< Mark 7 >
1 Farisawa ni mbur bi nha ba yerji urushalima ba ye gyenklan kagon Yesu
၁ဖာရိရှဲတို့နှင့်ယေရုရှလင်မြို့မှရောက်လာ ကြသောကျမ်းတတ်ဆရာအချို့တို့သည် သခင်ယေရှုထံတော်တွင်ချဉ်းကပ်ကြ၏။-
2 Nda to imrlikoma bari basi rli birli hamma ni ngla wo.
၂သူတို့သည်မဆေးကြောမစင်ကြယ်သော လက်များနှင့် တပည့်တော်တို့စားသောက်နေ ကြသည်ကိုတွေ့မြင်ကြ၏။
3 Farisawa ni yahudawa wawu mba ba na rli birli na sai ba nglawo, don ahi alada mba.
၃(ဖာရိရှဲများနှင့်ယုဒအမျိုးသားအပေါင်း တို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုလိုက်နာကျင့်သုံးကြ၏။ လက်ကိုလက်ကောက် ဝတ်အထိ ဦးစွာမဆေးကြောဘဲအစားအစာ စားလေ့မရှိကြ။-
4 Inde farisawa ba ye rji cucu, bana rli birli na sai ba Sukpa; ni imbru kpi bari wa ba hua na ba ngla vuva nho uri kongo ni kpi ndu la wawu.
၄စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။)
5 Farisawa ni bi nha mba mye Yesu “Ahi ngyesa imrli ko me mba na Ziren ni nkon u bi nikon amma di ni rli birli ni worji?”
၅သို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။-
6 Ama a ua ni bawu, “Ishaya tre tsar ni tu mbi bi gyru ndi. Ba nha din, Ndi biyi ba hume ni vre nyu amma isuron he gbagbanwu ni me.
၆ကိုယ်တော်က ``သင်တို့၏အကြောင်းပရောဖက် ဟေရှာယဟောကြားချက်မှာမှန်လှပါသည် တကား။ သင်တို့သည်ကြောင်သူတော်များဖြစ် ကြ၏။ ထို့ကြောင့်ဟေရှာယသည်သင်တို့ကို ရည်မှတ်လျက်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီး ကူးကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။
7 Ba wu me u ce, nda ni tsuro ikpi bi u ndi wa ahi u mba.
၇သူတို့သည်လူ့ပညတ်များကိုဘုရားဟော တရားသဖွယ်သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ငါ့အားသူတို့ဆည်းကပ်ကိုးကွယ်ခြင်း သည် အချည်းနှီးဖြစ်၏' ဟုဘုရားသခင်မိန့်တော်မူကြောင်းဖော်ပြချေ သည်။
8 Bi ka doka rji don di nji u di mu gbangban me.
၈``သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်၍ လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက် နာကြ၏'' ဟုမိန့်တော်မူ၏။
9 A la wa bawu, A bi yiwu wa bi ka doka Rji don ndu yi nji ala'ada u mbi.
၉ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။-
10 Musa a tre, 'Wo tre tieme ni yime', u iwa a tre meme ni tiema ko yima, gbigbi ani qu'. “Amma bi hla, 'Indiwa a hla ni tiema ko yima
၁၀`သင်၏မိဘကိုရိုသေမြတ်နိုးလော့။ မိဘကို ကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုမောရှေ ကပညတ်ခဲ့၏။-
11 Izo ko birime wa una kpa ni me a hi Corban “(wa wu tre, nno ni Rji)
၁၁သို့သော်သင်တို့က `လူတစ်ဦးတစ်ယောက်သည် အဖသို့မဟုတ်အမိအားအကျိုးပြုစေမည့် ပစ္စည်းတစ်စုံတစ်ရာရှိသော်လည်း ယင်းပစ္စည်းကို `ကော်ဘန်' (ဘုရားသခင်အဖို့လှူပြီးပစ္စည်း ဖြစ်သည်) ဟုဆိုလျှင်၊-
12 Una la ny'me ni wu ndu tie kpie ni tiema ko iyi ma na.
၁၂သူသည်မိဘဝတ်ကိုပြုရန်မလိုဟုသွန်သင် ကြ၏။-
13 Bi kpa tre Rji ni tie meme ni al'ada mbi wa bi ndi nji wu ngbangban me. Ni gbugbu kpie wa bi muba wa bi tie'a.
၁၃ဤသို့လျှင်သင်တို့လက်ဆင့်ကမ်းပေးအပ်ကြ သည့်ထုံးတမ်းစဉ်လာများဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပစ်ပယ်ကြ၏။ အလားတူ အခြားအကျင့်ဋ္ဌလေ့များစွာတို့ကိုလည်း သင်တို့ပြုကြသေး၏'' ဟုမိန့်တော်မူ၏။
