< Mark 13 >

1 da yesu si zren rhe ni haikali iri ni mri ko ma bi huzama a tre ndi teacha ya tita ba baiko biyi ba biya
ဗိ​မာန်​တော်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​စဉ် တ​ပည့် တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ကြည့်​တော်​မူ​ပါ။ ဤ ကျောက်​တုံး​များ​သည်​ကြီး​မား​လှ​၍ ဤ​အ​ဆောက် အ​အုံ​များ​သည်​လည်း​ကြီး​ကျယ်​လှ​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​၏။
2 a hla ni wu wuto khikle mme biyi? ko tita rina kri ni tu kpanma hama ni zile na
သ​ခင်​ယေ​ရှု​က ``ဤ​အ​ဆောက်​အ​အုံ​ကြီး​များ ကို ယ​ခု​သင်​မြင်​သည်​မ​ဟုတ်​လော။ ယင်း​အ​ဆောက် အ​အုံ​များ​မှ​ကျောက်​တုံး​အား​လုံး​ပင်​ပြို​ကျ ရ​လိမ့်​မည်။ ကျောက်​တစ်​တုံး​မျှ​မူ​လ​နေ​ရာ​တွင် ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
3 da a son ni tu gbku olive wandi niya haikali a Bitrus, Yakubu, Yohana e Andrawus ba mye ni yib
ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​ဗိ​မာန်​တော် ဖက်​သို့​မျက်​နှာ​မူ​လျက် တစ်​ကိုယ်​တည်း​ထိုင်​နေ တော်​မူ​သော​အ​ခါ၊-
4 hlani tawu nita mba ikpi bi yi ba faru? age ba ni tsoro ta ndi kpe biyi ba ti wiewere wu whursu
ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​အန္ဒြေ-တို့​သည် ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​ရာ​များ သည်​အ​ဘယ်​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​အ​ဘယ် နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ် တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​မေး​လျှောက်​ကြ​၏။
5 yesu a lu kri si bla ni bawu mla ya nin du dior gyuryi na
သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​သူ​တစ်​ပါး မ​လှည့်​စား​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
6 gbugbwu ba ye ni ndume nda tre mi wawu yi nda gyur gbugbwu hi hle
လူ​အ​များ​ပင်​ငါ​၏​အ​ယောင်​ဆောင်​လျက်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မေ​ရှိ​ယ​ဖြစ်​သည်​ဟု ဆို​၍​လူ​အ​များ​ကို​လှည့်​ဖြား​ကြ​လိမ့်​မည်။-
7 bita wo kuu ko tre huu na ti sisiri na kpi bimba ba ye ama ekli rhi hye ri
သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​သော​အ​ခါ မ​ထိတ်​မ​လန့်​ကြ နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​မု​ချ​ဖြစ်​ပျက် ရ​မည်။ သို့​သော်​လည်း​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ကျ​သေး။-
8 gbumgblu ba lu wa nhu ni gbungblu u bi chu ba kamba kpamba bi wo jub meme ni bubu kankan ni yon me ni hei be ba yi farlio yi nei na kri lega na ba vu yi hi lo da tsiyi ni tra wu bre irji mbi
လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။''
9 ba gbronyihi duyi kri ni gaba gononi ba ba bi tuchu ni tu nde mu a duyi tsoro ba ikpe wandi me ti ni yiwua
``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။-
10 ama itre rji ni kuci hi kago ba ti vu yi hi lo bi kana ti sisir na tu kpe a di bi tre a na
၁၀ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။-
11 niton ki ba na ye ikpe wa bi tre a ana bi yi bi tre na ruhu maitsarki ba ni tre
၁၁သင်​တို့​အား​ဖမ်း​ဆီး​၍​တ​ရား​ရုံး​ခုံ​ရုံး​သို့ ပို့​အပ်​ကြ​သော​အ​ခါ မည်​သို့​ပြော​ဆို​ရ​မည် ကို​ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။ ထို​ခ​ဏ​၌ မိ​မိ​တို့​စိတ်​တွင်​ပေါ်​လာ​သည့်​စ​ကား​များ​ကို သာ​လျှင် သင်​တို့​ပြော​ကြ​လော့။ ယင်း​စ​ကား​များ သည်​သင်​တို့​စ​ကား​များ​မ​ဟုတ်​ဘဲ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​စ​ကား​များ​ဖြစ်​လိမ့်​မည်။-
12 vayi ni lani vayi du wuu haka e ti ni tre ma mri ba lu kri ni tu ba yimba ni ba timba du ba luu ba
၁၂လူ​တို့​သည်​ညီ​အစ်​ကို​ချင်း​အား​သေ​စေ​ရန်​အပ် ကြ​လိမ့်​မည်။ အ​ဖ​သည်​လည်း​သား​အား​သေ​စေ ရန်​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​မိ​ဘ​များ ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။-
13 ndi ba karnwu ni tu nde mu ama ndi wa a kri gbangban yi ni kle ani gbujbwu
၁၃ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။''
14 bi ta to meme gunki ba ni kri ni bubwu ana kamata na indi wandi asi bla vunvu yi ka mal ya da rimere be wandi ba he ni gran judea duba tsutsu hi ni tu ba gblu ba
၁၄``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။-
15 wandi a he ni yu tra du na grji ri niko diwawu ni ban kperi na
၁၅အိမ်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အောက်​သို့​ဆင်း​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ယူ​စေ​နှင့်။-
16 e wandi a he ni rhua do na kma ye ban nglo ma ni ko na
၁၆လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ကို​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-
