< Битие 41 >
1 Като изминаха две години, Фараон сънува, че стоеше при Нил.
၁ထိုနောက်နှစ်နှစ်မျှကြာသောအခါ အီဂျစ်ဘုရင် သည်အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် ဘုရင်သည်နိုင်းမြစ်နား၌ရပ်နေစဉ်၊-
2 ето, седем крави, хубави и тлъсти, излизаха из реката и пасяха в тръстиката.
၂ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။-
3 ето, след тях излизаха из реката други седем крави, грозни и мършави, и стоеха при първите крави на речния бряг.
၃ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။-
4 И грозните, мършави крави изядоха седемте хубави и тлъсти крави. Тогава Фараон се пробуди.
၄ထိုနောက်နွားပိန်တို့ကဝဖြိုးသောနွားမခုနစ် ကောင်ကိုမျိုလိုက်ကြ၏။ ထိုအချိန်၌ဘုရင် အိပ်ရာမှနိုးလေ၏။-
5 А като заспа сънува втори път; и, ето, седем класа пълни и добри израснаха из едно стъбло.
၅ဘုရင်သည်တစ်ဖန်အိပ်ပျော်၍အိပ်မက်မက် ပြန်၏။ အိပ်မက်ထဲတွင်စပါးပင်တစ်ပင်တည်း မှအဆန်အောင်၍ ဝင်းမှည့်နေသောစပါးနှံ ခုနစ်နှံတို့ထွက်လျက်ရှိ၏။-
6 ето, след тях израснаха други седем класа тънки и прегорели от източния вятър.
၆ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
7 И тънките класове погълнаха седемте дебели и пълни класове. А като се събуди Фараон, ето, беше сън.
၇အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။-
8 На сутринта духът му беше смутен; той, прочее, изпрати да му повикат всичките влъхви и всичките мъдреци в Египет, и Фараон им разказа сънищата си; но нямаше кой да ги изтълкува на Фараона.
၈နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။
9 Тогава началникът на виночерпците говори на Фараона, казвайки: Днес се сещам, че съм виновен.
၉ထိုအခါဖလားတော်ဆက်ဝန်ကဘုရင် အား``ကျွန်တော်မျိုးတွင်လစ်ဟင်းချက်တစ်ခု ရှိကြောင်းဝန်ခံပါ၏။-
10 Фараон беше се разгневил на слугите си и ме хвърли, мене и началника на хлебарите, в тъмница, в дома на началника на телохранителите.
၁၀ကိုယ်တော်သည်စားတော်ဆက်ဝန်နှင့်ကျွန်တော် မျိုးအားအမျက်တော်ရှသဖြင့် ကိုယ်ရံတော်မှူး အိမ်တွင်အချုပ်ချထားခဲ့ပါသည်။-
11 И сънувахме, аз и той, в същата нощ; сънувахме, всеки според както щеше да се тълкува съновидението му.
၁၁တစ်ည၌ကျွန်တော်မျိုးတို့တစ်ဦးစီနှင့်သက် ဆိုင်သောအိပ်မက်ကိုမြင်မက်ကြပါသည်။-
12 А заедно с нас беше там един млад евреин, слуга на началника на телохранителите; и като му разказахме, той ни разтълкува сънищата; на всеки от нас, според съновидението му, даде значението.
၁၂ကျွန်တော်မျိုးတို့နှင့်အတူကိုယ်ရံတော်မှူး ၏ကျွန်ဟေဗြဲလူငယ်တစ်ယောက်ရှိပါသည်။ ကျွန်တော်မျိုးတို့၏အိပ်မက်ကိုသူ့အားပြော ပြ၍သူသည်အိပ်မက်၏အနက်ကိုဖွင့်ပြပါ သည်။-
13 И според както ни изтълкува, така и стана; мене той възстанови на службата ми, а него обеси.
