< Matiyu 6 >
1 Wierli ni tie zizi mbi ni ndi, ndu ba na toh na. Kaa tie ni ndu tie mbi u shulu na nno yi idii ndu mbi na.
၁``သင်တို့သည်အများမြင်သာအောင်လူမြင်ကွင်း တွင် အလှူဒါနမပြုမိစေရန်သတိပြုကြလော့။ သို့မဟုတ်ပါမူကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် သင်တို့အားမည်သည့်ကောင်း ချီးကိုမျှပေးသနားတော်မူလိမ့်မည်မဟုတ်။
2 Tomba, bita tie zizi bi kana d'bbu ni ndi na, bi mrla ndi ba tie toki ni tra Rji mba ni tie nkon u migbu, ndu ndi gbre ba san Njanjimu, me hla yiwu, ba rliga kpa dii mba ye.
၂``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
3 Bita ni tie kpie zizi, na ndu iwo ko'ta toh ikpie wa iwo rli si tie a na.
၃သင်သည်လှူဒါန်းသောအခါမထင်မရှားပြုလော့။-
4 U ndu zizi mbi nihe rii'rii'; u itie mbi wa ani toh ni mbu'a ani hanyi dii mbi kima.
၄သင်၏လက်ယာလက်ပြုသောအမှုကိုသင်၏လက်ဝဲ လက်မသိစေနှင့်။ မထင်မရှားပြုသောအမှုကို မြင်တော်မူသောသင်၏အဖသည်သင့်အားကောင်း ချီးပေးသနားတော်မူလိမ့်မည်။
5 U bitani tie aduwa, na tie to bi mrla ndi na. Biki ba ngri tie aduwa ni zande ni tra Rji mba ni fron nkon bi mi gbu, adi ndu ndi ka don to mba. Njanjimu, me wa yiwu, ba kpa dii mba ye.
၅``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။-
6 To biyi, bita ni tie aduwa, bika rii hi mi tra mbi, ndi tro' nkontra mbi, ndi tie aduwa hi ni tie mbi wa ahe rii'rii', u wawu tie mbi wa ani toh rii'rii', ani nnoyi dii mbi ni rira me.
၆သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
7 Bita ni tie aduwa, bikana rju tre towa bi mrla ndi ba tie na. Ba'ki baya' di gbubu tre mba ni ndu ba wo ba.
၇``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။-
8 Tomba bika na he to u mba na. 'E tiembi toh guci yiwu ikpie wa bi mye a.
၈သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။-
9 “Bita' tie aduwa toyi; Tre: Iti mbu wa a he shulua, ndu san me tsratsra me,
၉သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
10 mulki ndu ye, ikpie wa u son ndu ba tiewu ni ngbugblu'a nawa ba tiewu ni shulu'a.
၁၀နိုင်ငံတော်တည်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်းပြည့်စုံပါစေသော။
၁၁ယနေ့အတွက်လိုအပ်သောအစားအစာကို၊ အကျွန်ုပ်တို့အားပေးသနားတော်မူပါ။
12 U latre mbu uka uru hle tawu, towa kie uruhle ni bari'a.
၁၂အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကို အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့၊အကျွန်ုပ်တို့၏ အပြစ်များကိုလည်းဖြေလွှတ်တော်မူပါ။
13 Ndi na nji ta hi wrji u tsra-toh na, jbu ta rjuni wo bi brji(meme). Mulki mba ngbengble, mba girma(babran) bahi ume kakle'. Ameh
၁၃အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
14 “E bita wru latre ndi hle bawu, itie mbi ni shulu ni wruhle yiwu ngame.
၁၄``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-
15 “Biti na wru latre ndi hle bawu na, u tie mbi na wruhle yiwu ngame na.
၁၅သို့ရာတွင်သင်တို့သည်သူတစ်ပါးတို့ပြစ်မှား သည့်အပြစ်များကိုမဖြေမလွှတ်ကြလျှင်မူ ကား သင်တို့အဖသည်လည်းသင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်။
16 Ngarli, bita ni' vu nyu, na ya gbododo me' na bi mrla ndi ba tie na. 'E' ba trso shishi mba ni ndi toki ndu ba to di baki vu nyu. Njanjimu, me hla yiwu, ba rliga kpa dii mba ye.
၁၆``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
17 To, biyi', bita si vu nyu, ngla shishi mbi di gban nye ni tu mbi.
၁၇သင်တို့သည်အစာရှောင်ကြသောအခါမျက်စိ ဖြင့်မတွေ့မမြင်နိုင်သော သင်တို့၏အဖမှလွဲ၍ အခြားမည်သူမျှမသိစေရန် မျက်နှာကိုသစ် ၍ဦးခေါင်းကိုဖြီးကြလော့။-
18 Ndu ndi na toh di bi ki vu nyu na; u tie mbi wa a he rii'rii' 'a, nda ni toh ni rii'rii' 'a ani hanyi dii mbi.
၁၈သင်တို့မထင်မရှားပြုသောအမှုကိုမြင်တော်မူ သောသင်တို့၏အဖသည် သင်တို့အားကောင်းချီး ပေးသနားတော်မူလိမ့်မည်။
19 Na rii kpi zi ni ngbungblu yi na, iwrji wa imra ni rli ba ko wa ba kuklu nda tie meme ko bi y'bi ba y'ra bubuwa na y'bi ba;
၁၉``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
20 zi kpi mbi ni shuhe, ni bubu wa imra, ko kuklu' na kpa tie meme na ni wrji wa bi y'bi bana y'ra rii mi nda y'bi bana.
