< Mark 1 >
1 Wayi hi Lauren wu mumlan ni tu tsartsar tre wu Yesu Kristi, vre Irji.
၁ဘုရားသခင်၏သားတော်ယေရှုခရစ်အကြောင်း သတင်းကောင်းစတင်ပုံကိုဖော်ပြပါအံ့။-
2 Anabi Ishaya, a ya koshishi datre ndi ye mi tru indi wu ton di mu, niyi ani mlanko niwu.
၂ပရောဖက်ဟေရှာယကျမ်းတွင်၊ ``ဘုရားသခင်က နားထောင်ကြလော့။ ငါသည်သင်၏လမ်းကိုအဆင်သင့်ဖြစ်စေရန် ငါ၏တမန်ကိုသင့်အလျင်စေလွှတ်မည်။
3 Ilan wandi a si kpagro si yo ni tsutsu miji, mlan icontih ni Back mbu, do not ma hi nyeyre.
၃တောကန္တာရ၌အသံတစ်ခုသည် ``ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့'' ဟု ကြွေးကြော်လျက်နေ၏။ ဟူ၍ဖော်ပြပါရှိသည်။
4 Yohana a ye, da tsoro bi wandi ba ye ni wu nko wu wru latre mba hlega, da vu ba sukpa ni ma du Irji wru latre be hlega.
၄ယင်းသို့ဟေရှာယကဖော်ပြသည်နှင့်အညီ ဗတ္တိဇံ ဆရာယောဟန်သည်တောကန္တာရတွင်ပေါ်ထွန်းလာ၏။ သူသည်လူတို့အား ``နောင်တရ၍ဗတ္တိဇံကိုခံယူ ကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟု ဟောပြော၏။-
5 Wawu u indi bi gbu Judea mba urishilima ba luni ka kpa sukpa wu ma da ni nhran latre mba do Irji wru ba hle.
၅ယေရုရှလင်မြို့နှင့်ယုဒပြည်ကျေးလက်တောရွာ တို့မှ လူအပေါင်းတို့သည်ယောဟန်ထံသို့သွားကြ ကုန်၏။ မိမိတို့အပြစ်များကိုဖော်ပြဝန်ခံလျက် ယော်ဒန်မြစ်တွင်ယောဟန်ထံမှဗတ္တိဇံကိုခံယူကြ၏။
6 Yohana a ta sur nklon nta rakumi de to lo rjirji ni tri wu nta da ta rli langblan ba iton.
၆ယောဟန်သည်ကုလားအုပ်မွေးအဝတ်ကြမ်းကို ဝတ်ထား၏။ သားရေခါးပန်းကိုစည်းထား၏။ ကျိုင်းကောင်နှင့်ပျားရည်ကိုမှီဝဲ၏။-
7 A dubub di “Iri ni ye ni kogonmu wandi a zan gbengle mu, wandi mina malan wa mi chu langban wu zama na.
၇သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။-
8 Mi sukpa yiwu Nima ana wawu ni sukpa yiwu ni rubu Mai Tsraki.
၈ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။
9 Avi baki, yes a ye rji ni Nazareth wu Galilee e Yohana a sukpa ni wu ni nei Jordan.
၉ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။-
10 Da Yesu a nzutu ni ma wu ne wandi ba sukpa niwu, ato shulu a bwu u wa atoh Ruhu Irji a girji kuson ni u ni tu. “Irji ni shulu a trendi.
၁၀ရေမှတက်တော်မူစဉ်မိုးကောင်းကင်ကွဲဟ၍ မိမိ အပေါ်သို့ဝိညာဉ်တော်သည်ချိုးငှက်အသွင်ဖြင့် ဆင်းသက်သည်ကိုမြင်တော်မူ၏။-
11 “Wayi wu vren wu surom mu, wandi a ni du surom mu see.
၁၁ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။
12 Ruhu Irji a Chon hi ni tsutsu miji. Wu vi arbai,
၁၂ချက်ချင်းပင်ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ပို့ဆောင်တော်မူ၏။-
13 ba ba nma miji mba birji (Satan) wandi a ka tsra. Irji a du maleka ma do ba tindu (hidima) niwu.
၁၃တောကန္တာရတွင်စာတန်သည်ကိုယ်တော်အား အရက် လေးဆယ်ပတ်လုံးစုံစမ်းသွေးဆောင်လေသည်။ ထို အရပ်တွင်တောတိရစ္ဆာန်များလည်းရှိ၏။ သို့ရာ တွင်ကောင်းကင်တမန်တို့သည်လာ၍ ကိုယ်တော် ကိုလုပ်ကျွေးကြ၏။
14 Niwa bana vu Yohana tro Yes ye ni Galilee da bla tre rji andi ko Irji no shulu a grji ye weiweire ko nhá do
၁၄ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
15 ica me me drive chuwo da kpa wu wu.
