< Битие 32 >
1 Тогава Яков отиде по пътя си и ангели Божии го срещнаха.
၁ယာကုပ် သည် ခရီး သွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊
2 А като ги видя, Яков рече: Това е Божие войнство; и наименува мястото Маханаим.
၂ယာကုပ် မြင် လျှင် ဘုရားသခင် ၏ တပ် တော်ဖြစ် သည်ဟု ဆို ၍ ၊ ထို အရပ် ကို မဟာနိမ် အမည် ဖြင့် မှည့် လေ ၏။
3 И Яков изпрати пред себе си вестители до брата си Исава в Сирийската земя, на местността Едом;
၃ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့ ၊ တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊
4 и заръча им, казвайки: Така да речете на господаря ми Исава: Слугата ти Яков тъй говори: Бях пришелец при Лавана и бавих се до сега;
၄ကိုယ်တော် ၏ကျွန် ယာကုပ် က၊ ကျွန်တော်သည် လာဗန် ထံ မှာတည်းခို ၍ ၊ ယခု တိုင်အောင် နေ ပါပြီ။
5 придобих говеда, осли и, слуги и слугини; и изпратих да известят на господаря ми, за да придобия благоволението ти.
၅ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမ များ ရှိ ကြပါ၏။ ကျွန်တော် သည် သခင် ၏ စိတ် တော်နှင့် တွေ့ စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါသည် ဟု၊ ငါ့ သခင် ဧသော ကို လျှောက် ကြဟု မှာ လိုက် လေ၏။
6 А вестителите се върнаха при Якова и казаха: Ходихме при брата ти Исава; а и той иде да те посрещне, и четиристотин мъже с него.
၆တမန် တို့လည်း ယာကုပ် ထံ သို့ပြန်လာ ၍ ၊ ကျွန်တော်တို့သည်၊ ကိုယ်တော် ၏အစ်ကို ဧသော ထံ သို့ ရောက် ခဲ့ပါပြီ။ သူ သည်ကိုယ်တော် ကို တွေ့ ခြင်းငှါ ၊ လူ လေး ရာ နှင့် ချီ လာပါသည်ဟု လျှောက် ကြ၏။
7 А Яков, като се уплаши много и се смути, раздели людете, които бяха с него, и стадата, говедата и камилите, на две дружини, казвайки:
၇ထိုအခါ ယာကုပ် သည်၊ အလွန် ကြောက် ၍ စိတ် ပူပန်လျှင်၊ မိမိ တွင်ပါ သော လူ စု၊ သိုး ဆိတ်စု၊ နွား စု၊ ကုလားအုပ် များတို့ကို နှစ် စု ခွဲ ၍ ထားလေ၏။
8 Ако налети Исав на едната дружина и я удари, останалата дружина ще се избави.
၈အကြောင်း မူကား၊ တ စု ကို ဧသော တွေ့၍ လုပ်ကြံ လျှင် ၊ ကြွင်း သော တစု လွတ် လိမ့်မည်ဟု ဆို ၏။
9 Тогава Яков каза: Боже на баща ми Авраам и Боже на баща ми Исаака, Господи, Който си ми рекъл: Върни се в отечеството си и при рода си, и Аз ще ти сторя добро,
၉တဖန် ယာကုပ် က၊ အကျွန်ုပ် အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ် အဘ ဣဇာက် ၏ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က၊ သင် ၏ပြည် သင် ၏ အမျိုးသား ချင်းတို့ ထံ သို့ပြန် လော့။ ငါသည် သင် ၌ ကျေးဇူး ပြုမည် ဟု မိန့် တော်မူပါပြီ။
10 не съм достоен за най-малката от всичките милости и от всичката вярност, които си показал на слугата си; защото едвам с тоягата си преминах тоя Иордан, а сега станах и два стана.
၁၀ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။
11 Избави ме, моля Ти се, от ръката на брата ми, от ръката на Исава; защото се боя от него, да не би като дойде, да порази и мен, и майка с чада.
၁၁သို့ဖြစ်၍ ၊ အကျွန်ုပ် ကို အစ်ကို ဧသော လက် မှ ကယ်လွှတ် တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ ၍ အကျွန်ုပ် ကို၎င်း ၊ သား မယား တို့ကို၎င်းသတ် မည်ဟု အလွန်စိုးရိမ် ပါ၏။
12 А Ти си казал: Наистина ще ти сторя добро и ще направя потомството ти като морския пясък, който поради множеството си не може да се изброи.
၁၂ကိုယ်တော်က၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု၍ ၊ မ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။
13 Като пренощува там оная нощ, взе от онова, що му дойде под ръка, за подарък на брата си Исава:
၁၃ထို အရပ်၌ တညဉ့် ပတ်လုံး နေ ပြီးမှ ၊ မိမိ လက် ရှိ ဥစ္စာ စုထဲက အစ်ကို ဧသော အား လက်ဆောင် ဆက်စရာ ဘို့၊
14 двеста кози и двадесет козли, двеста овци и двадесет овни,
၁၄ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊
15 тридесет дойни камили с малките им, четиридесет крави и десет юнци, двадесет ослици и десет жречбета,
၁၅နို့စို့သား ငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ် မ သုံး ဆယ်၊ နွား မလေး ဆယ်၊ နွား ထီးတ ဆယ်၊ မြည်း မ နှစ် ဆယ်နှင့် မြည်း ကလေးတ ဆယ်တို့ကို ယူ၍၊
16 и предаде всяко стадо отделно, в ръцете на слугите си. И рече на слугите си: Минете пред мене и оставете разстояние между едно стадо и друго.
