< Luke 21 >

1 Yesu zu ya da toh indji bi nklen ba si sru baiko ba,
ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။-
2 Wa a toh iwa u kbo ani tiya kpukpu me, wa ji bubu ba ye ka you ni kagi.
ကြေး​ပြား​နှစ်​ပြား​ကို​ဆင်း​ရဲ​သူ​မု​ဆိုး​မ တစ်​ယောက်​ထည့်​ဝင်​လှူ​ဒါန်း​သည်​ကို​လည်း မြင်​တော်​မူ​၏။-
3 A tre njanji mi hla yu'u, iwa u koh a zan yi.
ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဤ​သူ​အ​ပေါင်း​တို့​ထက်​ပို​၍​ထည့်​ဝင် လှူ​ဒါန်း​လေ​ပြီ။-
4 indji biyi ba yo ni mi gbugbu u ba. Naki iwa u koh ni miyah ma ayo wawu ikpe di a he niwu.
ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​ထဲ​မှ ပေး​လှူ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပင် ပေး​လှူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
5 Bari ba tre ni tu tra Irji, yada ba mla tie bi ni tita ni baiko, A tre.
တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။-
6 Ikpi bi yi wa bi si toh, ivi ri ni ye wa tita ri na sun nitu ri na ba na grji ye ni meme'a na.
ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြ​သည့် အ​ရာ​အား​လုံး​တို့​သည်​ပြို​ကျ​ရ​လိမ့်​မည်။ ကျောက်​တစ်​လုံး​မျှ​မူ​လ​နေ​ရာ​တွင်​တင်​၍ မ​ကျန်​ရစ်​သည့်​တိုင်​အောင်​ပြို​ပျက်​ရ​သည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။
7 Ba mye, mala, kpi biyi ba ye ni tan? A ngye ni tsro ta inton wa kpi'a ba ti'a?
ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
8 Yesu ka hla ni bawu, mla ya, na du indrjo ye gyru yi na, gbugbu ba ye ninde mu, da tre ndi ame yi me wawu, u inton a tie whewhre, na hu ba na.
ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။-
9 Inde bi woh ba taku da ni tsi bi kana klu sissri na, ni mumla se kpi bi yi ba ye, u kle, gbugblu na ye zizan na.
သင်​တို့​သည်​စစ်​မက်​သ​တင်း​များ​နှင့်​ပုန်​ကန် တော်​လှန်​မှု​သ​တင်း​များ​ကို​ကြား​ကြ​သော အ​ခါ​မ​ထိတ်​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ သည်​ဦး​စွာ​ဖြစ်​ပျက်​ရ​မည်။ သို့​သော်​လည်း​ကပ် ကမ္ဘာ​ကုန်​ဆုံး​ချိန်​ကား​မ​ရောက်​သေး'' ဟု​မိန့် တော်​မူ​၏။
10 Wa a hla ni bawu, gbugblu ni lu ni tu gbugblu, mulki ni lu nitu mulki.
၁၀ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။-
11 Meme u gbugblu yi ani grju kagon, iyon ni tie ni gbugblu wawu, lilo ni ka gbugblu'a wawu. Ikpi bari ba grji rji shu da no sissri.
၁၁နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။-
12 Naki kpi biyi du ba ye, ba tsi yi da ti meme kpe ni yiwu, da zu yi ni tra Irji, ba vu yi sru ni brusuna, ba gbi yi hi ni ba chu, baba ngona, nitu inde mu.
၁၂သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။-
13 Ani he ijou tre.
၁၃ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​သတင်း​ကောင်း ကို​ကြေ​ညာ​ရန်​အ​ခွင့်​ထူး​ရ​ကြ​လိမ့်​မည်။-
14 Na ri mre kpi wa bi tre ni koshi na,
၁၄ထို့​ကြောင့်​မိ​မိ​တို့​မည်​သို့​ချေ​ပ​ရ​မည်​ကို မ​စိုး​ရိမ်​ရန်​ကြို​တင်​၍​စိတ်​ပြ​ဋ္ဌာန်း​ကြ​လော့။-
15 Me mi no yi trre wa bi tre, di no imrre ndindi wa bi kra yi banaya krie ni yi na.
၁၅အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-
16 Ba ti bi, mri vayi, mla bi baba kpukpa bi ba tiyi yah da wu bari bi.
၁၆သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။-
17 Ndji ba wawu bbawu ba kran yi ni tu inde mu.
၁၇ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-
18 Naki ko futu riri ni tubi na joku na.
၁၈သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။-
19 Ni mi vu suron bi bi kpa re bi.
၁၉သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။
20 I hi toh soja ba kru wurushelima you ni tsutsu, bika toh ndi joku ma tie whewhre.
၂၀ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​တပ်​များ​ဝိုင်း​ရံ​လျက်​ရှိ သည်​ကို သင်​တို့​မြင်​သော​အ​ခါ ထို​မြို့​ပျက်​ခါ နီး​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-
21 Biwa ba he ni Judiya du ba tsutsu hi ni gblu u bi wa ba he ni mi gbu ba ka don gbu'a u bi wa ba he ni ko rah gbu'a baka ba ri nimi gbu'a na.