၁၃သူအနက်ဖွင့်ပြသည့်အတိုင်းကိုယ်တော်သည် ကျွန်တော်မျိုးအားမူလရာထူး၌ပြန်လည် ခန့်အပ်၍စားတော်ဆက်ဝန်အားကွပ်မျက်လိုက် ပါသည်'' ဟုလျှောက်ထားလေ၏။
14 Тогава Фараон направи да повикат Иосифа, и бързо го изведоха из тъмницата; и той се обръсна, преоблече се и дойде при Фараона.
၁၄ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။-
15 И Фараон каза на Иосифа: Сънувах, но няма кой да изтълкува съня; но аз чух да казват за тебе, че като чуеш съновидение, умееш да го тълкуваш.
၁၅ဘုရင်ကယောသပ်အား``ငါသည်အိပ်မက်ကို မြင်မက်၏။ သို့ရာတွင်မည်သူမျှအနက်ကိုဖွင့် မပြနိုင်။ သင်သည်အိပ်မက်အနက်ကိုဖွင့်ပြ နိုင်စွမ်းရှိကြောင်းငါကြားသိရသည်'' ဟု မိန့်တော်မူ၏။
16 А Иосиф в отговор каза на Фараона: Не аз, Бог ще даде на Фараона отговор с мир.
၁၆ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
17 Тогава Фараон каза на Иосифа: В съня си, ето, стоях край брега на Нил.
၁၇ဘုရင်က``ငါသည်အိပ်မက်ထဲတွင်နိုင်းမြစ် ကမ်းပေါ်၌ရပ်နေစဉ်၊-
18 И, ето, седем крави тлъсти и хубави излязоха из реката и пасяха в тръстиката.
၁၈ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင် သည် မြစ်တွင်းမှတက်လာပြီးလျှင်မြက်စား လျက်နေကြ၏။-
19 И, ето, след тях излязоха други седем крави, слаби, много грозни и мършави, каквито по грозота никога не съм видял в цялата Египетска земя.
၁၉ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။-
20 И мършавите, грозни крави изядоха първите седем тлъсти крави;
၂၀နွားပိန်တို့ကဝဖြိုးသောနွားများကိုမျို လိုက်ကြ၏။
21 но пак, като ги изядоха не се познаваше, че са ги изяли; но изгледът им беше тъй грозен, както и в началото. Тогава се пробудих.
၂၁သို့ရာတွင်သူတို့သည်ပိန်မြဲပိန်လျက်ရှိသဖြင့် ထိုသို့မျိုလိုက်ကြောင်းကိုမည်သူမျှမသိနိုင် ချေ။ ထိုနောက်ငါသည်နိုးလာ၏။-
22 После видях в съня си; и, ето, седем класа пълни и добри израстваха из едно стъбро.
၂၂တစ်ဖန်ငါသည်အိပ်မက်မြင်မက်ပြန်၏။ ထိုအိပ် မက်ထဲတွင်အဆန်အောင်၍ ဝင်းမှည့်သောစပါးနှံ ခုနစ်နှံတို့သည် စပါးပင်တစ်ပင်တည်းမှထွက် လျက်ရှိသည်ကိုငါမြင်ရ၏။-
23 И, ето, след тях изратнаха други седем класа, сухи, тънки и прегорели от източния вятър;
၂၃ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
24 тънките класове погълнаха седемте добри класове. И казах съновидението на влъхвите; но нямаше кой да ми го изтълкува.
၂၄အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
25 Тогава Иосиф каза на Фараона: Фараоновият сън е един; Бог е явил на Фараона това, което скоро ще направи.
၂၅ထိုအခါယောသပ်က``အရှင်မင်းကြီးမြင် မက်သောအိပ်မက်နှစ်ရပ်တို့သည်အနက်တစ် မျိုးတည်းရှိပါသည်။ ဘုရားသခင်ကမိမိ ပြုတော်မူမည့်အမှုကိုကိုယ်တော်အားအသိ ပေးခြင်းဖြစ်ပါသည်။-
26 Седемте добри крави са седем години; и седемте добри класове са седем години, сънят е един.
