< 1 Летописи 15 >
1 След това Давид си построи и други къщи в Давидовия град; приготви и място за Божия ковчег, и постави шатър за него.
၁ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
2 Тогава рече Давид: Не бива да дигат Божия ковчег други освен левитите, защото тях избра Господ да носят Божия ковчег и да Му слугуват винаги.
၂ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
3 И Давид събра целия Израил в Ерусалим за да принесат Господния ковчег на мястото, което беше ковчег на мястото, което беше приготвил за него.
၃မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
4 Давид събра Аароновите потомци и левитите;
၄ထိုနောက်မင်းကြီးသည်အာရုန်၏သားမြေး များနှင့် လေဝိအနွယ်ဝင်တို့ကိုခေါ်ယူတော် မူ၏။-
5 от Каатовите потомци, началника Уриил и братята му, сто и двадесет души;
၅ကောဟတ်သားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍ဥရေလသည်၊-
6 от Марариевите потомци началника Асаия и братята му, двеста и двадесет души;
၆မေရာရိသားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍အသာယသည်၊-
7 от Гирсоновите потомци, началника Иоил и братята му, сто и тридесет души;
၇ဂေရရှုံသားချင်းစုမှလူတစ်ရာ့သုံးဆယ် ကိုခေါင်းဆောင်၍ယောလသည်၊-
8 от Елисафановите потомци, началника Семаия и братята му, двеста души;
၈ဧလိဇဖန်သားချင်းစုမှလူနှစ်ရာကို ခေါင်းဆောင်၍ရှေမာယသည်၊-
9 от Хевроновите потомци, началника Семаия и братята му, двеста души;
၉ဟေဗြုန်သားချင်းစုမှလူရှစ်ဆယ်ကိုခေါင်း ဆောင်၍ဧလျေလသည်၊-
10 от Озииловите потомци, началника Аминадав и братята му, сто и двадесет души.
၁၀သြဇေလသားချင်းစုမှလူတစ်ရာတစ်ဆယ့် နှစ်ယောက်ကိုခေါင်းဆောင်၍ အမိနဒပ်ရောက် ရှိလာ၏။
11 И Давид повика свещениците Садок и Авиатар и левитите Уриил, Асаия, Иоил, Семаия, Емиил и Аминадав, та им рече:
၁၁ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များဖြစ်ကြသော ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအနွယ်ဝင်များ ဖြစ်ကြသောသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလနှင့်အမိနဒပ်တို့ကို ခေါ်ယူတော်မူ၍၊-
12 Вие сте началници на бащините домове на левитите, осветете се вие и братята ви за да пренесете ковчега на Господа Израилевия Бог на мястото, което съм приготвил за него.
၁၂သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
13 Защото, понеже първия път вие не го дигнахте, Господ нашият Бог нанесе поражение върху нас, защото не Го потърсихме според както е заповядано.
၁၃ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။
14 И той, свещениците и левитите осветиха себе си за да пренесат ковчега на Господа Израилевия Бог.
၁၄ထိုအခါယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ဣသရေလအမျိုးသား တို့ဘုရားသခင်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပြောင်းရွှေ့ပင့်ဆောင်နိုင် ရန် မိမိတို့ကိုယ်ကိုသန့်စင်ကြကုန်၏။-
15 (Левийците бяха, които носеха Божия ковчег с върлините горе на рамената си, както заповяда Моисей, според Господното слово).
၁၅လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
16 И Давид каза на левитските началници да поставят братята си певците с музикалните инструменти, псалтири и арфи и кимвали, за да свирят весело със силен глас.
၁၆ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
17 И така левитите поставиха Емана, Иоилевия син, а от братята му Асафа Варахииния син; а от братята им, Мерариевите потомци, Етана Кисиевия син;
၁၇သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။ အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။
18 и с тях братята им от втория чин, вратарите Захария, Вена, Яазиил, Семирамот, Ехиил, Уний, Елиав, Ванаия, Маасия, Мататия, Елифалей, Микнеия, Овид-едом и Еиил.
၁၈
19 Така певците Еман, Асаф и Етан се определиха да дрънкат с медни кимвали;
၁၉
20 а Захария, Азиил, Семирамот, Ехиил, Уний, Елиав, Маасия и Ванаия с псалтири по Аламот;
၂၀
21 а Мататия, Елифалей, Минеия, Авид-едом, Еиил и Азазия, с арфи по Семинит, за да ръководят пеенето.