၂၁ထို​အ​ခါ​၌​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ​မှာ​ရှိ​လူ​တို့​မြို့​ပြင် သို့​ထွက်​ကြ​စေ။ ကျေး​လက်​တော​ရွာ​မှာ​ရှိ​သော သူ​တို့​ကို​မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။-
22 Bi yi ba vi u rju hla, du kpe wa ba han duba kle.
၂၂အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။-
23 Iyah ba bi wa ba hei ne, ni bi no mri sisan ni toh kima, iya nihe ni gbu'a ni nfu ni tu ndji ba.
၂၃ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-
24 Inji gban ni kaba hle, ba vu ba kma tie gran ni gbungblu, biwa bana toh Irji na ba chan Wurushelima ni zah, se ivi u bi wa bana toh Irji na nikle
၂၄အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။
25 Igban ni tsro ni Irji, ni wha kpan baba tsitsen, ni meme. Iya ni shu ni gbungblu, ni wrji kpukpa don yi man ni ne.
၂၅``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-
26 Indji ba tie sissri da ta kukmo da ni gbie kpe wa basi ye ni gbungblu, gbengblen bi shu ba ta chu.
၂၆လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-
27 U ba toh vren ndji ni ye ni mi kpalu ni gbengblen ni kikle daukaka ma.
၂၇ထို​အ​ခါ​တိမ်​ကို​စီး​၍​ကြီး​စွာ​သော​ဘုန်း အ​သ​ရေ​တော်​ဆောင်​လျက်​လူ​သား​ကြွ လာ​တော်​မူ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-
28 Inde kpi bi yi basi ye, lunde krikrie ni nzu tumbi. Du ndji wa ni ye kpa yi chuwo a ye whewhre.
၂၈ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
29 Yesu tre nda ka yiyi ni bawu, yah kunkro indhu baba mbru kunkro ba.
၂၉ထို​နောက်​ကိုယ်​တော်​သည် သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``သင်္ဘော​သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင် တို့​ကို​ကြည့်​ကြ​လော့။-
30 Biyi ni tu bi bika toh ndi iga ati whewhre.
၃၀ထို​အ​ပင်​များ​ရွက်​နု​ပေါက်​သော​အ​ခါ သင်​တို့ သည်​ကြည့်​၍​နွေ​ရာ​သီ​နီး​ကြောင်း​သိ​ကြ​၏။-
31 Inde bi toh kpe biyi ba he na yi bi toh ndi iye Irji a tie whiwhre.
၃၁ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဟု သိ​မှတ်​ကြ​လော့။
32 Njanji mi hla ni yiwu, i zan bi bana kle na se kpi bi yi ba ye.
၃၂``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။-
33 Shulu ni meme ba kle, ama itre ma na kle na.
၃၃ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။
34 Sun ni ya cheme, na du suron mbi ni titan hi na so di wah du na he ni mre u tu mbina kana ye ka yi na troko na.
၃၄``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-
35 A ni ye ni tu ndji bi gbungblu wawu
၃၅
36 Sun ni wri di ta bre chachu du yi he ni gbengblen ndi nawo ni kpi bi wa ba ye'a, wa bi kri ni kbu Vren Indji
၃၆နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။
37 Ni nton kima, a si hla tre ni bawu ni tra Irji, ka rju nichu da ka sun ni bubu ri wa ba you ndi Olivet.
၃၇ကိုယ်​တော်​သည်​နေ့​အ​ခါ​များ​၌​ဗိ​မာန်​တော် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​လျှင် ည​အ​ခါ များ​၌​သံ​လွင်​နာ​မည်​တွင်​သော​တောင်​ပေါ်​သို့ သွား​၍​ညဥ့်​ကို​လွန်​စေ​တော်​မူ​၏။-
38 Indji ba rju gbugbun ni bubu ble ye ni woh wu ni tra Irji.
၃၈လူ​အ​ပေါင်း​တို့​သည်​ဗိမာန်​တော်​တွင်​တ​ရား တော်​ကို​ကြား​နာ​ရန် နံ​နက်​စော​စော​ထ​၍ အ​ထံ​တော်​သို့​လာ​ကြ​၏။

< Luke 21 >