< Изход 3 >
1 А Моисей пасеше овците на тъста си Иотора, мадиамския жрец; и като докара овците в задната страна на пустинята, дойде на Божията планина Хорив.
၁မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
2 И ангел Господен му се яви в огнен пламък изсред една къпина; и Моисей погледна, и ето къпината гореше в огън, а къпината не изгаряше.
၂ထိုအရပ်တွင်ထာဝရဘုရား၏ကောင်းကင် တမန်သည်ချုံတစ်ခုအလယ်မှ မီးတောက် လောင်နေသည့်မီးလျှံအသွင်ဖြင့်ထွက်လာ၍ မောရှေအားထင်ရှားပြ၏။ ချုံသည်မီးတောက် နေသော်လည်းလောင်ကျွမ်းခြင်းမရှိကြောင်း မောရှေတွေ့မြင်ရ၏။-
3 И Моисей си рече: Да свърна и да погледам това велико явление, защо къпината не изгаря.
၃ထို့ကြောင့်သူက``ငါသည်အနီးသို့ချဉ်းကပ် ၍ ထိုထူးဆန်းသောရူပါရုံကိုကြည့်ဦးမည်'' ဟုအကြံရှိလေ၏။
4 А като видя Господ, че свърна да прегледа, Бог го извика изсред къпината и рече: Моисее, Моисее! И Той каза: Ето ме.
၄မောရှေအနီးသို့ချဉ်းကပ်လာသည်ကိုမြင် တော်မူလျှင်၊ ထာဝရဘုရားသည်ချုံအလယ် မှ``မောရှေ၊ မောရှေ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါမောရှေက``အကျွန်ုပ်ရှိပါ၏ အရှင်ဘုရား'' ဟုလျှောက်လေ၏။
5 И рече: Да се не приближиш тука; изуй обущата от нозете си, защото мястото, на което стоиш, е света земя.
၅ဘုရားသခင်က``အနီးသို့မချဉ်းကပ်နှင့်။ သင်သည်သန့်ရှင်းသောမြေပေါ်တွင်ရပ်နေ သည်ဖြစ်၍ ခြေနင်းကိုချွတ်လော့။-
6 Рече още: Аз съм Бог на баща ти, Бог Авраамов, Бог Исааков, и Бог Яковов. А Моисей затули лицето си, защото се боеше да погледне към Бога.
၆ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
7 И рече Господ: Наистина видях страданието на людете Ми, които са в Египет, и чух вика им поради настойниците им; защото познах неволите им.
၇ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
8 И слязох за да ги избавя от ръката на египтяните, и да ги заведа от оная земя, в земя добра и пространна, в земя гдето текат мляко и мед, в земята на ханаанците, хетейците, аморейците, ферезейците, евейците и евусейците.
၈အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
9 И сега, ето, вика на израилтяните стигна до Мене; още видях и притеснението, с което ги притесняват египтяните.
၉ဣသရေလအမျိုးသားတို့၏အော်ဟစ်သံ ကိုငါကြားရပြီ။ သူတို့အားအီဂျစ်အမျိုး သားတို့ရက်စက်စွာညှင်းဆဲပုံကိုလည်းငါ မြင်ရပြီ။-
10 Ела, прочее, сега, и ще те изпратя при Фараона, за да изведеш людете Ми израилтяните из Египет.
၁၀ငါ၏လူမျိုးတော်ကိုအီဂျစ်ပြည်မှထုတ် ဆောင်ရန် သင့်အားဖာရောဘုရင်ထံသို့ငါ စေလွှတ်မည်'' ဟုမိန့်တော်မူ၏။
11 А Моисей рече Богу: Кой съм аз та да ида при Фараона, и да изведа израилтяните из Египет?
၁၁မောရှေကထာဝရဘုရားအား``အကျွန်ုပ် သည်သာမညလူတစ်ယောက်သာဖြစ်ပါ၏။ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်ဣသရေလ အမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင် သည့်ကိစ္စကိုအဘယ်သို့ဆောင်ရွက်နိုင်ပါမည် နည်း'' ဟုလျှောက်၏။
12 И рече му Бог: Аз непременно ще бъда с теб, и ето ти знака, че аз те изпратих; когато изведеш людете из Египет, ще послужите Богу на тая планина.
၁၂ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
13 А Моисей рече Богу: Ето, когато отида при израилтяните и им река: Бог на бащите ви ме изпрати при вас, и те ми кажат: Как Му е името? що да им кажа?