၁၅
16 A si izren ni kpa kikle nei Galilee da to Siman ba Andru, mri vayi Simon, basi yo ngrow nima bana bi Vu lambe.
၁၆ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။-
17 Yesu yo ba du ba hu a ni tsron.
၁၇သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု ထိုသူတို့အားမိန့်တော်မူ၏။-
18 ba vu idi to ba lambe lude hu gbagbla.
၁၈ထိုသူတို့သည်ချက်ချင်း မိမိတို့၏ပိုက်ကွန်များ ကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
19 A la fon zre da to James (Yakubu), ba siya inla rjirji wu vu lambe ba ti
၁၉ကိုယ်တော်သည်ဆက်လက်၍အနည်းငယ်လျှောက် သွားသောအခါ ဇေဗေဒဲ၏သားများဖြစ်ကြ သောယာကုပ်နှင့်ညီယောဟန်ကိုမြင်တော်မူ၏။ သူတို့သည်လှေထဲတွင်ပိုက်ကွန်များကိုအသင့် ပြင်လျက်နေကြ၏။-
20 ba wo yo a da lu don think a Zabadi mba mri ko ma da hu.
၂၀ကိုယ်တော်သည်သူတို့ကိုမြင်လျှင်ချက်ချင်းခေါ်ယူ တော်မူသဖြင့် သူတို့သည်ဖခင်ဇေဗေဒဲကိုလူ ငှားများနှင့်လှေထဲတွင်ထားခဲ့၍နောက်တော်သို့ လိုက်ကြ၏။
21 Ba ye ni Capernaum chachu sati, u yes hi ni tra irji ba (synagogue).
၂၁ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
22 Da ka tsro ba itre irji zan khikle bi nha mba
၂၂ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။
23 Ni nto kima, i gu ri wandi a he ni meme ibrji a lu yrayi ni Yesu da mye,
၂၃ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
24 wu ye tingye ni ta, Yesu ba Nazareth? Wu ye wuta mu? Mi to ko wu nha, wu tsatsra wu irji.
၂၄ထိုသူက ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ် တို့အားအဘယ်သို့ပြုလိုတော်မူပါသနည်း။ အကျွန်ုပ် တို့အားဖျက်ဆီးရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူပေတည်း'' ဟုဟစ်အော်၏။
25 Yesu yra to ni wu da hla ni ibrji wandi a siya tree ni mi songbagbi.
၂၅သခင်ယေရှုက ``ဆိတ်ဆိတ်နေလော့။ ထွက်ခဲ့ လော့'' ဟုအမိန့်ပေးတော်မူ၏။-
26 Ibriji rhju ni gbengle da ni kpagro.
၂၆ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။-
27 Indi ba wandi ba hei ni kea ba bwu nyu yo ni wuo da miye kpamba, I wayi nghe, itsro sad gbengle ani you doka ni bring meme u ba wou.
၂၇လူအပေါင်းတို့သည်လွန်စွာအံ့သြကြလျက် ``ဤ အချင်းအရာကားအဘယ်သို့နည်း။ သြဝါဒသစ် တစ်မျိုးပေလော။ သူသည်ညစ်ညမ်းသောနတ်များကို အာဏာနှင့်အမိန့်ပေး၍ နတ်တို့ကလိုက်နာကြ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။-
28 Injo nitu ma a zre yi ni clan Galilee.
၂၈ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
29 A rju ni tra irji da tsi you ni ko ba Siman ba Andrew, ba ba Yakubu mba Yohanna.
၂၉ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တရားဇရပ်မှထွက်ခွာ၍ ရှိမုန်နှင့်အန္ဒြေ၏အိမ်သို့ ကြွတော်မူ၏။ ယာကုပ်နှင့်ယောဟန်တို့လည်း လိုက်ပါသွားကြ၏။
30 Ni ri nikoa, a to yi wa Siman si lo kpa.
၃၀ရှိမုန်၏ယောက္ခမမိန်းမသူသည်အိပ်ရာပေါ်တွင် ဖျားလျက်ရှိ၏။ သူ၏အကြောင်းကိုကိုယ်တော်အား ချက်ချင်းပင်လျှောက်ထားကြ၏။-