17 imba bi mri ni nei ni biwa ba hei mir bi masisi ba hei ya ni vi ba ki
၁၇ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။-
18 bre trji du na hye ni ton sai na
၁၈ထို​နေ့​ရက်​များ​သည်​ဆောင်း​ဥ​တု​၌​မ​ကျ ရောက်​ပါ​စေ​နှင့်​ဟု​ဆု​တောင်း​ကြ​လော့။-
19 vi baki baa ton wu khikle dan ton u ya wandi kina taba toh rji mumla wa irji a ti gbungblu wawuu ye zizan e khina la toh na
၁၉လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
20 irjhi nita na mer viba ruh na ba nma wandi ani nawo ni ta bi wa ana ju ba ye a do vi ba do ba na bra na
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ ကင်း​လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ကိုယ်​တော် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ အ​ဖို့​အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မူ​ပြီ။
21 ko nha nita llha ni wu ndi ngye kristi he yi ko ngye a he mu na kpanyme na
၂၁``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။-
22 krista bi che baba anabawa bi che ba ye ni alamu gbugbuwu da gyur ndi ko ni bi wandi irji chuba ye
၂၂မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။-
23 mla kri mi hla kpi bi yi ni yiwu du yi guci ni ye mba
၂၃သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။''
24 baya ya wu ton kima irji na wu na ani ti buh iwua na kpana
၂၄``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။-
25 tsitse ba rhu rjoku rhi ni shulu u iko u shulu ni cu mle ba to
၂၅ကြယ်​များ​သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​များ​သည်​လမ်း​ကြောင်း​ပြောင်း ကြ​လိမ့်​မည်။-
26 vren ndi ni ye ni mi kpalu ni gbengble ni daraja
၂၆ထို​အ​ခါ​မိုး​တိမ်​များ​ထဲ​မှ​ကြီး​စွာ​သော တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​နှင့်​လူ သား​ကြွ​လာ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-
27 ani ton malaiku hi ni nfro nza bi gbungblu meme wu shulu do ba yoh bi ma wandi ana chuba ye
၂၇ထို​နောက်​လူ​သား​သည်​ကောင်း​ကင်​တ​မန်​များ ကို မြေ​ကြီး​စွန်း​မှ​ကောင်း​ကင်​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍ မိ​မိ​ရွေး ချယ်​ထား​သူ​တို့​ကို​စု​သိမ်း​တော်​မူ​လိမ့်​မည်။''
28 to kpe wu mla ya to ni kunkro fig nto wandi vunvu ma ju wu to ndi esu ti weiweire ye
၂၈``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို သင်​ယူ​ကြ​လော့။ ထို​အ​ပင်​တွင်​အ​ခက်​အ​လက် နု​ထွက်​၍ အ​ရွက်​နု​ထွက်​သော​အ​ခါ​နွေ​ကာ​လ နီး​သည်​ကို​သင်​တို့​သိ​ကြ​၏။-
29 na ki me wuta to kpi biyi ba si zren to ye ma a weiweire ni nkontra
၂၉ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး၊ တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-
30 janji mi hla yiwu bi zan yi bana kle hamma ni to kpi biyi na
၃၀အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​ခေတ်​လူ​တို့ သေ​လွန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-
31 shulu ba meme ba kle ama lantre mu na kle na
၃၁ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ ၏​စ​ကား​တည်​လိမ့်​မည်။''
32 nitu via ko ntoma ndoir ko maleka ni shulu ko vren bana to ha iti mehe a to
၃၂``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် နေ့​ရက်​နာ​ရီ​ကို ခ​မည်း​တော်​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန် များ​လည်း​မ​သိ။-
33 kri ni wri ni mla ya nitu wuna to iton a na chiche vu vu bi Greek bari ba yo tre toyi kri ni wri mla ya ni bre
၃၃ထို​နေ့​ရက်​ကာ​လ​သည်​အ​ဘယ်​အ​ခါ​ကျ​ရောက် မည်​ကို သင်​တို့​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။-
34 na ndi wa a hi zren a don koma nda don mri ko ma ta ya ko ko nha ni ndu mada mha bi ya ba a duba khi ni wri
၃၄ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-
35 ni tu kima wu na to ka tiko ni kma ye ni ton rime na ka ni yallu tsutsu chu koka ni gbatup wu bwhumble ke ni mble
၃၅သင်​တို့​သည်​အိမ်​ရှင်​အ​ဘယ်​အ​ခါ​ကြွ​လာ​မည် ကို​မ​သိ။ ညဥ့်​ဦး​ယံ​၌​ကြွ​ကောင်း​ကြွ​လာ​ပေ​မည်။ သို့​မ​ဟုတ်​သန်း​ခေါင်​ယံ​အ​ချိန်​၌​သော်​လည်း​ကောင်း ကြက်​ဦး​တွန်​ချိန်​၌​သော်​လည်း​ကောင်း၊ မိုး​သောက် ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ​နိုင်​ပေ​သည်။-
36 anita ye niko gbru me na ye too wa si krunana
၃၆သို့​ဖြစ်​၍​အိမ်​ရှင်​ရုတ်​တ​ရက်​ကြွ​လာ​သော​အ​ခါ သင်​တို့​အိပ်​ပျော်​နေ​သည်​ကို​မ​တွေ့​စေ​ရန်​သ​တိ နှင့်​စောင့်​နေ​ကြ​လော့။-
37 kpe andi mi lha ni wua mi hla ni ko nha mla ya mal kli
၃၇ဤ​သို့​သင်​တို့​အား​သ​တိ​ပေး​သည်​အ​တိုင်း ခပ် သိမ်း​သော​သူ​တို့​အား​လည်း​ငါ​သ​တိ​ပေး​၏။ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

< Mark 13 >