၂၁
22 А Ханания, главен певец на левитите, ръководеше пеенето, понеже бе изкусен.
၂၂ခေနနိသည်ဂီတပညာတွင်ကျွမ်းကျင် သူဖြစ်သဖြင့် သူ့အားလေဝိဂီတပညာ သည်တို့၏ခေါင်းဆောင်အဖြစ်ဖြင့်ရွေး ချယ်ခန့်ထားကြ၏။-
23 А Варахия и Елкана бяха вратари за ковчега.
၂၃ဗေရခိနှင့်ဧလကာနတို့အား သြဗဒေဒုံ၊ ယေဟိတို့နှင့်အတူ ပဋိညာဉ်သေတ္တာတော် တည်ရာတဲတော်တံခါးစောင့်များအဖြစ် ဖြင့်ရွေးချယ်ခန့်ထားကြ၏။ ယဇ်ပုရောဟိတ် များဖြစ်ကြသောရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာ တို့အားပဋိညာဉ်သေတ္တာတော်ရှေ့တွင်တံပိုး ခရာမှုတ်ရန်အတွက်ရွေးချယ်ခန့်ထား ကြ၏။
24 А свещениците на Севания, Иосафата, Натанаил, Амасий, Захария, Ванаия и Елиезер свиреха с тръбите пред Божия ковчег; а Овид-едом и Ехия бяха вратари за ковчега.
၂၄
25 И тъй, Давид и Израилевите старейшини и хилядниците отидоха да дигнат с веселие ковчега на Господния завет от Овид-едомовата къща.
၂၅သို့ဖြစ်၍ဒါဝိဒ်မင်းနှင့်တကွဣသရေလ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာတပ်မှူး များသည်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် ရန်အတွက်သြဗဒေဒုံ၏အိမ်သို့သွားကြ ပြီးလျှင်ခမ်းနားသောပွဲလမ်းသဘင်တစ်ရပ် ကိုကျင်းပကြ၏။-
26 И понеже Бог помагаше на левитите, които носеха ковчега на Господния завет, те пожертвуваха седем юнеца и седем овена.
၂၆ဘုရားသခင်သည်သေတ္တာတော်ကိုပင့်ဆောင် ကြသူလေဝိအနွယ်ဝင်တို့အားမစတော် မူစေခြင်းငှာ ဣသရေလအမျိုးသားတို့ သည်နွားထီးခုနစ်ကောင်နှင့်သိုးခုနစ် ကောင်ကိုယဇ်ပူဇော်ကြ၏။-
27 И Давид бе облечен с одежда от висон както и всичките левити, които носеха ковчега и певците, и Ханания ръководител на певците; а Давид носеше ленен ефод.
၂၇ဒါဝိဒ်မင်းသည်အလွန်ကောင်းမွန်သောပိတ် ချောထည်ဝတ်လုံကိုဝတ်ဆင်ထားလေသည်။ ထိုနည်းတူဂီတပညာသည်များ၊ သူတို့၏ ခေါင်းဆောင်ခေနနိနှင့်၊ သေတ္တာတော်ကိုပင့် ဆောင်ကြသူလေဝိအနွယ်ဝင်တို့သည်လည်း ဝတ်ဆင်ထားသတည်း။ ဒါဝိဒ်သည်ပိတ်ချော သင်တိုင်းကိုလည်းဝတ်ထားသေး၏။-
28 Така целият Израил възвеждаше ковчега на Господния завет с възклицание с глас от рог, с тръби и с кимвали, като свиреха с псалтири и с арфи.
၂၈ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
29 А когато ковчегът на Господния завет влизаше в Давидовия град, Михала, Сауловата дъщеря, погледна от прозореца, и като видя, че цар Давид скачаше и играеше, презря го в сърцето си.
၂၉သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာစဉ် ရှောလုမင်း၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်သောအခါ ဝမ်း မြောက်စွာကခုန်လျက်နေသောဒါဝိဒ်မင်း ကိုမြင်လေသည်။ ထိုအခါသူသည်မင်းကြီး အားရွံရှာစက်ဆုပ်စိတ်ပေါ်လာ၏။