< Mark 10 >

1 a luye ni migbu yahuda u kle kle ni gran gbu urdu indi gbugbuu bla ye niwu wa soma bla tre rji ni bawu nawa a ni ti chachia
ထို​နောက်​ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၍ ယု​ဒ​ပြည်​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ယော်​ဒန် မြစ်​ကို​ကူး​တော်​မူ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​အ​ထံ တော်​သို့​တစ်​ဖန်​လာ​ရောက်​စု​ရုံး​ကြ​ပြန်​၏။ ကိုယ်​တော် သည်​အ​လေ့​တော်​ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ဟော ပြော​သွန်​သင်​တော်​မူ​၏။
2 Farisawa baluye niwu na miyen a hi hlatre ndu lilon zuwama basun wokpie wa anitre
ထို​အ​ခါ​ဖာ​ရိ​ရှဲ​တို့​သည်​အ​ထံ​တော်​သို့​လာ ၍ ``လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​မ​ယား​နှင့် ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍ မေး​လျှောက်​ကြ​၏။
3 wa miye ba ani musa a hla ni yiwu nige?
ကိုယ်​တော်​က ``မော​ရှေ​သည်​သင်​တို့​အား​မည်​သို့ ပ​ညတ်​သ​နည်း'' ဟု​ပြန်​၍​မေး​တော်​မူ​၏။
4 u ba tre ani musa kparyemen nduba nhan takada u ga gram na kachuwo
သူ​တို့​က ``မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန် မော​ရှေ​ခွင့်​ပြု​ပါ​သည်'' ဟု​ဖြေ​ကြား​ကြ​၏။
5 yes bawa ani kawo tre biyi atre ndu ba nhan
သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ များ​ဖြစ်​၍ မော​ရှေ​သည်​ဤ​ပ​ညတ်​ကို​ရေး​သား ထား​ခဲ့​ခြင်း​ဖြစ်​၏။-
6 rji mummla irji tie lilon ba iwa
လော​က​ကို​ဖန်​ဆင်း​တော်​မူ​စ​က​ပင်​ဘု​ရား သ​ခင်​သည် ယောကျာ်း​နှင့်​မိန်း​မ​ကို​ဖန်​ဆင်း​တော် မူ​၏။-
7 ni tukima lilon ni ka itie ma ba yima don da shi sun hamba
ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​ကိုယ့်​မိ​ဘ​ကို စွန့်​၍ မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း​နေ​ထိုင်​လိမ့်​မည်။-
8 ha mbaa ba zama inaman kpa riri anaki bana harina ni koshishi ama inaman riri
ထို​သူ​နှစ်​ဦး​တို့​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လာ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည်​နှစ် ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်​၏။-
9 ipie wa irji tie di diori naga tie hari na
ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ မ​ခွာ​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။
10 ni mikoma almagerema ba hla miyen itre kima
၁၀တ​ပည့်​တော်​တို့​သည်​အိမ်​သို့​ပြန်​ရောက်​ကြ သော​အ​ခါ ဤ​အ​ကြောင်း​အ​ရာ​ကို​ထပ်​မံ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-
11 wa hla nibawu du indi wa a zu wama na kpari a si yi zina
၁၁ကိုယ်​တော်​က ``မိ​မိ​ဇ​နီး​ကို​ကွာ​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု သူ​သည် မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။-
12 naki ni iwa wa a kama ni lonma na gran irir wawume a si yi zina
၁၂ထို​မှ​တစ်​ပါး​မိ​မိ​ခင်​ပွန်း​ကို​ကွာ​၍ အ​ခြား အ​မျိုး​သား​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​ခင်​ပွန်း​၏​အိမ်​ရာ ကို​ပြစ်​မှား​၏'' ဟု​မိန့်​တော်​မူ​၏။
13 baka ji miri bi zizah ma ye niwu ni ndu bre wo niba almajere ba zuba
၁၃လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​တ​ပည့် တော်​တို့​သည်​ထို​သူ​တို့​ကို​အ​ပြစ်​တင်​ကြ​၏။-
14 yesu toh naki isuron lude nivu wa hla bawu diba bre mirizizah di ye mime na zuba na na iriba mulki rji ahae
