:
၂၄နောဧအမူးပြေ၍သတိရလာသဖြင့် အငယ်ဆုံးသားပြုမူပုံကိုသိရှိရသောအခါ၊
25 Проклет да е Ханаан; Слуга на слуги ще бъде на братята си.
၂၅``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
26 Рече още: Благословен Господ, Симовия Бог; И Ханаан да му бъде слуга.
၂၆ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။
27 Бог да разшири Яфета. И да се засели в шатрите на Сима; И Ханаан да им бъде слуга.
၂၇ဘုရားသခင်သည်ယာဖက်ကိုချီးမြှင့်ပါစေသော။ သူ၏အဆက်အနွယ်တို့သည်ရှေမ၏အမျိုးအနွယ်နှင့်အတူနေရပါစေသော။ ခါနာန်သည်ယာဖက်၏ကျွန်ဖြစ်ရပါစေသော'' ဟုဆိုလေ၏။
28 И след потопа Ной живя триста и петдесет години.
၂၈ရေလွှမ်းမိုးခြင်းဘေးလွန်ပြီးနောက်နောဧသည် နှစ်ပေါင်းသုံးရာငါးဆယ်ဆက်လက်အသက်ရှင်နေထိုင်၍၊-
29 И всичките дни на Ноя станаха деветстотин и петдесет години; и умря.
၂၉အသက်ကိုးရာငါးဆယ်နှစ်ရှိသော်ကွယ်လွန်လေ၏။