14 A yo kpentren ndi ba ngarli nda tre wo me wawu mbi wu ndi to.
၁၄ထိုနောက်ကိုယ်တော်သည်လူပရိသတ်တို့အား အထံတော်သို့တစ်ဖန်ခေါ်တော်မူပြီးလျှင် ``ငါ့ စကားကိုသင်တို့အားလုံးနာယူသိမှတ်ကြ လော့။-
15 Ikpie ri u kora na he na wa ani ba ndi tie meme”. A hi kpie wa a rju rji ni mi ndi, ikiyi ni kpa ndi tie meme”
၁၅လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
16 Indi wa a he ntlon wo'a ka wo.
၁၆(နားရှိသူတို့ကြားကြကုန်လော့)'' ဟု မိန့်တော်မူ၏။-
17 To, Yesu a ka kpentre ndi ba don nda ri mikoh, mrli ko ma ba mye itre misali.
၁၇ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။-
18 Yesu tre bi yi me itu mbi rli he bwu? Bi na to ndi ko ngyeri wa a ri ni ndi rji kora an a kpau tie meme,
၁၈ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။)
19 don ana he nkon u ri ni suron ma na, amma ani hi mi nne ma nda rju hlega hi tra u hi mha?” Nitreyi Yesu a d'bu birli ba bi wawu.
၁၉
20 A tre, “Ahi kpie wa rju rji ni mi ndi mba ni kpau tie meme.
၂၀ဆက်လက်၍ကိုယ်တော်က ``လူ၏ကိုယ်တွင်းမှ ထွက်သည့်အရာသာလျှင် လူကိုညစ်ညမ်းစေ၏။-
21 Don rji ni mi ndi, rju ni mi suron ba' meme mre: gru tangban ni ndi, iy'bi, wundi,
၂၁လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊-
22 ikan, ingu, meme dri, gyru ndi, bison biye, bi shishi meme, bi kpa ndi tie meme, nzutu, bi mrlian ndi.
၂၂သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း-
23 Biyi wawu mba wu ba meme wa ba rji ni mi, bi ki ba kpa ndi tie meme
၂၃အစရှိသောဆိုးညစ်သည့်အရာအားလုံးတို့ သည် လူကိုယ်တွင်းမှထွက်လာ၍လူကိုညစ်ညမ်း စေ၏။'' ဟုမိန့်တော်မူ၏။
24 A wlunde ni ki nda hi kpama ni iklan u Taya ni sidon. Niki a ri koh nda na son ndu ba to wrji wa a he'a na, amma ana ya' nda ri kpama ni ndi na.
၂၄ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော်မူ၍ တုရုနယ်သို့ကြွတော်မူ၏။ ရောက်လျှင်အိမ်တစ် အိမ်တွင်တည်းခိုတော်မူ၏။ ကိုယ်တော်ရောက်ရှိ တော်မူကြောင်းမည်သူကိုမျှသိစေတော်မမူ လို။ သို့ရာတွင်ပုန်းကွယ်၍နေတော်မမူနိုင်။-
25 Amma ni wo a he, iwa ri wa kpura vren wa ma a he ni brji a ye nda nda ka ku joku niwu za.
၂၅ညစ်ညမ်းသောနတ်ပူးဝင်နေသောသူငယ်မတစ် ဦး၏မိခင်သည် ကိုယ်တော်ရောက်ရှိသည့်သတင်း ကိုကြားလျှင်ချက်ချင်းလာ၍ခြေတော်ရင်းတွင် ပျပ်ဝပ်၏။-
26 To, iwa ana ndi u Helleni, u l'me Surofinishan. A bre wu to ju brjia rju ni vrenwa ma.
၂၆သူသည်ရှုရိဖိနိတ်ပြည်သူဂရိအမျိုးသမီး ဖြစ်၏။ မိမိ၏သမီးထံမှနတ်မိစ္ဆာကိုနှင်ထုတ် တော်မူရန်ကိုယ်တော်အားတောင်းပန်၏။-
27 A wa wu, ndu ba guci nno mrli rli. Ana he tu nkon na, ndu ba ban birli u mrli tayo yawhu na.”
၂၇ကိုယ်တော်က ``သားသမီးတို့ကိုဦးစွာဝအောင် ကျွေးရ၏။ သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုသူ့အား မိန့်တော်မူ၏။