၁၄သ​ခင်​ယေ​ရှု​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​တော် မူ​လျှင် အ​မျက်​ထွက်​တော်​မူ​၍ ``က​လေး​သူ​ငယ်​တို့ ကို​ငါ့​ထံ​သို့​လာ​ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို​သို့​သော သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။-
15 njaji tre mi hla yiwu indi wa ana kpa mulki rji na vieveren tsitsana ana rimulki na
၁၅အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​က​လေး​သူ​ငယ် နည်း​တူ ဘု​ရား​သ​ခင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို လက်​မ​ခံ​သော​သူ​သည် နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-
16 a vuba na brewoba ba na tie lulu yo bawu
၁၆ထို​နောက်​ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့ ကို​ချီ​ပွေ့​တော်​မူ​လျက် သူ​တို့​အ​ပေါ်​တွင်​လက် တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။
17 da alude hi ni tukon iguri a lutsuts ye ni shishima na kuquegbarju na miyen mala u ndi ndi mi tiege nife mulkime? (aiōnios g166)
၁၇သ​ခင်​ယေ​ရှု​သည်​ခ​ရီး​ပြု​ရန်​ထွက်​တော်​မူ​စဉ် လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​ပြေး​လာ​ပြီး လျှင်​ရှေ့​တော်​၌​ဒူး​ထောက်​လျက် ``ကောင်း​မြတ် တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့ သော​ငှာ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​လျှောက်​၏။ (aiōnios g166)
18 yesu miyen age sa u yome mala u ndi ndi? irji kagrjima ani tie ndi ndi
၁၈သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့် ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ဆို​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။-
19 u toh dokoki u na hla di na u na yi zina na u na mimre diona na kpa tieme ba yime tsiri na
၁၉သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး နှင့်၊ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​နှင့်၊ လိမ်​လည် လှည့်​စား​မှု​ကို​မ​ပြု​နှင့်၊ မိ​ဘ​ကို​ရို​သေ​မြတ် နိုး​လော့​ဟူ​သော​ပ​ညတ်​တော်​များ​ကို​သင်​သိ သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။
20 wa hla niwu mala nima tie bi bana tun mi hie ni verenze
၂၀ထို​သူ​က ``ဆ​ရာ​တော်၊ ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ် သည်​ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​ပြန် လည်​လျှောက်​ထား​၏။
21 yesu kahya na gir ni suronma ni kpie wa atiea wa hla niwu ikpie riri a ridonhi ko ni vugbime wawu lea ni kah nkle ga bi tie ya
၂၁သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
22 ama isurinma joku nitu tre ki wa hi nifu ni suron ma nitu wa a hi ndi u wo
၂၂ထို​သူ​ကား​ဥစ္စာ​ပစ္စည်း​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​၍​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက် ထွက်​ခွာ​သွား​လေ​၏။
23 yesu kahya kagon ni almajere ma da tre adi a he niyah ndu indi u wo du ri ni tarji
၂၃သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​နောက် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏'' ဟု မိန့်​တော်​မူ​၏။
24 Almajere ma ba hanyue ni wotre ki i yesu lar tre burbru adi a hei niyah do ndi u wo du ri tar rji
၂၄တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-
25 lakurimi niri ni ndo noron gbalame niwa indi u wo ni ri nitarji
၂၅အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန် လွယ်​ကောင်း လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဥစ္စာ ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ်'' ဟု​မိန့်​တော် မူ​၏။
26 u ba hahyue da miyen a nhan ni nawo ke na?