၂၆ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
27 А седемте мършави и грозни крави, които излязоха след тях, са седем години, както и седемте празни класове, прегорели от източния вятър; те ще бъдат седем години на глад.
၂၇နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။-
28 Това е, което казах на Фараона; Бог е явил на Фараона това, което скоро ще направи.
၂၈ကျွန်တော်မျိုးသည်အရှင်မင်းကြီးအား လျှောက်ထားခဲ့သည့်အတိုင်း ဘုရားသခင် ကမိမိပြုတော်မူမည့်အမှုကိုကိုယ်တော် အားအသိပေးခြင်းဖြစ်ပါသည်။-
29 Ето идат седем години на голямо плодородие по цялата Египетска земя.
၂၉အီဂျစ်ပြည်တစ်ပြည်လုံးတွင်အစားအစာ ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်ရှိပါလိမ့်မည်။-
30 А след тях ще дойдат седем години на глад; всичкото плодородие ще се забрави в Египетската земя, защото гладът ще опустоши земята.
၃၀ထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။-
31 Няма да се познае плодородието на земята, поради оня глад, който ще последва; защото ще бъде твърде тежък.
၃၁ရောက်လတ္တံ့သောအစာခေါင်းပါးခြင်းကပ် သည်အလွန်ဆိုးရွားမည်ဖြစ်ရကား လူတို့ သည်ပေါကြွယ်ဝသောနှစ်များကိုလုံးဝမေ့ ပျောက်ကုန်ကြပါလိမ့်မည်။-
32 А това, дето съновидението се повтори на Фараона два пъти, означава, че това е решено от Бога и, че Бог скоро ще го извърши.
၃၂ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။
33 Прочее, нека потърси Фараон умен и мъдър човек и нека го постави над Египетската земя.
၃၃``သို့ဖြစ်၍ကိုယ်တော်သည်ဉာဏ်ပညာ အမြော်အမြင်ရှိသူတစ်ဦးကိုရွေး၍ တိုင်း ပြည်ကိုအုပ်ချုပ်စေတော်မူပါ။-
34 Нека стори Фараон това и нека постави наздиратели над земята; и в седемте плодородни години нека събере петата част от произведенията на Египетската земя.
၃၄ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။-
35 Нека съберат всичката храна на тия добри години, които идат; и събраното жито нека бъде под Фараоновата власт, за храна на градовете, и нека го пазят.
၃၅ထိုသူတို့အားလာမည့်ပေါကြွယ်ဝသောနှစ် များအတွင်းရိက္ခာစုဆောင်းစေ၍ မြို့များ၌ သိုလှောင်စေပြီးလျှင်စောင့်ရှောက်စေတော် မူပါ။-
36 И храната ще се запази за седемте гладни години, които ще настанат в Египетската земя, за да не се опустоши земята от глада.
၃၆အီဂျစ်ပြည်တွင်အစာခေါင်းပါးသောခုနစ် နှစ်အတွက် ထိုရိက္ခာကိုသိုလှောင်ထားသော အားဖြင့် အီဂျစ်ပြည်သူပြည်သားတို့သည် အစာငတ်သည့်ဘေးမှလွတ်မြောက်နိုင်ပါ လိမ့်မည်'' ဟုဖာရောဘုရင်အားလျှောက်ထား လေ၏။
37 Това нещо беше угодно на Фараона и на всичките му слуги.
၃၇ဖာရောဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ယောသပ်တင်ပြသောစီမံချက်ကိုနှစ်သက် လက်ခံကြ၏။-
38 И Фараон каза на слугите си: Можем ли да намерим човек, като тоя, в когото има Божия Дух?
၃၈ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
39 Тогава Фараон каза на Иосифа: Понеже Бог ти откри всичко това, няма никой толкова умен и мъдър, колкото си ти.
၃၉ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
40 Ти ще бъдеш над дома ми, и всичките ми люде ще слушат твоите думи; само с престола аз ще бъда по-горен от тебе.
၄၀ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
41 Фараон още каза на Иосифа: Виж, поставям те над цялата Египеска земя.