31 Da ba hla niwu, a hi da ka thi wo nzu. Lol kpa a kri bre wu, wa kri lunde da nuba rhi.
၃၁ကိုယ်တော်သည်သူ့ထံသို့သွား၍လက်ကိုကိုင်ဆွဲ ထူမတော်မူ၏။ ထိုအခါသူသည်အဖျားပျောက် ၍ဧည့်သည်ဝတ်ကိုပြုလေ၏။-
32 Ni yalu, be gbu wawu ba shubi ni nkotra.
၃၂နေဝင်၍ညချမ်းအချိန်ရောက်သောအခါ လူတို့သည် ရောဂါသည်များနှင့်နတ်မိစ္ဆာပူးဝင်သူများကို အထံတော်သို့ဆောင်ခဲ့ကြ၏။-
33 Ba nji bi lilo kpa ye ni wu,
၃၃တစ်မြို့လုံးမှလူတို့သည် အိမ်တံခါးဝတွင် လာရောက်စုရုံးလျက်ရှိနေကြ၏။-
34 wa ka nuba si kpa da zu meme brji rju ni kpa wandi a hei ba wu ni kpa. A na nu ibrji ba nyu wu tre na - ni tu ba to. Ko wawu hi nha.
၃၄ကိုယ်တော်သည်ရောဂါအမျိုးမျိုးစွဲကပ်သူ အမြောက်အမြားကို ကျန်းမာစေတော်မူ၏။ များစွာ သောနတ်မိစ္ဆာတို့ကိုနှင်ထုတ်တော်မူ၏။ ထိုနတ်တို့သည် ကိုယ်တော်မည်သူဖြစ်ကြောင်းကိုသိကြ၏။ သို့ဖြစ် သောကြောင့်ကိုယ်တော်သည် သူတို့အားစကား ပြောခွင့်ပေးတော်မမူ။
35 Ni bwu mble a lunde da hi ni wutrji wandi ndi bana hei na daka bre irji.
၃၅နောက်တစ်နေ့မိုးမလင်းမီကိုယ်တော်သည်အိပ်ရာ မှထတော်မူ၏။ ထိုနောက်ဆိတ်ငြိမ်ရာအရပ်သို့ ထွက်ကြွတော်မူပြီးလျှင် ဆုတောင်းပတ္ထနာပြုတော် မူ၏။-
၃၆ရှိမုန်နှင့်အပေါင်းဖော်များသည်ကိုယ်တော်ကို လိုက်ရှာကြ၏။-
37 ba bru mba ba wawu ka to da lila wu di indi basi waawu.
၃၇တွေ့သောအခါ ``ကိုယ်တော်ကိုလူအပေါင်းတို့ ရှာနေကြပါသည်'' ဟုလျှောက်ကြ၏။
38 A sa ba wu, khi hi ni wudji rhi, ni gbu ri kan. Nitu hla tre irji ni bawu shi need me ye.
၃၈ကိုယ်တော်က ``အနီးအနားရှိရွာများသို့သွားကြ ကုန်စို့။ ထိုရွာများတွင်လည်းငါတရားဟောရမည်။ ထို့ကြောင့်ငါကြွလာခဲ့ခြင်းဖြစ်သည်'' ဟုတပည့် တော်တို့အားမိန့်တော်မူ၏။
39 A zren kaāgo inkla gbu Galilee, ni tra irji mba (synagogue) da tsro ba jiji tre irji da zu meme ibrji rltju ni bi wandi ibrji lo ba nju da kpabachuwo.
၃၉ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
40 Ndi ri wandi a hei ni lilo eshi a ye da kugu gbarhu ma da bre u andi.
၄၀အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
41 Wuta kpa nyme wu ka chu lilo yo wrjhu ni mu. A ló suron ni wu da ka wo ni wu da tre di, “mi kpa nyme lilo ka wu chuwo!
၄၁ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။-
42 Lilo ezhie a rhu hari kpama a kma ti sa.
၄၂မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။-
43 Yesu a mmba, u a du na hla ni tro na.
၄၃ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။
44 Du gri kpa ma hi stro priest ya da a samu si see kpa ma du hei na wa Musa a ti gbuchu ni tu man.
၄၄
45 Da gua rhu ni Yesu a tsi ka dubu kpe wa Yesu ti ni wu'a. Ni tu kima Yesu ana iya are ni mi gbu du ba to na. A nap zi are zu ni kosan gbu. Duk na ki ndi ba ba zi hu ko ni tse Wanda a hi.
၄၅ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။