28 Amma iwa kasa wu nda hla” Njanji, Baci, e yawhu wa ba kru za tebru'a barli bu mbru (rjurju) u mrli ba.
၂၈ထိုအမျိုးသမီးက ``မှန်ပါ၏အရှင်။ သို့ရာတွင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားပွဲအောက်မှခွေးတို့စားရကြပါသည်'' ဟု ပြန်လည်လျှောက်ထား၏။
29 A hla ni wa, ni tu kpie wa u tre, u ka hi. Ibrji a rju ni kpa vrenwa me ye'.
၂၉ထိုအခါကိုယ်တော်က ``သင်ဤသို့လျောက်ပတ်စွာ လျှောက်ထားသည့်အတွက်ကြောင့်အိမ်သို့ပြန်လော့။ နတ်မိစ္ဆာသည်သင့်သမီးထံမှထွက်ခွာသွားလေ ပြီ'' ဟုမိန့်တော်မူ၏။
30 A k'ma hi koh ma nda ka to vrenwa kru ni tu kru u ibrji rliga rju ni kpa vrenwa ye”
၃၀ထိုအမျိုးသမီးသည်မိမိအိမ်သို့ပြန်ရောက်သော် နတ်မိစ္ဆာထွက်သွားသဖြင့် အိပ်ရာထဲမှာငြိမ်သက် စွာလဲလျောင်းနေသောမိမိ၏သမီးငယ်ကိုတွေ့ ရ၏။
31 A la rju ni nklan u Taya, nda hi ni sidon ni teka halili rji hi ni inklan u Dikafolis.
၃၁တုရုဒေသမှအပြန်တွင်ကိုယ်တော်သည်ဇိဒုန် ဒေသကိုလည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကိုလည်းကောင်းဖြတ်၍ ဂါလိလဲ အိုင်သို့ကြွတော်မူ၏။-
32 Ba nji ndi ri ye wu wa ana mangbi nda ta to tre na, nda bre wu sawo wu.
၃၂လူအချို့တို့သည်ဆွံ့အနားပင်းသူတစ်ယောက် ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။ ``သူ၏အပေါ် တွင်လက်တော်ကိုတင်တော်မူပါ'' ဟုလျှောက်ထား တောင်းပန်ကြ၏။-
33 A nji'u hi kosan ni bubu wa ndi bana he na, a sur mri wo ni mi ton ma nda ti ntan ka kpre l'me ma.
၃၃သခင်ယေရှုသည်လူပရိသတ်ထဲမှထိုသူ တစ်ယောက်တည်းကို လူရှင်းရာသို့ခေါ်သွားတော် မူပြီးနောက် သူ၏နားများအတွင်းသို့လက်ညှိုး တော်ကိုထိုးထည့်တော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်းတို့တော်မူ၏။-
34 A nzu ya shulu, nda cu vrli, nda wa wu, “Iffatha” wa ahi “Bwu!”
၃၄ထိုနောက်ကောင်းကင်သို့မျှော်ကြည့်လျက်သက် ပြင်းချကာ ``ဧဖသ'' ဟုမိန့်တော်မူ၏။ ဧဖသ အနက်ကား ``ပွင့်စေ'' ဟူသတည်း။
35 Hari itton ba, baka bwu, u l'me ma wa ana llo ngbangban, ka si nda tsi ni tre didi me.
၃၅ချက်ချင်းပင်ထိုသူ၏နားတို့သည်ပွင့်၍ သူ ၏လျှာသည်သွက်လက်လာသဖြင့် သူသည် ပီသစွာစကားပြောလေသည်။-
36 Yesu m'ha ba ndu bana wa dio na. Amma to a m'ha ba ndu ba na hla dio na, wa katie na a con ba ndu ba d'bu ni ndi.
၃၆ကိုယ်တော်သည်ထိုအဖြစ်အပျက်အကြောင်း ကို မည်သူအားမျှမပြောကြရန်လူတို့အား တားမြစ်တော်မူ၏။ သို့သော်လည်းကိုယ်တော် တားမြစ်တော်မူလေ၊ သူတို့သည်ထိုသတင်း ကိုကြေညာလေဖြစ်၏။-
37 Ba tie sisri kpukpo me, nda tre, “A tie kpi ba wawu-u didi me.
၃၇ထိုအဖြစ်အပျက်အကြောင်းကိုကြားရသည့် လူအပေါင်းတို့သည်လွန်မင်းစွာအံ့သြကြ လျက် ``ကိုယ်တော်သည်ခပ်သိမ်းသောအမှုတို့ ကိုလျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသူတို့ ကိုကြားစေတော်မူပြီ။ ဆွံ့အသူတို့ကိုစကား ပြောစေတော်မူပြီ'' ဟုပြောဆိုကြ၏။