၂၆တ​ပည့်​တော်​တို့​သည်​အံ့​သြ​တွေ​ဝေ​ကြ​လျက် ``ဤ သို့​ဖြစ်​ဘိ​မူ၊ အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို ရ​နိုင်​ပါ​မည်​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။
27 yesu kahyaba da tre ni ndi kpic na yina ammma ni rji koge ni yiu
၂၇သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​စေ့​စေ့​ကြည့်​တော်​မူ ၍ ``ဤ​အ​မှု​ကို​လူ​မ​တတ်​နိုင်​သော်​လည်း​ဘု​ရား သ​ခင်​တတ်​နိုင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
28 Bitrus luwulde nitre ndi ga ki kah koge don ndi ni hu
၂၈ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​တို့​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့ ကြ​ပါ​ပြီ'' ဟု​ကိုယ်​တော်​အား​လျှောက်​ထား​၏။
29 yesu tre adi njaji tre ba indi wa ani kah iko don ko imimre vayi ma imimre lon ko mimremba ko iyi ko itie ko irjun ko imimrema don ni tumun ba itre mu
၂၉သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊-
30 wa a na kpa dima wulon okpu wulon na ni zami yina (aiōn g165, aiōnios g166)
၃၀ဤ​ဘ​ဝ​၌​ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ​အ​ဆ​တစ်​ရာ မျှ​သော အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား သ​မီး​များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို့​ပြင်​နောင်​ဘ​ဝ ၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်။- (aiōn g165, aiōnios g166)
31 gbugbuu wa ba hei ni koshi ba kama ye kogon u bi kogon ba kama ye koshishi
၃၁သို့​ရာ​တွင်​အ​ဦး​ဆုံး​ကျ​သူ​များ​သည်​နောက်​ဆုံး ကျ​လိမ့်​မည်။ နောက်​ဆုံး​ကျ​သူ​အ​များ​က​လည်း အ​ဦး​ဆုံး​ကျ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
32 ba lu hon sihi ni urushelima u yesu guchi ni bawu ni koshishi u ba hannyiu bi wa ba si huba ni kogon kura ba tie sisir wa ala vu iseri a na sibla ni wu iri kpie wa ba toh a ni ye
၃၂သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက်​နေ ကြ​စဉ် ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​၏​ရှေ့​က ကြွ​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ထိတ်​လန့်​လျက်​ရှိ​ကြ​၏။ နောက်​တော်​မှ​လိုက်​လာ သော​လူ​တို့​သည်​လည်း ကြောက်​လန့်​လျက်​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​ကို မ​လှမ်း​မ​ကမ်း​သို့​တစ်​ဖန်​ခေါ်​သွား​တော်​မူ​ပြီး လျှင် မိ​မိ​တွေ့​ကြုံ​ရ​မည့်​အ​မှု​အ​ရာ​များ​ကို ဖော်​ပြ​တော်​မူ​၏။-
33 a latre ige ki sihiyi ni urishelima ba kah vren ndi no firist ni ba nha ba ndu ba wuu na tieu ya nshishi meme ndi
၃၃ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။-
34 ba weyen niwu na juten sur na tsi ni gbugban na wuu ni vi utra a lude ni rei
၃၄လူ​မျိုး​ခြား​တို့​သည်​လူ​သား​အား​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။ ကြိမ်​ဒဏ်​ပေး​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက် ကြာ​သော​အ​ခါ​လူ​သား​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
35 Yakubu ba yohona mri zabadi ba chibye niwu na tre a ndi ndu tie koge ni tawu wa ki preu
၃၅ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
36 wa tre bi son me tiege yiwu?
၃၆ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။
37 iba hla niwu ba son iri mba disun ni wo kori u ri ni wo kotah ni mi darajame
၃၇သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
38 yesu hla bawu bina toh kpie wa bisi pre ana bi iya so koko wa ime mi soa? ko ndu ba tie batisma ni batisma yiwu na wa ba yi ni mura?