၂၀သံချေးပိုးရွမဖျက်မဆီး၊ သူခိုးဋ္ဌားပြမထွင်း မဖောက်မခိုးမယူနိုင်သောဘဏ္ဍာကိုကောင်းကင်ဘုံ ၌စုဆောင်းကြလော့။-
21 “E iwrji wa ikpie mbi he'a, niki ki isron mbi ni he ngame.
၂၁အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာသို့ သင်တို့၏စိတ်ရောက်တတ်သောကြောင့်ဖြစ်၏။
22 “Ikpan u kpa ahi shishi. Shishi mbi nita bii, u kpa' mbi wawuu ani shu ni kpan.
၂၂``မျက်စိသည်ကိုယ်ခန္ဓာ၏ဆီမီးသဖွယ်ဖြစ်၏။ မျက်စိကြည်လင်လျှင်သင်တို့၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။-
23 U shishi mbi nita tie me'me', ikpa mbi wawuu ni kpukpa bwu yi. U ani ta ndi ikpan wa ahe ni mi mbi ahi bwu, to ibran bwu kimaa ni he bitan!
၂၃သို့ရာတွင်သင်တို့၏မျက်စိမွဲလျှင်မူကားကိုယ် ခန္ဓာတစ်ခုလုံးမှောင်လိမ့်မည်။ သို့ဖြစ်၍သင်တို့ တွင်ရှိသောအလင်းသည်အမှောင်ဖြစ်လျှင်ထို အမှောင်သည်လွန်စွာမှောင်လိမ့်မည်။
24 Indi ri na'toh nji tikoh harli na, 'e' ani son ri mba nda kran rimaa, ko ka' y'me ni ri nda kama ni rimaa. Bina' mrli koh Rji mba u mammon na.
၂၄``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
25 To, mi hla yiwu, na tamne ni tu son ngbunblu mbi na, illa wa bi rli ko ikpie wa bi so, ko ni kpa'mbi, inklon wabi sru'a na. He ni sisren na zan birli na, ka ikpa mbi na zan ikpi na?
၂၅``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။-
26 “To cincen' bi bwua, bana cu ko can ko zi kpie ni wron na, naki me itiembi ni shulu ni nno mba rli. Bina nna ba na?
၂၆မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
27 “Ahi nha mbi ni tu tamre ma ani to nzu gbron ma ko tsame?
၂၇သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။
28 “U bi ta'mre ngye ni tie ikpie bi sru? To kunkron bi miji wa ba'gbron hama ni ron ko ni ta' rjurju.
၂၈``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊-
29 Me hla yiwu sulema me ni gbugbu kpi ma mba he wo ma me na bii mla ni ri biyi na.
၂၉သို့ရာတွင်အလွန်ချမ်းသာကြွယ်ဝသည့်ရှောလမုန် မင်းကြီးပင်လျှင်ထိုပန်းပင်တစ်ပင်ကဲ့သို့လှပ အောင်မဝတ်မဆင်နိုင်ဟုသင်တို့အားငါဆို၏။-
30 Zizanyi, u Rji wa a tie giga bi miji ni nkpon bii wa, luwa ba he u mble ba mmo hi ni ba, a na sru kpi kayi zan ba na, ha'yi biyi bi tsitsa sron.
၃၀ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။
31 “Tomba bika na tamre di tre, 'Ayi ngye mi rli' ka ahi ngye mi so na? 'Ka 'ahi ngye me sru ka' kpa'?'
၃၁``ထို့ကြောင့်အဘယ်သို့စားသောက်ရမည်နည်း၊ အဘယ်သို့ဝတ်ရမည်နည်းဟုမစိုးရိမ်ကြနှင့်။-
32 “E a bi wa bana toh Rji mba ba wa bi kpi biyi. E itie mbi u shulu toh di bi wa ikpi biyi.
၃၂(ဘုရားသခင်ကိုမယုံကြည်မကိုးစားသူတို့ သည်ထိုသို့စိုးရိမ်တတ်ကြသည်) ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်ထိုအရာအားလုံးကိုသင် တို့လိုကြောင်းသိတော်မူ၏။-
33 Wa mulki Rji ni mumla mba inkon matsratsra rli u mbru kpi biyi ba nno nha yiwu.
၃၃ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
34 Tomba, na ta'mre ni tu mble na, imble he ni kpima u wa bi tamrea. iya' u vi ri mlau.
၃၄ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။