၄၁ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။-
42 Тогава Фараон извади пръстена си от ръката си и го тури на Иосифовата ръка, облече го в дрехи от висон и окачи му златно огърлие на шията.
၄၂ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
43 После нареди да го возят на втората колесница, и викаха пред него: Коленичете! И така го постави над цялата Египетска земя.
၄၃ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။-
44 При това, Фараон каза на Иосифа: Аз съм владетел, но без тебе никой няма да издигне ръка или нога по цялата Египетска земя.
၄၄ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။-
45 И Фараон наименува Иосифа Цафнат-панеах и даде му за жена Асенета, дъщеря на Илиополския жрец Потифер. След това, Иосиф излезе по обиколка из Египетската земя.
၄၅ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
46 Иосиф беше на тридесет години, когато стоя пред Египетския цар Фараон; и, като се отдалечи от лицето на Фараона, Иосиф обиколи цялата Египетска земя.
၄၆
47 И през седемте години на плодородие земята роди преизобилно.
၄၇ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
48 И Иосиф събра всичката храна от тия седем години, които бяха настанали в Египетската земя, и тури храната в градовете; във всеки град прибра храната от околните му ниви.
၄၈ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။-
49 Иосиф събра жито твърде много, колкото морския пясък, така щото престана да го мери; защото беше без мяра.
၄၉သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။
50 А преди да настъпят годините на глада, на Иосифа се родиха два сина, които му роди Асенета, дъщеря на Илиополския жрец Потифер.
၅၀အစာခေါင်းပါးခြင်းနှစ်များမဆိုက်ရောက်မီ ယောသပ်သည် မယားအာသနတ်နှင့်သားနှစ် ယောက်ရရှိလေသည်။-
51 И Иосиф наименува първородния Манасия, защото си думаше: Бог ме направи да забравя всичките си мъки и целия си бащин дом.
၅၁ယောသပ်က``ဘုရားသခင်သည်ငါခံရသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အဖ၏အိမ်သား အပေါင်းတို့ကိုလည်းကောင်းမေ့ပျောက်စေတော် မူပြီ'' ဟုဆို၍သူ၏သားဦးကိုမနာရှေဟု နာမည်မှည့်လေ၏။-
52 А втория наименува Ефрем, защото си думаше: Бог ме направи плодовит в земята на страданието ми.
၅၂ဒုတိယသားရသောအခါ``ဘုရားသခင် သည်ငါဆင်းရဲဒုက္ခခံရသောပြည်တွင် ငါ့အား သားသမီးရတနာထွန်းကားစေတော်မူပြီ'' ဟုဆို၍ထိုသားကိုဧဖရိမ်ဟုနာမည်မှည့် လေ၏။
53 А като се изминаха седемте години на плодородие, които бяха настанали в Египетската земя
၅၃အီဂျစ်ပြည်တွင်ရိက္ခာပေါကြွယ်ဝသော ခုနစ်နှစ်ကာလကုန်ဆုံးလေ၏။-
54 настъпиха седемте години на глад, според както Иосиф бе казал; и настана глад по всичките земи, а по цялата Египетска земя имаше хляб.
၅၄ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။-
55 Защото, когато огладня цялата Египетска земя, и людете извикаха към Фараона за хляб, Фараона рече на всичките египтяни: Идете при Иосифа, и каквото ви каже, сторете.
၅၅အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။-
56 (А гладът бе по цялото лице на земята). Иосиф, прочее, отвори всичките житници и продаваше на египтяните, защото гладът се усилваше по Египетската земя.
၅၆အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
57 И от всичките страни дохождаха в Египет при Иосифа да купят жито, понеже гладът се усилваше по цялата земя.
၅၇ကမ္ဘာအရပ်ရပ်တွင်လည်းအစာခေါင်းပါး ခြင်းကပ်ဆိုက်လျက်ရှိသဖြင့် အပြည်ပြည် မှလူတို့သည်ယောသပ်ထံသို့စပါးဝယ်ရန် လာရောက်ကြကုန်၏။