၁၆အသီးအသီးတစု တခြားစီ ခွဲသန့်လျက်၊ ကျွန် တို့ လက် သို့ အပ် ပြီးလျှင် ၊ သင်တို့သည် ငါ့ ရှေ့ မှာကူး သွား၍ ၊ တစု နှင့် တစု ကို ခရီးကွာ စေလော့ဟု၊ ကျွန် တို့အား မှာ ထားလေ၏။
17 На първия заръча, като каза: Когато те срещне брат ми Исав и те попита, казвайки: Чий си? Къде отиваш? Чии са тия пред тебе?
၁၇ရှေ့ဦးစွာ သွားသောသူကိုလည်း၊ ငါ့ အစ်ကို ဧသော သည် သင့် ကိုတွေ့ ၍ ၊ သင် ကား၊ အဘယ်သူ ၏ လူဖြစ်သနည်း၊ အဘယ် အရပ်သို့ သွား သနည်း။ သင့် ရှေ့ မှာရှိသော တရိစ္ဆာန် များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟုမေး လျှင်၊
18 Тогава ще кажеш: Те са на слугата ти Якова; подарък е, който изпраща на господаря ми Исава; и той иде подир нас.
၁၈ကိုယ်တော် ကျွန် ယာကုပ် ၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသော အား ဆက်သ လိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူ သည်လည်း နောက် မှာ ရှိပါ၏ဟု၊ လျှောက် ရမည်ဟု မှာ ထားလေ၏။
19 Така заръча и на втория, на третия и на всичките, които вървяха подир стадата, като казваше: По тоя начин ще говорите на Исава, когато го срещнете;
၁၉ထိုနည်းတူ ၊ ဒုတိယ သူ၊ တတိယ သူမှစ၍ ၊ အစုစု တို့နှင့် လိုက် သောသူအပေါင်း ကိုလည်း ၊ သင် တို့သည် ဧသော နှင့် တွေ့ လျှင် ၊ ဤ သို့လျှောက် ရမည်ဟူ၍၎င်း၊
20 и ще речете: Ето, слугата ти Яков иде подир нас. Защото си думаше: Ще го умилостивя с подаръка, който върви пред мене и после ще видя лицето му; може би ще ме приеме благосклонно.
၂၀ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့် ၊ သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။
21 И тъй, подаръкът мина пред него, но той остана през оная нощ в стана.
၂၁ထိုသို့ ယာကုပ် ရှေ့မှာ လက်ဆောင် သည် အရင် ကူး သွား၍ ၊ သူ ကိုယ်တိုင်ထို ညဉ့် ၌ လူ အစုအဝေးနှင့်အတူ အိပ် ၍ နေ၏။
22 А като стана през нощта, взе двете си жени, двете си слугини и единадесетте си деца, и премина брода на Яков.
၂၂ညဉ့် မကုန်မှီထ ၍ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။
23 Взе ги и ги прекара през потока, прекара и всичко, що имаше.
၂၃ထိုသို့ သူ တို့ကိုယူ ၍ မိမိ ဥစ္စာရှိသမျှနှင့်တကွချောင်း တစ် ဖက်သို့ ကူး စေပြီးမှ၊
24 А Яков остана сам. И един човек се бореше с него до зазоряване,
၂၄ယာကုပ် သည် တယောက် တည်းနေရစ် ၍ ၊ လူ တဦးသည် မိုဃ်းလင်း သည်တိုင်အောင် သူ နှင့် လုံး ထွေး လေ၏။
25 който, като видя, че не му надви, допря се до ставата на бедрото му; и ставата на Якововото бедро се измести, като се бореше с него.
၂၅ထိုသူသည် မိမိ မ နိုင် မှန်းကို သိ လျှင် ၊ ယာကုပ် ပေါင် ချန် ကို ထိုး ၍ ၊ လုံးထွေး စဉ် တွင်ပေါင် ဆစ် ပြုတ် လေ ၏။
26 Тогава човекът рече: Пусни ме да си отида, защото се зазори. А Яков каза: Няма да те пусна да си отидеш, догде не ме благословиш
၂၆ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင် ၊ ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။
27 А той му каза: Как ти е името? Отговори: Яков.
၂၇ထိုသူ က လည်း ၊ သင် ၏အမည် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ယာကုပ် ဖြစ်ပါသည်ဟု ပြန်ဆို ၏။
28 А той рече: Няма да се именуваш вече Яков, но Израил, защото си бил в борба с Бога и с човеци и си надвил.
၂၈နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
29 А Яков го попита, като рече: Кажи ми, моля, твоето име. А той рече: Защо питаш за моето име? И благоволи го там.
၂၉ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။
30 И Яков наименува мястото Фануил, защото, си казваше: Видях Бога лице с лице и животът ми биде опазен.
၃၀ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။
31 Слънцето го огря, като заминаваше Фануил; и куцаше с бедрото си.
၃၁ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါ ၊ နေ ထွက် ချိန်ရှိ၍ ၊ သူ သည် ထော့နဲ့ သွားလေ၏။
32 Затова и до днес израилтяните не ядат сухата жила, която е върху ставата на бедрото; защото човекът се допря до ставата на Якововото бедро при сухата жила.
၃၂ထိုသို့ ယာကုပ် ၏ပေါင်ချန် အကြောကြီးကို ထိုး တော်မူသောကြောင့် ၊ ဣသရေလ အမျိုးသား တို့သည်၊ ပေါင်ချန် ၌ ရှိသောအကြော ကြီးကို ယနေ့ တိုင်အောင် မ စား ရှောင်လေ့ရှိကြ၏။