၁၃ထိုအခါမောရှေက``အကျွန်ုပ်သည်ဣသ ရေလအမျိုးသားတို့ထံသို့သွား၍၊ သူတို့ အား`သင်တို့ဘိုးဘေးတို့၏ဘုရားသခင် သည် ငါ့အားသင်တို့ထံသို့စေလွှတ်လိုက်သည်' ဟုပြောလျှင်သူတို့က`ထိုဘုရား၏နာမ တော်ကားမည်သို့ခေါ်ပါသနည်း' ဟုမေး သည်ရှိသော်အကျွန်ုပ်ကမည်သို့ဖြေကြား ရပါမည်နည်း'' ဟုမေးလျှောက်လေ၏။
14 И Бог рече на Моисея: Аз съм Оня, Който съм. Рече още: Така ще кажеш на израилтяните, Оня, Който съм, ме изпрати при вас.
၁၄ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။-
15 При това, Бог рече още на Моисея: Така ще кажеш на Израилтяните: Господ Бог на бащите ви, Бог Авраамов, Бог Исааков, и Бог Яковов, ме изпрати при вас. Това е Името Ми до века, и това е Името Ми из род в род.
၁၅တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-
16 Иди, събери Израилевите старейшини и кажи им: Господ Бог на бащите ви Бог Авраамов, Исааков, и Яковов, ми се яви и рече: Наистина ви посетих и видях онова, което ви правят в Египет;
၁၆သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
17 и рече: Отсред страданието ви в Египет ще ви заведа в земята на ханаанците, на хетейците, на аморейците, на ферезейците, на евейците и на евусейците, в земята гдето текат мляко и мед.
၁၇ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
18 И те ще послушат думите ти; и ще отидеш ти с Израилевите старейшини, при египетския цар, и ще му речете: Иеова, Бог на евреите, ни срещна; и тъй, остави ни, молим ти се, да отидем на тридневен път в пустинята, за да принесем жертва на Иеова нашия Бог.
၁၈``သူတို့သည်သင့်စကားကိုနားထောင်ကြ မည်။ ထိုနောက်သင်သည်ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူ ဖာရောဘုရင် ထံသို့ဝင်၍ဘုရင်အား`အကျွန်ုပ်တို့သည် ဟေဗြဲအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်နှင့်ဖူးတွေ့ခဲ့ရပါပြီ။ အကျွန်ုပ် တို့၏ထာဝရအရှင်ဘုရားသခင်အား ယဇ်ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက် ခရီးထွက်ခွင့်ပေးပါ' ဟုလျှောက်ထားလော့။-
19 Но зная аз че, египетският цар не ще ви остави да отидете, нито даже под силна ръка.
၁၉အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
20 А като издигна ръката Си, ще поразя Египет с всичките Мои чудеса, които ще направя всред него; подир това той ще ви пусне.
၂၀ငါ၏တန်ခိုးတော်ဖြင့်နိမိတ်လက္ခဏာများ ကိုပြ၍ အီဂျစ်ပြည်သားတို့ကိုဒဏ်ခတ်မည်။ ထိုနောက်မှဘုရင်သည်သင်တို့ကိုသွားခွင့် ပေးလိမ့်မည်။
21 И ще дам на тия люде благоволението на египтяните, та, когато тръгнете, няма да отидете празни;
၂၁``အီဂျစ်အမျိုးသားတို့ကငါ၏လူမျိုး တော်အား စေတနာမေတ္တာရှိလာစေရန်ငါ ပြုမည်ဖြစ်သောကြောင့်၊ သင်တို့ထိုပြည်မှ ထွက်ခွာရသောအခါလက်ချည်းသက် သက်မထွက်ခွာရ။-
22 но всяка жена ще поиска от съседката си от квартирантката си сребърни вещи, златни вещи и облекла; и ще облечете с тях синовете и дъщерите си, и ще оберете египтяните.
၂၂ဣသရေလအမျိုးသမီးတိုင်းကမိမိ၏ အီဂျစ်ပြည်သားအိမ်နီးချင်းတို့ထံမှသော် လည်းကောင်း၊ မိမိအိမ်မှာတည်းခိုသောအီဂျစ် အမျိုးသမီးတို့ထံမှ ရွှေ၊ ငွေ၊ လက်ဝတ်တန် ဆာနှင့်အဝတ်အထည်များကိုတောင်းယူကြ လိမ့်မည်။ သင်တို့သည်သင်တို့၏သားသမီး များအားထိုပစ္စည်းများဖြင့်တန်ဆာဆင်ပေး ကြခြင်းဖြင့်အီဂျစ်ပြည်သားတို့၏ဥစ္စာ ပစ္စည်းများကိုအပိုင်ရရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။