၃၈သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
39 u ba kpayeme di ba iya u yes tre koko wa wawu ni soa ndu ba so nibatisma wa ba yi nimua niki ndu ba yi niyiwu
၃၉သူ​တို့​က ``အ​ကျွန်ုပ်​တို့​တတ်​စွမ်း​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ​သောက်​ရ​မည့် ခွက်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ ကို​လည်း​ခံ​ရ​ကြ​လိမ့်​မည်။-
40 ama son niwo kori ko wo kotah na u muna niwa minoyi a hi u biwa ba chii ba
၄၀သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ် ကို​မူ ငါ​သည်​မ​ပေး​ပိုင်။ ဤ​အ​ခွင့်​အ​ရေး​များ သည်​ဘု​ရား​သ​ခင်​စီ​မံ​ပြင်​ဆင်​ထား​သူ​များ အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
41 i wa iwulo ba bawo isuron ba a lude tie meme u ba tie fu ni tu ba Yakubu ba Yohana
၄၁ဤ​အ​ကြောင်း​အ​ရာ​ကို​အ​ခြား​တ​ပည့်​တော် ဆယ်​ဦး​တို့​ကြား​သိ​ကြ​သော​အ​ခါ ယာ​ကုပ် နှင့်​ယော​ဟန်​တို့​ကို​စိတ်​ဆိုး​ကြ​၏။-
42 yesu yo ba na hla bawu bi kah toh ndi be wa kah indi bi gbugbulun no ba ni woba ba nji ba u zizan
၄၂ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။-
43 ama a hei naki ni mi bina se de wawuu indi u wa ani zama nigon wa wuyi ni zama gran
၄၃သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။-
44 iwa ni zama mumlan ni mibi ni zama gran
၄၄အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​လူ​ခပ်​သိမ်း တို့​၏​ကျွန်​ဖြစ်​ရ​မည်။-
45 ni u njaji vren ndi na ye nduba tie yah nitu ma na ama wawu ni tie ya nitu bari da kpa que nitu bari gbugbuu bi latre ndu ba nawo
၄၅လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။
46 u ba ye ni jeriko wa ye rju ni mi jeriko ba ba almajere ma ni gbugbu ndi u indi ufyen ba yo niBartimawus vren Timawus a son ni yiu gon
၄၆ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရိ​ခေါ မြို့​သို့​ရောက်​ကြ​ပြီး​နောက် လူ​ပ​ရိ​သတ်​ကြီး နှင့်​အ​တူ​ထို​မြို့​မှ​ထွက်​ခွာ​ကြ​၏။ ယင်း​သို့ ထွက်​ခွာ​ချိန်​၌​တိ​မဲ​၏​သား​ဗာ​တိ​မဲ​ဆို​သူ မျက်​မ​မြင်​သူ​တောင်း​စား​တစ်​ယောက်​သည် လမ်း​အ​နီး​တွင်​ထိုင်​လျက်​နေ​၏။-
47 da a toh adi a yesu ba nazaratna kpa gro ni yon yesu vren doda ya me ni shishi losuron ni zo me
၄၇သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။
48 indi gbugbu ba yarhan ni wu adi ndu son nigbagbi wa kama na ni yo yesu vren doda yame ni shishi losoron nizome
၄၈လူ​တို့​က​သူ့​အား​ဆိတ်​ဆိတ်​နေ​ရန်​ငေါက်​ငမ်း ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​သည် ``ဒါ​ဝိဒ် ၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော် မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။
49 yesu kukre da nduba yo uba indi uyen na hla ni wu ndu gir na tie kinkle soron ni lude
၄၉သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။
50 wa wume a kah nklon ma taga na dolude hi ni yesu
၅၀ထို​သူ​သည်​မိ​မိ​၏​ခြုံ​ထည်​ကို​ဘေး​သို့​ပစ်​ချ လိုက်​ပြီး​နောက် ခုန်​၍​ထ​ကာ​သ​ခင်​ယေ​ရှု​ထံ တော်​သို့​လာ​လေ​၏။
51 yesu kpa nyimeniwu na myen u son mi tiege niwu?
၅၁သ​ခင်​ယေ​ရှု​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ မျက်​မ​မြင်​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အား မျက်​စိ​ပြန်​၍​မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက် ၏။
52 yesu hla wu lude hi kpa me bangaiskiya a den u wa tsi toh kpan na hu ni tugon
၅၂သ​ခင်​ယေ​ရှု​က ``သွား​လော့။ သင်​၏​ယုံ​ကြည် ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ​ပြီ'' ဟု မိန့်​တော်​မူ​၏။ ချက်​ချင်း​ပင်​ထို​သူ​သည်​မျက်​စိ​မြင်​၍ ကိုယ်​တော် ကြွ​တော်​မူ​ရာ​လမ်း​တွင်​နောက်​တော်​က​လိုက်​လေ သည်။

< Mark 10 >